ဝါတွင်းကာလသတ်သတ်လွတ်စားခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို ရေးသားလိုက်ပါတယ်။သတ်သတ်လွတ်စားသူတစ်ယောက်သည် အသားစားသူနှင့်ယှဉ်လျှင်ကျန်းမာရေးအကျိုးကျေးဇူးပိုမိုအကျိုးထူးသည်ကိုမမေ့ပါနဲ့။
(1)စိတ်ချမ်းသာမူကိုပေးစွမ်းနိုင်ခြင်း
သတ်သတ်လွတ်စားသူများသည် အသားစားသူများထက်ပျော်ရွှင်မူပိုမိုခံစားရလေ့ရှိပါတယ်။သတ်သတ်လွတ်စားသူများနှင့်အသားစားသူများကို စိတ်ကျဝေဒနာနှင့်ပတ်သတ်ရျ်စမ်းသပ်ရာ သတ်သတ်လွတ်စားသူများတွင် စိတ်ဓာတ်ကျမူမရှိသကေ်နည်းပါးပါတယ်။သတ်သတ်လွတ်စားသူများသည် သနိ့ရှင်းလတ်ဆတ်သောအစာအစားများကိုရွေးချယ်စားသုံးလေ့ရှိသောကြောင့် စိတ်ဓာတ်များလည်းအမြဲလန်းဆန်းနေသကဲ့သို့ဖြစ်နေပါတယ်။
(2)ရောဂါများကာကွယ်နိုင်စွမ်းရှိခြင်း
သတ်သတလွတ်အစာအစားများသည် အဆီနှင့်ကိုလက်စထရောများပါဝင်မူနည်းပါးပါတယ်။ထိူ့ကြောင့် သတ်သတ်လွတါစားသူများသည်နှလုံးသွေးကြောကျဉ်းရောဂါများ။သွေးတိုး။ဆီးချို။ကင်ဆာရောဂါများ။ဝမ်းချုပ်ခြင်းနှင့်သည်းခြေအိတ်ကျောက်ကပ်တည်ခြင်းစသောရောဂါဖြစ်ပွားမူအလွန်နည်းပါးပါတယ်။အစာအစားများတွင် ဓာတ်တိုးဆန်ကျင်ပစ္စည်းများ။အမျှင်ဓာတ်များ။ဗီတာမင်များပိုမိုပါဝင်သောကြောင့်ရောဂါများကိုတိုက်ထုတ်နိုင်စွမ်းရှိပါတယ်။
(3)ကိုယ်အလေးချိန်ထိန်းထားနိုင်ခြင်း
သတ်သတ်လွတ်စားသူများရဲ့ကိုယ်ခန္ဓာအချိုးအဆသည် အမြဲပုံသေကျစ်လစ်လှပနေတတ်ပါတယ်။စားသောအစာအစားများသည်ကယ်လိုရီနည်းပါးသောအသီးအရွက်။အစေ့အဆန်များစားသောကြောင့်ကိုယ်အလေးချိန်မတက်ပါ။သတ်သတ်လွတ်စားခြင်းသည် ကျန်းမာရေးနှင့်ညီညွတ်မျှတသောအစာအစားကိုပိုမိုစားခွင့်ရှိပါတယ်။
(4)ကိုယ်တွင်းအဆိပ်အတောက်ဖြစ်စေမူနည်းပါးခြင်း
သတ်သတ်လွတိစားသုံးသူများရဲ့အစာအစားများသည် ဓာတုဗေဒကင်းစင်သောအစာအစားများဖြစ်သောကြောင့်အဆိပ်အတောက်နည်းပါးပါတယ်။အသားစားခြင်းကြောင့်ဖြစ်တတ်သောရောဂါများ။ဘတ်တီရီယားပိုးများ။ကပ်ပါးပိုးများနှင့်ဓာတုဗေဒပစ္စည်းများသည် အသီးအရွက်စားသူများတွင်ဖြစ်ပွားမူမရှိသလောက်နည်းပါးပါတယ်။ထို့အပြင်သတ်သတ်လွတ်စားသူများသည် အသင့်စားအစာအစားများလည်းရှောင်ကြဉ်ကြပါတယ်။
(5)အမြင်အာရုံနှင့်အသားအရေ
သတ်သတ်လွတ်စားသူများသည်အမြင်အာရုံပိုမိုကောင်းမွန်ပြီးအသားအရေကြည်လင်မူကိုပိုင်ဆိုင်နိုင်ပါတယ်။
(6)အစာခံနိုင်မူအားကောင်းခြင်း
သတ်သတ်လွတ်အစာအစားများတွင် အမျှင်ဓာတ်နှင့်အာဟာရဓာတ်များပြည့်ဝစွာပါဝင်သောကြောင့် အစာစားပြီးနောက် အစာခံနိုင်မူပိုမိုကြာရှည်နိုင်ပါတယ်။
(7)အားကစားစွမ်းရည်မြင့်မားခြင်း
သတ်သတ်လွတိစားသူများသည် အားကစားလုပ်ရာတွင်လည်းထူးချွန်စွာလုပ်ဆောင်နိုင်ပါတယ်။ကာဗွန်ဟိုက်ဒရိတ်။အဆီဓာတ်။ဗီတာမင်နှင့်သတ္တူဓာတ်ကြွယ်ဝသောအစာအစားများစားခြင့်ဖြင့်ကိုယ်ခန္ဓာတောင့်တင်းမူဖြစ်စေပါတယ်။
(8)အသက်ရှည်စွာနေထိုင်နိုင်ခြင်း
သတ်သတ်လွတ်စားသူများသည် အသားစားသူများနှင့်ယှဉ်လျှင် ပိုမိုအသက်ရှည်စွာနေနိုင်ကြောင်းသိရှိရပါတယ်။
(9)ကျောက်ကပ်ကျောက်တည်ခြင်းကိုလျော့ကျခြင်း
အသားစားသူသည် အသီးအရွက်စားသူများထက် ကျောက်တည်ခြင်းကိုပိုမိုဖြစ်သောကြောင့်ဟင်းသီးဟင်းရွက်စားခြင်းသည်အဆိုပါရောဂါမဖြစ်ပွားရန်ကာကွယ်နိုင်ပါတယ်။
(10)ကင်ဆာရောဂါကာကွယ်ခြင်း
ကင်ဆာရောဂါကာကွယ်ရန်သန့်ရှင်းလတ်ဆတ်သောအသီးအနှံ့စားခြင်းသည်များစွာအထောက်အပြုပါတယ်။အမျှင်ဓာတိကြွယ်ဝသောအစာအစားများသည်လည်းကာကွယ်မူပေးပါတယိ။
(11)အရေပြားရောဂါဆိုရေးစစ်သက်သာခြင်း
လေ့လာတွေ့ရှိချက်များအရ သတ်သတ်လွတ်စားခြင်းသည်အဆိုပါရောဂါကို သက်သာစေပါတယ်။
Dr. ပြည့်ရှင်း