fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းအန္တရာယ်

74
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/03/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ ကိုယ္ဝန္ဆိပ္တက္ျခင္းအႏၲရာယ္

ကိုယ္ဝန္ဆိပ္တက္ျခင္းသည္ ကိုယ္ဝန္ေဆာင္မိခင္မ်ားတြင္ ေတြ႕ႀကဳံရတတ္ေသာ ေရာဂါေဝဒနာမ်ားအနက္ အျဖစ္အမ်ားဆုံးႏွင့္ ေသဆုံးမႈအမ်ားဆုံးေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္မိခင္ ၁၀ေယာက္တြင္ ၁ေယာက္ ျဖစ္ေပၚတတ္ေသာ ေရာဂါတစ္ခုျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ေဆာင္ကာလ ၂၀ပတ္ေနာက္ပိုင္းေတြမွာ ျဖစ္ေပၚတတ္ပါတယ္။

ကိုယ္ဝန္ဆိပ္တက္ရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကိုေတာ့ ေသခ်ာမသိရွိၾကေသးပါ။ ေယဘူယ်အားျဖင့္ အာဟာရခ်ိဳ႕တဲ့ျခင္း၊ ခႏၶာကိုယ္အတြင္း အဆီဓာတ္မ်ားျပားျခင္းေၾကာင့္ ျဖစ္ရတယ္လို႔ ယူဆၾကပါတယ္။ မိခင္၏ သားအိမ္ဆီသို႔ ေသြးလည္ပတ္စီးဆင္းမႈ အလုံအေလာက္မရရွိျခင္းသည္လည္း အေၾကာင္းအရင္းတစ္ခုအေနနဲ႔ ပါဝင္လို႔ေနပါတယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္းဆိုသည္မွာ ေသြးေပါင္ခ်ိန္ ႏွစ္ႀကိမ္တိုင္းရာတြင္ ေသြးေပါင္ခ်ိန္ ၁၄၀/၉၀ႏွင့္အထက္ ရွိေနျခင္းကို ဆိုလိုပါသည္။ ပထမအႀကိမ္ႏွင့္ ဒုတိယအႀကိမ္ကို အနည္းဆုံး ၄နာရီျခားၿပီး တိုင္းရပါမယ္။ ဒါ့အျပင္ ၂၄နာရီအတြင္း ရရွိေသာ ဆီးမ်ားကိုယူၿပီး ဆီးခ်က္သည့္အခါ ဆီးထဲတြင္ proteinဟုေခၚေသာ အသားဓာတ္ 300mgႏွင့္အထက္ ရွိေနရင္လည္း ကိုယ္ဝန္ဆိပ္တက္ေနတယ္လိယူဆရပါတယ္။ ကိုယ္ဝန္မေဆာင္ခင္ ေသြးေပါင္ခ်ိန္ ပုံမွန္အတြင္းရွိေနေသာ မိခင္တစ္ေယာက္သည္ ကိုယ္ဝန္ေဆာင္စဥ္အတြင္း ကိုယ္ဝန္ဆိပ္တက္ျခင္း လကၡဏာမ်ားရွိေနပါက ကေလးေမြးဖြားၿပီး ၆ပတ္အတြင္း ပုံမွန္ေသြးေပါင္ခ်ိန္အေနအထားသို႔ ျပန္လည္ေရာက္ရွိႏိုင္ပါတယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္း ျဖစ္ေစတတ္ေသာ၊ ျဖစ္ေပၚႏိုင္ေျခရွိသူမ်ားမွာ

– သားဦးကိုယ္ဝန္ေဆာင္မိခင္မ်ား၊

– ယခင္ကိုယ္ဝန္ေဆာင္စဥ္အတြင္း ကိုယ္ဝန္ဆိပ္တက္ဖူးေသာ မိခင္မ်ား၊

– ပထမကေလးႏွင့္ ေနာက္ဆုံးကေလးၾကား ၁၀ႏွစ္ႏွင့္အထက္ကြာေသာ မိခင္မ်ား၊

– အသက္၄၀ႏွင့္အထက္ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊

– BMI (Body Mass Index) 35ႏွင့္အထက္ အဝလြန္ေသာ ကိုယ္ဝန္ေဆာင္မိခင္မ်ား၊

– မိသားစုတြင္ ကိုယ္ဝန္ဆိပ္တက္ဖူးေသာ ကိုယ္ဝန္ေဆာင္မိခင္မ်ား (မိခင္ သို႔မဟုတ္ ညီအမတြင္ ျဖစ္ေပၚျခင္း)

– အႁမႊာကိုယ္ဝန္လြယ္ထားရေသာ မိခင္မ်ား

– ကိုယ္ဝန္ေဆာင္စဥ္ကာလတစ္ေလွ်ာက္ ေသြးေပါင္တက္ေနသူမ်ားႏွင့္ ဆီးအတြင္း အသားဓာတ္ရွိေနသူမ်ား၊

– ကိုယ္ဝန္မေဆာင္မီ ေရာဂါ တစ္ခုခုရွိထားသူမ်ား စသည္တို႔ျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္မိခင္မ်ားအေနႏွင့္ ကိုယ္ဝန္ေဆာင္စဥ္ကာလတစ္ေလွ်ာက္ မိမိကိုယ္မိမိ အၿမဲဂရုစိုက္ေနဖို႔ အထူးလိုအပ္ပါတယ္။ ကိုယ္ဝန္ဆိပ္တက္ျခင္း မတိုင္ခင္ ေပၚေပါက္ႏိုင္သည့္ ေရွ႕ေျပးလကၡဏာမ်ားကိုလည္း သိရွိထားေစလိုပါတယ္။

ေရွ႕ေျပးလကၡဏာမ်ား အေနႏွင့္

– ႐ုတ္တရက္ ကိုယ္အေလးခ်ိန္တက္လာျခင္း၊

– ဗိုက္နာျခင္း၊

– အလြန္အမင္း ေခါင္းကိုက္ျခင္း၊

– ရီေဝျခင္း၊

– အျမင္မႈန္ဝါးျခင္း၊

– အလြန္အမင္း ပ်ိဳ႕အန္ျခင္း၊

– ဆီးနည္းျခင္း သို႔မဟုတ္ ဆီးမသြားျခင္း စသည့္ လကၡဏာမ်ားေတြ႕ႀကဳံရတတ္ပါတယ္။

အထက္ပါ လကၡဏာမ်ားမွ

– ႐ုတ္တရက္ မ်က္စိ၊ မ်က္ႏွာ၊ လက္မ်ားမွာ ေဖာေရာင္လာျခင္း၊

– ေသြးေပါင္ခ်ိန္ ၁၃၀/၈၀ ထက္မ်ားေနျခင္း၊

– ဗိုက္နာျခင္း( အထူးသျဖင့္ ဝမ္းဗိုက္၏ ညာဘက္အေပၚပိုင္းတြင္ နာျခင္း)၊

– တစ္ရက္ ႏွစ္ရက္အတြင္း ႐ုတ္တရက္ ကိုယ္အေလးခ်ိန္တက္လာျခင္း၊

– အလြန္အမင္း ေခါင္းကိုက္ျခင္း၊

– ဆီးနည္းျခင္း၊

– အျမင္မႈန္ဝါးျခင္း စသည့္လကၡဏာမ်ား ေတြ႕ႀကဳံရပါက နီးစပ္ရာ ဆရာဝန္ထံတြင္ ကုသမႈခံယူသင့္ပါတယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္းသည္ ကေလး၏အခ်င္းဆီသို႔ ေသြးလည္ပတ္စီးဆင္းမႈေနေစေသာေၾကာင့္ ကိုယ္အေလးခ်ိန္မျပည့္ဘဲ ေမြးဖြားျခင္း၊ လမေစ့ဘဲေမြးဖြားျခင္းတို႔ျဖစ္ေစႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္စဥ္ကာလတြင္လည္း ကိုယ္ဝန္ဆိပ္တက္ျခင္းေၾကာင့္ အခ်င္းကြာၿပီး ကေလးအေသေမြးဖြားႏိုင္ပါတယ္။ ထို႔အျပင္ ကေလးမ်ားမွာ ဉာဏ္ရည္မမီျခင္း၊ အတက္ေရာဂါရရွိျခင္း၊ အျမင္အာ႐ုံ၊ အၾကားအာ႐ုံ ခ်ိဳ႕ယြင္းျခင္း စသည့္ ေရာဂါမ်ားလည္း ရရွိေစႏိုင္ပါတယ္။

ကိုယ္ဝန္ဆိပ္တက္ျခင္း၏ အဓိက ကုသနည္းမွာ ကေလးေမြးဖြားျခင္းပင္ျဖစ္ပါတယ္။ ကေလးေမြးဖြားၿပီးေနာက္ ေသြးေပါင္ခ်ိန္မွာ ပုံမွန္အေနအထားသို႔ တစ္ျဖည္းျဖည္းျပန္လည္ေရာက္ရွိႏိုင္ပါတယ္။ ထို႔ေၾကာင့္ အထက္ပါ ကိုယ္ဝန္ဆိပ္တက္ေစႏိုင္သည့္ လကၡဏာမ်ား ေတြ႕ႀကဳံခံစားရပါက နီးစပ္ရာ ေဆး႐ုံ ေဆးခန္းသို႔ အၿမဲ ျပသ၍ ကုသမႈခံယူပါ။ မိမိေနအိမ္ သို႔မဟုတ္ ေဆး႐ုံေဆးခန္းတြင္ ေကာင္းမြန္စြာအနားယူပါ။ ေသြးေပါင္ခ်ိန္ႏွင့္ ဆီးကို မၾကာခဏစစ္ေဆးပါ။ နားလည္တတ္ကြၽမ္းေသာ ဆရာဝန္မ်ားႏွင့္ ဂ႐ုတစိုက္ျပၿပီး အခ်ိန္မီ ကုသမႈ ခံယူရပါမယ္။

ကိုယ္ဝန္ေဆာင္မ်ားအတြက္ ကိုယ္ဝန္ဆိပ္တက္ျခင္းသည္ မိခင္ေကာ ကေလးပါ အသက္ဆုံးရႈံးႏိုင္သည္အထိ ျဖစ္ပြားႏိုင္ပါတယ္။ အထက္ပါ ေဖာ္ျပခဲ့ေသာ လကၡဏာမ်ားအား ေသခ်ာသိရွိမွတ္သားၿပီး မိမိကိုယ္မိမိအၿမဲဂ႐ုစိုက္ေနဖို႔ လိုအပ္ပါတယ္။ ထို႔အျပင္ နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းမ်ားသို႔လည္း အၿမဲျပသၿပီး ကုသမႈခံယူေနဖို႔ လိုအပ္ပါတယ္။

က်န္းမာေသာ ေမေမမ်ားျဖစ္ေစဖို႔ က်န္းမာ၍ ေပါင္ျပည့္၊ လေစ့ေသာ ကေလးမ်ားေမြးဖြားလာေစဖို႔ ရည္႐ြယ္ခ်က္ျဖင့္ ေရးသားလိုက္ရပါသည္။

႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ

Dr.သီတာလႈိင္ (ေဆး-၂)

(Unicode)

ကိုယ်ဝန်ဆောင်မိခင်များနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းအန္တရာယ်

ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ဆောင်မိခင်များတွင် တွေ့ကြုံရတတ်သော ရောဂါဝေဒနာများအနက် အဖြစ်အများဆုံးနှင့် သေဆုံးမှုအများဆုံးသော ရောဂါတစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင် ၁၀ယောက်တွင် ၁ယောက် ဖြစ်ပေါ်တတ်သော ရောဂါတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ကာလ ၂၀ပတ်နောက်ပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကိုတော့ သေချာမသိရှိကြသေးပါ။ ယေဘူယျအားဖြင့် အာဟာရချို့တဲ့ခြင်း၊ ခန္ဓာကိုယ်အတွင်း အဆီဓာတ်များပြားခြင်းကြောင့် ဖြစ်ရတယ်လို့ ယူဆကြပါတယ်။ မိခင်၏ သားအိမ်ဆီသို့ သွေးလည်ပတ်စီးဆင်းမှု အလုံအလောက်မရရှိခြင်းသည်လည်း အကြောင်းအရင်းတစ်ခုအနေနဲ့ ပါဝင်လို့နေပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုသည်မှာ သွေးပေါင်ချိန် နှစ်ကြိမ်တိုင်းရာတွင် သွေးပေါင်ချိန် ၁၄၀/၉၀နှင့်အထက် ရှိနေခြင်းကို ဆိုလိုပါသည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကို အနည်းဆုံး ၄နာရီခြားပြီး တိုင်းရပါမယ်။ ဒါ့အပြင် ၂၄နာရီအတွင်း ရရှိသော ဆီးများကိုယူပြီး ဆီးချက်သည့်အခါ ဆီးထဲတွင် proteinဟုခေါ်သော အသားဓာတ် 300mgနှင့်အထက် ရှိနေရင်လည်း ကိုယ်ဝန်ဆိပ်တက်နေတယ်လိယူဆရပါတယ်။ ကိုယ်ဝန်မဆောင်ခင် သွေးပေါင်ချိန် ပုံမှန်အတွင်းရှိနေသော မိခင်တစ်ယောက်သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆိပ်တက်ခြင်း လက္ခဏာများရှိနေပါက ကလေးမွေးဖွားပြီး ၆ပတ်အတွင်း ပုံမှန်သွေးပေါင်ချိန်အနေအထားသို့ ပြန်လည်ရောက်ရှိနိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း ဖြစ်စေတတ်သော၊ ဖြစ်ပေါ်နိုင်ခြေရှိသူများမှာ

– သားဦးကိုယ်ဝန်ဆောင်မိခင်များ၊

– ယခင်ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆိပ်တက်ဖူးသော မိခင်များ၊

– ပထမကလေးနှင့် နောက်ဆုံးကလေးကြား ၁၀နှစ်နှင့်အထက်ကွာသော မိခင်များ၊

– အသက်၄၀နှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များ၊

– BMI (Body Mass Index) 35နှင့်အထက် အဝလွန်သော ကိုယ်ဝန်ဆောင်မိခင်များ၊

– မိသားစုတွင် ကိုယ်ဝန်ဆိပ်တက်ဖူးသော ကိုယ်ဝန်ဆောင်မိခင်များ (မိခင် သို့မဟုတ် ညီအမတွင် ဖြစ်ပေါ်ခြင်း)

– အမြွှာကိုယ်ဝန်လွယ်ထားရသော မိခင်များ

– ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက် သွေးပေါင်တက်နေသူများနှင့် ဆီးအတွင်း အသားဓာတ်ရှိနေသူများ၊

– ကိုယ်ဝန်မဆောင်မီ ရောဂါ တစ်ခုခုရှိထားသူများ စသည်တို့ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ကိုယ်ဝန်ဆောင်စဉ်ကာလတစ်လျှောက် မိမိကိုယ်မိမိ အမြဲဂရုစိုက်နေဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်း မတိုင်ခင် ပေါ်ပေါက်နိုင်သည့် ရှေ့ပြေးလက္ခဏာများကိုလည်း သိရှိထားစေလိုပါတယ်။

ရှေ့ပြေးလက္ခဏာများ အနေနှင့်

– ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊

– ဗိုက်နာခြင်း၊

– အလွန်အမင်း ခေါင်းကိုက်ခြင်း၊

– ရီဝေခြင်း၊

– အမြင်မှုန်ဝါးခြင်း၊

– အလွန်အမင်း ပျို့အန်ခြင်း၊

– ဆီးနည်းခြင်း သို့မဟုတ် ဆီးမသွားခြင်း စသည့် လက္ခဏာများတွေ့ကြုံရတတ်ပါတယ်။

အထက်ပါ လက္ခဏာများမှ

– ရုတ်တရက် မျက်စိ၊ မျက်နှာ၊ လက်များမှာ ဖောရောင်လာခြင်း၊

– သွေးပေါင်ချိန် ၁၃၀/၈၀ ထက်များနေခြင်း၊

– ဗိုက်နာခြင်း( အထူးသဖြင့် ဝမ်းဗိုက်၏ ညာဘက်အပေါ်ပိုင်းတွင် နာခြင်း)၊

– တစ်ရက် နှစ်ရက်အတွင်း ရုတ်တရက် ကိုယ်အလေးချိန်တက်လာခြင်း၊

– အလွန်အမင်း ခေါင်းကိုက်ခြင်း၊

– ဆီးနည်းခြင်း၊

– အမြင်မှုန်ဝါးခြင်း စသည့်လက္ခဏာများ တွေ့ကြုံရပါက နီးစပ်ရာ ဆရာဝန်ထံတွင် ကုသမှုခံယူသင့်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကလေး၏အချင်းဆီသို့ သွေးလည်ပတ်စီးဆင်းမှုနေစေသောကြောင့် ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းတို့ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်ကာလတွင်လည်း ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် အချင်းကွာပြီး ကလေးအသေမွေးဖွားနိုင်ပါတယ်။ ထို့အပြင် ကလေးများမှာ ဉာဏ်ရည်မမီခြင်း၊ အတက်ရောဂါရရှိခြင်း၊ အမြင်အာရုံ၊ အကြားအာရုံ ချို့ယွင်းခြင်း စသည့် ရောဂါများလည်း ရရှိစေနိုင်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်း၏ အဓိက ကုသနည်းမှာ ကလေးမွေးဖွားခြင်းပင်ဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် သွေးပေါင်ချိန်မှာ ပုံမှန်အနေအထားသို့ တစ်ဖြည်းဖြည်းပြန်လည်ရောက်ရှိနိုင်ပါတယ်။ ထို့ကြောင့် အထက်ပါ ကိုယ်ဝန်ဆိပ်တက်စေနိုင်သည့် လက္ခဏာများ တွေ့ကြုံခံစားရပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းသို့ အမြဲ ပြသ၍ ကုသမှုခံယူပါ။ မိမိနေအိမ် သို့မဟုတ် ဆေးရုံဆေးခန်းတွင် ကောင်းမွန်စွာအနားယူပါ။ သွေးပေါင်ချိန်နှင့် ဆီးကို မကြာခဏစစ်ဆေးပါ။ နားလည်တတ်ကျွမ်းသော ဆရာဝန်များနှင့် ဂရုတစိုက်ပြပြီး အချိန်မီ ကုသမှု ခံယူရပါမယ်။

ကိုယ်ဝန်ဆောင်များအတွက် ကိုယ်ဝန်ဆိပ်တက်ခြင်းသည် မိခင်ကော ကလေးပါ အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားနိုင်ပါတယ်။ အထက်ပါ ဖော်ပြခဲ့သော လက္ခဏာများအား သေချာသိရှိမှတ်သားပြီး မိမိကိုယ်မိမိအမြဲဂရုစိုက်နေဖို့ လိုအပ်ပါတယ်။ ထို့အပြင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့လည်း အမြဲပြသပြီး ကုသမှုခံယူနေဖို့ လိုအပ်ပါတယ်။

ကျန်းမာသော မေမေများဖြစ်စေဖို့ ကျန်းမာ၍ ပေါင်ပြည့်၊ လစေ့သော ကလေးများမွေးဖွားလာစေဖို့ ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ရပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ

Dr.သီတာလှိုင် (ဆေး-၂)

 

Previous Post

လက်သည်းကိုက်တဲ့အကျင့်ရဲ့ဆိုးကျိုးများ

Next Post

သင်သတိမထားမိသော သင့် မီးဖိုချောင်နှင့် ရေခဲ သေတ္တာ ထဲမှ အန္တရာယ်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သင်သတိမထားမိသော သင့် မီးဖိုချောင်နှင့် ရေခဲ သေတ္တာ ထဲမှ အန္တရာယ်များ

ပေါက်စနတို့ ဝမ်းလျှောသော်

ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗိုက်မှအရေးအကြောင်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.