fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ပထမတခါခွဲမွေးထားခဲ့ရင် ဒုတိယကလေး ဘယ်လိုမွေးမလဲ

307
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/02/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ပထမတခါခွဲမွေးထားခဲ့ရင် ဒုတိယကလေး ဘယ်လိုမွေးမလဲ

အခုခေတ် ကိုယ်ဝန်သည်အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ ခွဲမွေးဖို့ပြင်ဆင်ကြတာများတယ် ။ကလေးမွေးရတဲ့ နာကျင်တာကို မခံချင်ကြတာလည်း အကြောင်း တစ်ခုပေါ့။ တစ်ချို့ကျတော့လည်း ရိုးရိုးမွေးဖို့ပြင်ဆင်ထားရင်းနဲ့မှ အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးလိုက်ကြရတယ်။

ပထမကလေးကို ရိုးရိုးမွေးထားတယ်ဆိုရင် နောက်ထပ်ကလေး ယူတယ်ဆိုရင် ရိုးရိုးပဲမွေးမွေး ခွဲပဲမွေးမွေး ပြဿနာသိပ်မရှိတတ်ဘူး။ ဒါပေမယ့် ပထမကလေးကို အကြောင်းအမျိုးမျိုးကြောင့် ခွဲမွေးထားတာဆိုရင် နောက်ကလေးတွေမှာ ခွဲပဲမွေးရမလား ရိုးရိုးမွေးလို့ရလား စသဖြင့်တွေ စဉ်းစားလာရတယ်။

ကလေးပဲမွေးမွေး သားအိမ်မှာအလုံးဖြစ်လို့ တစ်ခုခုကြောင့်ပဲ ခွဲခွဲ တစ်ခါခွဲခံထားရတဲ့ သားအိမ်မှာ အမာရွတ်တော့ ဖြစ်သွားပါတယ်။ ဒီအမာရွတ်က သားအိမ်ကပုံမှန်အနေအထားဆိုရင်တော့ ဘာမှပြဿနာမပေးနိုင်ပေမယ့် ကိုယ်ဝန်ဆောင်ရတဲ့အခါ တစ်ဖြည်းဖြည်းလရင့်လာတာနဲ့အမျှ သားအိမ်ကအရွယ်အစားကြီးလာတာနဲ့အမျှ အမာရွတ်လည်း ဆွဲဆန့်ခံလိုက်ရသလို တစ်ဖြည်းဖြည်းပါးလာတတ်တယ်။ ပါးလာတဲ့ အမာရွတ်က ပြန်ကွဲထွက်တတ်တယ်။ ကလေးမွေးချိန်ရောက်မှမဟုတ်ပါဘူး။ တစ်ချို့တွေဆို အပတ် ၃၀ ၃၅လောက်နဲ့လည်း သားအိမ်ထဲက အမာရွတ် ကွဲထွက်လာတတ်တယ်။ အမာရွတ်ကွဲတယ်ဆိုတာ သားအိမ်ကွဲတာပါ။

သားအိမ်ကွဲတော့ဘာဖြစ်နိုင်လဲပေါ့။
သားအိမ်ကွဲတာက အသက်အန္တရာယ်ရှိပါတယ်။ ကိုယ်ဝန်သည်မှာ အမေရောကလေးရော အသက်စိုးရိမ်ရပါတယ်။ အမေမှာလည်း သားအိမ်ကွဲထွက်တာကြောင့် ရုတ်တရက်ကြီး ဗိုက်အောင့်တာဆီးစပ်ကိုက်တာတွေကနေ သွေးထွက်လွန်ပြီး သွေးပေါင်ကျတာ သတိလစ်မေ့မြောတာကနေ အသက်ကိုပါထိနိုင်ပါတယ်။ အထဲကကလေးဆိုရင်လည်း သားအိမ်ကွဲကွဲခြင်း ဆေးရုံဆေးခန်းရောက်လို့ ခွဲခန်းဝင်တယ်ဆိုရင်တောင် အသက်ရှင်ဖို့ နည်းပါတယ်။ လမစေ့သေးတဲ့ ကလေးတွေဆို ပိုဆိုးပါတယ်။

သားအိမ်ကွဲတယ်ဆိုတာလည်း အမာရွတ်အတိုင်းကွဲတာလည်းရှိနိုင်သလို သားအိမ်တစ်ခုလုံးမှာ ရစရာမရှိအောင်ကွဲနေတာလည်းဖြစ်နိုင်တယ်။ သားအိမ်ကွဲတာကို ခွဲခန်းဝင်တဲ့အခါ အခန့်မသင့်ရင် သားအိမ်တစ်ခုလုံးတောင် ထုတ်ပစ်လိုက်ရတတ်တယ်။ အမေရဲ့ အသက်ကိုတောင် မနည်းကယ်ရမှာပါ။ သွေးထွက်လွန်နေတာတွေကြောင့် သွေးလန့်တာတွေဖြစ်လာတတ်တယ်။

သားအိမ်ကွဲတာက ဘယ်သူတွေမှာ ဖြစ်တယ်လို့တော့ အတိအကျမပြောထားပါဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် သားအိမ်မှာခွဲထားတယ်ဆို ကိုယ်ဝန်ဆောင်တဲ့အခါ အရမ်းဂရုစိုက်ရပါတယ်။ လရင့်လာတာနဲ့ အမျှ အနေအထိုင်ပုံစံတွေ ပြင်ဆင်ရပါတယ်။ မွေးခါနီးဖြစ်လာလေလေ သားအိမ်ကြွက်သားတွေ လှုပ်ရှားတာတွေ ဖြစ်လာလေလေပါ။ ဒီလိုအခါတွေ ပိုဂရုစိုက်ရပါတယ်။

ကလေးကြီးတာတွေ ရေမြွှာပမာဏများတာတွေ အမြွှာကိုယ်ဝန်ဆောင်ထားတယ်ဆိုရင် ပိုဂရုစိုက်ရပါတယ်။ ကလေးမီးဖွားချိန်ဆို ပိုဆိုးပါတယ်။ သားအိမ်ခေါင်းပွင့်ဖို့ကလည်းကြာနေတုန်း သားအိမ်မှာလည်း လှုပ်ရှားမှုတွေများလာပြီး လူနာကလည်းတောက်လျှောက်ညှစ်တာနဲ့ သားအိမ်အမာရွတ်ကို ကွဲနိုင်စေတတ်ပါတယ်။

ဒါကြောင့် တစ်ချို့တွေမေးတတ်ကြတယ် ပထမကလေးကိုခွဲမွေးထားလို့ ဒုတိယကလေးကို ရိုးရိုးမွေးလို့ရလားဆိုပြီး မေးတတ်ကြတယ်။ ရိုးရိုးမွေးတာမရဘူးတော့မဟုတ်ဘူး။ ဒါပေမယ့် သားအိမ်မှာရှိတဲ့ အမာရွတ်ကကွဲထွက်မှာကိုတော့ ထည့်စဉ်းစားရတယ်။ လူတိုင်းဖြစ်တယ်လည်းမဟုတ်ဘူး။ ဖြစ်ချင်တယ်ဆို ဖြစ်တယ်။ အနေအထိုင်ပုံစံလည်းဆိုင်တယ်။ ခွဲထားတာကြာနေလည်း နှစ်နဲ့ ချီလည်းဖြစ်ချင်ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ်တော့ ပထမတစ်ခါ သားအိမ်မှာခွဲထားဖူးတယ်ဆိုရင် ဒုတိယတစ်ကြိမ်ကိုယ်ဝန်ဆောင်တယ်ဆို သေချာဂရုစိုက်ပါ။ မွေးဖို့ကိုလည်း သားဖွားမီးယပ်ဆရာဝန်တွေ ပြထားပါ။ ဖြစ်နိုင်ရင် ဆေးရုံမှာပဲမွေးပါ ခွဲပဲမွေးမွေး ရိုးရိုးပဲမွေးမွေးပါ။

Author : Dr. CST

Previous Post

သတိပြုစရာ Chlamydia ရောဂါ

Next Post

ခေါင်းကိုက်စေသောအကြောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းကိုက်စေသောအကြောင်းများ

ဂနို ခေါ် ဆီးပူညောင်းကျရောဂါအကြောင်း

အလွှာခြားမလား ကမ္ဘာခြားမလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.