fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

Health factors that should be prepared before traveling in summer
124
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/04/2024
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Vacation ရာသီလို့ ပြောရမယ့် နွေရာသီကို ရောက်လာပါပြီ။ အပူရှောင်တဲ့ အနေနဲ့ ခရီးတွေသွားတာ၊ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ ခရီးထွက်တာမျိုးတွေ လုပ်ကြတဲ့ ခရီးသွားရာသီမှာ ခရီးမသွားခင် ကျန်းမာရေးရှုထောင့်ကနေ ဘာတွေ ပြင်ဆင်သွားသင့်သလဲ ဆိုတာကလည်း သိထားသင့်တဲ့ အရာပါ။

ခရီးစဥ်အတွင်းမှာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ခြင်ကတဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ အပြင် အပူရှိန်ကြောင့် အပူရှပ်တာ (heat exhaustion) ၊ အပူသင်တုန်းဖြတ်တာ (heat stroke) တွေလည်း ဖြစ်နိုင်ပါတယ်။

ခရီးမသွားခင် ဘာတွေ ပြင်ဆင်ထားသင့်လဲ?

(၁) ကိုယ်သွားမယ့် ဒေသမှာ ဘာရောဂါတွေ အဖြစ်များလဲ ကြိုတင်လေ့လာပါ

ကိုယ်သွားမယ့် ဒေသမှာ အဖြစ်များတဲ့ ရောဂါတွေကို သိထားရင် ကြိုတင် ပြင်ဆင်လို့ ရပါတယ် (ဥပမာ…ငှက်ဖျားအဖြစ်များရင် ငှက်ဖျားဆေးတွေ ဆောင်သွားတာ၊ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး ထိုးသွားတာ)။

(၂) ကာကွယ်ဆေးထိုးဖို့ လိုမလို စစ်ဆေးပါ

တချို့နိုင်ငံတွေက ကာကွယ်ဆေး ထိုးမထားရင် အဝင်မခံတာမျိုး ရှိတတ်ပါတယ်။ ဥပမာ အင်္ဂလန်နိုင်ငံကို သွားရင် ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုးကာကွယ်ဆေး (MMR vaccine) ထိုးပြီးသားဖြစ်ဖို့ လိုအပ်ပါတယ်။ ကိုဗစ်ပြန်ဖြစ်နေတဲ့ ဒေသတွေကို သွားရင် ကိုဗစ်ကာကွယ်ဆေး ထိုးထားဖို့ လိုအပ်ပါလိမ့်မယ်။

(၃) အစားအသောက် သန့်ရှင်းဖို့ ဂရုပြုပါ

ခရီးသွားရင် အပြင်စာတွေ ကြုံသလို စားရတဲ့အတွက် ဝမ်းလျှောဝမ်းပျက် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓာတ်ဆားထုပ်နဲ့ ဆေးတွေ ဆောင်သွားသင့်သလို အစားအစာ မကိုင်တွယ်ခင်နဲ့ အိမ်သာဝင်ပြီးတိုင်း လက်ဆေးဖို့ hand gel တွေ ယူသွားသင့်ပါတယ်။ ပူနွေးပြီး သန့်ရှင်းစွာ ချက်ပြုတ်ပြင်ဆင်ထားတဲ့၊ ယင်မနားတဲ့ အစားအစာတွေကို ရွေးချယ်ပါ။

(၄) ခြင်မကိုက်အောင် ကာကွယ်ပါ

ခြင်ပေါတဲ့ ဒေသတွေကို သွားရရင် ခြင်မကိုက်တဲ့ လိမ်းဆေး၊ ဖျန်းဆေး၊ ကပ်ခွာတွေ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေနဲ့ ညအိပ်ရင် ထောင်ဖို့ ခြင်ထောင်တွေလည်း လိုအပ်ပါလိမ့်မယ်။ ခြင်ကိုက်ခံရရင် သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနဲ့ ဇီကာဗိုင်းရပ်စ်တွေ ကူးစက်ခံရနိုင်ပါတယ်။

(၅) အပူဒဏ်ကို ကာကွယ်ပါ

ပူပြင်းတဲ့ ရာသီဖြစ်တာမို့ suncream တွေပါဖို့ ဂရုပြုရမှာ ဖြစ်သလို ရေခဏခဏသောက်ဖို့၊ ချွေးထွက်များရင် ဓာတ်ဆားရည်သောက်ဖို့လည်း ပြင်ဆင်သွားသင့်ပါတယ်။ နေပူထဲထွက်ရင် ဆောင်းဖို့ ထီးလေးတွေ ယူနိုင်ရင်လည်း ယူသွားကြပါ။

(၆) ခွေးရူးပြန်ရောဂါကို သတိထားပါ

ဒီရာသီက ခွေးရူးပြန်ရာသီမို့ ခွေး၊ ကြောင်၊ မျောက်၊ လင်းနို့စတဲ့ ခွေးရူးပြန်ရောဂါပိုး သယ်ဆောင်နိုင်တဲ့ တိရိစ္ဆာန်တွေနဲ့ ဝေးဝေးနေရပါမယ်။ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးထားနိုင်ရင် ပိုကောင်းပါတယ်။ ကာကွယ်ဆေး ထိုးမထားဘဲ အထက်ပါ တိရိစ္ဆာန်တွေ အကိုက်ခံရရင် ဒဏ်ရာကို ဆပ်ပြာနဲ့ ရေများများသုံးပြီး ဆေးကြောပြီးနောက် ဆေးရုံ၊ဆေးခန်းသွားပြီး ချက်ချင်း ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။

(၇) လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ မကူးစက်အောင် ဂရုပြုပါ

ခရီးသွားရင်း အပျော်ရှာတဲ့သူတွေလည်း ရှိကြမှာပါ။ အပျော်ကနေ အပျက်ဖြစ်ပြီး HIV၊ ဆစ်ဖလစ်တို့လို့ လိင်ကတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကူးစက်မခံရအောင် ကွန်ဒုံးလေးတွေ ဆောင်သွားဖို့လည်း မမေ့ပါနဲ့။

အားလုံးပဲ ပျော်ရွှင်တဲ့ ခရီးလေးတွေ ဖြစ်ကြပြီး ကျန်းမာစွာ ပြန်လာနိုင်ကြပါစေနော်။

Author: Dr.Yee Mon

Previous Post

ငယ်ငယ်ရွယ်ရွယ်နဲ့ မှတ်ဉာဏ်အားနည်းလာတာ ဘာကြောင့်လဲ?

Next Post

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 years ago
840

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
UV rays and eye health

ခရမ်းလွန်ရောင်ခြည်နဲ့ မျက်စိကျန်းမာရေး

An eye cloud that should not be neglected

မပေါ့ဆသင့်သော မျက်စိတိမ်

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.