fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများနှင့် ရာသီမလာခင်ဖြစ်တတ်သော ပြဿနာများ

550
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/03/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ရာသီပေါ်ခြင်း
အမျိုးသမီးတဦးအနေနှင့် အပျိုဖော်ဝင်ပြီးသည်မှစ၍ တလလျှင်တကြိမ် (အများအားဖြင့်၂၈ရက်လျှင်တကြိမ်) ရာသီစက်ဝန်း(သွေးဆင်းခြင်း)ကို သဘာဝအတိုင်း ကြုံတွေ့ရလေ့ရှိသည်။ ရာသီပေါ်ခြင်းသည်ပင် အမျိုးသမီးတဦးအား သဘာဝကြီးက မိခင်တဦးဖြစ်နိုင်ပြီဟု အသိပေးသော လက္ခဏာတရပ်ပင်ဖြစ်သည်။

ရာသီစက်ဝန်းသည် အပျိုဖော်ဝင်ကာစ အမျိုးသမီးများတွင် အများအားဖြင့် ပုံမှန်မဖြစ်နိုင်သေးသော်လည်း စနစ်တကျနှင့် မှန်ကန်စွာဖွံ့ဖြိုးလာသော ကိုယ်တွင်းအင်္ဂါများကြောင့် တနှစ်အတွင်းပင် ပုံမှန်  ဖြစ်သွားနိုင်သည်။ ကျန်းမာသောအမျိုးသမီး တဦး၏ ရာသီစက်ဝန်းအား ပုံမှန် လည်ပတ်ခြင်း ဖြစ်စေရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအသီးသီးမှ ထွက်ရှိသော  အမျိုးသမီးဟော်မုန်းများမှ ထိန်းညှိပေးသည်။

ရာသီမပေါ်မီဖြစ်တတ်သောရောဂါလက္ခဏာစု
အပျိုဖော်ဝင်ချိန်မှစ၍ ဖွံ့ဖြိုးလာသော အမျိုးသမီးဟော်မုန်းများသည် သွေးဆုံးချိန် အထိ ခန္ဓာကိုယ်တွင်း ပုံမှန် တက်လိုက်/ကျလိုက်ဖြင့် သွေးအတွင်း လည်ပတ်နေပြီး ရာသီစက်ဝန်းအား ထိန်းညှိပေးသည်။ အထူးသဖြင့် ရာသီမပေါ်မီရက်များတွင် အမျိုးသမီးတဦး၏သွေးတွင်းဟော်မုန်း   အတက်/အကျ ပြောင်းလဲမှုများ သိသိသာသာ ဖြစ်ပွားသည်။ ထိုကဲ့သို့ ဟော်မုန်းအတက်အကျ ပြောင်းလဲမှုကြောင့်ပင် စိတ်ပိုင်းဆိုင်ရာ အမြင်မကြည်ချင်း၊ ရုပ်ပိုင်းဆိုင်ရာစိတ်ဓာတ်ကျခြင်းနှင့် အမူအရာပိုင်းဆိုင်ရာ အပျက် သဘောဆောင်သော ပြောင်းလဲမှုဆိုင်ရာလက္ခဏာများ ခံစားရနိုင်သည်။

သားဖွားမီးယပ် ဆရာဝန်ကြီးတဦးမှ ရာသီမလာခင် လူသတ်ချင်ဟု တင်စားပြောရသည် အထိ အချို့လူနာများတွင်ဆိုးရွားပြင်းထန်သည်။ အချို့သောအမျိုးသမီးများတွင် ပိုမိုပြင်းထန်၍ သိသိသာသာ ဖြစ်ပွားနိုင်ပြီး အဆိုပါလက္ခဏာများကို ခံစားရသော အမျိုးသမီးများတွင် နေ့စဉ်လူနေမှုပုံစံများကိုပါ ထိခိုက်လာနိုင်သည်။

ခံစားရသော လက္ခဏာများသည် ရာသီသွေး စပေါ်သည်မှ လေးရက်အတွင်း သက်သာသွားနိုင်ပြီး အဆိုပါလက္ခဏာ အစုအပေါင်းကို ဆေးပညာအရ (Premenstrual Syndrome)ဟု ခေါ်သည်။ ကျန်းမာသောအမျိုးသမီးများအနက် အနည်းဆုံး(၃၀%) မှ (၈၀%) အထိသည် (PMS) လက္ခဏာများအနက် တခု(သို့) တခုထက်ပိုသော လက္ခဏာများကို ဘဝတလျောက် ခံစားရနိုင်သည်။

မျိုးဥကြွေခြင်း၊ ရာသီပေါ်ခြင်းနှင့် ဟော်မုန်းများပြောင်းလဲပုံ
ရောဂါလက္ခဏာများ
PMS  လက္ခဏာများအနေနှင့် စိတ်ပိုင်းဆိုင်ရာခံစားရမှုများနှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုများဟူ၍ ခွဲခြားနိုင်သည်။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများမှတဆင့် စိတ်ကျရောဂါများ ခံစားလာရနိုင်သည်။

စိတ်ပိုင်းဆိုင်ရာလက္ခဏာများမှာ
-စိတ်ဓာတ်ကျခြင်း
-ဒေါသထွက်လွယ်ခြင်း
-စိတ်ဂဏာမငြိမ်ဖြစ်ခြင်း
-စိုးရိမ်ပူပန်မှုများခြင်း
-စိတ်ရှုပ်ထွေးခြင်း
-တဦးတည်းသီးသန့်နေလိုခြင်း
-အာရုံစူးစိုက်ရခက်ခဲခြင်း
-အလွန်အမင်းအသန့်ကြိုက်ခြင်း
-အိပ်မပျော်ခြင်း
-ဆန့်ကျင်ဘက်လိင်အပေါ် စိတ်ဝင်စားမှုလျော့နည်းခြင်း
-အချိန်ကြာလာသည်နှင့်အမျှ စိတ်ကျရောဂါများခံစားလာရနိုင်ခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
-ရေမကြာခဏသောက်ခြင်း
-အရသာပြင်းသောအစာများစားလိုခြင်း
-ရင်သားနာကျင်မှုခံစားရခြင်း
-ကိုယ်အလေးချိန်တက်လာခြင်း (ခြေ/လက်များဖောလာခြင်း)
-ခေါင်းကိုက်ခြင်း၊ ခြေလက်များကိုက်ခြင်း
-ဝက်ခြံများထွက်တတ်ခြင်း၊ ပိုများလာခြင်း
-မောပန်းလွယ်ခြင်း
-မကြာခဏဗိုက်အောင့်၊ ဗိုက်နာဖြစ်ခြင်း
-ဝမ်းချုပ်ခြင်း၊ ဝမ်းလျောခြင်း
-ဆီးစပ်ကိုက်ခြင်း

PMS ရောဂါစု၏ အဆင့်များ
သာမန်ခံစားရခြင်း (Mild)
တနေ့တာလူနေမှုပုံစံကို ထိခိုက်မှုမရှိလောက်သော လက္ခဏာများ သာမန်မျှခံစားရခြင်း
သာမန်ထက်ပိုသောလက္ခဏာများခံစားရခြင်း (Moderate)
တနေ့တာလူနေမှုပုံစံကို ထိခိုက်လောက်အောင်ရောဂါလက္ခဏာများ ခံစားရသော်လည်း ပုံမှန်လုပ်ဆောင်နိုင်ခြင်း
ပြင်းထန်စွာခံစားရခြင်း (Severe)
အလုပ်အကိုင်ပျက်လောက်အောင် ပြင်းထန်စွာခံစားရခြင်း
သီးခြားနေလိုစိတ်များပြီး လူအများနှင့် ပေါင်းသင်းဆက်ဆံလိုစိတ်မရှိခြင်း
Premenstrual Dysphoric Disorder
-ရောဂါလက္ခဏာများမခံစားရသော်လည်း စိတ်ထဲတွင်အမြဲကြောင့်ကြစိတ်ဖြစ်နေခြင်း
-စိတ်ကျရောဂါဖြစ်လာခြင်း
-ရောဂါဖြစ်ပွားရန်အခွင့်အလမ်းများသူများ
-ကဖင်းဓာတ်အလွန်အကျွံသောက်သုံး/သုံးစွဲသူများ
-အရက်သေစာ သောက်စားသူများ
-စိတ်ဖိစီးမှု/စိုးရိမ်စိတ်များသူများ
-လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရဖူးသူများ
-စိတ်ကျရောဂါဖြစ်ဖူးသူများ
-အသက်အရွယ်ကြီးသူများ
-ကိုယ်အလေးချိန်များသူများ
-မိသားစုအတွင်းဖြစ်ပွားဖူးခြင်းရှိသူများ (မိခင်၊ အစ်မ၊ ညီမ စသည်)
-စားသောက်မှုပုံစံမမှန်သူများ

PMS ခေါ် မီးယပ်ရောဂါစုသည် အခြားသောရောဂါများနှင့်လည်း လွဲမှားနိုင်သဖြင့် ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းမှ စနစ်တကျရောဂါမှတ်တမ်းရယူပြီး လူနာခံစားနေရသော လက္ခဏာများအား အကဲဖြတ်ရန်လိုသည်။ (လွဲမှားနိုင်သောရောဂါများကို သီးခြားဖော်ပြပါမည်)

ခံစားနေရသော လက္ခဏာများသက်သာစေရန်
-နေထိုင်မှုပုံစံပြောင်းလဲခြင်း
-စားသောက်မှုပုံစံပြောင်းလဲခြင်း
-ဗီတာမင်အားဆေးများသောက်သုံးခြင်း
-သံဓာတ်အားဖြည့်ဆေးများသောက်သုံးခြင်း
-အမျိုးသမီးအားဆေးများသောက်သုံးခြင်း
-လိုအပ်ပါက ဆေးဝါးကုသမှုခံယူခြင်း

PMS သည် ကုသရန်လိုပါသလား
ရောဂါလက္ခဏာများသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်လောက်သည်အထိ ပြင်းထန်ဆိုးရွားခြင်းမရှိပါက နေထိုင်မှုပုံစံနှင့် စားသောက်မှုပုံစံများကို စနစ်တကျ ပြောင်းလဲ လိုက်ရုံနှင့် သက်သာပျောက်ကင်းနိုင်သည်။

လက္ခဏာများပြင်းထန်စွာခံစားရမှသာ အဆိုပါခံစားရသော လက္ခဏာအလိုက် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများရှိ ဆရာဝန်နှင့် တိုင်ပင်ပြသကုသမှုခံယူရန်လိုသည်။ မသက်သာမှသာ သားဖွားမီးယပ်ဆရာဝန်များနှင့် တိုင်ပင်ပြီး ဟော်မုန်းဆေးများဖြင့် ကုသမှု ခံယူနိုင်သည်။
နာတာရှည်ခံစားရပြီး စိတ်ကျရောဂါ ဖြစ်ပွားသူများအနေနှင့် စိတ်ရောဂါဆရာဝန်နှင့် တိုင်ပင် ပြသပြီး စိတ်ကျရောဂါအတွက် ဆေးများသောက်ရန်လိုသည်။

Author : တင့်တယ်

Previous Post

ယာဉ်တိုက်မှုလျော့နည်းအောင် ယာဉ်မောင်းနေစဉ်ရှောင်ရမည့် အမူအကျင့်များ

Next Post

ကလေးမှက်ခရု သတိပြု

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
782

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးမှက်ခရု သတိပြု

bacteria virus or germs microorganism cells. 3d rendering.

HIV ရောဂါပိုးအကြောင်း

စိတ်ဖိစီးလို့ ခေါင်းကိုက်နေပြီဆိုရင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.