(Zawgyi)
ကိုယ္ဝန္ေဆာင္နဲ႔ မႈိေရာဂါ
ကိုယ္ဝန္ေဆာင္ခ်ိန္မွာျဖစ္ေလ့ရွိတဲ့ ျပႆနာေတြထဲမွာ မိန္းမကိုယ္လမ္းေၾကာင္း မႈိစြဲတာလည္း တစ္ခု အပါအဝင္ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ မႈိစြဲတာကို ျဖစ္ေစတဲ့ အဓိကအေကာင္ကေတာ့ Candida albicans လို႔ေခၚတဲ့ အေကာင္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္။
သဘာဝအတိုင္းလည္း ခႏၶာကိုယ္ထဲမွာ အက်ိဳးျပဳတဲ့ မႈိအမ်ိဳးအစားေတြ၊ ဘတ္တီးရီးယားေတြ ရွိပါတယ္။ အေျခအေနတစ္ခုေၾကာင့္ ဒီလိုအက်ိဳးျပဳတဲ့ အေကာင္ေတြနည္းသြားရင္ ေရာဂါျဖစ္ေစတဲ့အေကာင္ေတြ အရမ္းပြားလာပါေတာ့တယ္။ အခုလည္း ဒီသေဘာပါပဲ။
ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အမ်ိဳးသမီးေတြကိုယ္ထဲကေန အီစထ႐ိုဂ်င္ေဟာ္မုန္းေတြ အရမ္းထြက္လာတယ္။ ဒီလိုထြက္လာတဲ့အခါ မိန္းမကိုယ္ကေန glycogen ေတြ ပိုထြက္လာတယ္။ Glycogen ေတြပိုမ်ားလာေလေလ မိန္းမကိုယ္ထဲမွာ မႈိေပါက္လာဖို႔ပိုလြယ္လာေလပါ။ ဒါ့အျပင္ ကိုယ္က ပိုးသတ္ေဆးတစ္ခုခု ၾကာရွည္ေသာက္သုံးလိုက္တာေၾကာင့္လည္း မိန္းမကိုယ္မႈိစြဲေစပါတယ္။ ပိုးသတ္ေဆးေတြက မေကာင္းတဲ့ပိုးေတြ တင္မကပဲ ပုံမွန္အတိုင္းရွိေနတဲ့ အေကာင္ေတြပါ သတ္ပစ္လိုက္တဲ့အတြက္ ျဖစ္ပါတယ္။
မိန္းမကိုယ္မႈိစြဲရင္ျပတတ္တဲ့ လကၡဏာေတြကေတာ့ မိန္းမကိုယ္က ယားမယ္၊ ေရာင္လာမယ္၊ ပူစပ္ပူေလာင္ခံစားရမယ္၊ နီရဲလာမယ္၊ ဒါ့အျပင္ အနံ႔မနံတဲ့ အျဖဴေတြဆင္းမယ္၊ ကိုယ္ဝန္ေဆာင္စဥ္ လိင္ဆက္ဆံရင္ နာက်င္မယ္၊ ဆီးသြားရင္ မီးစနဲ႔ထိေတြ႕သလို ပူမယ္၊ ဒီလိုလကၡဏာေတြ ခံစားရရင္ နီးစပ္ရာသားဖြားမီးယပ္ဆရာဝန္နဲ႔သြားျပၾကည့္ပါ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေသာက္လို႔ရတဲ့ေဆးရွိတယ္၊ ေသာက္လို႔မရတဲ့ေဆးရွိပါတယ္။
ကိုယ့္ဖာသာထင္တာေတြေသာက္လိုက္မိလို႔ မွားသြားရင္ မေကာင္းတဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္သြားႏိုင္လို႔ပါ။ မ်ားေသာအားျဖင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ကေလးကိုထိခိုက္မႈမျဖစ္ေအာင္လို႔ မိန္းမကိုယ္လမ္းေၾကာင္း မႈိစြဲတာေလာက္ကိုေတာ့ ေသာက္ေဆးမေပးပဲ လိမ္းေဆးေလာက္နဲ႔ပဲ ကုသေလ့ရွိပါတယ္။ ဒါ့အျပင္ မိန္းမကိုယ္ထဲထည့္ရတဲ့ ေဆးေတာင့္ေတြနဲ႔လည္း ကုသေလ့ရွိပါတယ္။ မ်ားေသာအားျဖင့္ ဒီေဆးေတြက ၇ ရက္ေလာက္ဆက္တိုက္သုံးေပးရတယ္။
ညဖက္အိပ္ရာဝင္ခါနီး သုံးေပးရင္ ပိုေကာင္းပါတယ္။ Miconazole, Clotrimazole လို လိမ္းေဆးေတြ သုံးေပးလို႔ရပါတယ္။ Fluconazole လိုေဆးမ်ိဳးကိုေတာ့ ကိုယ္ဝန္ပထမ သုံးလအတြင္းမွာ အသုံးမျပဳသင့္ပါဘူး။ ေဆးလိမ္းၿပီး သက္သာေအာင္ အခ်ိန္တစ္ခုေတာ့ ေစာင့္ေပးဖို႔ လိုပါမယ္။ ဒီၾကားထဲ ခံစားရတဲ့ ေဝဒနာသက္သာေအာင္ ေရခဲအိတ္ မၾကာမၾကာ ကပ္ေပးလို႔ရပါတယ္။
မႈိစြဲတာအတြက္ လိမ္းေဆးေတြ ေဖာ္ျပလိုက္ေပမဲ့ ကိုယ့္ဖာသာ အစအဆုံးကုမယ္လို႔ေတာ့ မစဥ္းစားတာ ေကာင္းပါတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ အေပၚက လကၡဏာေတြ ခံစားရေပမဲ့ မႈိစြဲတာမဟုတ္ပဲ တျခားေရာဂါေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါေသးတယ္ ဥပမာ – လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါ ေတြမွာဆိုလည္း ဒီလိုေရာဂါလကၡဏာေတြ ျပႏိုင္ပါေသးတယ္။
ဒါဆို ေမးစရာရွိတာက ဒီလိုကိုယ္ဝန္ေဆာင္ခ်ိန္မွာ မႈိစြဲတဲ့အခါ ေမြးလာမဲ့ ကေလးငယ္ကို ထိခိုက္သြားႏိုင္ပါသလား? သိပ္မစိုးရိမ္ပါနဲ႔။ မိန္းမကိုယ္လမ္းေၾကာင္းမွာျဖစ္တဲ့ မႈိေရာဂါက ဗိုက္ထဲကကေလးငယ္ကို ဘာမွထိခိုက္မႈ ျဖစ္ေစမွာမဟုတ္ပါဘူး။ သို႔ေပမဲ့ တစ္ခုရွိတာက ကေလးေမြးတဲ့အခါ ေမြးလမ္းေၾကာင္းတစ္ေလွ်ာက္နဲ႔ ထိေတြ႕မိတာမို႔ ဒီအခ်ိန္မွာေတာ့ကေလးကို ကူးစက္သြားႏိုင္ပါတယ္။ ဒီလိုကူးစက္သြားရင္ ကေလးပါးစပ္ထဲမွာ အျဖဴအကြက္အကြက္ (မွဲ႔ခ႐ု) ေတြထြက္လာေစတယ္ (တစ္ခုသတိျပဳရမွာက ဘာေရာဂါမွမရွိတဲ့ ကေလးငယ္ေတြမွာလည္း ဒီလိုမွဲ႔ခ႐ု ေတြထြက္လာတတ္ပါတယ္) ဘာမွစိတ္ပူစရာမလိုပါဘူး၊ အလြယ္တကူ ကုသႏိုင္ပါတယ္။ ကိုယ္ဝန္ရွိစဥ္ အမ်ိဳးသားနဲ႔ လိင္ဆက္ဆံမိခဲ့ရင္ (ရွားေတာ့ရွားေပမဲ့) ကူးစက္ႏိုင္ေျခေတာ့ ရွိပါတယ္။
ဒါဆို ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ မိန္းမကိုယ္လမ္းေၾကာင္း မႈိမစြဲေအာင္ ဘယ္လိုကာကြယ္ၾကမလဲ? ေလ့လာမႈေတြ အရေတာ့ မိန္းမကိုယ္လမ္းေၾကာင္းကို ေျခာက္ေသြ႕ေအာင္ထားရင္ မႈိစြဲတာကို အေတာ္အသင့္ သက္သာေစတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္းသားအတြင္းခံေတြ ဝတ္ဆင္ေပးႏိုင္တယ္။
အတြင္းခံ စိုစြတ္ေနတဲ့အခ်ိန္မ်ိဳးမွာ မၾကာမၾကာ လဲလွယ္ေပးပါ။ ေနာက္ၿပီး အရမ္းက်ပ္တဲ့ အတြင္းခံေတြ ဝတ္ဖို႔မသင့္ေတာ္ပါဘူး။ ညဖက္အိပ္တဲ့အခါမွာလည္း ျဖစ္ႏိုင္ရင္ အတြင္းခံ ခြၽတ္အိပ္သင့္ပါတယ္။ ဒါ့အျပင္ မိန္းမကိုယ္ႏႈိတ္ေဆးတာေတြ မလုပ္သင့္ပါဘူး။ အေပါ့သြားၿပီးတဲ့အခါ အေနာက္ဖက္ (စအိုဖက္) ကေန အေရွ႕ကို ဆြဲသုတ္ေပးပါ။ ဒီလိုနည္းေတြက မိန္းမကိုယ္လမ္းေၾကာင္း မႈိစြဲတာမျဖစ္ေအာင္ အတန္အသင့္ကာကြယ္ေပးႏိုင္ပါတယ္။
Author : Dr. Wayne
(Unicode)
ကိုယ်ဝန်ဆောင်နဲ့ မှိုရောဂါ
ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့ ပြဿနာတွေထဲမှာ မိန်းမကိုယ်လမ်းကြောင်း မှိုစွဲတာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှိုစွဲတာကို ဖြစ်စေတဲ့ အဓိကအကောင်ကတော့ Candida albicans လို့ခေါ်တဲ့ အကောင်တွေကြောင့်ပဲ ဖြစ်ပါတယ်။
သဘာဝအတိုင်းလည်း ခန္ဓာကိုယ်ထဲမှာ အကျိုးပြုတဲ့ မှိုအမျိုးအစားတွေ၊ ဘတ်တီးရီးယားတွေ ရှိပါတယ်။ အခြေအနေတစ်ခုကြောင့် ဒီလိုအကျိုးပြုတဲ့ အကောင်တွေနည်းသွားရင် ရောဂါဖြစ်စေတဲ့အကောင်တွေ အရမ်းပွားလာပါတော့တယ်။ အခုလည်း ဒီသဘောပါပဲ။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေကိုယ်ထဲကနေ အီစထရိုဂျင်ဟော်မုန်းတွေ အရမ်းထွက်လာတယ်။ ဒီလိုထွက်လာတဲ့အခါ မိန်းမကိုယ်ကနေ glycogen တွေ ပိုထွက်လာတယ်။ Glycogen တွေပိုများလာလေလေ မိန်းမကိုယ်ထဲမှာ မှိုပေါက်လာဖို့ပိုလွယ်လာလေပါ။ ဒါ့အပြင် ကိုယ်က ပိုးသတ်ဆေးတစ်ခုခု ကြာရှည်သောက်သုံးလိုက်တာကြောင့်လည်း မိန်းမကိုယ်မှိုစွဲစေပါတယ်။ ပိုးသတ်ဆေးတွေက မကောင်းတဲ့ပိုးတွေ တင်မကပဲ ပုံမှန်အတိုင်းရှိနေတဲ့ အကောင်တွေပါ သတ်ပစ်လိုက်တဲ့အတွက် ဖြစ်ပါတယ်။
မိန်းမကိုယ်မှိုစွဲရင်ပြတတ်တဲ့ လက္ခဏာတွေကတော့ မိန်းမကိုယ်က ယားမယ်၊ ရောင်လာမယ်၊ ပူစပ်ပူလောင်ခံစားရမယ်၊ နီရဲလာမယ်၊ ဒါ့အပြင် အနံ့မနံတဲ့ အဖြူတွေဆင်းမယ်၊ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံရင် နာကျင်မယ်၊ ဆီးသွားရင် မီးစနဲ့ထိတွေ့သလို ပူမယ်၊ ဒီလိုလက္ခဏာတွေ ခံစားရရင် နီးစပ်ရာသားဖွားမီးယပ်ဆရာဝန်နဲ့သွားပြကြည့်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်လို့ရတဲ့ဆေးရှိတယ်၊ သောက်လို့မရတဲ့ဆေးရှိပါတယ်။
ကိုယ့်ဖာသာထင်တာတွေသောက်လိုက်မိလို့ မှားသွားရင် မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်သွားနိုင်လို့ပါ။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးကိုထိခိုက်မှုမဖြစ်အောင်လို့ မိန်းမကိုယ်လမ်းကြောင်း မှိုစွဲတာလောက်ကိုတော့ သောက်ဆေးမပေးပဲ လိမ်းဆေးလောက်နဲ့ပဲ ကုသလေ့ရှိပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ထဲထည့်ရတဲ့ ဆေးတောင့်တွေနဲ့လည်း ကုသလေ့ရှိပါတယ်။ များသောအားဖြင့် ဒီဆေးတွေက ၇ ရက်လောက်ဆက်တိုက်သုံးပေးရတယ်။
ညဖက်အိပ်ရာဝင်ခါနီး သုံးပေးရင် ပိုကောင်းပါတယ်။ Miconazole, Clotrimazole လို လိမ်းဆေးတွေ သုံးပေးလို့ရပါတယ်။ Fluconazole လိုဆေးမျိုးကိုတော့ ကိုယ်ဝန်ပထမ သုံးလအတွင်းမှာ အသုံးမပြုသင့်ပါဘူး။ ဆေးလိမ်းပြီး သက်သာအောင် အချိန်တစ်ခုတော့ စောင့်ပေးဖို့ လိုပါမယ်။ ဒီကြားထဲ ခံစားရတဲ့ ဝေဒနာသက်သာအောင် ရေခဲအိတ် မကြာမကြာ ကပ်ပေးလို့ရပါတယ်။
မှိုစွဲတာအတွက် လိမ်းဆေးတွေ ဖော်ပြလိုက်ပေမဲ့ ကိုယ့်ဖာသာ အစအဆုံးကုမယ်လို့တော့ မစဉ်းစားတာ ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အပေါ်က လက္ခဏာတွေ ခံစားရပေမဲ့ မှိုစွဲတာမဟုတ်ပဲ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ် ဥပမာ – လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ တွေမှာဆိုလည်း ဒီလိုရောဂါလက္ခဏာတွေ ပြနိုင်ပါသေးတယ်။
ဒါဆို မေးစရာရှိတာက ဒီလိုကိုယ်ဝန်ဆောင်ချိန်မှာ မှိုစွဲတဲ့အခါ မွေးလာမဲ့ ကလေးငယ်ကို ထိခိုက်သွားနိုင်ပါသလား? သိပ်မစိုးရိမ်ပါနဲ့။ မိန်းမကိုယ်လမ်းကြောင်းမှာဖြစ်တဲ့ မှိုရောဂါက ဗိုက်ထဲကကလေးငယ်ကို ဘာမှထိခိုက်မှု ဖြစ်စေမှာမဟုတ်ပါဘူး။ သို့ပေမဲ့ တစ်ခုရှိတာက ကလေးမွေးတဲ့အခါ မွေးလမ်းကြောင်းတစ်လျှောက်နဲ့ ထိတွေ့မိတာမို့ ဒီအချိန်မှာတော့ကလေးကို ကူးစက်သွားနိုင်ပါတယ်။ ဒီလိုကူးစက်သွားရင် ကလေးပါးစပ်ထဲမှာ အဖြူအကွက်အကွက် (မှဲ့ခရု) တွေထွက်လာစေတယ် (တစ်ခုသတိပြုရမှာက ဘာရောဂါမှမရှိတဲ့ ကလေးငယ်တွေမှာလည်း ဒီလိုမှဲ့ခရု တွေထွက်လာတတ်ပါတယ်) ဘာမှစိတ်ပူစရာမလိုပါဘူး၊ အလွယ်တကူ ကုသနိုင်ပါတယ်။ ကိုယ်ဝန်ရှိစဉ် အမျိုးသားနဲ့ လိင်ဆက်ဆံမိခဲ့ရင် (ရှားတော့ရှားပေမဲ့) ကူးစက်နိုင်ခြေတော့ ရှိပါတယ်။
ဒါဆို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မိန်းမကိုယ်လမ်းကြောင်း မှိုမစွဲအောင် ဘယ်လိုကာကွယ်ကြမလဲ? လေ့လာမှုတွေ အရတော့ မိန်းမကိုယ်လမ်းကြောင်းကို ခြောက်သွေ့အောင်ထားရင် မှိုစွဲတာကို အတော်အသင့် သက်သာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ ချည်းသားအတွင်းခံတွေ ဝတ်ဆင်ပေးနိုင်တယ်။
အတွင်းခံ စိုစွတ်နေတဲ့အချိန်မျိုးမှာ မကြာမကြာ လဲလှယ်ပေးပါ။ နောက်ပြီး အရမ်းကျပ်တဲ့ အတွင်းခံတွေ ဝတ်ဖို့မသင့်တော်ပါဘူး။ ညဖက်အိပ်တဲ့အခါမှာလည်း ဖြစ်နိုင်ရင် အတွင်းခံ ချွတ်အိပ်သင့်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်နှိုတ်ဆေးတာတွေ မလုပ်သင့်ပါဘူး။ အပေါ့သွားပြီးတဲ့အခါ အနောက်ဖက် (စအိုဖက်) ကနေ အရှေ့ကို ဆွဲသုတ်ပေးပါ။ ဒီလိုနည်းတွေက မိန်းမကိုယ်လမ်းကြောင်း မှိုစွဲတာမဖြစ်အောင် အတန်အသင့်ကာကွယ်ပေးနိုင်ပါတယ်။
Author : Dr.Wayne