ကိုယ်ဝန်ဆောင် သက်ကြီးပိုင်း အမျိုးသမီများ လေဖြတ်နိုင်ခြေ မြင့်တက်ကြောင်း သိထားကြပါသည်။ အောက်တိုဘာ(၂၄) ရက်က ထုတ်ပြန်တဲ့ လေ့လာမှုအရ အမှန်တကယ် လေဖြတ်နိုင်ခြေမြင့်တက်မှုက ငယ်ရွယ်တဲ့ အမျိုးသမီးများ ကိုယ်ဝန်သည်များဖြစ်သည်။
အမေရိကန်ဆေးပညာအဖွဲ့ ဂျာနယ်များမှ ဖော်ပြထားတာက အသက်အရွယ်အုပ်စုအမျိုးမျိုးတို့ လေဖြတ်နိုင်ခြင်း ဖြစ်ပွားမှုနှိုင်းယှဉ် လေ့လာခဲ့တယ်။
အသက်အရွယ်အမျိုးမျိုးရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများရဲ့ လေဖြတ်ခြင်းဖြစ်ပွားမှုနှုန်းများကို အာရုံစိုက်လေ့လာခဲ့ခြင်းဖြစ်ပြီး လေဖြတ်ခြင်းဟာ သက်ကြီးပိုင်းမှာရှိတဲ့ အမျိုးသမီးများမှာ အဖြစ်များကြောင်း တွေ့ရှိခဲ့တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မဟုတ်တဲ့ အမျိုးသမီးတွေကို သက်ဆိုင်ရာ အုပ်စုလိုက်နှိုင်းယှဉ်မှုပြုလုပ်ဖို့ ထည့်သွင်းခဲ့ခြင်း မရှိဘူးသိရတယ်။
ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ လေဖြတ်တာ နည်းပေမယ့် အသက် ၃၅ နှစ်အောက် အမျိုးသမီးတွေရဲ့ ၁၈ ရာခိုင်နှုန်းက ကိုယ်ဝန်ရှိသူတွေဖြစ်နေပါတယ်လို့ ကိုလံဘီယာ တက္ကသိုလ်အယ်လီအမေလာ ဦးဆောင်တဲ့အဖွဲ့က ပြောပါတယ်။ အသက်ကြီးပြီး ကလေးမွေးနိုင်ခြေရှိတဲ့အရွယ်ရှိ လေဖြတ်သူတွေထဲမှာ ၁.၄ ရာခိုင်နှုန်းသာ ကိုယ်ဝန်နဲ့ ပတ်သတ်တယ်လို့ သိရပါတယ်။
Author – Healthcare Journal