fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗိုက်မှအရေးအကြောင်းများ

228
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ္ဝန္ေဆာင္ခ်ိန္လွခ်င္သူမ်ားအတြက္
(သို႔မဟုတ္) ကိုယ္ဝန္ေဆာင္ျခင္းႏွင့္ ဗိုက္မွအေရးအေၾကာင္းမ်ား

ယေန႔ေဆးခန္းသို႔ သူငယ္ခ်င္းလင္မယားလာသည္။ အိမ္ေထာင္က်သည္မွာ ႏွစ္ႏွစ္ခန္႔ရွိၿပီျဖစ္ၿပီး ဇနီးမွာ သားဦးကိုယ္ဝန္ေဆာင္ထားသည္မွာ ေျခာက္လေက်ာ္ခန္႔ ရွိၿပီျဖစ္သည္။ ယခုမွပင္ မဟုတ္၊ အိမ္ေထာင္စက်ကတည္းက သားဆက္ျခား နည္းမ်ားကို မိမိႏွင့္မၾကာခဏတိုင္ပင္ၿပီး မိသားစု အဆင္ေျပခ်ိ္န္မွသာ ကိုယ္ဝန္ ယူၾကသူမ်ား ျဖစ္သည္။ ကိုယ္ဝန္စရွိစဥ္က ေဆးခန္းသို႔ မၾကာခဏလာၿပီး လိုအပ္သည္မ်ား တိုင္ပင္ေသာ္လည္း သားဖြားမီးယပ္ပါရဂူႏွင့္ ျပသၿပီးေနာက္ပိုင္း လာမျပျဖစ္သည္မွာ ၾကာၿပီျဖစ္သည္။

မည္သည့္အေၾကာင္းထူးသလဲဟုေမးမွ ဇနီးျဖစ္သူမွာ ကိုယ္ဝန္လ ရင့္လာသည္ ႏွင့္အမွ် ဗိုက္တြင္အေရးအေၾကာင္းမ်ား ေပၚလာကာ အလွပ်က္သည္ဟု ထင္မိသျဖင့္ ၎တို႔အား ပိုဆိုးမလာေအာင္ ဘယ္လိုလုပ္ရမလဲႏွင့္ ဘယ္လို သက္သာေအာင္ ျပဳလုပ္ရမလဲဟု လာေရာက္ေမးျမန္း ျခင္းျဖစ္ေၾကာင္းေျပာသည္။ ယင္းျပႆနာအား သားဖြားမီးယပ္ ပါရဂူႏွင့္ေကာ မတိုင္ပင္ဘူးလားဟုေမးေသာ္ မေမးရဲသျဖင့္ မေမးမိ ေၾကာင္းေျပာသည္။

ေဆးခန္းတြင္ လူနာလည္းရွင္းေနသျဖင့္ သူငယ္ခ်င္းလင္မယားအား ကိုယ္ဝန္ ေဆာင္ခ်ိန္ျဖစ္တတ္ေသာ အေရးအေၾကာင္းမ်ားႏွင့္ ပတ္သတ္၍ သိသင့္ေသာ အရာမ်ားႏွင့္ ေဆာင္ရန္/ ေရွာင္ရန္မ်ားကိုပါ ရွင္းျပေပးခဲ့သည္။

ခႏၶာကိုယ္တြင္ျဖစ္ေလ့ရွိေသာ အေရးအေၾကာင္းမ်ား
အေရးအေၾကာင္းမ်ားသည္ ခႏၶာကိုယ္အေပၚယံ အေရျပားရုတ္တရက္ တင္းလာျခင္းေၾကာင့္ ျဖစ္ရျခင္းျဖစ္ကာ ျမန္မာလို အေၾကာျပတ္ရာမ်ားဟု သိၾကသည္။ အမ်ိဳးသမီးမ်ားတြင္ပိုမို ျဖစ္ပြားႏိုင္ၿပီး ဝမ္းဗိုက္၊ တင္ပါး၊ ရင္သားႏွင့္ ေပါင္မ်ားတြင္ အမ်ားဆံုးေတြ႕ရတတ္ကာ စျဖစ္ ကာစတြင္ အနီေရာင္(သို႔) ပန္းေရာင္ သန္းေနႏိုင္ၿပီး ေနာက္ပိုင္းတြင္ အညိဳေရာင္ (သုိ႔) အျဖဴေရာင္ အစင္းေၾကာင္း/ အေၾကာျပတ္ရာမ်ား ျဖစ္လာတတ္သည္။ အဝလြန္ျခင္း၊ လူပ်ိဳေဖာ္/အပ်ိဳေဖာ္ဝင္စတြင္ ခႏၶာကိုယ္ ရုတ္တရက္ထြားလာျခင္းႏွင့္ အမ်ိဳးသမီးမ်ား ကိုယ္ဝန္ေဆာင္ခ်ိန္မ်ားတြင္ ခႏၶာကိုယ္အေရျပားတြင္ အေရးအေၾကာင္း/အေၾကာျပတ္ရာမ်ား ေပၚလာႏိုင္သည္။ စပ္ေဆးမ်ားႏွင့္ စတီးရိြဳက္ေခၚ ေဆးဝါးမ်ား အခ်ိန္ၾကာျမင့္စြာ သံုးစြဲျခင္းေၾကာင့္လည္း ေရာဂါမ်ားဝင္လာႏိုင္ၿပီး အေရးအေၾကာင္းမ်ား မ်ားစြာျဖစ္ေပၚလာႏိုင္သည္။

အေၾကာျပတ္ျခင္းႏွင့္က်န္းမာေရး
ကိုယ္ဝန္ေဆာင္စဥ္ျဖစ္ေသာ အေၾကာျပတ္ျခင္းမ်ားေၾကာင့္ တခါတရံ ယားယံ တတ္ျခင္းႏွင့္ တင္းက်ပ္သလိုခံစားရႏိုင္ေသာ္လည္း စိုးရိမ္ရန္မလိုပါ။ အလွအပအတြက္ ခဏာတာမွ်သာ ၾကည့္ရဆိုးသကဲ့သို႔ ျဖစ္ေစႏိုင္ေသာ္လည္း ကိုယ္ဝန္ေဆာင္ခ်ိန္ ျဖစ္ေသာ အေရးအေၾကာင္းမ်ားသည္ သာမန္ ျဖစ္ရိုးျဖစ္စဥ္မွ်သာ ျဖစ္၍ အခ်ိန္တန္လွ်င္ တျဖည္းျဖည္းမွိန္လာကာ ေပ်ာက္ကင္း သြားမည္ျဖစ္သည္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီး ၁၀ဦးတြင္ ၈ဦးသည္ ကိုယ္ဝန္ ေဆာင္စဥ္ ဝမ္းဗိုက္ႏွင့္ ခါးပတ္လည္တြင္သာမက အျခားခႏၶာကိုယ္ အႏွ႔ံအျပားတြင္ အေရးအေၾကာင္းမ်ား ခံစားရႏိုင္သည္။

အေၾကာ ျပတ္ျခင္းမွကာကြယ္ရန္ႏွင့္ သက္သာေစရန္

၁။ ေရမ်ားမ်ားေသာက္ပါ
ေရမ်ားမ်ားေသာက္ေပးျခင္းျဖင့္ အသားအေရႏွင့္ခႏၶာကိုယ္အတြက္ လိုအပ္ေသာ ေရဓာတ္ကို ျဖည့္ေပးႏိုင္ရံုသာမက ေဖာ္ျပပါ Collagen ႏွင့္ Elastin တို႔၏ အာနိသင္ ကိုလည္း ေကာင္းမြန္ေစႏိုင္သျဖင့္ ေရမ်ားမ်ားေသာက္ေပးရန္လိုသည္။ ေရကို ဆာမွ ေသာက္သံုးျခင္းမျပဳလုပ္သင့္ပဲ တေန႔တာအတြက္ အနည္းဆံုးေရ ၂လီတာခန္႔ ေသာက္ေပးသင့္သည္။

၂။ Collagen မ်ားမ်ားထြက္ေစႏိုင္ေသာအစားအစာမ်ားစားသံုးပါ
Collagen သည္ ခႏၶာကိုယ္အေရျပားရွိ တစ္ရႈမ်ားေကာင္းစြာခ်ိတ္ဆက္မႈ ရွိေနေစရန္အတြက္ အေထာက္အကူေပးႏိုင္သည္။ ထို႔ေၾကာင့္ အေရျပားအတြက္ လိုအပ္ေသာ Collagen ပမာဏေကာင္းစြာ ထြက္ရွိေစႏိုင္ေသာ အစားအစာမ်ား စားေပးျခင္းျဖင့္ တစ္ရႉးမ်ား ျပတ္ျခင္းေၾကာင့္ျဖစ္ေသာ အေရးအေၾကာင္းမ်ားကို သက္သာေစမည္ျဖစ္သည္။ လိေမၼာ္သီး၊ ဂရိတ္ဖရုသီး၊ ဘယ္ရီသီး၊မ်ား၊ ေထာပတ္သီး၊ အျခားအနီေရာင္ရွိေသာ အသီးအႏွံမ်ား၊ အစိမ္းရင့္ေရာင္အသီးအႏွံႏွင့္ ဟင္းသီး ဟင္းရြက္မ်ား၊ ပဲႏို႔၊ Cheese မ်ား၊ ဂံုးေကာင္ႏွင့္ ငါးစသည္တို႔ကို စားေပးသင့္သည္။ Collagen ပါဝင္ေသာ ျဖည့္စြက္စာမ်ားကိုလည္း လိုအပ္လွ်င္ ဆရာဝန္ႏွင့္တုိင္ပင္ၿပီး စားေပး/ေသာက္ေပးႏိုင္သည္။

၃။ Elastin ေကာင္းစြာထြက္ေစႏိုင္ေသာ အစားအစာမ်ားစားသံုးပါ
Elastin သည္အေရျပား၏ က်ံ႕ႏိုင္ဆန္႔ႏိုင္ျခင္းကို ေထာက္ပံ့ေပးႏိုင္သည့္ အတြက္ ကိုယ္ဝန္ေဆာင္ခ်ိန္သာမက ကိုယ္အေလးခ်ိန္မ်ားလာျခင္းေၾကာင့္ျဖစ္ေသာ အေၾကာျပတ္ျခင္းမ်ားကိုပါ သက္သာ ေစႏိုင္သည္။ သီဟိုေစ့၊ ဗာဒံေစ့၊ ေျမပဲ၊ အျခားအေစ့အဆံမ်ားႏွင့္ နာနတ္သီးစသည္တို႔ကို စားသံုးျခင္းျဖင့္ ခႏၶာကိုယ္အေရျပား အတြက္ လိုအပ္ေသာ Elastin ပမာဏကို ထြက္ရွိေစႏိုင္သည္။

၄။ အေၾကာျပတ္ျခင္းကို ကာကြယ္ႏိုင္ေသာ Cream/Lotions မ်ားလည္း လူးႏိုင္သည္။
အလွႀကိဳက္ေသာ မိခင္ေလာင္းမ်ားအတြက္ ယေန႔ေခတ္တြင္ ေစ်းကြက္အတြင္း ေရာင္းခ်လ်က္ရွိေသာ အေရးအေၾကာင္းမ်ားကို သက္သာေစႏုိင္ေသာ Cream/Lotion မ်ားစြာရွိေနၿပီျဖစ္သည္။ အရည္အေသြးေကာင္းမြန္ေသာ Creamမ်ား လူးေပးျခင္းျဖင့္ Collagen ႏွင့္ Elastin ျမန္ျမန္ထြက္ေစႏိုင္သလို အေရျပားအတြက္လိုအပ္ေသာ အစိုဓာတ္ကိုလည္း ထိန္းထားေပးႏိုင္သျဖင့္ ကိုယ္ဝန္ေဆာင္စဥ္ျဖစ္ေသာ အေၾကာျပတ္ ျခင္းႏွင့္ အေရးအေၾကာင္းမ်ားျဖစ္ပြားျခင္းကို ကာကြယ္ႏိုင္သကဲ့သို႔ သက္သာ ေပ်ာက္ကင္းေစသည္။ မိမိအေရျပားႏွင့္ တည့္မတည့္ကို ဦးစြာ စမ္းသတ္ၾကည့္ရန္ လိုသည္။

အလွႀကိဳက္ေသာမိခင္ေလာင္းမ်ား အဆင္ေျပၾကပါေစ။

Author : တင့္တယ္

ကိုယ်ဝန်ဆောင်ချိန်လှချင်သူများအတွက်
(သို့မဟုတ်) ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗိုက်မှအရေးအကြောင်းများ

ယနေ့ဆေးခန်းသို့ သူငယ်ချင်းလင်မယားလာသည်။ အိမ်ထောင်ကျသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ဇနီးမှာ သားဦးကိုယ်ဝန်ဆောင်ထားသည်မှာ ခြောက်လကျော်ခန့် ရှိပြီဖြစ်သည်။ ယခုမှပင် မဟုတ်၊ အိမ်ထောင်စကျကတည်းက သားဆက်ခြား နည်းများကို မိမိနှင့်မကြာခဏတိုင်ပင်ပြီး မိသားစု အဆင်ပြေချိန်မှသာ ကိုယ်ဝန် ယူကြသူများ ဖြစ်သည်။ ကိုယ်ဝန်စရှိစဉ်က ဆေးခန်းသို့ မကြာခဏလာပြီး လိုအပ်သည်များ တိုင်ပင်သော်လည်း သားဖွားမီးယပ်ပါရဂူနှင့် ပြသပြီးနောက်ပိုင်း လာမပြဖြစ်သည်မှာ ကြာပြီဖြစ်သည်။

မည်သည့်အကြောင်းထူးသလဲဟုမေးမှ ဇနီးဖြစ်သူမှာ ကိုယ်ဝန်လ ရင့်လာသည် နှင့်အမျှ ဗိုက်တွင်အရေးအကြောင်းများ ပေါ်လာကာ အလှပျက်သည်ဟု ထင်မိသဖြင့် ၎င်းတို့အား ပိုဆိုးမလာအောင် ဘယ်လိုလုပ်ရမလဲနှင့် ဘယ်လို သက်သာအောင် ပြုလုပ်ရမလဲဟု လာရောက်မေးမြန်း ခြင်းဖြစ်ကြောင်းပြောသည်။ ယင်းပြဿနာအား သားဖွားမီးယပ် ပါရဂူနှင့်ကော မတိုင်ပင်ဘူးလားဟုမေးသော် မမေးရဲသဖြင့် မမေးမိ ကြောင်းပြောသည်။

ဆေးခန်းတွင် လူနာလည်းရှင်းနေသဖြင့် သူငယ်ချင်းလင်မယားအား ကိုယ်ဝန် ဆောင်ချိန်ဖြစ်တတ်သော အရေးအကြောင်းများနှင့် ပတ်သတ်၍ သိသင့်သော အရာများနှင့် ဆောင်ရန်/ ရှောင်ရန်များကိုပါ ရှင်းပြပေးခဲ့သည်။

ခန္ဓာကိုယ်တွင်ဖြစ်လေ့ရှိသော အရေးအကြောင်းများ
အရေးအကြောင်းများသည် ခန္ဓာကိုယ်အပေါ်ယံ အရေပြားရုတ်တရက် တင်းလာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ကာ မြန်မာလို အကြောပြတ်ရာများဟု သိကြသည်။ အမျိုးသမီးများတွင်ပိုမို ဖြစ်ပွားနိုင်ပြီး ဝမ်းဗိုက်၊ တင်ပါး၊ ရင်သားနှင့် ပေါင်များတွင် အများဆုံးတွေ့ရတတ်ကာ စဖြစ် ကာစတွင် အနီရောင်(သို့) ပန်းရောင် သန်းနေနိုင်ပြီး နောက်ပိုင်းတွင် အညိုရောင် (သို့) အဖြူရောင် အစင်းကြောင်း/ အကြောပြတ်ရာများ ဖြစ်လာတတ်သည်။ အဝလွန်ခြင်း၊ လူပျိုဖော်/အပျိုဖော်ဝင်စတွင် ခန္ဓာကိုယ် ရုတ်တရက်ထွားလာခြင်းနှင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်များတွင် ခန္ဓာကိုယ်အရေပြားတွင် အရေးအကြောင်း/အကြောပြတ်ရာများ ပေါ်လာနိုင်သည်။ စပ်ဆေးများနှင့် စတီးရွိုက်ခေါ် ဆေးဝါးများ အချိန်ကြာမြင့်စွာ သုံးစွဲခြင်းကြောင့်လည်း ရောဂါများဝင်လာနိုင်ပြီး အရေးအကြောင်းများ များစွာဖြစ်ပေါ်လာနိုင်သည်။

အကြောပြတ်ခြင်းနှင့်ကျန်းမာရေး
ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ်ခြင်းများကြောင့် တခါတရံ ယားယံ တတ်ခြင်းနှင့် တင်းကျပ်သလိုခံစားရနိုင်သော်လည်း စိုးရိမ်ရန်မလိုပါ။ အလှအပအတွက် ခဏာတာမျှသာ ကြည့်ရဆိုးသကဲ့သို့ ဖြစ်စေနိုင်သော်လည်း ကိုယ်ဝန်ဆောင်ချိန် ဖြစ်သော အရေးအကြောင်းများသည် သာမန် ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်၍ အချိန်တန်လျှင် တဖြည်းဖြည်းမှိန်လာကာ ပျောက်ကင်း သွားမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၀ဦးတွင် ၈ဦးသည် ကိုယ်ဝန် ဆောင်စဉ် ဝမ်းဗိုက်နှင့် ခါးပတ်လည်တွင်သာမက အခြားခန္ဓာကိုယ် အနှံ့အပြားတွင် အရေးအကြောင်းများ ခံစားရနိုင်သည်။

အကြော ပြတ်ခြင်းမှကာကွယ်ရန်နှင့် သက်သာစေရန်

၁။ ရေများများသောက်ပါ
ရေများများသောက်ပေးခြင်းဖြင့် အသားအရေနှင့်ခန္ဓာကိုယ်အတွက် လိုအပ်သော ရေဓာတ်ကို ဖြည့်ပေးနိုင်ရုံသာမက ဖော်ပြပါ Collagen နှင့် Elastin တို့၏ အာနိသင် ကိုလည်း ကောင်းမွန်စေနိုင်သဖြင့် ရေများများသောက်ပေးရန်လိုသည်။ ရေကို ဆာမှ သောက်သုံးခြင်းမပြုလုပ်သင့်ပဲ တနေ့တာအတွက် အနည်းဆုံးရေ ၂လီတာခန့် သောက်ပေးသင့်သည်။

၂။ Collagen များများထွက်စေနိုင်သောအစားအစာများစားသုံးပါ
Collagen သည် ခန္ဓာကိုယ်အရေပြားရှိ တစ်ရှုများကောင်းစွာချိတ်ဆက်မှု ရှိနေစေရန်အတွက် အထောက်အကူပေးနိုင်သည်။ ထို့ကြောင့် အရေပြားအတွက် လိုအပ်သော Collagen ပမာဏကောင်းစွာ ထွက်ရှိစေနိုင်သော အစားအစာများ စားပေးခြင်းဖြင့် တစ်ရှူးများ ပြတ်ခြင်းကြောင့်ဖြစ်သော အရေးအကြောင်းများကို သက်သာစေမည်ဖြစ်သည်။ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊ ဘယ်ရီသီး၊များ၊ ထောပတ်သီး၊ အခြားအနီရောင်ရှိသော အသီးအနှံများ၊ အစိမ်းရင့်ရောင်အသီးအနှံနှင့် ဟင်းသီး ဟင်းရွက်များ၊ ပဲနို့၊ Cheese များ၊ ဂုံးကောင်နှင့် ငါးစသည်တို့ကို စားပေးသင့်သည်။ Collagen ပါဝင်သော ဖြည့်စွက်စာများကိုလည်း လိုအပ်လျှင် ဆရာဝန်နှင့်တိုင်ပင်ပြီး စားပေး/သောက်ပေးနိုင်သည်။

၃။ Elastin ကောင်းစွာထွက်စေနိုင်သော အစားအစာများစားသုံးပါ
Elastin သည်အရေပြား၏ ကျံ့နိုင်ဆန့်နိုင်ခြင်းကို ထောက်ပံ့ပေးနိုင်သည့် အတွက် ကိုယ်ဝန်ဆောင်ချိန်သာမက ကိုယ်အလေးချိန်များလာခြင်းကြောင့်ဖြစ်သော အကြောပြတ်ခြင်းများကိုပါ သက်သာ စေနိုင်သည်။ သီဟိုစေ့၊ ဗာဒံစေ့၊ မြေပဲ၊ အခြားအစေ့အဆံများနှင့် နာနတ်သီးစသည်တို့ကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အရေပြား အတွက် လိုအပ်သော Elastin ပမာဏကို ထွက်ရှိစေနိုင်သည်။

၄။ အကြောပြတ်ခြင်းကို ကာကွယ်နိုင်သော Cream/Lotions များလည်း လူးနိုင်သည်။
အလှကြိုက်သော မိခင်လောင်းများအတွက် ယနေ့ခေတ်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော အရေးအကြောင်းများကို သက်သာစေနိုင်သော Cream/Lotion များစွာရှိနေပြီဖြစ်သည်။ အရည်အသွေးကောင်းမွန်သော Creamများ လူးပေးခြင်းဖြင့် Collagen နှင့် Elastin မြန်မြန်ထွက်စေနိုင်သလို အရေပြားအတွက်လိုအပ်သော အစိုဓာတ်ကိုလည်း ထိန်းထားပေးနိုင်သဖြင့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော အကြောပြတ် ခြင်းနှင့် အရေးအကြောင်းများဖြစ်ပွားခြင်းကို ကာကွယ်နိုင်သကဲ့သို့ သက်သာ ပျောက်ကင်းစေသည်။ မိမိအရေပြားနှင့် တည့်မတည့်ကို ဦးစွာ စမ်းသတ်ကြည့်ရန် လိုသည်။

အလှကြိုက်သောမိခင်လောင်းများ အဆင်ပြေကြပါစေ။

Author : တင့်တယ်

Previous Post

Sciatica တင်ပါးဆုံအကြောညပ်ခြင်း

Next Post

Metformin မက်ဖော်မင်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
635

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Metformin မက်ဖော်မင်

ဆီးပူဆီးအောင့် မဖြစ်ရလေအောင်

အစာအိမ်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.