fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ပြီးရင် လုပ်သင့်တဲ့ အရာများ

Things you should do after physical exercise
590
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/11/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
3 min read
A A

နေ့စဉ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုတွေပုံမှန်ပြုလုပ်နေပါလျက်နဲ့ ကိုယ်လိုချင်တဲ့ရလဒ်၊ ခန္ဓာကိုယ်အချိုးအစားမျိုးမရတာတွေကြုံဖူးကြမှာပါ။ ရလဒ်ကောင်းရဖို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဘယ်လိုနေထိုင်၊ဘာတွေစားသောက်လိုက်လဲဆိုတဲ့အချက်ပေါ်လည်း အများကြီးမူတည်နေပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အောက်ပါအချက်တွေကို လိုက်နာလုပ်ဆောင်သင့်ပါတယ်။

 

၁။ သွေးအေးလေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ။

 

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးပြီးချင်း ချက်ချင်းရပ်လိုက်ရင် ခေါင်းမူးတာ၊ အလွန်မောပန်းတာမျိုးခံစားရတတ်ပါတယ်။ အားကစားလုပ်နေချိန်မှာ ခန္ဓာကိုယ်တွင်းအပူချိန်ဟာ မြင့်တက်နေလေ့ရှိပါတယ်။ လုပ်ဆောင်လိုက်တဲ့လေ့ကျင့်ခန်းတွေဟာ သွေးပူလေ့ကျင့်ခန်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ပုံမှန် ခန္ဓာကိုယ်အပူချိန်ပုံမှန်ပြန်ရောက်နိုင်အောင် လမ်းလျှောက်တာ၊ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေကိုဖြေးဖြေးလေးလုပ်တာ စတဲ့ သွေးအေးစေမယ့်လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးရပါမယ်။

 

၂။ အကြောလျှော့၊ အကြောဆန့်ပါ။

 

အကြောလျှော့ခြင်းဟာ လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခံစားရတတ်တဲ့ ကြွက်သားနာကျင်မှုတွေကို သိသိသာသာလျော့နည်းစေနိုင်ပါတယ်။ ထို့အပြင် ကိုယ်ဟန်အနေအထားကောင်းမွန်စေခြင်း၊ လှုပ်ရှားရလွယ်ကူခြင်း၊ ကြွက်သားများသက်တောင့်သက်သာဖြစ်စေခြင်းစတဲ့ကောင်းကျိုးများလည်း ရရှိနိုင်ပါတယ်။

 

၃။ ရေသောက်ပါ။

 

လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးထွက်များတဲ့အတွက် ရေဓာတ်ဆုံးရှုံးမှုလည်း များပြားပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ခန္ဓာကိုယ်တွင်း ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ ရေ ၂ခွက်ခန့် အနည်းဆုံး

 

သောက်သုံးပေးသင့်ပါတယ်။ ကဖိန်းဓာတ်၊ အယ်လ်ကိုဟော၊ သကြားဓာတ်ပါဝင်မှုများပြားတဲ့ အအေးတွေဟာ ရေဓာတ်ခန်းခြောက်စေနိုင်လို့ ရှောင်ရှားရပါမယ်။

 

၄။ အဝတ်အစားတွေလဲဝတ်ပါ။

 

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း အဝတ်အစားတွေမလဲဘဲ အလုပ်သွားလုပ်တာ၊ အပြင်ထွက်သွားတာမျိုးတွေ မလုပ်သင့်ပါ။ အဝတ်အစားလို့ဆိုရာမှာ အတွင်းခံအဝတ်ကအစ အားလုံးလဲဝတ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ချွေးထွက်များပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးချိန် အဝတ်အစားမှာကျန်နေတဲ့ အစိုဓါတ်တွေဟာ မှို၊ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်လာဖို့ အားပေးတာဖြစ်လို့ အရေပြားပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းတဲ့ အဝတ်အစားလဲဝတ်ဖို့ကလည်း အရေးကြီးပါတယ်။

 

၅။ ရေအေးအေးနဲ့ ရေချိုးပါ။

 

ရေအေးအေးနဲ့ရေချိုးခြင်းဟာ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားရောင်ရမ်းနာကျင်တာတွေကို လျော့နည်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး နာရီဝက်ခန့်အတွင်း ချိုးနိုင်ရင်အကောင်းဆုံးဖြစ်ပါတယ်။

၆။ ကာဗွန်ဟိုက်ဒရိတ်(သို့) ပရိုတင်းဓါတ်ပါဝင်တဲ့ အစာများစားပေးပါ။

 

ကာဗွန်ဟိုက်ဒရိတ်စားသုံးခြင်းဟာ အားကစားလုပ်ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ကတော့ ကြွက်သားပြန်လည်တည်ဆောက်ဖို့ရာအတွက် လုပ်ဆောင်ပေးပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုမြင့်မားတဲ့အစားအစာတွေကတော့ ကန်စွန်းဥ၊ ဂျုံပေါင်မုန့်၊ ဂျုံခေါက်ဆွဲ၊ ချောကလတ်နို့ တို့ဖြစ်ပါတယ်။ ပရိုတင်းဓာတ်မြင့်မားတာတွေက အသား၊ငါး၊ ကြက်ဥ၊ နို့၊ ချိစ်၊ ဒိန်ချဥ်တို့ဘဲဖြစ်ပါတယ်။

 

၇။ သင့်တော်မယ့်အားဖြည့်စာသောက်သုံးပါ။

 

သင့်တော်တဲ့ပမာဏပါဝင်တဲ့ ပရိုတင်း၊ HMB၊ Creatinine စတာတွေပါဝင်တဲ့အားဖြည့်စာတွေ သောက်သုံးပေးရင် ကြွက်သားတွေကြီးထွားဖို့အတွက် ပိုမိုလျင်မြန်သိသာစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးနောက် ကိုယ့်မှာအချိန်သိပ်မရလို့ အထက်ပါအချက်တွေအကုန်လိုက်မလုပ်နိုင်ရင်တောင် ကိုယ်တတ်နိုင်တဲ့ လွယ်ကူတာမျိုးလေးတွေတော့ ရွေးလုပ်စေချင်ပါတယ်။ သို့မှသာနေ့စဥ်နေ့တိုင်းစွမ်းအင်ပြည့်ဝစွာ ကိုယ်လက်လေ့ကျင့်ခန်းတွေထိထိရောက်ရောက်လုပ်ဆောင်နိုင်ပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ရရှိနိုင်မှာဖြစ်ပါတယ်။

Previous Post

ဟင်းနုနွယ်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတွေအကြောင်း

Next Post

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
What vitamins do you need for muscle health?

ကြွက်သားကျန်းမာရေးအတွက် ဘာ vitamins တွေ လိုအပ်လဲ

When a premature baby is born

လမစေ့ဘဲကလေးမွေးတဲ့အခါ

ဆောင်းရာသီနှင့် ပန်းနာရင်ကျပ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.