fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်တွင် ခြေ/လက်များဖောယောင်ခြင်း

1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
02/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်ချိန်တွင် ခြေ/လက်များဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် ခြေ/လက်များဖောရောင်ခြင်းသည် ခန္ဓာကိုယ်ရှိ တစ်ရှူးများအတွင်း ရေများ လွန်ကဲ နေခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ ကိုယ်ဝန်ဆောင်စဉ်တွင် သန္ဓေသားပုံမှန် ကြီးထွားဖွံ့ဖြိုးမှုအတွက် ခန္ဓာကိုယ်မှ သွေးနှင့် သွေးရည်ကြည်များ ပိုမိုများလာခြင်းနှင့် ဟော်မုန်များ ပြောင်းလဲခြင်းကြောင့် မျက်နှာ၊ လက်၊ ခြေကျင်းဝတ်နှင့် ခြေထောက်များရှိ ကြွက်သားတစ်ရှူးများအတွင်း ရေဓာတ်များ ပိုမိုစုလာနိုင်ပြီး ဖောရောင်ခြင်း ဖြစ်ပွားစေနိုင်သည်။

ကိုယ်ဝန်ဆောင်မိခင်များတွင် သဘာဝ အလျောက်ဖြစ်သော ဖောရောင်ခြင်းနှင့် ရောဂါကြောင့်ဖြစ်သော ဖောရောင်ခြင်း ဟူ၍ အမျိုးမျိုးရှိသည်။ ရောဂါကြောင့်ဖြစ်သော ဖောရောင်ခြင်းများသည် ဆရာဝန်၊ ပါရဂူများနှင့် ပြသတိုင်ပင်ကာ ကုသမှုခံယူရန် လိုသော်လည်း ပြင်းထန်ခြင်းမရှိသော ဖောရောင်ခြင်းများတွင် အောက်ဖော်ပြပါ ကျန်းမာရေး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ရုံဖြင့် ပျောက်ကင်းသက်သာစေနိုင်ပါသည်။

သဘာဝအလျောက် ကိုယ်ဝန်ဆောင်ချိန်ဖောယောင်တတ်ခြင်း
 ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ကြီးထွားလာသော သန္ဓေသားက မိခင်၏ သွေးပြန်ကြောများကို ဖိမိခြင်းကြောင့်သော်လည်းကောင်း
 မွေးဖွားရလွယ်ကူစေရန်အတွက် ခန္ဒာကိုယ်အတွင်းရှိ သွေးနှင့် သွေးရည်ကြည်များ သဘာဝအလျောက် များလာခြင်းကြောင့်သော်လည်းကောင်း ပုံမှန်အားဖြင့် မိခင်လောင်းများတွင် ခြေ/လက်များ ဖောရောင်လာနိုင်သည်။

ရောဂါကြောင့်ဖြစ်သော ခြေ/လက်များဖောရောင်ခြင်း
 ကိုယ်ဝန်ကြောင့်ဖြစ်သောရောဂါများ
 ဥပမာ – ကိုယ်ဝန်ဆိပ်တက်ခြင်း
 နဂိုရောဂါအခံကြောင့်ဖြစ်သောဖောရောင်ခြင်း
 ဥပမာ – ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ
 ကိုယ်ဝန်ဆောင်စဉ် သွေးအားနည်းခြင်း

အခြားအကြောင်းများကြောင့်ဖြစ်သော ဖောရောင်ခြင်း
 အချိန်ကြာမြင့်စွာ မက်တပ်ရပ်နေခြင်း
 ဆားနှင့် ကဖိမ်းဓာတ်များ လွန်ကဲစွာ သုံးစွဲခြင်း
 ကိုယ်ဝန်ဆောင်စဉ်တွင် Uric Acid ခေါ် သွေးတွင်းအညစ်အကြေးများကို ကျောက်ကပ်မှ လုံလောက်စွာ မစွန့်ပစ်နိုင်ခြင်း
 အစားအသောက်များတွင် လုံလောက်သော ပိုတက်စီယမ်ဓာတ် ပါဝင်မှုမရှိခြင်း
 ကိုယ်ဝန်ဆောင်စဉ် ဟော်မုန်းဓာတ်များပြောင်းလဲခြင်း

ဖောရောင်ခြင်းမှ သက်သာစေရန်
 မလိုအပ်ဘဲ အချိန်ကြာမြင့်စွာမက်တပ်ရပ်ခြင်းနှင့် ထိုင်ခြင်းကိုရှောင်ကျဉ်ပါ။

 အချိန်ကြာမြင့်စွာ မက်တပ်ရပ်ခြင်းကြောင့် ခြေကျင်းဝတ်နှင့် ခြေထောက်များ ဖောရောင်လာနိုင်သည်။
 ခြေခေါက်ထိုင်တတ်သူများနှင့် အချိန်ကြာမြင့်စွာ ထိုင်တတ်သူများတွင်လည်း သွေးလည်ပတ်မှု မကောင်းသဖြင့် ခြေထောက်များဖောရောင်နိုင်သည်။
 ထို့ကြောင့် အထိုင်များသူများအနေနှင့် မကြာခဏ ပုံစံပြောင်းထိုင်သင့်ပြီး ဖြစ်နိုင်လျှင် ခြေထောက်ကို ဆန့်၍ထိုင်ခြင်း အနည်းငယ်ကွေး၍ထိုင်ခြင်း စသည်ဖြင့် ဂရုစိုက်ပေးသင့်သည်။
 အိပ်စက်ချိန်များနှင့် အနားယူချိန်များတွင်ခြေထောက်ကို အနည်းငယ်မြှင့်ထားပါ။

 အိပ်စက်ချိန်တွင် ခြေထောက်အား ခေါင်းအုံး၊ စောင်ခေါက်နှင့် ကိုယ်ဝန်ဆောင် ခွလုံးများစသည်တို့ဖြင့် မြှင့်ထားပေးခြင်းဖြင့် သက်တောင့်သက်သာ ဖြစ်စေရုံ သာမက ခြေထောက်နှင့် ခြေကျင်းဝတ်များ ဖောရောင်ခြင်းကိုပါ သက်သာစေနိုင်သည်။

 ဖောရောင်ခြင်းမှသက်သာရန် Stocking ခေါ် ခြေအိတ်ရှည်များ စွပ်ထားပေးပါ။

 Stocking ခေါ် ခြေအိတ်ရှည်များကို ဝတ်ဆင်ခြင်းဖြင့် ဖောရောင်ခြင်းကို ကာကွယ်နိုင်ရုံသာမက ဖောရောင်နေသူများအနေနှင့် ဆရာဝန်နှင့်တိုင်ပင်ပြီး ဖောရောင်သော အနေအထားအလိုက် သင့်တင့်သော Stocking/ ခြေအိတ်ရှည်များ ဝတ်ဆင်ခြင်းဖြင့် ဖောယောင်ခြင်း သက်သာစေနိုင်သည်။
 ပွ၍ သက်တောင့်သက်သာရှိသော အဝတ်အစားများကို ဝတ်ဆင်ပါ။

 ကိုယ်ဝန်ဆောင်စဉ် ကျပ်လွန်းသောအဝတ်အစားများ (အင်္ကျီ၊ ဘောင်းဘီများ) ဝတ်ဆင်ခြင်းသည် အလွယ်တကူ လှုပ်ရှားမှုမပြုနိုင်ခြင်းနှင့် သွေးလည်ပတ်မှု မကောင်းသဖြင့် ဖောရောင်ခြင်း ကို ဖြစ်စေနိုင်သည်။
 ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ဗိုက်ဖုံးအင်္ကျီကဲ့သို့သော ပွသောအဝတ်အစား တို့ကိုဝတ်ဆင်ပေးခြင်းဖြင့် သက်တောင့်သက်သာဖြစ်စေနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေကာ ဖောရောင်ခြင်းများကို သက်သာစေနိုင်သည်။
 ခြေထောက်များနှင့် အခြားဖောရောင်သော နေရာများကို ခပ်ဖွဖွ နှိပ်နယ်ပေးပါ။

 မိမိကိုယ်တိုင်သော်လည်းကောင်း၊ Spa, Massage များတွင် အနှိပ်သည်ဖြင့် သော်လည်းကောင်း ဖောရောင်လျက်ရှိသော နေရာများကို နှိပ်နယ်ပေးခြင်းဖြင့် ဖောရောင်ခြင်းသက်သာနိုင်သည်။
 နှလုံးရှိရာဘက်သို့ တဖြည်းဖြည်း ဆွဲယူနှိပ်နယ်ခြင်းဖြင့် ကြွက်သားများအတွင်းရှိ သွေးနှင့် /သွေးရည်ကြည်များ လျော့နည်းသွားစေနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေကာ ဖောရောင်ခြင်းသက်သာ နိုင်သည်။

 ရာသီဥတု ပူပြင်းချိန်များတွင် အပြင်ထွက်ခြင်း ရှောင်ကျဉ်ပါ။

 ပူပြင်းသောရာသီဥတုနှင့် နေရောင်ခြည်သည် ဖောရောင်ခြင်းကို ပိုမိုဆိုးရွာ လာစေနိုင်သဖြင့် အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကျဉ်ရမည်။
 အကယ်၍ အပြင်သွားရင်း မိမိကိုယ်မိမိ ခြေ၊ လက်များဖောလာသည်ဟု ထင်မိပါက အေးမြသောနေရာ၊ Air-con ခန်း၊ စသည်တို့တွင် သက်သာသည် အထိ အနားယူလိုက်သင့်သည်။
 ရေကူးတတ်သူများရေကူးခြင်း၊ ရေကန်အတွင်းအနားယူခြင်းပြုလုပ်ပေးနိုင်သည်။

 ရေကူးခြင်းသည် အဆစ်များအပေါ်တွင်ရှိသော ဖိအားကိုလျော့ကျစေခြင်းနှင့် သွေးနှင့် ခန္ဓာကိုယ်အတွင်းရှိ အရည်များလည်ပတ်မှုကို ကောင်းမွန်စေသဖြင့် ဖောရောင်ခြင်းများကို သက်သာစေနိုင်သည်။
 ကိုယ်ဝန်ဆောင်များအနေနှင့် ရေကူးတတ်သူများ ရေကူးပေးနိုင်သည်။
 ရေမကူးတတ်သူများအနေနှင့်လည်း ရေကူးကန်အတွင်း လမ်းလျောက်ခြင်းနှင့် ရေစိမ်ခြင်းကို ပြုလုပ်ပေးနိုင်သည်။

 ဖောရောင်နေသောနေရာများကို ရေခဲဝတ်၊ ရေခဲဘူး ကပ်ပေးပါ။

 ရေခဲသည် ဖောရောင်သောနေရာများသို့ သွေးရောက်ရှိမှုကို လျော့နည်းစေနိုင်ပြီး အရောက်ကျစေရုံသာမက သက်တောင့်သက်သာဖြစ်စေနိုင်သည်။
 ဖောရောင်သောနေရာများသို့ ရေခဲဝတ်(သို့)ရေခဲအိတ်အား ၁၀မိနစ်ခန့် ထိလိုက်၊ ခွာလိုက်ဖြင့် တစ်နေ့လျှင် သုံးလေးကြိမ်ခန့်ပြုလုပ်ပေးနိုင်သည်။
 ရေခဲတုံးဖြင့် အသားပေါ်သို့ တိုက်ရိုက်ထိတွေ့မှု မပြုလုပ်သင့်ပါ။ အဝတ်၊ အိတ် စသည်တို့အတွင်းထည့်၍ ကပ်ပေးနိုင်သည်။

 ညအိပ်ချိန်တွင် အေး၍ သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင် အိပ်စက်သင့်သည်။

 အေးမြသော အခန်းအပူချိန်တွင် အိပ်စက်ခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ရုံ သာကမ ကိုယ်ဝန်ကြောင့်ဖြစ်သောဖောရောင်ခြင်းများကို သက်သာစေနိုင်သည်။

 အစားအသောက်များကို ဆားပေါ့ပေါ့ဖြင့်သာ စားသုံးပါ။

 ဆားကိုလွန်ကဲစွာစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် တစ်ရှူးများအတွင်း ရေများပိုပိုစုလာနိုင်ပြီး သွေးတိုးခြင်း၊ ဖောရောင်ခြင်းနှင့် ဖောရောင် နေသူများတွင်ပိုဆိုးလားခြင်းတို့ကို ဖြစ်ပွားစေနိုင်သည်။
 ဆားကိုလျော့၍သုံးစွဲရုံသာမက ဆားဓာတ်လွန်ကဲစွာပါသော အစားအသောက်၊ အသင့်စားအစားအသောက်များ၊ ဘီယာစသည်တို့ကိုလည်း ရှောင်ကျဉ်ရမည်။
 ပိုတက်ဆီယမ်ဓာတ် များသောလိမ္မော်သီး၊ အာလူး၊ ငှက်ပျောသီး၊ ကဇွန်းဥနှင့် နွားနို့စသည်တို့ကို ပိုမိုစားသုံးပေးခြင်းဖြင့် သွေးတွင်း ဆားဓာတ်ကိုစွန့်ထုတ်မှု မြန်ဆန်သဖြင့် ဖောရောင်ခြင်းကို သက်သာနိုင်သည်။

 ဆီး/ဝမ်းပုံမှန် သွားစေရန်နှင့်၊ ဆီး/ဝမ်းမချုပ်စေရန်အတွက် အထူးဂရုပြုပါ။

 ဆီးချုပ်/ဝမ်းချုပ်သူများတွင် ခန္ဓာကိုယ်အတွက် မလိုအပ်သော အညစ်အကြေး များနှင့် ပိုလျံနေသော ဆားဓာတ်များကိုပုံမှန် မစွန့်ထုတ်နိုင်သောကြောင့် ဖောရောင်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်သည်။
 ဆီးနှင့်ဝမ်း မှန်စေရေးအတွက် ရေများများသောက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်။
 အမျှင်ဓာတ်ကြွယ်ဝသော အစားအသောက်/သီးနှံများစားသုံးပေးခြင်းဖြင့်လည်း ဝမ်းချုပ်ခြင်းမဖြစ်အောင် ကာကွယ်နိုင်သည်။
 လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အူအတွင်းပိုင်းလှုပ်ရှားမှု မှန်ကန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။
 လိုအပ်လျှင်(ဝမ်းချုပ်လျှင်) ဆရာဝန်နှင့်တိုင်ပင်ပြီး ဝမ်းပျော့စေသော ဆေးဝါးများ သောက်သုံးသင့်သည်။

 ပြင်းထန်ခြင်းမရှိသော လေ့ကျင့်ခန်းများ ပြုလုပ်ပေးနိုင်သည်။

 ကိုယ်ဝန်ဆောင်စဉ် လေ့ကျင့်ခန်းများပြုလုပ်ခြင်းဖြင့် နှလုံးသွေးကြော အတွင်း သွေးလည်ပတ်မှုကောင်းမွန်စေရုံသာမက ဖောရောင်ခြင်းကိုပါ သက်သာစေနိုင်သည်။
 ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ လမ်းလျောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများပြုလုပ်ပေးနိုင်သည်။
 မိမိနှင့်သင့်တော်သော လေ့ကျင့်ခန်းများပြုလုပ်နိုင်ရန်အတွက် မိသားစုဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်သည်။

 မသက်သာလျှင် မိသားစု ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူရမည်။

 ဖော်ပြပါ ကျန်းမာရေးအကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်သော်လည်း ဖောရောင်ခြင်းမသက်သာလျှင် ဆရာဝန်နှင့် တိုင်ပင်ပြသ ကုသမှုခံယူရမည်။
 ခန္ဓာကိုယ်၊ မျက်နှာ၊ ခြေ၊ လက်များ ပုံမှန်မဟုတ်၊ ရုတ်တရက်ဖောရောင်လာလျှင် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း၏ လက္ခဏာများဖြစ်သည့်အတွက် ဆရာဝန်နှင့် ချက်ခြင်းပြသပြီး ကုသမှုခံယူရမည်။ အခြားသော လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ မျက်လုံးထဲတွင် အစက်အပျောက်များမြင်နေခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက် ရုတ်တရက်နာကျင်ခြင်း စသည့် လက္ခဏာများဖြစ်ပွားလျှင်လည်း ဆရာဝန်နှင့် တိုင်ပင်ပြသကုသမှုခံယူရမည်။

Author :  တင့်တယ်

Previous Post

ကြော်ငြာ အားကိုးနှင့်

Next Post

အပျိုစစ် မစစ် နဲ့ အပျိုမြှေးပါးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
631

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
602
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အပျိုစစ် မစစ် နဲ့ အပျိုမြှေးပါးအကြောင်း

အကျိုးပြု အာဟာရဓာတ်များစွာပါဝင်သော ကြက်သွန်နီ အကြောင်း

ရင်သားမှာဖြစ်သော ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်များအကြောင်း (အပိုင်း ၁)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.