fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

နှစ်ခြိုက်စွာအိပ်ပျော်စေရန်

348
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/09/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အိပ်စက်ခြင်းဟာ ကျွန်တော်တို့လူသားတွေအတွက်ရော တိရစ္ဆာန်တွေအတွက်ရော အရေးပါတဲ့အရာတခုပါ။

လူတယောက်ဟာ တနေ့ကိုဘယ်နှစ်နာရီအိပ်ဖို့လိုသလဲဆိုတာကတော့ သူ့ရဲ့အသက်အရွယ်ပေါ်မှာမူတည်ပါတယ်။

မွေးစကနေ ၃လအရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က– ၁၄ နာရီကနေ ၁၇နာရီအထိ

၄လကနေ ၁၁လအရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က – ၁၂ နာရီကနေ ၁၅ နာရီအထိ

၁နှစ်ကနေ ၂နှစ်အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က – ၁၁ နာရီကနေ ၁၄ နာရီအထိ

၃နှစ်ကနေ ၅နှစ်အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က– ၁၀ နာရီကနေ ၁၃ နာရီအထိ

၆နှစ်ကနေ ၁၃နှစ်အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က – ၉ နာရီကနေ ၁၁ နာရီအထိ

၁၄နှစ်ကနေ ၁၇နှစ်အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က ၈ နာရီကနေ ၁၀ နာရီအထိ

၁၈နှစ်ကနေ ၂၅နှစ်အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က– ၇ နာရီကနေ ၉ နာရီအထိ

၂၆နှစ်ကနေ ၆၄နှစ်အရွယ် ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က – ၇ နာရီကနေ ၉ နာရီအထိ

၆၅နှစ် အထက် အရွယ်ဆိုရင် တနေ့တာလိုအပ်တဲ့အိပ်ချိန်က– ၇ နာရီကနေ ၈ နာရီအထိ စသဖြင့်အသက်ရွယ်အလိုက်အသီးသီး အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။

အသက်ရှင်ဖို့အတွက် အစာရေစာ စားသောက်ဖို့လိုသလို အိပ်ဖို့လည်းလိုပါတယ်။

အစာရေစာချို့တဲ့ပါက အသက်သေနိုင်သလို အအိပ်ချို့တဲ့ပါကလည်းအသက်သေနိုင်ပါတယ်။

တိရစ္ဆာန်တွေကို စမ်းသပ်ကြည့်တဲ့လေ့လာမှုရလဒ်အရ အအိပ်ချိုတဲ့သော တိရစ္ဆာန်တွေဟာ နှစ်ပတ်မှ သုံးပတ် အတွင်း သေဆုံးသွားတာကို သိပ္ပံပညာရှင်တွေကတွေ့ရှိခဲ့ ပါတယ်။

ကျွန်တော်တို့လူသားတွေအနေနဲ့လည်းအိပ်ရေးပျက်တာ၊အိပ်ရေးမဝတာများလာတာနဲ့အမျှ ရေတိုအနေနဲ့ မျက်ကွင်းညိုလာတာ၊မျက်တွင်းချိုင့်လာတာ၊အသားအရေတွေခြောက်သွေ့လာတွေကိုခံစားရပြီး ရေရှည်အနေနဲ့ဆိုရင် အစားသောက်ပျက်လာတာ၊စိတ်ဓါတ်ကျလာတာတွေကို ခံစားရနိုင်ပါတယ်။

ခုခေတ်မှာ ကျွန်တာ်တို့တွေဟာ စားဝတ်နေရေး၊စီးပွားရေးအတွက် ယှဉ်ပြိုင်ရတာများလာတာနဲ့အမျှ စိတ်ဖိစီးစရာတွေများလာပြီး အိပ်တဲ့အခါမှာ ကောင်းကောင်းအိပ်မပျော်တာ၊အိပ်မရတာ တွေဖြစ်လာကြာတာများပါတယ်။

ဒါကြောင့်ဒီတပတ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ဘယ်လိုအချက်တွေလုပ်ရမလဲ ဘယ်လိုအချက်တွေမလုပ်ရဘူးဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။

(၁)အိပ်ခါနီးအကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။

တနေကုန်သွားလာလှုပ်ရှားထားတာများတဲ့အခါ၊စိတ်ဖိစီးစရာတွေများတဲ့အခါမှာ ကြွက်သားတွေဟာတောင့်တင်းနေတတ်ပါတယ်။အဲ့အခါကျ ခန္ဓာကိုယ်ဟာ သက်တောင့်သက်သာမရှိတဲ့အတွက် ကောင်းစွာအိပ်မပျော်နိုင်ပါဘူး။

အကြောလျှော့လေ့ကျင့်ခန်း၊အသက်ရှုလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုကောင်းလာခြင်းကြောင့် ကြွက်သားတောင့်တင်းမှုများပြေလျော့စေကာ စိတ်ဖိစီးမှုများကိုကင်းဝေးစေပြီး ညဘက်မှာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။

(၂)အိပ်ခါနီး နွားနို့ပူပူတခွက်သောက်ပေးပါ။

နွားနို့မှာပါတဲ့အာဟာရဓါတ်တွေကဦးနှောက်တွင်း အိပ်စက်မှုကောင်းစေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် လှုံ့ဆော်နိုင်လို့ပါ။

(၃)ငှက်ပျောသီးတလုံးစားပေးပါ။

ငှက်ပျောသီးမှာ အိပ်စက်ခြင်းကိုအားပေးတဲ့ မက်လတိုနင်ဓါတ် ပါဝင်တဲ့ အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။

(၄) အိပ်ရာမဝင်ခင် ရေချိုးပါ..

အိပ်ရာမဝင်ခင်မှာ ရေကြက်သီးနွေးနဲ့ ရေချိုးတာဟာ ကြွက်သားတွေကို Relax ရရှိစေ ပြီး အိပ်ပျော်စေနိုင်ပါတယ်။

(၅)မီးပိတ်အိပ်ပါ။

လုံးဝမှောင်မဲနေခြင်းက ဦးနှောက်ကို အိပ်စက်ချိန်ရောက်ပြီဆိုတာကို အသိပေးပါတယ်။

သို့သော် တချို့သူတွေက အမှောင်ကိုကြောက်တတ်ပြီး တအားမှောင်သွားရင် စိတ်ဖိစီးကာအိပ်မရတာမျိုးတွေလည်းရှိပါတယ်။

သင်ဟာအမှောင်ကိုတအားကြောက်တတ်တဲ့သူဆိုရင်တော့ မီးမှိန်မှိန်လေးဖွင့်အိပ်နိုင်ပါတယ်။အလင်းရောင်တအားများတဲ့မီးမျိုးတော့မဖွင့်အိပ်သင့်ပါ။

(၆) အိပ်ခါနီးအချိန်မှာ လက်ဖက် ၊လက်ဖက်ရည်၊ကော်ဖီများ အားဖြည့်အချိုရည်များ စသော မျက်စိကြောင်စေတဲ့ အစားအသောက်များကို မစားပါနဲ့။အဲ့အစားအသောက်တွေမှာပါတဲ့ ကဖင်းဓါတ်က အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(၇)အိပ်ခါနီးမှာ ဖုန်း၊တီဗွီ၊ကွန်ပျူတာ တွေသုံးတာကိုရှောင်ပါ။

ဖုန်း၊တီဗွီ၊ကွန်ပျူတာကနေ ထွက်တဲ့ အလင်းတန်းတွေကြောင့် ကောင်းစွာအိပ်မပျော်ဘဲ၊မျက်စိကြောင်နေတတ်လို့ပါ။

Dr. 528

Previous Post

ဆေးလိပ်ဖြတ်ရခက်တဲ့ အကြောင်းအရင်းများ

Next Post

ဆေးရဲ့ ဆိုးကျိုးများ (၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
673

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
646
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.6k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.7k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဆေးရဲ့ ဆိုးကျိုးများ (၁)

လမ်းလျှောက်ခြင်း

ဆေးရဲ့ဆိုးကျိုးများ (၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.