ညဂ်ဴတီဆင္းရတဲ့ အမ်ိဳးသမီးေတြမွာ ကင္ဆာျဖစ္နိုုင္ေခ် ပိုုမ်ား
ယေန့ေခတ္ အမ်ဳိးသမီးမ်ားသည္ အမ်ဳိးသားမ်ားနွင့္တန္းတူရင္ေဘာင္တန္းရ်္ အလုပ္ျကိုးစားလုပ္ေနရေသာအခ်္န္တြင္ `ညဂ်ဳတီဆင္းရေသာ အမ်ဳိးသမီးမ်ားသည္ ကင္ဆာျဖစ္နိုင္မူျမင့္တက္´သည္ဆိုေသာေတြ႔ရွိခ်က္သည္ စိုးရိမ္းစရာအခ်က္တစ္ခ်က္ျဖစ္ပါတယ္။ညဂ်ဳတီဆင္းရေသာအမ်ဳိးသမီးမ်ားသည္ က်န္းမာေရးထိခိုက္နိုင္သည္မွာ အေသခ်ာဆံုးအခ်က္တစ္ခ်က္ျဖစ္ေသာ္လည္း ကင္ဆာျဖစ္နိုင္မူျမင့္မားသည္ဆိုေသာအခ်က္သည္ ေလ့လာေတြ႔ရွိခ်က္အသစ္တစ္ခုပင္ျဖစ္ပါတယ္။
သုေတသနျပုခ်က္မ်ားအရ ညဂ်ဳတီကိုအခ်ိန္အတန္ျကာဆင္းသူမ်ားသည္ ညဂ်ဳတီမဆင္းသူမ်ားနွင့္ ယွဥ္လ်ွင္ကင္ဆာျဖစ္ပြားနိုင္မူ ငါးဆပိုမိုျမင့္မားသည္ကို ေတြ႔ရွိရပါတယ္။အထူးသျဖင့္ ညဂ်ဳတီကိုအခ်ိန္အတန္ျကာဆင္းရေသညအမ်ဳိးသမီးမ်ားသည္ အေရျပားကင္ဆာ။အဆုတ္ကင္ဆာနွင့္ ရင္စားကင္ဆာျဖစ္ပြားနိုင္မူနူန္းျမင့္မားေျကာင္းေတြ႔ရွိရပါတယ္။
CDCရဲ႔ေလ့လာခ်က္အရ အေမရိကန္နိုင္ငံတြင္ ညဂ်ဳတီဆင္းရေသာအမ်ဳိးသမီး၁၅သန္းခန့္ရွိပါတယ္။အဆိုပါညဘက္အလုပ္လုပ္ရေသာအမ်ဳိးသမီးမ်ားတြင္ကိုယ္တြင္းဇီဝျဖစ္ပ်က္မူျဖစ္စဥ္မ်ား ေျပာင္းလဲျဖစ္ေပါ္ေသာေျကာင့္ က်န္းမာေရးဆိုးက်ဳိးအေနျဖင့္ အဝလြန္ျခင္း။နွလံုးေရာဂါနွင့္ကင္ဆာေရာဂါအခ်ဳိ့ျဖစ္လာနိုင္ပါတယ္။
အာရွ။ျသစေတးလ်။ယူရုိနိုင္ငံမ်ား။နွင့္ေျမာက္အေမရိကမွ ညဂ်ဳတီဆင္းရေသာအမ်ဳိးသမီးမ်ားကို ေလ့လာခ်က္အရ ကင္ဆာအမ်ဳိးအစား ဆယ့္တစ္မ်ဳိးနွင့္ဆက္စပ္မူရွိေျကာင္းသိရပါတယ္။သီးျခားေလ့လာခ်က္အရ ညဂ်ဳတီအျမဲဆင္းရေသာသူနာျပုမ်ားတြင္ ကင္ဆာ၆မ်ဳိးနွင့္ဆက္စပ္ေနေျကာင္းေတြ႔ရွွိရပါတယ္။ျခံုငံုသံုးသပ္ခ်က္အရ ညဘက္အလုပ္လုပ္ေသာအမ်ဳိးသမီးမ်ားတြင္ကင္ဆာျဖစ္ပြားမူနူန္းသည္ ၁၉ရာခိုင္းနူန္းျမင့္မားေျကာင္းေတြ႔ရွိရပါတယ္။ထို့အျပင္ ညဘက္အလုပ္မလုပ္ရေသာအမ်ဳိးသမီးမ်ားနွင့္ယွဥ္လ်ွင္ အလုပ္လုပ္သူမ်ားသည္ အေရျပားကင္ဆာျဖစ္ပြားမူ ၄၁%;ရင္သားကင္ဆာျဖစ္ပြားမူ ၃၂%နွင့္အစာအိမ္နွင့္အူလမ္းေျကာင္းကင္ဆာျဖစ္ပြားမူနူန္း ၁၈%ထိျမင့္တက္နိုင္သည္ကိုေတြ႔ရွိရပါတယ္။
ရင္သားကင္ဆာျဖစ္ပြားမူနုန္းျမင့္တက္ရျခင္းမွာ အဆိုပါ ညဘက္အလုပ္လုပ္ေသာအမ်ဳိးသမီးမ်ားသည္ ညအခ်ိန္တြင္ လိင္ေဟာ္မုန္းမ်ားျမင့္တက္ေနေသာအခ်္န္ျဖစ္ေသာေျကာင့္ဟုယူဆရပါတယိ။ ညဘက္အလုပ္လုပ္ရေသာအမ်ဳိးသမီးမ်ားသည္ အိပ္ခ်ိန္အလံုအေလာက္မရေသာေျကာင့္ ဦးေနွာက္နွင့္ကိုယ္အဂၤါမ်ားေကာင္းစြာအနားမယူရျခင္း။အစာအစားမ်ားစားသံုးရာတြင္လည္းက်န္းမာေရးနွင့္မညီေသာအသင့္စားအျမန္စားအစာအစားမ်ားကိုသာေရြးခ်ယ္စားသံုးေလ့ရွိျခင္း။လုပ္ငန္းခြင္မေပ်ာ္ရႊင္ျခင္းနွင့္စိတ္ဓာတ္ခြန္အားက်ဆင္းျခင္းစေသာ က်န္းမာေရးဆိုးက်ဳိးမ်ားကို ျဖစ္ေစပါတယ္။
ညဘက္အလုပ္လုပ္ေသာအမ်ဳိးသမီးမ်ားသည္ က်န္းမာေရးအတြက္အေထာက္အကူျပုေသာေလ့က်င့္ခန္းမ်ားျပုလုပ္ရန္အားနည္းျခင္း။မိသားစုနွင့္ေပ်ာ္ရႊင္စြာေနထိုင္မူနည္းပါးျခင္း။ညီညြတ္ေသာအစာအစားစားသံုးမူမရွိျခင္း။လုပ္ငန္းဖိအားဒဏ္ခံေနရျခင္းတို့ေျကာင့္ ကင္ဆာျဖစ္ပြားရန္အခြင့္အလမိးပိုမ်ုမ်ားပါတယိ။
Dr.ျပည့္ရွင္း
Unicode Version
ညဂျူတီဆင်းရတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ
ယနေ့ခေတ် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူရင်ဘောင်တန်းရျ် အလုပ်ကြိုးစားလုပ်နေရသောအချ်န်တွင် `ညဂျုတီဆင်းရသော အမျိုးသမီးများသည် ကင်ဆာဖြစ်နိုင်မူမြင့်တက်´သည်ဆိုသောတွေ့ရှိချက်သည် စိုးရိမ်းစရာအချက်တစ်ချက်ဖြစ်ပါတယ်။ညဂျုတီဆင်းရသောအမျိုးသမီးများသည် ကျန်းမာရေးထိခိုက်နိုင်သည်မှာ အသေချာဆုံးအချက်တစ်ချက်ဖြစ်သော်လည်း ကင်ဆာဖြစ်နိုင်မူမြင့်မားသည်ဆိုသောအချက်သည် လေ့လာတွေ့ရှိချက်အသစ်တစ်ခုပင်ဖြစ်ပါတယ်။
သုတေသနပြုချက်များအရ ညဂျုတီကိုအချိန်အတန်ကြာဆင်းသူများသည် ညဂျုတီမဆင်းသူများနှင့် ယှဉ်လျှင်ကင်ဆာဖြစ်ပွားနိုင်မူ ငါးဆပိုမိုမြင့်မားသည်ကို တွေ့ရှိရပါတယ်။အထူးသဖြင့် ညဂျုတီကိုအချိန်အတန်ကြာဆင်းရသေညအမျိုးသမီးများသည် အရေပြားကင်ဆာ။အဆုတ်ကင်ဆာနှင့် ရင်စားကင်ဆာဖြစ်ပွားနိုင်မူနူန်းမြင့်မားကြောင်းတွေ့ရှိရပါတယ်။
CDCရဲ့လေ့လာချက်အရ အမေရိကန်နိုင်ငံတွင် ညဂျုတီဆင်းရသောအမျိုးသမီး၁၅သန်းခန့်ရှိပါတယ်။အဆိုပါညဘက်အလုပ်လုပ်ရသောအမျိုးသမီးများတွင်ကိုယ်တွင်းဇီဝဖြစ်ပျက်မူဖြစ်စဉ်များ ပြောင်းလဲဖြစ်ပေါ်သောကြောင့် ကျန်းမာရေးဆိုးကျိုးအနေဖြင့် အဝလွန်ခြင်း။နှလုံးရောဂါနှင့်ကင်ဆာရောဂါအချို့ဖြစ်လာနိုင်ပါတယ်။
အာရှ။သြစတေးလျ။ယူရိုနိုင်ငံများ။နှင့်မြောက်အမေရိကမှ ညဂျုတီဆင်းရသောအမျိုးသမီးများကို လေ့လာချက်အရ ကင်ဆာအမျိုးအစား ဆယ့်တစ်မျိုးနှင့်ဆက်စပ်မူရှိကြောင်းသိရပါတယ်။သီးခြားလေ့လာချက်အရ ညဂျုတီအမြဲဆင်းရသောသူနာပြုများတွင် ကင်ဆာ၆မျိုးနှင့်ဆက်စပ်နေကြောင်းတွေ့ရှိရပါတယ်။ခြုံငုံသုံးသပ်ချက်အရ ညဘက်အလုပ်လုပ်သောအမျိုးသမီးများတွင်ကင်ဆာဖြစ်ပွားမူနူန်းသည် ၁၉ရာခိုင်းနူန်းမြင့်မားကြောင်းတွေ့ရှိရပါတယ်။ထို့အပြင် ညဘက်အလုပ်မလုပ်ရသောအမျိုးသမီးများနှင့်ယှဉ်လျှင် အလုပ်လုပ်သူများသည် အရေပြားကင်ဆာဖြစ်ပွားမူ ၄၁%;ရင်သားကင်ဆာဖြစ်ပွားမူ ၃၂%နှင့်အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာဖြစ်ပွားမူနူန်း ၁၈%ထိမြင့်တက်နိုင်သည်ကိုတွေ့ရှိရပါတယ်။
ရင်သားကင်ဆာဖြစ်ပွားမူနုန်းမြင့်တက်ရခြင်းမှာ အဆိုပါ ညဘက်အလုပ်လုပ်သောအမျိုးသမီးများသည် ညအချိန်တွင် လိင်ဟော်မုန်းများမြင့်တက်နေသောအချ်န်ဖြစ်သောကြောင့်ဟုယူဆရပါတယိ။ ညဘက်အလုပ်လုပ်ရသောအမျိုးသမီးများသည် အိပ်ချိန်အလုံအလောက်မရသောကြောင့် ဦးနှောက်နှင့်ကိုယ်အင်္ဂါများကောင်းစွာအနားမယူရခြင်း။အစာအစားများစားသုံးရာတွင်လည်းကျန်းမာရေးနှင့်မညီသောအသင့်စားအမြန်စားအစာအစားများကိုသာရွေးချယ်စားသုံးလေ့ရှိခြင်း။လုပ်ငန်းခွင်မပျော်ရွှင်ခြင်းနှင့်စိတ်ဓာတ်ခွန်အားကျဆင်းခြင်းစသော ကျန်းမာရေးဆိုးကျိုးများကို ဖြစ်စေပါတယ်။
ညဘက်အလုပ်လုပ်သောအမျိုးသမီးများသည် ကျန်းမာရေးအတွက်အထောက်အကူပြုသောလေ့ကျင့်ခန်းများပြုလုပ်ရန်အားနည်းခြင်း။မိသားစုနှင့်ပျော်ရွှင်စွာနေထိုင်မူနည်းပါးခြင်း။ညီညွတ်သောအစာအစားစားသုံးမူမရှိခြင်း။လုပ်ငန်းဖိအားဒဏ်ခံနေရခြင်းတို့ကြောင့် ကင်ဆာဖြစ်ပွားရန်အခွင့်အလမိးပိုမျုများပါတယိ။