fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်မဆောင်ခင် နားလည်သင့်တာများ နားလည်၍ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ကြပါစို့

91
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ္ဝန္မေဆာင္ခင္ နားလည္သင့္တာမ်ား နားလည္၍ ကိုယ္ဝန္ေဆာင္ဖို႔ ျပင္ဆင္ၾကပါစို႔

ဒီေန႔ေတာ့ ကေလးယူဖို႔ စဥ္းစားျပင္ဆင္ေနတဲ့ ညီမအမေတြ ဖတ္ရေအာင္ ဒီေခါင္းစဥ္ေလး ေရးေပးလိုက္ပါတယ္။

အိမ္ေထာင္က်လာရင္ သားသားမီးမီးေလးေတြ ယူၾကမယ့္ စုံတြဲေတြကေတာ့ မ်ားမွာအမွန္ပါဘဲ။ တစ္ခ်ိဳ႕ကလည္း ခ်က္ခ်င္းကေလးယူခ်င္မယ္။ တစ္ခ်ိဳ႕ကေတာ့ အိမ္ေထာင္က်ၿပီးခါစ ခ်က္ခ်င္းကေလးမယူေသးပဲနဲ႔ ၾကားထဲမွာ တားေဆးသုံးတာမ်ိဳးေတြ ရွိမယ္။ ဘယ္လိုပဲျဖစ္ျဖစ္ အိမ္ေထာင္ျပဳမယ္ ကေလးယူမယ္စဥ္းစားရင္ေတာ့ စနစ္တက်နဲ႔ မိသားစုအစီအစဥ္ ဆြဲထားသင့္တယ္။ ကိုယ့္မိသားစု အေျခအေန အလုပ္အကိုင္ မိသားစု ပံ့ပိုးမႈအားလုံးကို ထည့္စဥ္းစားဖို႔ လိုပါလိမ့္မယ္။ ဒီလိုထည့္စဥ္းစားထားမွသာ ကိုယ့္သားသား မီးမီးေလးေတြ အမွန္တကယ္ ေမြးဖြားလာခဲ့ရင္ ၾကည့္ရႈေစာင့္ေရွာက္ဖို႔ လြယ္ကူပါလိမ့္မယ္။

ဒီလို မစဥ္းစားထားလို႔ အခက္အခဲေတြ ႀကဳံရတဲ့စုံတြဲေတြ အမ်ားႀကီးႀကဳံခဲ့ဖူးပါတယ္။ ကိုယ္ဝန္ကို လိုခ်င္တဲ့အခ်ိန္ မသတ္မွတ္ရေသးဘဲ တားေဆးမသုံးမိလို႔ ရလာၿပီးမွ ဖ်က္ခ်တာေတြဟာ ပိုးဝင္သြားခဲ့ရင္ မိခင္ပါ ခ်က္ခ်င္းအသက္အႏၲရာယ္ရွိႏိုင္တယ္။ အခန႔္မသင့္ရင္ သားအိမ္ ထုတ္ရတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလိုအထိ မျဖစ္ခဲ့ရင္ေတာင္ ေနာင္တစ္ခ်ိန္ ကေလးယူခ်င္တဲ့အခါမွာလည္း သားအိမ္ပုံသ႑ာန္ပ်က္တာေတြေၾကာင့္ ကိုယ္ဝန္ယူရတာ အခက္အခဲရွိႏိုင္တယ္။

ကေလးကိုေတာ့ အမွန္တကယ္ လိုခ်င္တယ္ ၊ ဒါေတြ မစဥ္းစားထားဘူးဆိုရင္လည္း အဆင္မေျပႏိုင္ပါဘူး။ ဘာ့ေၾကာင့္လဲဆိုရင္ေတာ့ ကေလးေမြးဖြားလာခဲ့ရင္ ပထမ ၆လေလာက္အထိက မိခင္ႏို႔ တစ္မ်ိဳးတည္းကို တိုက္ဖို႔လိုပါတယ္။ ၆လေက်ာ္ၿပီးတဲ့ ေနာက္ပိုင္းမွာလည္း မိခင္ႏို႔ဆက္လည္း တိုက္ရမွာျဖစ္သလို ျဖည့္စြက္စာကိုလည္း ဂ႐ုတစိုက္ ေကြၽးဖို႔လိုပါတယ္။ အဲဒီေတာ့ ကေလးကို ဂ႐ုတစိုက္ ေစာင့္ၾကည့္ေပးဖို႔ အေမ အေဖ မိသားစုဝင္တစ္ေယာက္ေယာက္ လိုပါလိမ့္မယ္။

ပထမ ၆လမွာ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ဖို႔ ဆရာဝန္ကၫႊန္ၾကားေပးရင္ တစ္ခ်ိဳ႕ေသာ အေမေတြက ေပါ့ေပါ့ေလး မွတ္တတ္ၾကတယ္။ ပထမတစ္ခုကေတာ့ မိခင္ႏို႔တစ္မ်ိဳးတည္း ဆိုတဲ့အတိုင္း ကေလး ၆လ မျပည့္မခ်င္း ေရေတာင္တိုက္လို႔ မရပါဘူး။ ေဆးဆိုရင္လည္း ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ လိုအပ္မွသာ တိုက္သင့္ပါတယ္။ အေမႏို႔ ဘာေၾကာင့္တိုက္ရတာလဲ ေမးစရာ ရွိတယ္။ နားလည္ေအာင္ ရွင္းျပရရင္ေတာ့ မိခင္ႏို႔ရည္ထဲမွာ ကေလးကိုယ္တြင္းကို ဝင္ေရာက္လာမဲ့ ေရာဂါပိုးေတြကို ကာကြယ္ေပးႏိုင္တဲ့ antibody (ကိုယ္ခံအား) ေတြ ပါလို႔ပါပဲ။ ကေလးေမြးကင္းစအ႐ြယ္ ခုခံအားစနစ္ မဖြံ႕ၿဖိဳးေသးတဲ့အတြက္ ကိုယ္တိုင္ antibody မထုတ္ႏိုင္ေသးပါဘူး။ ဒါကိုအေမဆီက ရဖို႔လိုပါတယ္။

အျပင္စာေတြ ႏို႔ဘူးေတြ မတိုက္ခိုင္းတာကလည္း အေၾကာင္းရွိပါတယ္။ ႏို႔ဘူးေတြ မတိုက္ခိုင္းကေတာ့ မိခင္ႏို႔စို႔တာ နည္းသြားမွာစိုးတဲ့အတြက္ေၾကာင့္လည္း ပါပါတယ္။ ကေလးက အေမႏို႔ကိုစို႔ရင္ အားယူရပါတယ္။ ဒါ့ေၾကာင့္ အလြယ္တကူရတဲ့ ႏို႔ဘူးကို မၾကာခဏ ေပးစို႔ေနရင္ အေမႏို႔စို႔တာ နည္းသြားမွာ အမွန္ပါဘဲ။ ကိုယ္ခံအားမဖြံ႕ၿဖိဳးေသးတဲ့ ကေလးကို အျပင္စာေတြ ေကြၽးရင္လည္း ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါေတြလည္း ျဖစ္ႏိုင္လို႔ပါဘဲ။

ေနာက္တစ္ခုက နာတာရွည္ေရာဂါရွိတဲ့သူေတြ …တစ္ခ်ိဳ႕က ေဆးေတြ စြဲေသာက္ေနရတယ္။ တစ္ခ်ိဳ႕ကလည္း ကိုယ့္ေရာဂါ အေျခအေနေၾကာင့္ ကိုယ္ဝန္မယူသင့္တာေတြရွိမယ္။ အဲလိုေရာဂါ ရွိသူေတြက ကိုယ္ဝန္ယူမယ္ဆိုရင္ သက္ဆိုင္ရာဆရာဝန္နဲ႔ အရင္ႀကိဳတိုင္ပင္ထားသင့္ပါတယ္။

ဥပမာေျပာရရင္ေတာ့ ကိုယ့္မွာ ႏွလုံးေရာဂါ ဆိုးဆိုး႐ြား႐ြားရွိေနတယ္။ ဆရာဝန္က ကိုယ္ဝန္မယူဖို႔ အႀကံေပးထားတယ္။ ဒါေပမဲ့ ကိုယ္က အခုကေလး အရမ္းလိုခ်င္ေနတယ္။ ဒါဆို ဆရာဝန္ဆီ သြားတိုင္ပင္ရမယ္။ တိုင္ပင္ၿပီးလို႔ မယူသင့္ဘူးေျပာတာကို ကိုယ့္သေဘာနဲ႔ အတင္းကေလးယူခဲ့ရင္ မိခင္အသက္အႏၲရာယ္ ထိခိုက္မွာပါပဲ။ သားသားေလးေမြးခ်င္လို႔ ကေလးယူတယ္ ကေလးမရဘဲ အေမပါ ေသသြားတယ္။ ဒါဟာ တကယ္ကို ႏွေမ်ာစရာပါပဲ။

ဆရာဝန္ဆိုတာ ေကာင္းက်ိဳးဆိုးက်ိဳးကို အၿမဲယွဥ္တြဲစဥ္းစားၿပီးမွ ကုသမႈကို ေပးရပါတယ္။ ကေလးေရာ အေမပါ အရမ္းကို အႏၲရာယ္မ်ားမဲ့ အေျခအေနရွိေနတဲ့ ေရာဂါမ်ိဳးဆိုရင္ေတာ့ ကေလးယူဖို႔ တားျမစ္မွာ အမွန္ပါဘဲ။ ဒီလိုမဟုတ္ပဲ မိခင္အႏၲရာယ္ သိပ္မမ်ားတဲ့ အေျခအေနရွိတဲ့ ေရာဂါေတြမွာေတာ့ ကိုယ္ဝန္တစ္ေလွ်ာက္ အေမေရာကေလးပါက်န္းမာလား မက်န္းမာဘူးလား ေစာင့္ၾကည့္ၿပီး ေမြးဖြားလို႔ ရႏိုင္တယ္ဆိုရင္ ေမြးဖို႔ အားေပးတတ္ပါတယ္။

ေနာက္ထပ္တစ္ခုကေတာ့ ေဆးေသာက္ေနရတဲ့သူေတြပါပဲ ။ တစ္ခ်ိဳ႕ေသာ ေဆးေတြက ကိုယ့္ေရာဂါ အေျခအေနအတြက္ ေသာက္ေနရတယ္။ ဒါေပမဲ့ ဒီေဆးေတြထဲက တစ္ခ်ိဳ႕ေသာေဆးေတြက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မသိဘဲဆက္ေသာက္ေနမိရင္ ကေလးမွာ ေမြးရာပါ ခ်ိဳ႕ယြင္းမႈေတြ ပါလာႏိုင္တယ္။ နာတာရွည္ေရာဂါဆိုရာမွာ လည္ပင္းကသိုင္း႐ြိဳက္ေရာဂါေတြ ၊ ပုံမမွန္ ေသြးခဲတတ္တဲ့ ေရာဂါေတြ ၊ ေသြးေလးဘက္နာ အေရျပားေလးဘက္နာ ေရာဂါေတြ အစရွိတဲ့ ေရာဂါေတြအမ်ိဳးစုံ ပါပါတယ္။ သာမန္ဖ်ားတာနာတာအတြက္ ေပးတဲ့ ပိုးသတ္ေဆးတစ္ခ်ိဳ႕လည္း ထို႔နည္းလည္းေကာင္း ပါဘဲ။ ဒါ့ေၾကာင့္ ကိုယ္ကတားေဆးလည္း မသုံးထားဘူး ကိုယ္ဝန္ယူဖို႔ စဥ္းစားေနတယ္ဆိုရင္ေတာ့ ေဆးေတြကို လက္လြယ္စပယ္ေတြ ေသာက္မေနသင့္ပါဘူး။

ကေလးမိခင္ဝမ္းတြင္းမွာ ရွိေနတဲ့ ပထမဆုံး သုံးလအခ်ိန္ဟာ ကေလးရဲ႕ ကိုယ္အဂၤါေတြစျဖစ္တဲ့ အခ်ိန္ပါဘဲ။ နာတာရွည္ေရာဂါရွိသူဟာ ဆရာဝန္နဲ႔ ပုံမွန္တိုင္ပင္ေဆြးေႏြးထားခဲ့ရင္ ဆရာဝန္က အဲလိုအခ်ိန္မွာ ေရာဂါကုသဖို႔ သုံးတဲ့ေဆးေတြထဲကမွ ကေလးအဂၤါဖြဲ႕စည္းမႈကို မထိခိုက္ေစႏိုင္တဲ့ ေဆးေတြ ေ႐ြးေပးလို႔ရပါတယ္။ ေနာက္ထပ္တစ္ခုကေတာ့ တားေဆးသုံးၿပီး ကေလးယူခ်င္လို႔ ျပန္ျဖတ္လိုက္ၿပီးတာနဲ႔ တစ္ၿပိဳင္နက္ ကိုယ္ဝန္ျပန္ရခ်င္တဲ့ စိတ္ေလာတတ္ေသာ တစ္ခ်ိဳ႕ေသာ ညီမေတြကို ေတြ႕ရပါတယ္။

အႀကံေပးခ်င္တာကေတာ့ စိတ္မေလာပါနဲ႔… သားဆက္ျခားေဆးေတြက ေဟာ္မုန္းေဆးေတြ ျဖစ္တဲ့အတြက္ အာနိသင္က တစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး။ သူ႔မွာတားေဆးျဖတ္ၿပီး တစ္လနဲ႔ ကိုယ္ဝန္ရေပမဲ့ ကိုယ့္မွာ ဒီထက္ၾကာႏိုင္ပါတယ္။ ကိုယ္က က်န္းမာတယ္၊ တားေဆးေတြလည္း ျဖတ္ၿပီး ကေလးယူေတာ့မယ္ဆိုရင္ Folic acid ေလးေတာ့ ႀကိဳေသာက္ေနလို႔ ရပါတယ္။ Folic acid က ကိုယ္တြင္းဆဲလ္ေတြ ဖြဲ႕စည္းတဲ့ ေနရာမွာအေရးပါတဲ့အတြက္ ရလာမယ့္ ကေလးေလးအတြက္ေရာ ကိုယ့္အတြက္ပါ အက်ိဳးရွိပါတယ္။

ေနာက္တစ္ခုကေတာ့ က်န္းက်န္းမာမာနဲ႔ စိတ္ဖိစီးမႈ ေလ်ာ့ေအာင္ ေနဖို႔ပါပဲ။ ကေလးေတာ့ လိုခ်င္တယ္ ကိုယ္ေရာစိတ္ပါ ပင္ပန္းေနတယ္ဆိုရင္ ဘယ္လိုမွ အဆင္မေျပႏိုင္ပါဘူး။ ကိုယ္ခႏၶာဟာ ကိုယ္တြင္းက အေရးအႀကီးဆုံးအဂၤါေတြ စနစ္ေတြ အလုပ္လုပ္ဖို႔ကို ဦးစားေပးပါတယ္။ ဒါေၾကာင့္ ကိုယ္စိတ္ပင္ပန္းေနလို႔ အင္အားမရွိတဲ့အခါ ခႏၶာကိုယ္အတြက္ မရွိမျဖစ္ အေရးမပါဘူးလို႔ ယူဆရတဲ့ သားဆက္ျခား တာဝန္ကို ပိတ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္က ကေလးယူခ်င္တယ္ဆိုရင္ ကိုယ္က်န္းမာေအာင္ ေနရပါမယ္။

ကဲေတာ္ေတာ္လည္းအႀကံေပးၿပီးသြားၿပီဆိုေတာ့ ဒီေန႔ေတာ့ ဒီေလာက္နဲ႔ဘဲရပ္လိုက္ပါမယ္…

ေပ်ာ္႐ႊင္ခ်မ္းေျမ့ေသာေန႔ေလးပိုင္ဆိုင္ႏိုင္ပါေစ

Author : Dr. ေမႊး

ကိုယ်ဝန်မဆောင်ခင် နားလည်သင့်တာများ နားလည်၍ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ကြပါစို့

ဒီနေ့တော့ ကလေးယူဖို့ စဉ်းစားပြင်ဆင်နေတဲ့ ညီမအမတွေ ဖတ်ရအောင် ဒီခေါင်းစဉ်လေး ရေးပေးလိုက်ပါတယ်။

အိမ်ထောင်ကျလာရင် သားသားမီးမီးလေးတွေ ယူကြမယ့် စုံတွဲတွေကတော့ များမှာအမှန်ပါဘဲ။ တစ်ချို့ကလည်း ချက်ချင်းကလေးယူချင်မယ်။ တစ်ချို့ကတော့ အိမ်ထောင်ကျပြီးခါစ ချက်ချင်းကလေးမယူသေးပဲနဲ့ ကြားထဲမှာ တားဆေးသုံးတာမျိုးတွေ ရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ထောင်ပြုမယ် ကလေးယူမယ်စဉ်းစားရင်တော့ စနစ်တကျနဲ့ မိသားစုအစီအစဉ် ဆွဲထားသင့်တယ်။ ကိုယ့်မိသားစု အခြေအနေ အလုပ်အကိုင် မိသားစု ပံ့ပိုးမှုအားလုံးကို ထည့်စဉ်းစားဖို့ လိုပါလိမ့်မယ်။ ဒီလိုထည့်စဉ်းစားထားမှသာ ကိုယ့်သားသား မီးမီးလေးတွေ အမှန်တကယ် မွေးဖွားလာခဲ့ရင် ကြည့်ရှုစောင့်ရှောက်ဖို့ လွယ်ကူပါလိမ့်မယ်။

ဒီလို မစဉ်းစားထားလို့ အခက်အခဲတွေ ကြုံရတဲ့စုံတွဲတွေ အများကြီးကြုံခဲ့ဖူးပါတယ်။ ကိုယ်ဝန်ကို လိုချင်တဲ့အချိန် မသတ်မှတ်ရသေးဘဲ တားဆေးမသုံးမိလို့ ရလာပြီးမှ ဖျက်ချတာတွေဟာ ပိုးဝင်သွားခဲ့ရင် မိခင်ပါ ချက်ချင်းအသက်အန္တရာယ်ရှိနိုင်တယ်။ အခန့်မသင့်ရင် သားအိမ် ထုတ်ရတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအထိ မဖြစ်ခဲ့ရင်တောင် နောင်တစ်ချိန် ကလေးယူချင်တဲ့အခါမှာလည်း သားအိမ်ပုံသဏ္ဍာန်ပျက်တာတွေကြောင့် ကိုယ်ဝန်ယူရတာ အခက်အခဲရှိနိုင်တယ်။

ကလေးကိုတော့ အမှန်တကယ် လိုချင်တယ် ၊ ဒါတွေ မစဉ်းစားထားဘူးဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဘာ့ကြောင့်လဲဆိုရင်တော့ ကလေးမွေးဖွားလာခဲ့ရင် ပထမ ၆လလောက်အထိက မိခင်နို့ တစ်မျိုးတည်းကို တိုက်ဖို့လိုပါတယ်။ ၆လကျော်ပြီးတဲ့ နောက်ပိုင်းမှာလည်း မိခင်နို့ဆက်လည်း တိုက်ရမှာဖြစ်သလို ဖြည့်စွက်စာကိုလည်း ဂရုတစိုက် ကျွေးဖို့လိုပါတယ်။ အဲဒီတော့ ကလေးကို ဂရုတစိုက် စောင့်ကြည့်ပေးဖို့ အမေ အဖေ မိသားစုဝင်တစ်ယောက်ယောက် လိုပါလိမ့်မယ်။

ပထမ ၆လမှာ မိခင်နို့တစ်မျိုးတည်း တိုက်ဖို့ ဆရာဝန်ကညွှန်ကြားပေးရင် တစ်ချို့သော အမေတွေက ပေါ့ပေါ့လေး မှတ်တတ်ကြတယ်။ ပထမတစ်ခုကတော့ မိခင်နို့တစ်မျိုးတည်း ဆိုတဲ့အတိုင်း ကလေး ၆လ မပြည့်မချင်း ရေတောင်တိုက်လို့ မရပါဘူး။ ဆေးဆိုရင်လည်း ဆရာဝန်ညွှန်ကြားချက်နဲ့ လိုအပ်မှသာ တိုက်သင့်ပါတယ်။ အမေနို့ ဘာကြောင့်တိုက်ရတာလဲ မေးစရာ ရှိတယ်။ နားလည်အောင် ရှင်းပြရရင်တော့ မိခင်နို့ရည်ထဲမှာ ကလေးကိုယ်တွင်းကို ဝင်ရောက်လာမဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးနိုင်တဲ့ antibody (ကိုယ်ခံအား) တွေ ပါလို့ပါပဲ။ ကလေးမွေးကင်းစအရွယ် ခုခံအားစနစ် မဖွံ့ဖြိုးသေးတဲ့အတွက် ကိုယ်တိုင် antibody မထုတ်နိုင်သေးပါဘူး။ ဒါကိုအမေဆီက ရဖို့လိုပါတယ်။

အပြင်စာတွေ နို့ဘူးတွေ မတိုက်ခိုင်းတာကလည်း အကြောင်းရှိပါတယ်။ နို့ဘူးတွေ မတိုက်ခိုင်းကတော့ မိခင်နို့စို့တာ နည်းသွားမှာစိုးတဲ့အတွက်ကြောင့်လည်း ပါပါတယ်။ ကလေးက အမေနို့ကိုစို့ရင် အားယူရပါတယ်။ ဒါ့ကြောင့် အလွယ်တကူရတဲ့ နို့ဘူးကို မကြာခဏ ပေးစို့နေရင် အမေနို့စို့တာ နည်းသွားမှာ အမှန်ပါဘဲ။ ကိုယ်ခံအားမဖွံ့ဖြိုးသေးတဲ့ ကလေးကို အပြင်စာတွေ ကျွေးရင်လည်း ဝမ်းပျက်ဝမ်းလျှော ရောဂါတွေလည်း ဖြစ်နိုင်လို့ပါဘဲ။

နောက်တစ်ခုက နာတာရှည်ရောဂါရှိတဲ့သူတွေ …တစ်ချို့က ဆေးတွေ စွဲသောက်နေရတယ်။ တစ်ချို့ကလည်း ကိုယ့်ရောဂါ အခြေအနေကြောင့် ကိုယ်ဝန်မယူသင့်တာတွေရှိမယ်။ အဲလိုရောဂါ ရှိသူတွေက ကိုယ်ဝန်ယူမယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ အရင်ကြိုတိုင်ပင်ထားသင့်ပါတယ်။

ဥပမာပြောရရင်တော့ ကိုယ့်မှာ နှလုံးရောဂါ ဆိုးဆိုးရွားရွားရှိနေတယ်။ ဆရာဝန်က ကိုယ်ဝန်မယူဖို့ အကြံပေးထားတယ်။ ဒါပေမဲ့ ကိုယ်က အခုကလေး အရမ်းလိုချင်နေတယ်။ ဒါဆို ဆရာဝန်ဆီ သွားတိုင်ပင်ရမယ်။ တိုင်ပင်ပြီးလို့ မယူသင့်ဘူးပြောတာကို ကိုယ့်သဘောနဲ့ အတင်းကလေးယူခဲ့ရင် မိခင်အသက်အန္တရာယ် ထိခိုက်မှာပါပဲ။ သားသားလေးမွေးချင်လို့ ကလေးယူတယ် ကလေးမရဘဲ အမေပါ သေသွားတယ်။ ဒါဟာ တကယ်ကို နှမျောစရာပါပဲ။

ဆရာဝန်ဆိုတာ ကောင်းကျိုးဆိုးကျိုးကို အမြဲယှဉ်တွဲစဉ်းစားပြီးမှ ကုသမှုကို ပေးရပါတယ်။ ကလေးရော အမေပါ အရမ်းကို အန္တရာယ်များမဲ့ အခြေအနေရှိနေတဲ့ ရောဂါမျိုးဆိုရင်တော့ ကလေးယူဖို့ တားမြစ်မှာ အမှန်ပါဘဲ။ ဒီလိုမဟုတ်ပဲ မိခင်အန္တရာယ် သိပ်မများတဲ့ အခြေအနေရှိတဲ့ ရောဂါတွေမှာတော့ ကိုယ်ဝန်တစ်လျှောက် အမေရောကလေးပါကျန်းမာလား မကျန်းမာဘူးလား စောင့်ကြည့်ပြီး မွေးဖွားလို့ ရနိုင်တယ်ဆိုရင် မွေးဖို့ အားပေးတတ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ ဆေးသောက်နေရတဲ့သူတွေပါပဲ ။ တစ်ချို့သော ဆေးတွေက ကိုယ့်ရောဂါ အခြေအနေအတွက် သောက်နေရတယ်။ ဒါပေမဲ့ ဒီဆေးတွေထဲက တစ်ချို့သောဆေးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ မသိဘဲဆက်သောက်နေမိရင် ကလေးမှာ မွေးရာပါ ချို့ယွင်းမှုတွေ ပါလာနိုင်တယ်။ နာတာရှည်ရောဂါဆိုရာမှာ လည်ပင်းကသိုင်းရွိုက်ရောဂါတွေ ၊ ပုံမမှန် သွေးခဲတတ်တဲ့ ရောဂါတွေ ၊ သွေးလေးဘက်နာ အရေပြားလေးဘက်နာ ရောဂါတွေ အစရှိတဲ့ ရောဂါတွေအမျိုးစုံ ပါပါတယ်။ သာမန်ဖျားတာနာတာအတွက် ပေးတဲ့ ပိုးသတ်ဆေးတစ်ချို့လည်း ထို့နည်းလည်းကောင်း ပါဘဲ။ ဒါ့ကြောင့် ကိုယ်ကတားဆေးလည်း မသုံးထားဘူး ကိုယ်ဝန်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဆေးတွေကို လက်လွယ်စပယ်တွေ သောက်မနေသင့်ပါဘူး။

ကလေးမိခင်ဝမ်းတွင်းမှာ ရှိနေတဲ့ ပထမဆုံး သုံးလအချိန်ဟာ ကလေးရဲ့ ကိုယ်အင်္ဂါတွေစဖြစ်တဲ့ အချိန်ပါဘဲ။ နာတာရှည်ရောဂါရှိသူဟာ ဆရာဝန်နဲ့ ပုံမှန်တိုင်ပင်ဆွေးနွေးထားခဲ့ရင် ဆရာဝန်က အဲလိုအချိန်မှာ ရောဂါကုသဖို့ သုံးတဲ့ဆေးတွေထဲကမှ ကလေးအင်္ဂါဖွဲ့စည်းမှုကို မထိခိုက်စေနိုင်တဲ့ ဆေးတွေ ရွေးပေးလို့ရပါတယ်။ နောက်ထပ်တစ်ခုကတော့ တားဆေးသုံးပြီး ကလေးယူချင်လို့ ပြန်ဖြတ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် ကိုယ်ဝန်ပြန်ရချင်တဲ့ စိတ်လောတတ်သော တစ်ချို့သော ညီမတွေကို တွေ့ရပါတယ်။

အကြံပေးချင်တာကတော့ စိတ်မလောပါနဲ့… သားဆက်ခြားဆေးတွေက ဟော်မုန်းဆေးတွေ ဖြစ်တဲ့အတွက် အာနိသင်က တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ သူ့မှာတားဆေးဖြတ်ပြီး တစ်လနဲ့ ကိုယ်ဝန်ရပေမဲ့ ကိုယ့်မှာ ဒီထက်ကြာနိုင်ပါတယ်။ ကိုယ်က ကျန်းမာတယ်၊ တားဆေးတွေလည်း ဖြတ်ပြီး ကလေးယူတော့မယ်ဆိုရင် Folic acid လေးတော့ ကြိုသောက်နေလို့ ရပါတယ်။ Folic acid က ကိုယ်တွင်းဆဲလ်တွေ ဖွဲ့စည်းတဲ့ နေရာမှာအရေးပါတဲ့အတွက် ရလာမယ့် ကလေးလေးအတွက်ရော ကိုယ့်အတွက်ပါ အကျိုးရှိပါတယ်။

နောက်တစ်ခုကတော့ ကျန်းကျန်းမာမာနဲ့ စိတ်ဖိစီးမှု လျော့အောင် နေဖို့ပါပဲ။ ကလေးတော့ လိုချင်တယ် ကိုယ်ရောစိတ်ပါ ပင်ပန်းနေတယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ကိုယ်ခန္ဓာဟာ ကိုယ်တွင်းက အရေးအကြီးဆုံးအင်္ဂါတွေ စနစ်တွေ အလုပ်လုပ်ဖို့ကို ဦးစားပေးပါတယ်။ ဒါကြောင့် ကိုယ်စိတ်ပင်ပန်းနေလို့ အင်အားမရှိတဲ့အခါ ခန္ဓာကိုယ်အတွက် မရှိမဖြစ် အရေးမပါဘူးလို့ ယူဆရတဲ့ သားဆက်ခြား တာဝန်ကို ပိတ်လိုက်ပါတယ်။ ဒါ့ကြောင့် ကိုယ်က ကလေးယူချင်တယ်ဆိုရင် ကိုယ်ကျန်းမာအောင် နေရပါမယ်။

ကဲတော်တော်လည်းအကြံပေးပြီးသွားပြီဆိုတော့ ဒီနေ့တော့ ဒီလောက်နဲ့ဘဲရပ်လိုက်ပါမယ်…

ပျော်ရွှင်ချမ်းမြေ့သောနေ့လေးပိုင်ဆိုင်နိုင်ပါစေ

Author : Dr. မွှေး

Previous Post

G6PD

Next Post

မိခင်လောင်းများတွင် ထိုးသင့်သော ကာကွယ်ဆေးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
623

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
593
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်လောင်းများတွင် ထိုးသင့်သော ကာကွယ်ဆေးများ

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၁)

မေမေကြောက်တဲ့မှက္ခရုနာ (သို့) ကလေးများနှင့် မှက္ခရုရောဂါ (အပိုင်း ၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.