fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

အမှိုက်မီးခိုးငွေ့များနဲ့ကျန်းမာရေးဆိုင်ရာပြသာနာများ

90
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/04/2018
in ကျန်းမာရေးသတင်းများ, ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

(Zawgyi)

အမႈိက္မီးခိုးေငြ႔မ်ားနဲ႔က်န္းမာေရးဆိုင္ရာျပသာနာမ်ား

လူသားတို႔က်န္းမာစြာအသက္ရွင္ေနထိုင္ေရးအတြက္ သန္႔ရွင္းေသာေလ၊သန္႔ရွင္းေသာေရ၊သန္႔ရွင္းေသာအစာအာဟာရ ေတြလိုအပ္ပါတယ္။ ဒီထဲမွာမွအေရးၾကီးဆံုးက သန္႔ရွင္းတဲ႔ေလပါ။ ဘာလို႔လဲဆိုေတာ႔ ထမင္းအသက္ခုနွစ္ရက္၊ေရအသက္တမနက္ ဆိုေပမယ္႔ သန္႔ရွင္းတဲ႔ေလ(ေအာက္စီဂ်င္)မရပါက မိနစ္ပိုင္းအတြင္းမွာတင္ အသက္ေသဆံုးနိုင္ပါတယ္။ ကြ်န္ေတာ္တို႔ဟာ ေလကို စကၠန္႔နဲ႔အမွ် ရႈသြင္းရႈထုတ္ေနၾကရပါတယ္။ေလထဲက ေအာက္စီဂ်င္ကိုရႈသြင္းျပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ကို ျပန္ရႈထုတ္ပါတယ္။ရႈသြင္းလိုက္တဲ႔ေလထဲမွာပါတဲ႔ေအာက္စီဂ်င္က အဆုတ္ကေနတဆင္႔ ေသြးထဲေရာက္သြားကာ တကိုယ္လံုးရွိဆဲလ္မ်ားအား ရွင္သန္ဖို႔အတြက္ေထာက္ပ႔ံေပးပါတယ္။

တကယ္လို႔ ကြ်န္ေတာ္တို႕ ရႈသြင္းတဲ႔ေလထဲမွာ ေအာက္စီဂ်င္နည္းေနျပီး တျခားအဆိပ္ဓါတ္ေငြ႔ေတြမ်ားေနပါက(မသန္႔ရွင္းတဲ႔ေလကိုရႈရမ်ားလာပါက)ေရရွည္မွာ ကြ်န္ေတာ္တို႔ခႏၶာကိုယ္ထဲက ဆဲလ္ေတြထိခုိက္ပ်က္စီးျပီး က်န္းမာေရးထိခိုက္လာနိုင္ပါတယ္။ ေလထုညစ္ညမ္းမႈျဖစ္ေစတဲ႔အေၾကာင္းေတြကေတာ႔ ဒီဇယ္၊ဓါတ္ဆီစတဲ႔ေလာင္စာဆီေတြကိုအသံုးျပဳတဲ႔ ကား၊ဆိုင္ကယ္ စက္ပစၥည္းေတြမ်ားလာတာေၾကာင္႔ စက္ရံုေတြမ်ားလာတာေၾကာင္႔ ေဆးလိပ္အေသာက္မ်ားလာတာေၾကာင္႔ အမိႈက္ေတြကိုမီးရိႈ႕တာေၾကာင္႔ ေက်ာက္မီးေသြးစြမ္းအင္အသံုးျပဳတာေၾကာင္႔ သစ္ေတာမ်ားျပဳန္းတီးလာမႈေၾကာင္႔ ေတာမီးရႈိ႕တာေၾကာင္႔ ေဆာင္းရာသီမွာဆိုရင္ ထင္းတို႔ သစ္ကိုင္းေျခာက္ သစ္ရြက္တို႔ကို မီးရိႈ႕ျပီးမီးလႈံၾကတာေၾကာင္႔ ဆိုျပီး စသျဖင္႔အေၾကာင္းေတြအမ်ားၾကီးရွိပါတယ္။ ဘယ္လိုအေၾကာင္းေၾကာင္႔ပဲ မီးခိုးနဲ႔အမႈန္အမႊားထြက္ထြက္ ထြက္လာတဲ႔မီးခိုးေငြ႔နဲ႔အမႈန္အမႊားေတြဟာ ပတ္၀န္းက်င္ရွိေလထုကိုညစ္ညမ္းမႈျဖစ္ေစပါတယ္။ ဒီထဲမွာမွ အမႈိက္မီးရိႈ႕ရာမွ သို႔မဟုတ္ အမႈိက္မီးေလာင္ရာမွ ထြက္လာတဲ႔မီးခိုးေငြ႔က ပိုဆိုးပါတယ္။

ကြ်န္ေတာ္တို႔ဆီမွာ အမႈိက္ကိုမီးရိႈ႕တဲ႔အေလ႔အထက ခုထိကိုရွိေနဆဲပါ။ေတာရြာေတြမွာသာမက ျမိဳ႔ျပေတြမွာပါ ရိႈ႕ေလ႔ရွိပါတယ္။ ေဆာင္းရာသီဆိုရင္ အမိႈက္မီးကိုပိုရႈိ႕ၾကပါတယ္။အမႈိက္မီးရိႈ႕တာဟာ အမိႈက္သိမ္းနည္းတခုလိုေတာင္ျဖစ္ေနပါတယ္။ ခုေနာက္ပိုင္း အမႈိက္သိမ္းကားေတြလာေနေပမယ္႔ အမႈိက္မီးရိႈ႕တဲ႔သူေတြကရိႈ႕ေနတုန္းပါပဲ။ အမႈိက္မီးရိႈ႕ရာမွ သို႔မဟုတ္ အမိႈက္မီးေလာင္ရာမွ ထြက္လာတဲ႔မီးခိုးေငြ႔ေတြဟာ ရႈမိတဲ႔သူေတြရဲ႕ အသက္ရႈလမ္းေၾကာင္းနဲ႔အဆုတ္ကိုျပင္းျပင္းထန္ထန္ကိုဒုကၡေပးနိုင္ပါတယ္။ ဒီလိုေျပာလို႔ “ဟာ ငါ႔ဆရာကလဲ အမႈိက္မီးရိႈ႕တာမ်ား။အရင္ကတည္းက ဘိုးစဥ္ေဘာင္ဆက္ ရိႈ႕လာတာပဲ။ရြာမွာဆို ေကာက္ပဲသီးနွံေတြရိတ္သိမ္းျပီးလို႔က်န္တဲ႔တာရိုးတာျပတ္ေတြကို ရွင္းလင္းဖို႔ မီးရိႈ႕ၾကတာပဲ။ဘယ္သူမွဘာျဖစ္တယ္လို႔မၾကားမိပါဘူးဆရာ’’လို႔ ေစာဒကတက္မဲ႔သူေတြရွိနိုင္ပါတယ္။ အရင္ေခတ္နဲ႔အခုေခတ္မတူေတာ႔ပါဘူး။

ယေန႔ေခတ္မွာ လူဦးေရကလည္းအရင္ထက္တအားကိုထူထပ္မ်ားျပားလာတဲ႔အျပင္ ယေန႔ေခတ္ အမႈိက္ေတြမွာ ပလစ္စတစ္အိတ္၊တာယာစုတ္၊ကြ်တ္ေဟာင္း၊ဓါတ္ခဲအေဟာင္း၊ဆားကစ္ျပားအပ်က္၊စတဲ႔ ခဲပါ၀င္တဲ႔ပစၥည္းေတြအမ်ားၾကီးပါ၀င္ေနပါတယ္။ အဲ႔လိုဓါတုပစၥည္း(Chemical)ေတြပါတဲ႔အမိႈက္ေတြ မီးရိႈ႕တဲ႔အခါမွာထြက္လာတဲ႔ မီးခိုးေငြ႔ေတြကို ရႈရိႈက္မိပါကေရရွည္မွာဆိုရင္ အဆုတ္ေရာဂါ၊အသက္ရႈလမ္းေၾကာင္းဆိုင္ရာေရာဂါေတြပါခံစားလာရနိုင္ပါတယ္။ ေလာေလာလတ္လတ္မွာလည္းမသန္႔ရွင္းတဲ႔ေလကိုရႈရတဲ႔အတြက္ ေခါင္းေနာက္တာ၊ေခါင္းကိုက္တာ၊ဇက္ေၾကာတက္တာ၊အျမင္၀ါးတာ၊ပ်ိဳ႕အန္တာေတြ ျဖစ္နိုင္ပါတယ္။ အမိႈက္မီးခိုးေတြကို ရႈရပါမ်ားလာတာနဲ႔အမွ် နဂိုဘာေရာဂါမွမရွိတဲ႔သူေတြေတာင္ တျဖည္းျဖည္း အသက္ရႈၾကပ္လာတာ၊ေမာလာတာ၊အသက္ရႈမ၀တာ၊အဆုတ္ပြတာေတြျဖစ္လာနိုင္ပါတယ္။ ေရာဂါအခံရွိတဲ႔သူေတြဆိုရင္ေတာ႔ အမိႈက္မီးခိုးရႈမိျခင္းေၾကာင္႔ ရွိေနတဲ႔ေရာဂါအခံက ပိုဆိုးလာျပီး အသက္အႏၱရာယ္ရွိနိုင္ပါတယ္။

၂၁ရက္ေန႔ကစျပီး ရန္ကုန္ ထိန္ပင္အမိႈက္ပံုၾကီးမီးေလာင္ေနတာေၾကာင္႔ ရန္ကုန္ျမိဳ႕ေပၚမွာရွိ ေနရာေတာ္ေတာ္မ်ားမ်ားကျပည္သူေတြဟာ အမႈိက္ပံုမီးေလာင္ရာကထြက္တဲ႔ မီးခိုးေငြ႔ေတြကိုရႈရိႈက္ေနၾကရပါတယ္။ ထိန္ပင္အမိႈက္ပံုၾကီးဟာ ရန္ကုန္တျမိဳ႕လံုးက ထြက္တဲ႔အမႈိက္ေတြကိုစုပံုထားရာေနရာျဖစ္ျပီး ဧက ၃၀၀ေက်ာ္ အက်ယ္ရွိပါတယ္။အဲ႔ထဲကမွ ခုမီးေလာင္တဲ႔အထဲမွာ ဧက၁၀၀ေက်ာ္ပါပါတယ္။ ဒီပမာဏာဟာ အရမ္းမ်ားပါတယ္။ ဒါေၾကာင္႔ ရန္ကုန္ျမိဳ႔ေနရာအေတာ္မ်ားမ်ားဟာ ထိုအမိႈက္ပံုမီးေလာင္ရာက ထြက္တဲ႔မီးခိုးေတြနဲ႔ဖံုးလႊမ္းေနျပီး ရန္ကုန္ျမိဳ႕ရွိျပည္သူ အေတာ္မ်ားမ်ားဟာလည္း အမႈိက္ပံုမီးေလာင္ရာမွ ထြက္တဲ႔ ကာဗြန္မိုေနာက္ဆိုဒ္ ဓါတ္ေငြ႔ေတြနဲ႔တျခားအဆိပ္အေတာက္ျဖစ္ေစတဲ႔ဓါတ္ေငြ႔ေတြကိုပါ ရႈရိႈက္ေနရၾကရပါတယ္။

အမိႈက္ပံုမီးေလာင္တဲ႔ေနရာနဲ႔နီးတဲ႔ရပ္ကြက္ေတြမွာေနထိုင္သူ တခ်ိဳ႕ဆိုရင္ ထိုအမႈိက္မီးခိုးထဲမွာပါတဲ႔ဓါတ္ေငြ႔ေတြေၾကာင္႔ ေခါင္းေနာက္တာ၊ေခါင္းကိုက္တာ၊ဇက္ေၾကာတက္တာ၊အျမင္၀ါးတာ၊ပ်ိဳ႕အန္တာေတြကို လက္ငင္းဆိုးက်ိဳးအေနနဲ႔ ခံစားေနၾကရပါတယ္။ အခုဆိုရင္ ထိန္ပင္အမႈိက္ပံုမီးေလာင္ေနတာကို မီးသတ္သမားေတြကလည္းၾကိဳးစားျငိမ္းသတ္ေနၾကပါတယ္။အမိႈက္ပံုကတအားၾကီးမားက်ယ္ျပန္႔လြန္းတဲ႔အတြက္ မီးျငိမ္းရတာဟာ လြယ္တဲ႔ကိစၥမဟုတ္ပါဘူး။မီးျငိမ္းသတ္ရတဲ႔သူေတြအေနနဲ႔ အေပၚကေနပူဒဏ္ ေအာက္ကေျမၾကီးအပူဒဏ္ေတြကိုခံရတဲ႔အျပင္ မီးခိုးေငြ႔ေတြနဲ႔အဆိပ္ေငြ႔ေတြရဲ႕ဒဏ္ကိုပါခံရပါတယ္။ဒီလိုဒဏ္ေတြကိုၾကံၾကံခံကာ အမ်ားျပည္သူအတြက္ မီးျငိမ္းသတ္ေပးတဲ႔ မီးသတ္ဆရာေတြကိုလည္းခ်ီးက်ဴးပါတယ္။

အခုသူတို႔ၾကိဳးစားျငိမ္းသတ္ေနတဲ႔အတြက္ မီးေလာင္တာကိုအတိုင္းအတာတခုထိ ထိန္းနိုင္ေပမယ္႔ မီးခိုးေငြ႔ေတြကေတာ႔ထြက္ေနဆဲပါ။ ဒါေၾကာင္႔အဆံုးသတ္အေနနဲ႔ေျပာခ်င္တာက တကယ္လို႔မိမိဟာ ေခါင္းကိုက္တာ၊ဇက္ေၾကာတက္တာ၊စိတ္ရႈပ္ေထြးတာ၊ရင္ဘတ္ေအာင္႔တာ၊နွလံုးခုန္ျမန္လာတာ၊အျမင္၀ါးတာ၊ပ်ိဳ႕အန္တာ စတဲ႔လကၡဏာေတြကိုခံစားရပါက နီးစပ္ရာေဆးရံု၊ေဆးခန္းကို အျမန္သြားပါ။ အဲ႔လိုေတြမခံစားရေသးပါကလည္း မိမိေနတဲ႔ေနရာဟာ အမိႈက္ပံုကမီးခိုးေငြ႔ေတြအေရာက္မ်ားတဲ႔ေနရာျဖစ္ေနရင္ ေခတၱခဏေနရာေျပာင္းေရႊ႔ေနထိုင္ပါ။ အထူးသျဖင္႔ သက္ၾကီးရြယ္အိုေတြ၊ေရာဂါအခံရွိတဲ႔သူေတြ၊ကေလးေတြ၊ကိုယ္၀န္ေဆာင္သည္ေတြဆိုရင္ အမိႈက္မီးခိုးလြတ္တဲ႔ေနရာေတြဆီကို ေခတၱခဏ ေျပာင္းေရႊ႔ေနထိုင္ဖို႔အျမန္လုပ္ပါ လို႔ တိုက္တြန္းလိုက္ရပါတယ္။

Dr 528

(Unicode)

အမှိုက်မီးခိုးငွေ့များနဲ့ကျန်းမာရေးဆိုင်ရာပြသာနာများ

လူသားတို့ကျန်းမာစွာအသက်ရှင်နေထိုင်ရေးအတွက် သန့်ရှင်းသောလေ၊သန့်ရှင်းသောရေ၊သန့်ရှင်းသောအစာအာဟာရ တွေလိုအပ်ပါတယ်။ ဒီထဲမှာမှအရေးကြီးဆုံးက သန့်ရှင်းတဲ့လေပါ။ ဘာလို့လဲဆိုတော့ ထမင်းအသက်ခုနှစ်ရက်၊ရေအသက်တမနက် ဆိုပေမယ့် သန့်ရှင်းတဲ့လေ(အောက်စီဂျင်)မရပါက မိနစ်ပိုင်းအတွင်းမှာတင် အသက်သေဆုံးနိုင်ပါတယ်။ ကျွန်တော်တို့ဟာ လေကို စက္ကန့်နဲ့အမျှ ရှုသွင်းရှုထုတ်နေကြရပါတယ်။လေထဲက အောက်စီဂျင်ကိုရှုသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှုထုတ်ပါတယ်။ရှုသွင်းလိုက်တဲ့လေထဲမှာပါတဲ့အောက်စီဂျင်က အဆုတ်ကနေတဆင့် သွေးထဲရောက်သွားကာ တကိုယ်လုံးရှိဆဲလ်များအား ရှင်သန်ဖို့အတွက်ထောက်ပံ့ပေးပါတယ်။

တကယ်လို့ ကျွန်တော်တို့ ရှုသွင်းတဲ့လေထဲမှာ အောက်စီဂျင်နည်းနေပြီး တခြားအဆိပ်ဓါတ်ငွေ့တွေများနေပါက(မသန့်ရှင်းတဲ့လေကိုရှုရများလာပါက)ရေရှည်မှာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲက ဆဲလ်တွေထိခိုက်ပျက်စီးပြီး ကျန်းမာရေးထိခိုက်လာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုဖြစ်စေတဲ့အကြောင်းတွေကတော့ ဒီဇယ်၊ဓါတ်ဆီစတဲ့လောင်စာဆီတွေကိုအသုံးပြုတဲ့ ကား၊ဆိုင်ကယ် စက်ပစ္စည်းတွေများလာတာကြောင့် စက်ရုံတွေများလာတာကြောင့် ဆေးလိပ်အသောက်များလာတာကြောင့် အမှိုက်တွေကိုမီးရှို့တာကြောင့် ကျောက်မီးသွေးစွမ်းအင်အသုံးပြုတာကြောင့် သစ်တောများပြုန်းတီးလာမှုကြောင့် တောမီးရှို့တာကြောင့် ဆောင်းရာသီမှာဆိုရင် ထင်းတို့ သစ်ကိုင်းခြောက် သစ်ရွက်တို့ကို မီးရှို့ပြီးမီးလှုံကြတာကြောင့် ဆိုပြီး စသဖြင့်အကြောင်းတွေအများကြီးရှိပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ မီးခိုးနဲ့အမှုန်အမွှားထွက်ထွက် ထွက်လာတဲ့မီးခိုးငွေ့နဲ့အမှုန်အမွှားတွေဟာ ပတ်ဝန်းကျင်ရှိလေထုကိုညစ်ညမ်းမှုဖြစ်စေပါတယ်။ ဒီထဲမှာမှ အမှိုက်မီးရှို့ရာမှ သို့မဟုတ် အမှိုက်မီးလောင်ရာမှ ထွက်လာတဲ့မီးခိုးငွေ့က ပိုဆိုးပါတယ်။

ကျွန်တော်တို့ဆီမှာ အမှိုက်ကိုမီးရှို့တဲ့အလေ့အထက ခုထိကိုရှိနေဆဲပါ။တောရွာတွေမှာသာမက မြို့ပြတွေမှာပါ ရှို့လေ့ရှိပါတယ်။ ဆောင်းရာသီဆိုရင် အမှိုက်မီးကိုပိုရှို့ကြပါတယ်။အမှိုက်မီးရှို့တာဟာ အမှိုက်သိမ်းနည်းတခုလိုတောင်ဖြစ်နေပါတယ်။ ခုနောက်ပိုင်း အမှိုက်သိမ်းကားတွေလာနေပေမယ့် အမှိုက်မီးရှို့တဲ့သူတွေကရှို့နေတုန်းပါပဲ။ အမှိုက်မီးရှို့ရာမှ သို့မဟုတ် အမှိုက်မီးလောင်ရာမှ ထွက်လာတဲ့မီးခိုးငွေ့တွေဟာ ရှုမိတဲ့သူတွေရဲ့ အသက်ရှုလမ်းကြောင်းနဲ့အဆုတ်ကိုပြင်းပြင်းထန်ထန်ကိုဒုက္ခပေးနိုင်ပါတယ်။ ဒီလိုပြောလို့ “ဟာ ငါ့ဆရာကလဲ အမှိုက်မီးရှို့တာများ။အရင်ကတည်းက ဘိုးစဉ်ဘောင်ဆက် ရှို့လာတာပဲ။ရွာမှာဆို ကောက်ပဲသီးနှံတွေရိတ်သိမ်းပြီးလို့ကျန်တဲ့တာရိုးတာပြတ်တွေကို ရှင်းလင်းဖို့ မီးရှို့ကြတာပဲ။ဘယ်သူမှဘာဖြစ်တယ်လို့မကြားမိပါဘူးဆရာ’’လို့ စောဒကတက်မဲ့သူတွေရှိနိုင်ပါတယ်။ အရင်ခေတ်နဲ့အခုခေတ်မတူတော့ပါဘူး။

ယနေ့ခေတ်မှာ လူဦးရေကလည်းအရင်ထက်တအားကိုထူထပ်များပြားလာတဲ့အပြင် ယနေ့ခေတ် အမှိုက်တွေမှာ ပလစ်စတစ်အိတ်၊တာယာစုတ်၊ကျွတ်ဟောင်း၊ဓါတ်ခဲအဟောင်း၊ဆားကစ်ပြားအပျက်၊စတဲ့ ခဲပါဝင်တဲ့ပစ္စည်းတွေအများကြီးပါဝင်နေပါတယ်။ အဲ့လိုဓါတုပစ္စည်း(Chemical)တွေပါတဲ့အမှိုက်တွေ မီးရှို့တဲ့အခါမှာထွက်လာတဲ့ မီးခိုးငွေ့တွေကို ရှုရှိုက်မိပါကရေရှည်မှာဆိုရင် အဆုတ်ရောဂါ၊အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေပါခံစားလာရနိုင်ပါတယ်။ လောလောလတ်လတ်မှာလည်းမသန့်ရှင်းတဲ့လေကိုရှုရတဲ့အတွက် ခေါင်းနောက်တာ၊ခေါင်းကိုက်တာ၊ဇက်ကြောတက်တာ၊အမြင်ဝါးတာ၊ပျို့အန်တာတွေ ဖြစ်နိုင်ပါတယ်။ အမှိုက်မီးခိုးတွေကို ရှုရပါများလာတာနဲ့အမျှ နဂိုဘာရောဂါမှမရှိတဲ့သူတွေတောင် တဖြည်းဖြည်း အသက်ရှုကြပ်လာတာ၊မောလာတာ၊အသက်ရှုမဝတာ၊အဆုတ်ပွတာတွေဖြစ်လာနိုင်ပါတယ်။ ရောဂါအခံရှိတဲ့သူတွေဆိုရင်တော့ အမှိုက်မီးခိုးရှုမိခြင်းကြောင့် ရှိနေတဲ့ရောဂါအခံက ပိုဆိုးလာပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။

၂၁ရက်နေ့ကစပြီး ရန်ကုန် ထိန်ပင်အမှိုက်ပုံကြီးမီးလောင်နေတာကြောင့် ရန်ကုန်မြို့ပေါ်မှာရှိ နေရာတော်တော်များများကပြည်သူတွေဟာ အမှိုက်ပုံမီးလောင်ရာကထွက်တဲ့ မီးခိုးငွေ့တွေကိုရှုရှိုက်နေကြရပါတယ်။ ထိန်ပင်အမှိုက်ပုံကြီးဟာ ရန်ကုန်တမြို့လုံးက ထွက်တဲ့အမှိုက်တွေကိုစုပုံထားရာနေရာဖြစ်ပြီး ဧက ၃၀၀ကျော် အကျယ်ရှိပါတယ်။အဲ့ထဲကမှ ခုမီးလောင်တဲ့အထဲမှာ ဧက၁၀၀ကျော်ပါပါတယ်။ ဒီပမာဏာဟာ အရမ်းများပါတယ်။ ဒါကြောင့် ရန်ကုန်မြို့နေရာအတော်များများဟာ ထိုအမှိုက်ပုံမီးလောင်ရာက ထွက်တဲ့မီးခိုးတွေနဲ့ဖုံးလွှမ်းနေပြီး ရန်ကုန်မြို့ရှိပြည်သူ အတော်များများဟာလည်း အမှိုက်ပုံမီးလောင်ရာမှ ထွက်တဲ့ ကာဗွန်မိုနောက်ဆိုဒ် ဓါတ်ငွေ့တွေနဲ့တခြားအဆိပ်အတောက်ဖြစ်စေတဲ့ဓါတ်ငွေ့တွေကိုပါ ရှုရှိုက်နေရကြရပါတယ်။

အမှိုက်ပုံမီးလောင်တဲ့နေရာနဲ့နီးတဲ့ရပ်ကွက်တွေမှာနေထိုင်သူ တချို့ဆိုရင် ထိုအမှိုက်မီးခိုးထဲမှာပါတဲ့ဓါတ်ငွေ့တွေကြောင့် ခေါင်းနောက်တာ၊ခေါင်းကိုက်တာ၊ဇက်ကြောတက်တာ၊အမြင်ဝါးတာ၊ပျို့အန်တာတွေကို လက်ငင်းဆိုးကျိုးအနေနဲ့ ခံစားနေကြရပါတယ်။ အခုဆိုရင် ထိန်ပင်အမှိုက်ပုံမီးလောင်နေတာကို မီးသတ်သမားတွေကလည်းကြိုးစားငြိမ်းသတ်နေကြပါတယ်။အမှိုက်ပုံကတအားကြီးမားကျယ်ပြန့်လွန်းတဲ့အတွက် မီးငြိမ်းရတာဟာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။မီးငြိမ်းသတ်ရတဲ့သူတွေအနေနဲ့ အပေါ်ကနေပူဒဏ် အောက်ကမြေကြီးအပူဒဏ်တွေကိုခံရတဲ့အပြင် မီးခိုးငွေ့တွေနဲ့အဆိပ်ငွေ့တွေရဲ့ဒဏ်ကိုပါခံရပါတယ်။ဒီလိုဒဏ်တွေကိုကြံကြံခံကာ အများပြည်သူအတွက် မီးငြိမ်းသတ်ပေးတဲ့ မီးသတ်ဆရာတွေကိုလည်းချီးကျူးပါတယ်။

အခုသူတို့ကြိုးစားငြိမ်းသတ်နေတဲ့အတွက် မီးလောင်တာကိုအတိုင်းအတာတခုထိ ထိန်းနိုင်ပေမယ့် မီးခိုးငွေ့တွေကတော့ထွက်နေဆဲပါ။ ဒါကြောင့်အဆုံးသတ်အနေနဲ့ပြောချင်တာက တကယ်လို့မိမိဟာ ခေါင်းကိုက်တာ၊ဇက်ကြောတက်တာ၊စိတ်ရှုပ်ထွေးတာ၊ရင်ဘတ်အောင့်တာ၊နှလုံးခုန်မြန်လာတာ၊အမြင်ဝါးတာ၊ပျို့အန်တာ စတဲ့လက္ခဏာတွေကိုခံစားရပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်သွားပါ။ အဲ့လိုတွေမခံစားရသေးပါကလည်း မိမိနေတဲ့နေရာဟာ အမှိုက်ပုံကမီးခိုးငွေ့တွေအရောက်များတဲ့နေရာဖြစ်နေရင် ခေတ္တခဏနေရာပြောင်းရွှေ့နေထိုင်ပါ။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိတဲ့သူတွေ၊ကလေးတွေ၊ကိုယ်ဝန်ဆောင်သည်တွေဆိုရင် အမှိုက်မီးခိုးလွတ်တဲ့နေရာတွေဆီကို ခေတ္တခဏ ပြောင်းရွှေ့နေထိုင်ဖို့အမြန်လုပ်ပါ လို့ တိုက်တွန်းလိုက်ရပါတယ်။

Dr 528

Previous Post

မီခိုးငွေ့နှင့် ကာဗွန်မိုနောက်ဆိုဒ် (CO)အန္တရာယ်

Next Post

မိခင်နို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
606

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်နို့

အစာအိမ်နာအကြောင်း

ခေါင်းမူးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.