fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

မမဗိုက်တို့ဆောင်ရန် ရှောင်ရန်

Sleeping pregnant woman on bed

Sleeping pregnant woman on bed

211
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/04/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မမဗိုက္တို႔ေဆာင္ရန္ ေရွာင္ရန္

မိခင္ေတြအေနနဲ႔ ကိုယ့္ဝမ္းဗိုက္ထဲမွာ ၉ လေလာက္လြယ္ခဲ့ရတဲ့ အခ်စ္ဆုံးေလးထြက္မလာခင္ အေနအထိုင္၊ အသြားအလာ အရမ္းဂ႐ုစိုက္ရပါတယ္။ ကေလးအတြက္ေရာ မိခင္အတြက္ပါ ၂ေယာက္စလုံးအတြက္ ျပဳမူေနထိုင္ရတယ္။ အခုဒီေဆာင္းပါးမွာ ေျပာခ်င္တာေလးေတြက အဲ့လိုကိုယ္ဝန္ေဆာင္ေနရတဲ့ အခ်ိန္အတြင္းမွာ လုပ္ရမဲ့အရာေလးေတြနဲ႔ ေရွာင္သင့္တဲ့ ကိစၥေလးေတြ အေၾကာင္းပဲ ျဖစ္ပါတယ္။

၁ – အားျဖည့္ေဆးမ်ား ေသာက္ပါ

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အာဟာရျပည့္ဝတဲ့ အစားအစာေတြ စားေသာက္သင့္တယ္ဆိုတာ မိခင္တိုင္း သိၾကပါတယ္။ တကယ္လည္း ေတာ္ေတာ္မ်ားမ်ား စားေသာက္ၾကတယ္။ ဒီထပ္ပိုၿပီး ဗီတာမင္ဓာတ္ေတြ၊ သက္ေစာင့္ဓာတ္ေတြ ပါဝင္တဲ့ အားေဆးေတြေသာက္ရင္ ကေလးေရာ မိခင္ေရာအတြက္ ပိုေကာင္းပါတယ္။ ကေလးရဲ႕ ႀကီးထြားႏႈန္းေရာ၊ က်န္းမာေရးကိုပါ ေကာင္းေစပါတယ္။ ဒါ့အျပင္ ကေလးမွာ ေမြးလာတဲ့အခါ တစ္ခုခုခ်ိဳ႕ယြင္းေနတာမ်ိဳး မျဖစ္ေအာင္လည္း အတိုင္းအတာတစ္ခုထိ ကာကြယ္ေပးပါတယ္။ သို႔ေပမဲ့ တန္ေဆးလြန္ေဘးဆိုတဲ့ အတိုင္းပဲ ဒီေဆးေတြကို တစ္ေန႔တစ္ခ်ိန္ထပ္ေတာ့ ပိုမေသာက္သင့္ပါဘူး။

၂ – ေဆးလိပ္ေလးလည္းေရွာင္

ေဆးလိပ္ေသာက္တဲ့ မိခင္ေတြက ေမြးလာတဲ့မိခင္ေတြက ကေလးငယ္ေတြဟာ ေမြးတဲ့အခါ ကိုယ္အေလးခ်ိန္မျပည့္တာ၊ တစ္ခုခုခ်ိဳ႕ယြင္းေနတာ ေတြပိုျဖစ္ႏိုင္ေခ်ရွိပါတယ္။ ေနာက္တစ္ခ်က္ ေတြ႕ရွိရတာက မိခင္က ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေဆးလိပ္ေသာက္ခဲ့တယ္ဆို ေမြးလာတဲ့ ကေလးကလည္း အ႐ြယ္ေရာက္လာခ်ိန္မွာ ေဆးလိပ္ေသာက္ဖို႔ အခြင့္အလမ္းပိုမ်ားတာကို ေတြ႕ရွိရပါတယ္။

၃ – မ်ားမ်ားအိပ္မယ္၊ မ်ားမ်ားနားမယ္

ကိုယ္ဝန္ေဆာင္တယ္ဆိုတာ အခ်ိန္ေပးရပါတယ္။ စိတ္ရႈပ္ေထြးတာလည္း ျဖစ္မယ္၊ ေဟာ္မုန္းဓာတ္ေတြလည္း ေျပာင္းလဲမယ္၊ ဒီကိုးလအတြင္းမွာ မိခင္ေတြအတြက္ အေကာင္းဆုံးနဲ႔ အထိေရာက္ဆုံးအနားယူနည္းကေတာ့ အိပ္စက္ျခင္းပဲျဖစ္ပါတယ္။ အထူးသျဖင့္ ေမြးဖြားခ်ိန္နီးလာေလ အနားယူဖို႔ လိုအပ္လာေလပဲ ျဖစ္ပါတယ္။

ကိုယ့္ကိုယ္ကိုပင္ပန္းေနတယ္ထင္ရင္ တစ္ေမွးေလာက္ျဖစ္ျဖစ္ အိပ္လိုက္ပါ။ ညဖက္ေတြမွာ အိပ္တဲ့အခ်ိန္ကို ပုံေသသတ္မွတ္ထားရင္ ပိုေကာင္းပါတယ္။ တစ္ရက္ကို ၇နာရီကေန ၉ နာရီေလာက္အထိ အိပ္ေပးပါ။ ပင္ပန္းႏြမ္းနယ္သလို ခံစားေနရတယ္ဆိုတာ ကိုယ့္ခႏၶာကိုက အနားယူဖို႔လိုအပ္ေနၿပီဆိုတဲ့ သေဘာျဖစ္တာေၾကာင့္ မ်ားမ်ားသာအိပ္ေပးပါ။

၄ – အရက္မေသာက္ပါနဲ႔

အရက္က ကေလးရဲ႕ဖြံ႕ၿဖိဳးမႈကို သိသိသာသာ သက္ေရာက္ပါတယ္။ မိခင္ျဖစ္သူက ကိုယ္ဝန္ေဆာင္စဥ္ အရက္ကို မၾကာခဏေသာက္သုံးခဲ့မယ္ဆို ကေလးျဖစ္သူမွာ ေပါင္ခ်ိန္မျပည့္တာ၊ ေက်ာင္းမွာ စာမလိုက္ႏိုင္တာ၊ ဆိုးသြမ္းတတ္တာ၊ တျခားကေလးေတြနဲ႔ ယွဥ္ရင္ ညႇက္က်န္ေနခဲ့တာေတြ ျဖစ္ႏိုင္ပါတယ္။

၅ – ေလ့က်င့္ခန္းလည္းလုပ္

ကိုယ္ဝန္ရွိေနရင္ အကုန္းအကြေတြ ဘာမွမလုပ္ရဘူးလို႔ ေရွးလူႀကီးေတြေျပာစကားကို ေမ့လိုက္ပါေတာ့။ အခုေခတ္မွာေတာ့ ကိုယ္ဝန္ေဆာင္သည္ေတြလည္း ေလ့က်င့္ခန္းလုပ္ျခင္းရဲ႕ ေကာင္းက်ိဳးကို ခံစားေနရပါၿပီ၊ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ေလ့က်င့္ခန္း ပုံမွန္လုပ္သြားမယ္ဆို အိပ္မေပ်ာ္တာ၊ ႂကြက္သားေတြ နာက်င္ကိုက္ခဲတာ၊ အဝလြန္တာ၊ စိတ္အေျပာင္းအလဲျမန္တာ စတဲ့ျပႆနာေတြကို သက္သာေစပါတယ္။ တျခားေလ့က်င့္ခန္းေတြထပ္ ေယာဂေလ့က်င့္ခန္းေတြ လုပ္ျခင္းက ကိုယ္ဝန္ေဆာင္ေတြအတြက္ ေကာင္းက်ိဳးမ်ားပါတယ္။ သို႔ေပမဲ့ ကိုယ္က အရင္တုန္းက ဘာေလ့က်င့္ခန္းမွ မလုပ္ဖူးပဲ ကိုယ္ဝန္ရွိေတာ့မွ စလုပ္မယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ အရင္ တိုင္ပင္ၾကည့္ပါအုံး။

၆ – အစိမ္းေတြမစားနဲ႔

ေသခ်ာက်က္ေအာင္ မခ်က္ထားတဲ့ အစားအစာေတြ၊ ဥအစိမ္းေတြက အစားအေသာက္က ျဖစ္တဲ့ ေရာဂါေတြ ကူးစက္ေစႏိုင္ပါတယ္ ဥပမာ – listeriosis, toxoplasmosis။ ဒီေရာဂါေတြျဖစ္လာရင္ ကေလးအတြက္ အႏၲရာယ္ရွိသလို ေနာက္ဆက္တြဲဆိုးက်ိဳးအေနနဲ႔ ကေလးမွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြျဖစ္တာ၊ သားပ်က္သားေလ်ာ ျဖစ္တာေတြ ရွိႏိုင္တယ္။

၇- တခ်ိဳ႕ပင္လယ္စာေတြေရွာင္ပါ

ပင္လယ္စာေတြမွာ ဗီတာမင္ဓာတ္ေတြ၊ သတၱဳဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ပါတယ္။ ဇင့္၊ သံဓာတ္၊ အိုမီဂါ ၃ အက္စစ္ စတာေတြက ကေလးေရာ၊ မိခင္ေရာအတြက္ ေကာင္းေပမဲ့ ဒီပင္လယ္စာေတြကိုသာ ေသခ်ာ မခ်က္ျပဳတ္ထားခဲ့ရင္ ဒီအာဟာရေတြအျပင္ ေရာဂါပါရႏိုင္ပါတယ္။ ဒါ့အျပင္ တခ်ိဳ႕ပင္လယ္သတၱဝါေတြမွာ မာက်ဴရီဓာတ္ ျမင့္မားစြာ ပါဝင္ေနတာေၾကာင့္ ေရွာင္ရွားသင့္ပါတယ္။ ဘာေကာင္ေတြလဲဆိုေတာ့
ငါးမန္း
Swordfish
Tilefish
မက္ကရယ္လ္ ငါးေတြပဲျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပင္လယ္စာေတြစားမယ္ဆိုရင္ ဒီအေကာင္ေတြကို မစားတာေကာင္းၿပီး တျခားေသာ ငါးအမ်ိဳးမ်ိဳးကေတာ့ တစ္ပတ္မွာ ၁၂ ေအာင္စထက္ ပိုမစားသင့္ပါဘူး။

၈ – ေအးခဲစာေတြလည္း ေရွာင္ပါ

ဝယ္ၿပီးအသင့္စားႏိုင္တဲ့ ေဟာ့ေဒါ့ေတြ၊ ၾကက္ဥေခ်ာင္းေတြ၊ အသားျပားေတြ မၾကာမၾကာစားရင္ အေပၚကေျပာခဲ့တဲ့ အစားအေသာက္က ကူးတတ္တဲ့ေရာဂါေတြ ျဖစ္ႏိုင္ေခ် တက္လာမွာျဖစ္လို႔ ေရွာင္သင့္ပါတယ္။ ေနာက္ၿပီး အခုလို အသင့္ျပဳျပင္ထုတ္လုပ္ထားတဲ့ အစာေတြက အာဟာရဓာတ္လည္း ေကာင္းေကာင္းရရွိေစမွာ မဟုတ္ပါဘူး။

၉ – အမ်ိဳးသားနဲ႔ လိင္ဆက္ဆံႏိုင္ပါတယ္

ကိုယ္ဝန္ေဆာင္ အေတာ္မ်ားမ်ားေမးေလ့ရွိတဲ့ ေမးခြန္းျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ လိင္ဆက္ဆံတာ လုံးဝရပ္နားထားရမယ္ဆိုတာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကိုယ့္ကိုယ္ဝန္မွာ ပုံမွန္မဟုတ္တာ တခုခုရွိေနခဲ့မယ္ဆိုရင္ ဥပမာ အခ်င္းေရွ႕ေရာက္တာမ်ိဳး မျဖစ္ဖူးဆိုရင္ လိင္ဆက္ဆံႏိုင္ပါတယ္။ ဒါေပမဲ့ ဆက္ဆံခ်ိန္မွာ အမ်ိဳးသမီးရဲ႕ ဗိုက္ေပၚကို ဖိအား အရမ္းသက္ေရာက္ႏိုင္တဲ့ နည္းေတြနဲ႔ေတာ့ မဆက္ဆံသင့္ပါဘူး။

၁၀ – ႏြားႏို႔မ်ားကို ႀကိဳခ်က္ၿပီးမွေသာက္ပါ

ႏြားႏို႔မွာပါတဲ့ ကယ္လ္စီယမ္ဓာတ္က ကေလးငယ္ႀကီးထြားဖို႔ အင္မတန္ အေရးႀကီးတယ္ဆိုေပမဲ့ ကိုယ္ေသာက္လိုက္တဲ့ႏြားႏို႔ ေသခ်ာႀကိဳခ်က္ထားတာျဖစ္ဖို႔ေတာ့ လိုအပ္ပါတယ္။ ေသခ်ာမႀကိဳခ်က္ထားတဲ့ ႏြားႏို႔မွာ Listeria လို႔ေခၚတဲ့ ဘတ္တီးရီးယား ပါဝင္ပါတယ္။ ဒီအေကာင္က ဖ်ားနာေစတယ္၊ သားပ်က္သားေလ်ာျဖစ္ေစတယ္၊ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ အေနနဲ႔ ႏြားႏို႔ကို ေသခ်ာႀကိဳခ်က္ၿပီးမွ ေသာက္ဖို႔လိုတယ္။

၁၁- စားပါ၊ အဝေတာ့မလြန္ပါေစႏွင့္

ကိုယ္ဝန္ေဆာင္ရင္ ႀကိဳက္သေလာက္သာစား၊ အကုန္စား၊ ၂ ေယာက္စာ စားဆိုတဲ့စကားက တကယ္ေတာ့ နဲနဲလြဲေနပါတယ္။ စားခ်င္တာအကုန္စားၿပီး ဝိတ္ေတြစြတ္တက္လာရင္ မိခင္လည္း သြားလာရခက္ခဲသလို ကေလးမွာလည္း ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားပါတယ္။ တိတိက်က်ေျပာရရင္ ကိုယ္ဝန္ေဆာင္တဲ့ ပထမ သုံးလမွာ ကိုယ္စားေနက်ထပ္ တစ္ေန႔ကို ၁၀၀ ကီလိုရီပဲ ပိုလိုတာျဖစ္ၿပီး ေနာက္ဆုံးေမြးဖို႔ ၃ လအလိုအခ်ိန္မွာ တစ္ေန႔ကို ၃၀၀ ကီလိုရီေလာက္ လိုတာျဖစ္တာမို႔ မိခင္မ်ားခ်င့္ခ်ိန္ စားၾကဖို႔လိုပါတယ္။

၁၂ – ေရေႏြးမစိမ္ပါနဲ႔

စိတ္ေျဖေလ်ာ့တဲ့အေနနဲ႔ အပူခ်ိန္ျမင့္တဲ့ ေရေႏြးေရခ်ိဳးခန္းထဲေခြၽးထုတ္တာ၊ Jacuzzi ေတြ saunas ေတြသြားတာ စတာေတြက ကေလးအတြက္ အရမ္းအႏၲရာယ္မ်ားပါတယ္။ ေလ့လာခ်က္ေတြအရ ကိုယ္ဝန္လႏုတုန္း ဒီလိုေတြလုပ္ရင္ ကိုယ္ဝန္ပ်က္က်ႏိုင္ေျခ တက္လာတယ္တာကိုေတြ႕ရွိရပါတယ္။

Author : Dr. Wayne

မမဗိုက်တို့ဆောင်ရန် ရှောင်ရန်

မိခင်တွေအနေနဲ့ ကိုယ့်ဝမ်းဗိုက်ထဲမှာ ၉ လလောက်လွယ်ခဲ့ရတဲ့ အချစ်ဆုံးလေးထွက်မလာခင် အနေအထိုင်၊ အသွားအလာ အရမ်းဂရုစိုက်ရပါတယ်။ ကလေးအတွက်ရော မိခင်အတွက်ပါ ၂ယောက်စလုံးအတွက် ပြုမူနေထိုင်ရတယ်။ အခုဒီဆောင်းပါးမှာ ပြောချင်တာလေးတွေက အဲ့လိုကိုယ်ဝန်ဆောင်နေရတဲ့ အချိန်အတွင်းမှာ လုပ်ရမဲ့အရာလေးတွေနဲ့ ရှောင်သင့်တဲ့ ကိစ္စလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။

၁ – အားဖြည့်ဆေးများ သောက်ပါ

ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသောက်သင့်တယ်ဆိုတာ မိခင်တိုင်း သိကြပါတယ်။ တကယ်လည်း တော်တော်များများ စားသောက်ကြတယ်။ ဒီထပ်ပိုပြီး ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ ပါဝင်တဲ့ အားဆေးတွေသောက်ရင် ကလေးရော မိခင်ရောအတွက် ပိုကောင်းပါတယ်။ ကလေးရဲ့ ကြီးထွားနှုန်းရော၊ ကျန်းမာရေးကိုပါ ကောင်းစေပါတယ်။ ဒါ့အပြင် ကလေးမှာ မွေးလာတဲ့အခါ တစ်ခုခုချို့ယွင်းနေတာမျိုး မဖြစ်အောင်လည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးပါတယ်။ သို့ပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ ဒီဆေးတွေကို တစ်နေ့တစ်ချိန်ထပ်တော့ ပိုမသောက်သင့်ပါဘူး။

၂ – ဆေးလိပ်လေးလည်းရှောင်

ဆေးလိပ်သောက်တဲ့ မိခင်တွေက မွေးလာတဲ့မိခင်တွေက ကလေးငယ်တွေဟာ မွေးတဲ့အခါ ကိုယ်အလေးချိန်မပြည့်တာ၊ တစ်ခုခုချို့ယွင်းနေတာ တွေပိုဖြစ်နိုင်ချေရှိပါတယ်။ နောက်တစ်ချက် တွေ့ရှိရတာက မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးလိပ်သောက်ခဲ့တယ်ဆို မွေးလာတဲ့ ကလေးကလည်း အရွယ်ရောက်လာချိန်မှာ ဆေးလိပ်သောက်ဖို့ အခွင့်အလမ်းပိုများတာကို တွေ့ရှိရပါတယ်။

၃ – များများအိပ်မယ်၊ များများနားမယ်

ကိုယ်ဝန်ဆောင်တယ်ဆိုတာ အချိန်ပေးရပါတယ်။ စိတ်ရှုပ်ထွေးတာလည်း ဖြစ်မယ်၊ ဟော်မုန်းဓာတ်တွေလည်း ပြောင်းလဲမယ်၊ ဒီကိုးလအတွင်းမှာ မိခင်တွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံးအနားယူနည်းကတော့ အိပ်စက်ခြင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် မွေးဖွားချိန်နီးလာလေ အနားယူဖို့ လိုအပ်လာလေပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုပင်ပန်းနေတယ်ထင်ရင် တစ်မှေးလောက်ဖြစ်ဖြစ် အိပ်လိုက်ပါ။ ညဖက်တွေမှာ အိပ်တဲ့အချိန်ကို ပုံသေသတ်မှတ်ထားရင် ပိုကောင်းပါတယ်။ တစ်ရက်ကို ၇နာရီကနေ ၉ နာရီလောက်အထိ အိပ်ပေးပါ။ ပင်ပန်းနွမ်းနယ်သလို ခံစားနေရတယ်ဆိုတာ ကိုယ့်ခန္ဓာကိုက အနားယူဖို့လိုအပ်နေပြီဆိုတဲ့ သဘောဖြစ်တာကြောင့် များများသာအိပ်ပေးပါ။

၄ – အရက်မသောက်ပါနဲ့

အရက်က ကလေးရဲ့ဖွံ့ဖြိုးမှုကို သိသိသာသာ သက်ရောက်ပါတယ်။ မိခင်ဖြစ်သူက ကိုယ်ဝန်ဆောင်စဉ် အရက်ကို မကြာခဏသောက်သုံးခဲ့မယ်ဆို ကလေးဖြစ်သူမှာ ပေါင်ချိန်မပြည့်တာ၊ ကျောင်းမှာ စာမလိုက်နိုင်တာ၊ ဆိုးသွမ်းတတ်တာ၊ တခြားကလေးတွေနဲ့ ယှဉ်ရင် ညှက်ကျန်နေခဲ့တာတွေ ဖြစ်နိုင်ပါတယ်။

၅ – လေ့ကျင့်ခန်းလည်းလုပ်

ကိုယ်ဝန်ရှိနေရင် အကုန်းအကွတွေ ဘာမှမလုပ်ရဘူးလို့ ရှေးလူကြီးတွေပြောစကားကို မေ့လိုက်ပါတော့။ အခုခေတ်မှာတော့ ကိုယ်ဝန်ဆောင်သည်တွေလည်း လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ကောင်းကျိုးကို ခံစားနေရပါပြီ၊ ကိုယ်ဝန်ဆောင်ချိန်အတွင်း လေ့ကျင့်ခန်း ပုံမှန်လုပ်သွားမယ်ဆို အိပ်မပျော်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ အဝလွန်တာ၊ စိတ်အပြောင်းအလဲမြန်တာ စတဲ့ပြဿနာတွေကို သက်သာစေပါတယ်။ တခြားလေ့ကျင့်ခန်းတွေထပ် ယောဂလေ့ကျင့်ခန်းတွေ လုပ်ခြင်းက ကိုယ်ဝန်ဆောင်တွေအတွက် ကောင်းကျိုးများပါတယ်။ သို့ပေမဲ့ ကိုယ်က အရင်တုန်းက ဘာလေ့ကျင့်ခန်းမှ မလုပ်ဖူးပဲ ကိုယ်ဝန်ရှိတော့မှ စလုပ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင် တိုင်ပင်ကြည့်ပါအုံး။

၆ – အစိမ်းတွေမစားနဲ့

သေချာကျက်အောင် မချက်ထားတဲ့ အစားအစာတွေ၊ ဥအစိမ်းတွေက အစားအသောက်က ဖြစ်တဲ့ ရောဂါတွေ ကူးစက်စေနိုင်ပါတယ် ဥပမာ – listeriosis, toxoplasmosis။ ဒီရောဂါတွေဖြစ်လာရင် ကလေးအတွက် အန္တရာယ်ရှိသလို နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေဖြစ်တာ၊ သားပျက်သားလျော ဖြစ်တာတွေ ရှိနိုင်တယ်။

၇- တချို့ပင်လယ်စာတွေရှောင်ပါ

ပင်လယ်စာတွေမှာ ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်ပါတယ်။ ဇင့်၊ သံဓာတ်၊ အိုမီဂါ ၃ အက်စစ် စတာတွေက ကလေးရော၊ မိခင်ရောအတွက် ကောင်းပေမဲ့ ဒီပင်လယ်စာတွေကိုသာ သေချာ မချက်ပြုတ်ထားခဲ့ရင် ဒီအာဟာရတွေအပြင် ရောဂါပါရနိုင်ပါတယ်။ ဒါ့အပြင် တချို့ပင်လယ်သတ္တဝါတွေမှာ မာကျူရီဓာတ် မြင့်မားစွာ ပါဝင်နေတာကြောင့် ရှောင်ရှားသင့်ပါတယ်။ ဘာကောင်တွေလဲဆိုတော့
ငါးမန်း
Swordfish
Tilefish
မက်ကရယ်လ် ငါးတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ပင်လယ်စာတွေစားမယ်ဆိုရင် ဒီအကောင်တွေကို မစားတာကောင်းပြီး တခြားသော ငါးအမျိုးမျိုးကတော့ တစ်ပတ်မှာ ၁၂ အောင်စထက် ပိုမစားသင့်ပါဘူး။

၈ – အေးခဲစာတွေလည်း ရှောင်ပါ

ဝယ်ပြီးအသင့်စားနိုင်တဲ့ ဟော့ဒေါ့တွေ၊ ကြက်ဥချောင်းတွေ၊ အသားပြားတွေ မကြာမကြာစားရင် အပေါ်ကပြောခဲ့တဲ့ အစားအသောက်က ကူးတတ်တဲ့ရောဂါတွေ ဖြစ်နိုင်ချေ တက်လာမှာဖြစ်လို့ ရှောင်သင့်ပါတယ်။ နောက်ပြီး အခုလို အသင့်ပြုပြင်ထုတ်လုပ်ထားတဲ့ အစာတွေက အာဟာရဓာတ်လည်း ကောင်းကောင်းရရှိစေမှာ မဟုတ်ပါဘူး။

၉ – အမျိုးသားနဲ့ လိင်ဆက်ဆံနိုင်ပါတယ်

ကိုယ်ဝန်ဆောင် အတော်များများမေးလေ့ရှိတဲ့ မေးခွန်းဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံတာ လုံးဝရပ်နားထားရမယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ဝန်မှာ ပုံမှန်မဟုတ်တာ တခုခုရှိနေခဲ့မယ်ဆိုရင် ဥပမာ အချင်းရှေ့ရောက်တာမျိုး မဖြစ်ဖူးဆိုရင် လိင်ဆက်ဆံနိုင်ပါတယ်။ ဒါပေမဲ့ ဆက်ဆံချိန်မှာ အမျိုးသမီးရဲ့ ဗိုက်ပေါ်ကို ဖိအား အရမ်းသက်ရောက်နိုင်တဲ့ နည်းတွေနဲ့တော့ မဆက်ဆံသင့်ပါဘူး။

၁၀ – နွားနို့များကို ကြိုချက်ပြီးမှသောက်ပါ

နွားနို့မှာပါတဲ့ ကယ်လ်စီယမ်ဓာတ်က ကလေးငယ်ကြီးထွားဖို့ အင်မတန် အရေးကြီးတယ်ဆိုပေမဲ့ ကိုယ်သောက်လိုက်တဲ့နွားနို့ သေချာကြိုချက်ထားတာဖြစ်ဖို့တော့ လိုအပ်ပါတယ်။ သေချာမကြိုချက်ထားတဲ့ နွားနို့မှာ Listeria လို့ခေါ်တဲ့ ဘတ်တီးရီးယား ပါဝင်ပါတယ်။ ဒီအကောင်က ဖျားနာစေတယ်၊ သားပျက်သားလျောဖြစ်စေတယ်၊ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်တွေ အနေနဲ့ နွားနို့ကို သေချာကြိုချက်ပြီးမှ သောက်ဖို့လိုတယ်။

၁၁- စားပါ၊ အဝတော့မလွန်ပါစေနှင့်

ကိုယ်ဝန်ဆောင်ရင် ကြိုက်သလောက်သာစား၊ အကုန်စား၊ ၂ ယောက်စာ စားဆိုတဲ့စကားက တကယ်တော့ နဲနဲလွဲနေပါတယ်။ စားချင်တာအကုန်စားပြီး ဝိတ်တွေစွတ်တက်လာရင် မိခင်လည်း သွားလာရခက်ခဲသလို ကလေးမှာလည်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါတယ်။ တိတိကျကျပြောရရင် ကိုယ်ဝန်ဆောင်တဲ့ ပထမ သုံးလမှာ ကိုယ်စားနေကျထပ် တစ်နေ့ကို ၁၀၀ ကီလိုရီပဲ ပိုလိုတာဖြစ်ပြီး နောက်ဆုံးမွေးဖို့ ၃ လအလိုအချိန်မှာ တစ်နေ့ကို ၃၀၀ ကီလိုရီလောက် လိုတာဖြစ်တာမို့ မိခင်များချင့်ချိန် စားကြဖို့လိုပါတယ်။

၁၂ – ရေနွေးမစိမ်ပါနဲ့

စိတ်ဖြေလျော့တဲ့အနေနဲ့ အပူချိန်မြင့်တဲ့ ရေနွေးရေချိုးခန်းထဲချွေးထုတ်တာ၊ Jacuzzi တွေ saunas တွေသွားတာ စတာတွေက ကလေးအတွက် အရမ်းအန္တရာယ်များပါတယ်။ လေ့လာချက်တွေအရ ကိုယ်ဝန်လနုတုန်း ဒီလိုတွေလုပ်ရင် ကိုယ်ဝန်ပျက်ကျနိုင်ခြေ တက်လာတယ်တာကိုတွေ့ရှိရပါတယ်။

Author : Dr. Wayne

Previous Post

ကိုယ်ဝန်ဆောင်နဲ့ မှိုရောဂါ

Next Post

ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဖန်ပြွန်သန္ဓေသားဖြင့် ကိုယ်ဝန်ဆောင်ခြင်း

ကျားမ မရွေးလုပ်နိုင်တဲ့ Kegel’s exercise (တင်ပါးဆုံကွင်းကြွက်သား) လေ့ကျင့်ခန်း

ကော့နေသလား ကွေးနေသလား?

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.