fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိန်းမကိုယ်ယားယံခြင်း

3.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/10/2018
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိန်းမကိုယ်ယားယံခြင်း

မိန်းမကိုယ်ယားယံခြင်းဟာ အမျိုးသမီးတွေမှာ အဖြစ်များဆုံးပြဿနာတခုဖြစ်ပါတယ်။

အရွယ်ရောက်တဲ့အမျိုးသမီးတိုင်း အပျိုအအိုမရွေး မိန်းမကိုယ်ယားယံခြင်း ဖြစ်ပွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာလည်း မိန်းမကိုယ်ယားယံခြင်း ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်ပြီဆိုရင် နေရထိုင်ရတာ သက်တောင့်သက်သာမရှိဘဲ စိတ်ညစ်ရပါတယ်။ စိတ်အနှောင့်အယှက်လည်း အရမ်းဖြစ်ရပါတယ်။

မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေအနေနဲ့ကတော့

၁။ မိန်းမကိုယ်တဝိုက် အကြောင်းတခုခုကြောင့် အမြဲနီးပါးစိုစွတ်နေရာမှတဆင့် မှိုပိုးဝင်တာ

မိန်းမကိုယ်ဆိုတာ အများအားဖြင့်ခြောက်သွေ့နေဖို့လိုပါတယ်။ အပေါ့အလေးသွားပြီးတဲ့နောက်မှာ မိန်းမကိုယ်ကို သေချာခြောက်အောင် မသုတ်တာ၊ ဆီးကျန်ထွက်ရာကနေတဆင့် စိုနေတာ၊ မိန်းမကိုယ်တဝိုက် ချွေးထွက်များတာ စတဲ့အကြောင်းတွေကြောင့် မိန်းမကိုယ်တဝိုက်စိုစွတ်မှုဖြစ်တာကြာလာရင် မှိုပိုးဝင်လာပြီး မိန်းမကိုယ်ယားတာကို ခံစားရနိုင်ပါတယ်။

၂။ မသန့်ရှင်းတဲ့ လိင်ဆက်ဆံမှုကနေတဆင့် ဆီးပိုးဝင်တာ

၃။ စားတဲ့ထဲမှာ သို့မဟုတ် သုံးတဲ့ထဲမှာ ကိုယ်နဲ့ဓါတ်မတည့်တဲ့ ပစ္စည်းတမျိုးမျိုးပါတာ

ကိုယ်နဲ့မတည့်တဲ့ အစားအသောက် စားသောက်မိရင်ဖြစ်ဖြစ်၊ကိုယ်နဲ့မတည့်တဲ့ ဆပ်ပြာနဲ့လျှော်ထားတဲ့ အဝတ်ဝတ်မိရင်ဖြစ်ဖြစ်၊ ကိုယ်နဲ့မတည့်တဲ့ ရေမွှေး၊ ချွေးနံ့ပျောက်ဆေး၊ မိန်းမကိုယ်ဆေးတဲ့ ဆေးရည်၊ ကွန်ဒုံး စတဲ့တခုခု သုံးမိရင်ဖြစ်ဖြစ် ရှိခဲ့ရင် ဓါတ်မတည့်မှုဖြစ်ပြီး မိန်းမကိုယ်ယားယံတာဖြစ်နိုင်ပါတယ်။

၄။ ဆီးချိုရောဂါ အခံရှိတာ

၅။ သွေးဆုံးပြီး မိန်းမကိုယ်ခြောက်သွေ့လို့ ယားတာ

၆။ Pinworm သန်ကောင်တွေရှိတာကြောင့်ယ ားတာ

၇။ မိန်းမကိုယ်ကင်ဆာ ကြောင့်ယားတာ စသဖြင့် မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေတဲ့အကြောင်းတွေ
အများကြီးရှိပါတယ်။

မိန်းမကိုယ်ယားတာနဲ့အတူ မူမမှန်အဖြူဆင်းတာ၊ သွေးဆင်းတာတွေပါ တွဲဖြစ်ရင် ယားတာက မပျောက်ရင် သို့မဟုတ် ခဏခဏပြန်ဖြစ်နေရင် ဆေးခန်းဆေးရုံပြသပြီး စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။

မိန်းမကိုယ်ယားတာဖြစ်တဲ့အခါ

တအားကုတ်ခြင်ပွတ်ခြင်ပေမယ့်လည်း မကုတ်မိအောင်မပွတ်မိအောင် အတတ်နိုင်ဆုံးထိန်းပါ။ ကုတ်မိပွတ်မိလို့ရှိရင် ပိုဆိုးလာနိုင်လို့ပါ။

အယားသက်သာအောင်ရေခဲကပ်ပါ။ Cetirizine သို့မဟုတ် Burmeton တပြားသောက်ပါ။

Topical anesthetics ခေါ် ထုံဆေးလိမ်းတာ သို့မဟုတ် Antihistamines ပါတဲ့လိမ်းဆေးလိမ်းတာ တွေလုပ်နိုင်ပါတယ်။

မိန်းမကိုယ်ယားယံခြင်း အဖြစ်နည်းစေရန်အတွက် ဆင်ခြင်ရမယ့်အချက်တွေကတော့

လေဝင်လေထွက်ကောင်းသော ချည်သားအတွင်းခံကိုပဲဝတ်ပါ။ တအားကြပ်တဲ့ဆိုက် (size) တွေမဝတ်ပါနဲ့။ ခပ်ချောင်ချောင်ကိုသာ ဝတ်ပါ။ တနေ့တထည်လဲပါ။ စိုထိုင်းတာများရင် တနေ့တထည်ထက်ပိုပြီး လဲပါ။

ညအိပ်တဲ့အခါ အတွင်းခံမဝတ်ပါနဲ့။

အတွင်းခံကို သေချာလျှော်ဖွတ်ပြီး နေရောင်ကောင်းစွာရတဲ့ နေရာမှာနေပူလှမ်းပါ သို့မဟုတ် မီးပူတိုက်ပါ။

ဝမ်းမချုပ်ပါစေနဲ့

ဆီးသွားပြီးတဲ့အခါတိုင်း မိန်းမကိုယ်ကိုရေနဲ့ သန့်စင်အောင်ဆေးပြီး အဝတ်သန့် သို့မဟုတ် စက္ကူသန့်နဲ့ ခြောက်အောင်သုတ်ပါ။

မိန်းမကိုယ် သန့်စင်ဆေးရည်၊ ဆပ်ပြာတွေ သုံးမယ်ဆိုရင်လည်း တနေ့ တကြိမ်ထက်ပိုမသုံးပါနဲ့။

အိမ်သာတက်ပီး ချီးကုန်းတဲ့အခါ လက်က ရှေ့ဘက်ကနေ နောက်စအိုရှိရာဘက်သို့ ဦးတည်ရာတဖက်တည်းကိုပဲသွားပါ နောက်ကနေ ရှေ့ပြန်မလာပါနဲ့။

အိမ်ထောင်ရှိပါက အတူနေလိင်ဆက်ဆံပြီးတိုင်းမှာ မိန်းမကိုယ်ကိုရေနဲ့သေချာဆေးပါ။

ဒိန်ချဉ်မကြာခဏစားပေးပါ။ ၄ လတကြိမ် သန်ချဆေး ပုံမှန်သောက်ပါ။

Dr 528

Previous Post

မျက်ကွင်းတွေ မညိုအောင် ဘယ်လိုလုပ်မလဲ

Next Post

ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန် ဘယ်လောက်ခြားသင့်သလဲ။

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
590
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးတယောက်နဲ့တယောက်ကြားမှာ အချိန် ဘယ်လောက်ခြားသင့်သလဲ။

ခဏခဏ သမ်းဝေနေတာ အသည်းမကောင်းလို့လား

  နို့တိုက်မိခင်တွေ  ကော်ဖီသောက်လို့  ရလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.