ရေထဲမှာ၊ တောင်ပေါ်မှာ၊ တောထဲမှာ၊ ခြံထဲမှာနေစဉ် သင်မသိလိုက်ခင် ပိုးမွှားများ ကိုက်ခံရဖူးပါသလား။ ထိုပိုးမွှားသည် ခြင်၊ ယင်၊ ပုရွက်ဆိတ်၊ ဖြုတ်၊ ပျား၊ နကျယ်ကောင်၊ ပင့်ကူ၊ ကင်း စသည်ဖြင့်အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
သင် အင်းဆက်ကိုက်ခံရလျှင် အလွန်နာကျင်နိုင်ပါတယ်။ အင်းဆက်ရဲ့ ပါးစပ်မှတဆင့် အဆိပ်သည်အရေပြားနှင်ထိတွေ့က ဓာတ်မတည့်မှုများ ဖြစ်ပွားလာပါလိမ့်မယ်။ အင်းဆက်ကိုက်ခံရမှု အများစုသည် အနည်းငယ် နာကျင်ယားယံရုံကလွဲ၍ အန္တရာယ် မရှိနိုင်သော်လည်း တစ်ခါတစ်ရံ အဆိပ်ရှိသော
အင်းဆက်များကြောင့် အသက်အန္တရာယ် ထိခိုက်နိုင်သည်အထိ ဖြစ်နိုင်ပါတယ်။
ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်လို့ မည်သည့်အင်းဆက်ကိုက်လျှင် မည်ကဲ့သို့ဖြစ်နိုင်တယ်၊ ကိုယ်နေသောနေရာ သွားသောနေရာများမှာ မည်သည့်အင်းဆက်များ ပေါများစွာရှိသလဲ
လေ့လာထားသင့်ပါတယ်။ ကြိုတင်ကာကွယ်မှု ယူသင့်ပါတယ်။
အချို့အင်းဆက်များက အန္တရာယ်အလွန် ကြီးပါတယ်။ အင်းဆက်အများစုက လူကို ရုတ်တရက်မတော်တဆကိုက်ခြင်း ဖြစ်ပါတယ်။ ကိုက်သာနေရာများသည် ယားယံခြင်းသာဖြစ်ပေါ်ပြီး အန္တရာယ်မရှိတတ်ပါ။ အချို့အင်းဆက်များကတော့ ရောဂါပိုးများ သယ်ဆောင်လာတတ်ပါတယ်။ ဥပမာ သမင်မွှားသည် lyme disease ဖြစ်စေပါတယ်။
အဆိပ်ရှိသော ပင်ကူကိုက်ခံရလျှင် အရေးကြီးပါတယ်။ ပျား၊ ပင့်ကူများသည် ကိုက်ခံရလျှင် အဆိပ်သည် အရေပြားထဲရောက်ကာ ယားယံခြင်း၊ နာကျင်ခြင်းနှင့် ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။
–အဆိပ်ရှိသော အင်းဆက် ကိုက်ခံခဲ့ရလျှင်?
ကိုက်ခံရသောနေရာတွင် နီရဲလာပြီး အဖုများပေါ်လာပါလိမ့်မယ်။ ယားမယ်။ နာမယ်။ ထိုမှတဆင့်ဆိုးရွားခဲ့လျှင် လည်ချောင်းကျပ်ပြီး အသက်ရခက်မယ်။ သွေးပေါင်ထိုးကျသည်အထိ ဖြစ်မယ်။
–ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အကိုက်ခံရလျှင် ပိုမိုဆိုးရွားတတ်ပါတယ်။
ပိုးမွှားကိုက်ခံရသော လက္ခဏာများကတော့
-အဖုထွက်မယ်
-နီရဲမယ်
-နာမယ်
-ယားမယ်
-ကိုက်ခံရသော နေရာတဝိုက်တွင်ပူမယ်၊ ထုံမယ်။
အရေးကြီးသောလက္ခဏာများကတော့
-ဖျားမယ်
-အသက်ရှူရခက်မယ်
-အန်မယ်
-ကြွက်သားနာကျင်မယ်
-နှလုံးခုန်မြန်မယ်
-နှုတ်ခမ်းထူမယ်
-သတိမေ့မယ် စသည်တို့ခံစားရလျှင် ချက်ချင်းဆေးဝါးကုသမှု ခံယူပါ။
ကုသသောနည်များမှာ
လက္ခဏာမပြင်းထန်လျှင် အိမ်မှာကုသလို့ရပါတယ်။ ဆူးရှိခဲ့လျှင် ဖယ်ပါ။ နာကျင်ရောင်ရမ်းမှု သက်သာရန် ရေခဲကပ်ပါ။ လိမ်းဆေးလိမ်းပါ။ ယားယံမှုသက်သာစေသော ဆေးသောက်ပါ။ အဆိပ်ရှိသော ပိုးမွှား အကိုက်ခံရသည်ဟုယူဆလျှင် ရောဂါလက္ခဏာကို မစောင့်ကြည့်ဘဲ အရေးပေါ်ဌာနတွင်ဆေးဝါးကုသမှု ခံယူပါ။ အရေးကြီးသော လက္ခဏာများကို သတိမထားမိပါက အသက်အန္တရာယ်ထိခိုက်သည်အထိဖြစ်နိုင်ပါတယ်။
Author : Dr. ပြည့်ရှင်း