fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကြွက်သားတွေတည်ဆောက်ဖို့အတွက် အကောင်းဆုံးအိမ်တွင်းနည်းလမ်းများ

Ways to Build Muscle at Home
88
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/07/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကျန်းမာကြံ့ခိုင်သောခန္ဓာကိုယ်နှင့် သန်မာသော ကြွက်သားများ တည်ဆောက်နိုင်ဖို့ အားကစားနည်းပြနဲ့အတူ၊ ဒါမှမဟုတ် အားကစားခန်းမကို သွားပြီးလေ့ကျင့်နိုင်မှ ဖြစ်နိုင်မယ်လို့ လူအများစုက ထင်ထားကြပါတယ်။ ကြွက်သားတွေတည်ဆောက်ဖို့အတွက် မိမိအိမ်တွင် အလွယ်တကူ လုပ်ဆောင်နိုင်မည့်နည်းလမ်းများလည်း ရှိပါသည်။

ကြွက်သားတွေတည်ဆောက်ဖို့အတွက် အကောင်းဆုံးအိမ်တွင်းနည်းလမ်းများမှာ

● စားသောက်သော အစားအစာများတွင် အစာအုပ်စုသုံးခုလုံး မျှတစွာ စားသုံးပေးရမည်။ အသင့်စားအစာများ အဆီများသောအစာများကို ရှောင်ကျဉ်သင့်သည်။

● နံနက်စာကို ပုံမှန်စားပေးရမည်။အစားအသောက်များကို တစ်နေ့လျှင် အကြိမ်ရေများများ စားပေးရမည်။ အသီးအရွက်များများ စားပေးသင့်သည်။

● ကာဗိုဟိုက်ဒရိုတ် ကစီဓါတ်အစားအစာများကို ရှောင်ခြင်းပြုလုပ်ရန်မလိုပဲ၊ ပရိုတင်း အသားဓါတ်များများ နှင့် ကျန်းမာရေးအကျိုးပြု မပြည့်ဝဆီများကို စားသုံးပေးပါ။

● ရေကို မကြာခနနှင့် လုံလုံလောက်လောက် သောက်ပေးပါ။ ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးတိုင်း ရေသောက်ပေးပါ၊ အာဟာရရှိသော အစာများများ စားပေးပါ။

● လမ်းမြန်မြန်လျှောက်ခြင်း၊ လှေကားတက်ခြင်း၊ ပြေးခြင်း၊ ကခုန်ခြင်း၊ စက်ဘီးစီးခြင်း၊ ယောဂကျင့်ခြင်း၊ အေရိုးဗစ်ဆော့ကစားခြင်း စသည့် Endurance exercise ခေါ် သက်လုံပိုင်းဆိုင်ရာ လေ့ကျင့်ခန်း လှုပ်ရှားမှုများကို အမြဲပြုလုပ်ပေးပါ။

● Flexibility Exercise ခေါ် ပျော့ပြောင်းမှုဆိုင်ရာ လေ့ကျင့်ခန်းများဖြစ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ဆန့်ထုတ်အကြောလျှော့ခြင်း Stretching၊ Yoga ယောဂကျင့်ခြင်းတို့ကို တခြားကြွက်သားသန်မာစေသည့် လေ့ကျင့်ခန်းများနှင့် တွဲ၍လုပ်ဆောင်သင့်ပါသည်။

● အရိုး နှင့် ကြွက်သားများကို ကျန်းမာသန်စွမ်းစေသော Srength Exercise ခေါ် သန်စွမ်းမှု ဆိုင်ရာ လေ့ကျင့်ခန်းများဖြစ်သည့် အလေးတုံးများသုံးပြီး အလေးမခြင်း၊ လေ့ကျင့်ခန်းသုံးကြိုး Resistance Bands၊ Total resistance Exercise TRX ကြိုးများကို အသုံးပြုပြီး ခန္ဓာကိုယ်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးပါ။

● ခန္ဓာကိုယ်ကြွက်သား သန်မာမှုအထောက်အပံ့ပေးသော Resistance Exercise နှင့် ဟန်ချက်ထိန်းပေးသော Balance Exercise များဖြစ်သည့် ထိုက်ကျိ၊ ခြေဖျားထောက်လမ်းလျှောက်ခြင်း၊အိမ်ရှိရေဘူး၊ ရေပုံး၊ အလေးတုံးများမခြင်း၊ ရေကူးခြင်း၊ အိပ်ထမတင်လုပ်ခြင်း၊ plank ထောက်ခြင်း၊ ထိုင်ထလုပ်ခြင်း၊ ဒိုက်ထိုးခြင်း၊ ဘားခိုခြင်းစသော ခန္ဓာကိုယ်လေ့ကျင့်ခန်းများကို ပြုလုပ်ပေးရပါမည်။

● ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးတိုင်း ကြွက်သားပျက်စီးမှုများပြီး တည်ဆောက်မှုနည်းသည့်အတွက် ပရိုတင်းအသားဓါတ်များသော အစားအစာ၊ ဖြည့်စွက်အာဟာရတို့ကို မှီဝဲပေးရမည်။ ကိုယ်အလေးချိန်တစ်ပေါင်ကို ပရိုတင်းအသားဓါတ် အနည်းဆုံး ၀.၅ ဂရမ်စားပေးရပါမည်။

● ကောင်းမွန်စွာအိပ်စက် အနားယူခြင်းကလည်း ခန္ဓာကိုယ်၏ metabolic rate ကို ကောင်းမွန်စေသည့်အတွက် အိပ်ရေးဝအောင်အိပ်ပေးပါ။

● လေ့ကျင့်ခန်းပြုလုပ်ပြီးတိုင်း ကြွက်သားများတွင်ဒဏ်ရာ ရရှိပါသည်။ ပျက်စီးသွားသောကြွက်သားများ သက်သာလာမှသာ ကြွက်သားတည်ဆောက်နိုင်မှဖြစ်ပါတယ်။ ထိုသို့ကြွက်သားတည်ဆောက်နိုင်ရန် မိမိ၏ခန္ဓာကိုယ်ကို အနားပေးရန်လိုအပ်သည်။ ကြွက်သားဒဏ်ရာများ သက်သာရန် အချိန်လိုအပ်မှုသည် မိမိစားသောက်မှုပုံစံ၊ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်နှင့် ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီး ၂ရက်မှတစ်ပါတ်အထိ ကြာမြင့်တတ်ပါသည်။ ထို့ကြောင့်တပါတ်လျှင် ၂-၃ရက်ခန့် rest day အနေဖြင့် သတ်မှတ်ပြီး ပြင်းထန်သောလှုပ်ရှား အားကစားများကို အနားပေးသင့်သည်။

အထက်ပါ နည်းလမ်းများ၊အချက်များကို ဖတ်ရှုပြီး stay at home၊ work from home နေရင်း အကောင်းဆုံး အိမ်တွင်းနည်းလမ်းများဖြင့် ကြွက်သားများ တည်ဆောက်လေ့ကျင့်ပြီး ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရန် မျှဝေရေးသားလိုက်ရပါသည်။

Previous Post

တစ်နေကုန်လေးလံ ထိုင်းမှိုင်းနေရင် ?

Next Post

မျက်စိအားကောင်းပြီး အမြင်အာရုံကြည်လင်ပြတ်သားစေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အဆီချပြီး အဆီမကျဖြစ်နေပြီလား?

2 days ago
109
Migraine pain and diet

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာနဲ့ အစားအသောက်

2 weeks ago
97
How to prevent seasonal flu in the rainy season?

မိုးရာသီမှာ ရာသီတုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

2 weeks ago
78
Menopause and Immunity

ရာသီအကူးအပြောင်းနှင့် ကိုယ်ခံစွမ်းအား

3 weeks ago
89
For strong eyes and clear vision

မျက်စိအားကောင်းပြီး အမြင်အာရုံကြည်လင်ပြတ်သားစေဖို့

3 weeks ago
248
If the whole day is heavy and dull

တစ်နေကုန်လေးလံ ထိုင်းမှိုင်းနေရင် ?

4 weeks ago
171

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • ကြို့ ထိုးတာ မြန်မြန်ပျောက်အောင်

    0 shares
    Share 0 Tweet 0
  • အမျိုးသားများ နဲ့ ကြီး ကြာ ရှည်

    0 shares
    Share 0 Tweet 0
  • ကူးစက်မြန်မျိုးဗီဇပြောင်းကိုဗစ်အကူးခံရလျှင် ဖြစ်တတ်သည့်လက္ခဏာများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
For strong eyes and clear vision

မျက်စိအားကောင်းပြီး အမြင်အာရုံကြည်လင်ပြတ်သားစေဖို့

Immunity

ကိုယ်ခံအား ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့

Good to know about Bilberries that improve eyesight

မျက်စိအားကောင်းစေတဲ့ Bilberries အကြောင်းသိကောင်းစရာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.