fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအကြောင်း

356
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/08/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအကြောင်း

သားအိမ်ပြင်ပသန္ဓေတည်ခြင်းကို ဆေးပညာအရ Ectopic Pregnancy လို့ခေါ်ပါတယ်။

သားအိမ်ပြင်ပ သန္ဓေတည်တယ်ဆိုတာဟာ

သုတ်ကောင်တကောင်နဲ့မမျိုးဥတလုံးပေါင်းစပ်ပြီး ဖြစ်လာတဲ့ သန္ဓေအောင်ဥ(Fertilized ovum)လေးက ပုံမှန်အားဖြင့် သားအိမ်မှာလာတွယ်ကပ်ပြီး သန္ဓေသားအဖြစ် ကြီးထွားရမယ့်အစား သားအိမ်မဟုတ်တဲ့ တခြားနေရာတွေမှာ သွားတွယ်ကပ်ပြီးကြီးထွားတာပါ။

သန္ဓေအောင်ဥလေး သွားတွယ်ကပ်နိုင်တဲ့ သားအိမ်မဟုတ်တဲ့ တခြားနေရာတွေကတော့ သားဥပြွန်(Fallopian tube)၊သားဥအိမ်(Ovary)၊သားအိမ်ခေါင်း(Cervix)၊ဝမ်းဗိုက်ခေါင်းအမြှေး(Peritoneum)၊အူ(Intestine)၊သားအိမ်နံရံကြွက်သား(Broad Ligament) စတဲ့ နေရာတွေပဲဖြစ်ပါတယ်။

သားအိမ်မဟုတ်တဲ့တခြားနေရာတွေထဲကမှ သန္ဓေအောင်ဥလေး သွားတွယ်ကပ်လေ့အရှိဆုံးနေရာကတော့ သားဥပြွန်ပါ။

သားအိမ်ပြင်ပသန္ဓေတည်ခြင်းရဲ့ ၉၀ရာခိုင်နှုန်းကျော်ဟာ သားဥပြွန်ထဲမှာ ဖြစ်လေ့ရှိပါတယ်။

လက္ခဏာအနေနဲ့ကတော့ ကိုယ်ဝန်ရှိသလိုပဲ ရာသီထိန်တာ၊ပျို့အန်တာ၊ရင်သားတင်းတာ မျိုးတွေဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ဗိုက်နာတာ၊နာကျင်ကိုက်ခဲတာ၊ပုံမှန်မဟုတ်သွေးဆင်းတာတွေလည်းဖြစ်နိုင်ပါတယ်။

သားဥပြွန်ထဲမှာ သန္ဓေတည်တာက တဖြည်းဖြည်းကြီးလာလို့ရှိရင် သားဥပြွန်ကွဲထွက်တာဖြစ်နိုင်ပါတယ်။အဲ့အခါကျရင်တော့ သားဥပြွန်ထဲမှာရှိတဲ့အရည်၊သွေး၊သန္ဓေသား စတဲ့အရာတွေဟာ ဝမ်းတွင်းခေါင်းအမြှေးပါး(Peritoneum)ထဲရောက်သွားပြီး ဗိုက်မခံမရပ်နိုင်အောင်အောင့်တာနာတာ၊မိန်းမကိုယ်ကနေ သွေးမည်းညစ်တွေဆင်းတာ၊ချက်ချင်းရုတ်တရက်သတိလစ်တာ တွေဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေဆိုရင်တော့ ဆေးခန်း၊ဆေးရုံ ချက်ချင်းသွားဖို့လိုပါတယ်။

သားအိမ်ပြင်ပမှာ သန္ဓေတည်လို့ရှိရင်အမေအတွက်အသက်အန္တရာယ်စိုးရိမ်ရတဲ့အပြင် ကလေးအဖတ်တင်လေ့လည်းမရှိပါဘူး။

ရှားရှားပါးပါးအနေနဲ့အူနံရံမှာ သန္ဓေတည်ပြီး ကလေးရော၊အမေပါအသက်ရှင်ခဲ့တဲ့ဖြစ်ရပ်တခုကိုတော့ တခါဖတ်ဖူးပါတယ်။ဒါပေမယ့် ဒါဟာ အင်မတန်ရှားပါတယ်။

သားအိမ်ပြင်ပမှာ သန္ဓေတည်ရတဲ့အကြောင်းရင်းအတိအကျကတော့ မသိသေးပါဘူး။

သုတေသနတွေအရတော့

ဆီးပိုးဝင်ရာကနေ သားဥပြွန်ရောင်ရမ်းဖူးတဲ့အမျိုးသမီးတွေ

သားဥပြွန်ကိုခွဲစိတ်မှု ပြုလုပ်ဖူးတဲ့အမျိုးသမီးတွေ

အရင်တခါက သားအိမ်ပြင်ပသန္ဓေတည်ဖူးတဲ့သူတွေ

သားအိမ်ထဲ သန္ဓေတားပစ္စည်းထည့်တဲ့သူတွေ

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေ မှာ ပိုဖြစ်နိုင်ခြေများတယ်လို့ပြောထားပါတယ်။

သားအိမ်ပြင်ပသန္ဓေတည်တာဟုတ်မဟုတ်စမ်းသပ်စစ်ဆေးမှုတွေအနေနဲ့ကတော့ ဆီးစစ်တာ၊သွေးစစ်တာ၊အာထရာဆောင်းရိုက်တာ၊ဗိုက်ကနေမှန်ပြောင်းကြည့်တာ စတဲ့စမ်းသပ်စစ်ဆေးမှုတွေလုပ်ကြည့်နိုင်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဖြစ်တဲ့နေရာရယ် ဖြစ်တာကိုသိတဲ့အချိန်စောတာ နောက်ကျတာပေါ်ရယ် လူနာပေါ်ရယ်မူတည်ပြီး ဆေးနဲ့ကုတာ၊ခွဲစိတ်ကုတာ၊မှန်ပြောင်းနဲ့ခွဲစိတ်ကုတာ စသဖြင့် အမျိုးမျိုးရှိပါတယ်။

အဆုံးသတ်အနေနဲ့မှာချင်တာကတော့ သားအိမ်ပြင်ပသန္ဓေတည်တာဟာ ကလေးရော မိခင်အတွက်ပါ အန္တရယ်များတဲ့အတွက် ကိုယ်ဝန်ရှိပြီဆိုကတည်းက သားအိမ်ပြင်ပသန္ဓေတည်လား ပုံမှန်သားအိမ်ထဲမှာတည်တာလား စောစောသိရအောင် အာထရာဆောင်းရိုက်ပါလို့ မှာချင်ပါတယ်။အာထရာဆောင်းဆိုတာက ကိုယ်ဝန် ငါးလပြည့်မှ ယောက်ျားလေး၊မိန်းကလေးသိဖို့အတွက်ပဲ ရိုက်ရတာမဟုတ်ပါဘူး။

Dr 528

Previous Post

နဲတာကောင်းလား များတာကောင်းလား

Next Post

OC pill အကြောင်း တစေ့တစောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
757

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
724
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.3k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

OC pill အကြောင်း တစေ့တစောင်း

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၁)

ရင်သားကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.