ကိုယ္ဝန္ဖ်က္ခ်ရင္ဘာေတြျဖစ္မလဲ
ေယာက္်ားကေန လိင္ဆက္ဆံမႈျဖစ္စဥ္ မွာသုက္ရည္ေတြ ထြက္တယ္။ တခါမွာ သုက္အေကာင္ေရ သန္း ၄ဝ ကေန ၁၅ဝ ပါေနမယ္။ မိန္းမမ်ိဳးဥအိမ္ကေန ရင့္မွည့္ေနတဲ့ မ်ိဳးဥထြက္လာတာနဲ႔ သားအိမ္ႁပြန္ထဲကို အဖ်ားမွာ လက္ဝါးလိုေနတဲ့ အေပါက္ဝကေန ဝင္လာမယ္။
အမ်ိဳးသမီးေမြးလမ္းေၾကာင္း အဂါထၤဲမွာ အဲလို စြန႔္ထုတ္၊ ပန္းထြက္မႈ ျဖစ္တာနဲ႔ သုက္ေကာင္ေတြဟာ သားအိမ္ဝကေန သားအိမ္ထဲကို ေရကူးသလို တက္လာၾကမယ္။ မမ်ိဳးဥကိုလိုက္ရွာေနၾကတာ ျဖစ္တယ္။တခုတည္းေသာ သုက္ပိုးကေန ရင့္သန္မႈရွိေနတဲ့ မ်ိဳးဥထဲကို ထိုးေဖါက္ ဝင္ေရာက္တာနဲ႔သေႏၶျဖစ္ျခင္း ဒါမွမဟုတ္ မ်ိဳးစပ္ျခင္းျဖစ္စဥ္ စတင္ပါေတာ့မယ္။
မ်ိဳးဥထဲကို သုက္ပိုးတခု ဝင္ေရာက္လာႏိုင္ေတာ့တဲ့ေနာက္မွာ မ်ိဳးဥအဖုံးနံရံက ေျပာင္းလဲလာမယ္။ ေနာက္ သုက္ပိုးေတြ ဝင္မလာေစေတာ့ေအာင္လုပ္တာ ျဖစ္တယ္။ ဆဲလ္ပြါးျခင္းျဖစ္စဥ္အတြင္းမွာ သုက္ပိုးနဲ႔ မ်ိဳးဥေတြ႕ဆုံခဲ့ၾကတဲ့ သားအိမ္ႁပြန္ဖ်ားပိုင္းေလာက္ကေန သားအိမ္ထဲ ဝင္လာမယ္။
ဆဲလ္ပြါးျခင္းျဖစ္စဥ္ဆက္ျဖစ္ၿပီး ေထာင္ဂဏန္အေရအတြက္ကေန သိန္း၊ သန္းအထိ တိုးတိုးလာမယ္။ ၅ ရက္ကေန ၇ ရက္အတြင္း သားအိမ္အတြင္းနံရံကို လာၿပီး တြယ္ကပ္ျမဳပ္ဝင္မယ္။ အတူေနၿပီးေနာက္ ၆ ရက္လို႔ ယူဆႏိုင္တယ္။ ဒါေၾကာင့္ အေရးေပၚ တားေဆးေတြကို အတူေနၿပီး ၅ ရက္ (၁၂ဝ နာရီ) အတြင္း အသုံးျပဳဘို႔ ၫႊန္ရတာျဖစ္တယ္။
ဆဲလ္ပြါးျဖစ္စဥ္ကမ်ားသထက္ မ်ားလာမယ္။ သားအိမ္အတြင္းဆုံးလႊာမွာ နစ္ျမဳပ္တြယ္ကပ္တာ ျဖစ္ၿပီးေနာက္ ဆဲလ္တခ်ိဳ႕က အခ်င္း၊ ဆဲလ္တခ်ိဳ႕က ကေလးျဖစ္လာၾကတယ္။ ကိုယ္ဝန္ေဆာင္တာနဲ႔ ေဟာ္မုန္းေတြ အမ်ိဳးမ်ိဳးက အခ်ိန္ကိုက္ထြက္လာမယ္။ သေႏၶျဖစ္ျခင္းျဖစ္စဥ္ ပထမပတ္မွာ အသစ္ထြက္လာတဲ့ အခ်င္းနဲ႔ဆိုင္တဲ့ ေဟာ္မုန္းတမ်ိဳးက (hCG) ျဖစ္တယ္။
ဒီေဟာ္မုန္း ေသြးထဲ၊ ဆီးထဲ ပါေနတာကို သိေအာင္ စစ္နည္းနဲ႔ ကိုယ္ဝန္ ရွိေန-မေန စမ္းၾကရတယ္။ ၁၂ ပတ္ေရာက္ရင္ ၂ လကၼရွိၿပီ။ လႈပ္ရွားမႈစလာၿပီ။ မိခင္ေလာင္းက မသိေသးဘူး။ ဗိုက္ကိုစမ္းရင္ ဆီးစပ္႐ိုးမွာ တခုခု ခံေနတာ (သားအိမ္အျမင့္ဆုံးေနရာ) ကိုစမ္းလို႔ ေတြ႕ႏိုင္ၿပီ။ ကရိယာနဲ႔စမ္းရင္ ႏွလုံးအလုပ္လုပ္ေနတာ သိမယ္။ က်ား၊ မ ခြဲလို႔သိမယ္။
ဆရာဝန္ တေယာက္အေနနဲ႔ က်န္းမာေရးေဒါင့္ကေနေျပာရရင္ ေယာက္်ားမိန္းမ အတူေနၾကၿပီးေနာက္ အေရးေပၚတားေဆး တားနည္းကို (၅) ရက္ အတြင္းလုပ္လို႔ ကိုယ္ဝန္မရတာဟာ အျပစ္လြတ္တယ္။ တားလို႔လည္းရပါတယ္။ တစ္ခါတေလ ကြန္ဒုံအသုံးျပဳေသာ္လည္း ေပါက္ၿပဲသြားခဲ့ရင္ အေရးေပၚတေဆးနဲ႔ တားသင့္ပါတယ္။ ေနာက္ပိုင္းကေလးသေႏၶတည္ၿပီးမွ ဖ်က္ခ်တာထက္ ကာကြယ္လိုက္တာကပိုသင့္ေတာ္ပါတယ္။
ကိုယ္ဝန္ရလာမွ ဖ်က္ခ်ရင္ မိခင္မွာပါ ထိခိုက္မႈေတြရွိလာႏိုင္ပါတယ္။ ၆ ရက္ကေနစၿပီး ကိုယ္ဝန္ ဘယ္အဆင့္မွာျဖစ္ျဖစ္ ဆက္မတည္ႏိုင္ေအာင္ ဘယ္နည္းနဲ႔လုပ္လုပ္ ကိုယ္ဝန္ကို ဖ်က္ရာေရာက္တယ္။
ဘာေတြျဖစ္ႏိုင္လဲ? ဘယ္ေလာက္ထိဆိုးလဲဆိုတာေတြက ရပ္ကြက္ထဲ သူမ်ားေျပာစကားနဲ႔ ကိုယ့္ဘဝတစ္ခု လုံးကိုေလာင္းေၾကးမထပ္သင့္ပါဘူးေနာ္ ။
အဆိုးဆုံးကေတာ့ မိခင္ရဲ႕ အသက္ပါ အႏၲာရာယ္ ရွိပါတယ္။ မသန႔္ရွင္းတဲ့ တုတ္တံ စတီး႐ိုး ေတြ အစုံပဲ သုံးၾကတာ အဲဒါေတြသုံးၿပီး ဖ်က္ခ်ရင္ ကေလးလည္း ပ်က္သလို သားအိမ္ ေမြးလမ္းေတြမွာ ပိုးဝင္ပါတယ္။ ပိုးဆိပ္ပ်ံ႕ ၿပီး ေသြးေပါင္ခ်နိက် သတိလစ္ ၿပီး ေဆး႐ုံေရာက္လာတာေတြ အမ်ား အျပားပါ။ ငယ္ငယ္႐ြယ္႐ြယ္ နဲ႔ တန္ဖိုးရွိတဲ့ လူ႔အသက္ေတြ ဆုံးရႈံးရပါတယ္။ ေသြးထြက္လြန္ ၊ သားအိမ္ေပါက္ ၊ ေမးခိုင္ပိုးဝင္ၿပီးေရာက္လာတာေတြလည္းရွိပါတယ္။
ခဏ ခဏ ဖ်က္ခ်ေနရင္ေရာ? အဆင္ေျပ ကံေကာင္းၿပီး အေပၚကေျပာတာေတြ ဘာမွ မျဖစ္ရင္ေတာင္ ကိုယ္ဝန္ဖ်က္ခ် လို႔ သားအိမ္ျခစ္ တဲ့ အႀကိမ္ေရ မ်ားလာရင္ တကယ္ ကေလးလိုခ်င္တဲ့ အခါ မရေတာ့တာေတြ ရာသီမမွန္တာေတြ ျဖစ္လာႏိုင္ပါတယ္ ။ အဲဒီေတာ့ ကိုယ့္အသက္ကို ႏွေျမာတန္ဖိုးထားပါ။ မလိုခ်င္ရင္ အေစာကတည္းက ကာကြယ္ပါ။ အခ်ိန္လြန္မွ ဆိုရင္ေတာ့ ဝမ္းနည္းစရာ ေတြႀကီးပဲ က်န္ခဲ့မွာပါ။
Author : Dr. Lynn
ကိုယ်ဝန်ဖျက်ချရင်ဘာတွေဖြစ်မလဲ
ယောက်ျားကနေ လိင်ဆက်ဆံမှုဖြစ်စဉ် မှာသုက်ရည်တွေ ထွက်တယ်။ တခါမှာ သုက်အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။ မိန်းမမျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။
အမျိုးသမီးမွေးလမ်းကြောင်း အဂါင်္ထဲမှာ အဲလို စွန့်ထုတ်၊ ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မမျိုးဥကိုလိုက်ရှာနေကြတာ ဖြစ်တယ်။တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက် ဝင်ရောက်တာနဲ့သန္ဓေဖြစ်ခြင်း ဒါမှမဟုတ် မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။
မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။ ဆဲလ်ပွါးခြင်းဖြစ်စဉ်အတွင်းမှာ သုက်ပိုးနဲ့ မျိုးဥတွေ့ဆုံခဲ့ကြတဲ့ သားအိမ်ပြွန်ဖျားပိုင်းလောက်ကနေ သားအိမ်ထဲ ဝင်လာမယ်။
ဆဲလ်ပွါးခြင်းဖြစ်စဉ်ဆက်ဖြစ်ပြီး ထောင်ဂဏန်အရေအတွက်ကနေ သိန်း၊ သန်းအထိ တိုးတိုးလာမယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း သားအိမ်အတွင်းနံရံကို လာပြီး တွယ်ကပ်မြုပ်ဝင်မယ်။ အတူနေပြီးနောက် ၆ ရက်လို့ ယူဆနိုင်တယ်။ ဒါကြောင့် အရေးပေါ် တားဆေးတွေကို အတူနေပြီး ၅ ရက် (၁၂ဝ နာရီ) အတွင်း အသုံးပြုဘို့ ညွှန်ရတာဖြစ်တယ်။
ဆဲလ်ပွါးဖြစ်စဉ်ကများသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် ဆဲလ်တချို့က အချင်း၊ ဆဲလ်တချို့က ကလေးဖြစ်လာကြတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုးက အချိန်ကိုက်ထွက်လာမယ်။ သန္ဓေဖြစ်ခြင်းဖြစ်စဉ် ပထမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။
ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ ၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုပ်ရှားမှုစလာပြီ။ မိခင်လောင်းက မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား၊ မ ခွဲလို့သိမယ်။
ဆရာဝန် တယောက်အနေနဲ့ ကျန်းမာရေးဒေါင့်ကနေပြောရရင် ယောက်ျားမိန်းမ အတူနေကြပြီးနောက် အရေးပေါ်တားဆေး တားနည်းကို (၅) ရက် အတွင်းလုပ်လို့ ကိုယ်ဝန်မရတာဟာ အပြစ်လွတ်တယ်။ တားလို့လည်းရပါတယ်။ တစ်ခါတလေ ကွန်ဒုံအသုံးပြုသော်လည်း ပေါက်ပြဲသွားခဲ့ရင် အရေးပေါ်တဆေးနဲ့ တားသင့်ပါတယ်။ နောက်ပိုင်းကလေးသန္ဓေတည်ပြီးမှ ဖျက်ချတာထက် ကာကွယ်လိုက်တာကပိုသင့်တော်ပါတယ်။
ကိုယ်ဝန်ရလာမှ ဖျက်ချရင် မိခင်မှာပါ ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ၆ ရက်ကနေစပြီး ကိုယ်ဝန် ဘယ်အဆင့်မှာဖြစ်ဖြစ် ဆက်မတည်နိုင်အောင် ဘယ်နည်းနဲ့လုပ်လုပ် ကိုယ်ဝန်ကို ဖျက်ရာရောက်တယ်။
ဘာတွေဖြစ်နိုင်လဲ? ဘယ်လောက်ထိဆိုးလဲဆိုတာတွေက ရပ်ကွက်ထဲ သူများပြောစကားနဲ့ ကိုယ့်ဘဝတစ်ခု လုံးကိုလောင်းကြေးမထပ်သင့်ပါဘူးနော် ။
အဆိုးဆုံးကတော့ မိခင်ရဲ့ အသက်ပါ အန္တာရာယ် ရှိပါတယ်။ မသန့်ရှင်းတဲ့ တုတ်တံ စတီးရိုး တွေ အစုံပဲ သုံးကြတာ အဲဒါတွေသုံးပြီး ဖျက်ချရင် ကလေးလည်း ပျက်သလို သားအိမ် မွေးလမ်းတွေမှာ ပိုးဝင်ပါတယ်။ ပိုးဆိပ်ပျံ့ ပြီး သွေးပေါင်ချနိကျ သတိလစ် ပြီး ဆေးရုံရောက်လာတာတွေ အများ အပြားပါ။ ငယ်ငယ်ရွယ်ရွယ် နဲ့ တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးရပါတယ်။ သွေးထွက်လွန် ၊ သားအိမ်ပေါက် ၊ မေးခိုင်ပိုးဝင်ပြီးရောက်လာတာတွေလည်းရှိပါတယ်။
ခဏ ခဏ ဖျက်ချနေရင်ရော? အဆင်ပြေ ကံကောင်းပြီး အပေါ်ကပြောတာတွေ ဘာမှ မဖြစ်ရင်တောင် ကိုယ်ဝန်ဖျက်ချ လို့ သားအိမ်ခြစ် တဲ့ အကြိမ်ရေ များလာရင် တကယ် ကလေးလိုချင်တဲ့ အခါ မရတော့တာတွေ ရာသီမမှန်တာတွေ ဖြစ်လာနိုင်ပါတယ် ။ အဲဒီတော့ ကိုယ့်အသက်ကို နှမြောတန်ဖိုးထားပါ။ မလိုချင်ရင် အစောကတည်းက ကာကွယ်ပါ။ အချိန်လွန်မှ ဆိုရင်တော့ ဝမ်းနည်းစရာ တွေကြီးပဲ ကျန်ခဲ့မှာပါ။
Author : Dr. Lynn