fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး
အမျိုးသမီးတွေ သတိထားရမဲ့  သားဥအိမ်ကင်ဆာ(သို့မဟုတ်) မျိုးဥအိမ်ကင်ဆာ
228
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/10/2018
in အမျိုးသမီး ကျန်းမာရေး
1 min read
A A
Dr.Lynn
Unicode Version
အမျိုးသမီးတွေ သတိထားရမဲ့  သားဥအိမ်ကင်ဆာ(သို့မဟုတ်) မျိုးဥအိမ်ကင်ဆာ
အမျိုးသမီးတစ်ဦးမှာ သားဥအိမ် (သို့) မျိုးဥအိမ်ဟာ ၂ ဖက်ရှိပါတယ်။ မျိုးဥအိမ်ဟာ တစ်လတစ်ခါ မျိုးဥလေးတစ်လုံး ကြွေကျပါတယ်။ ကြိုက်တဲ့ဘက်မှ မျိုးဥအိမ်မှ မျိုးဥလေးတစ်လုံးဟာ ကြွေကျတဲ့အခါမှာ မျိုးဥပြွန်ထဲ ရောက်သွားပါတယ်။ ဖိုမျိုးကောင်နှင့်တွေ့တဲ့အခါ သန္ဓေသားလောင်း ဖြစ်သွားပါတယ်။ ထိုမျိုးဥလေးထုတ်ပေးတဲ့ မျိုးဥအိမ်ဟာ ကင်ဆာဖြစ်တတ်ပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ သေနိုင်သော ကင်ဆာရောဂါတွေထဲမှာ လေးခုမြောက်ကင်ဆာရောဂါ ဖြစ်ပါတယ်။ မျိုးဥအိမ်ကင်ဆာဟာ ဘယ်အသက်အရွယ်မဆို ဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက်မှ မရှိသူ ၊ အပျိုတွေမှာ ၊ လူမှုစီးပွားရေးအခြေအနေမြင့်လွန်းပြီး ကလေးမယူကြတဲ့အခါ ၊ မိသားစုထဲတွင် ရင်သားကင်ဆာ ၊ အူမကြီးကင်ဆာ ၊ မျိုးဥအိမ်ကင်ဆာ ဖြစ်ထားဖူးတဲ့သူရှိလျှင် တစ်ခြားမရှိသူထက်စာလျှင် ပို၍ဖြစ်နိုင်ခြေရှိပါတယ်။ သန္ဓေသား တားဆေးကဒ်ဟာ မျိုးဥအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း ၊ ဆေးလိပ်သောက်သုံးသူတွေမှာလည်း ပိုဖြစ်နိုင်ခြေရှိပါတယ်။
ကင်ဆာဖြစ်သည့်အတွက် အဆင့်တွေဆိုတာ ရှိလာပါတယ်။ အဆင့်လေးဆင့်ရှိပါတယ်။ အဆင့် ၁ ဆိုလျှင် ကင်ဆာဆဲလ်ဟာ မျိုးဥအိမ်မှာပဲရှိပါသေးတယ်။ ထိုမှာမှ အဆင့်သေး ၃ ဆင့် ခွဲထားပါသေးတယ်။ အဆင့် ၂ ရောက်နေပြီဆိုလျှင် မျိုးဥပြွန်တွေ ၊ သားအိမ်တွေ ၊ ညှပ်ရိုးအတွင်းရှိ ကလီစာတွေကိုပျံ့နေပါပြီ။ အဆင့် ၄ နောက်ဆုံးအဆင့်ကတော့ အဝေးတစ်နေရာဆီ ပြန့်သွားပါပြီ။ ကင်ဆာအဆင့်တွေအရ နောက် ၅ နှစ်ထိ အသက်ရှင်နှုန်းဆိုပြီး တွက်ချက်ထားပါတယ်။ အဆင့် ၁ ဆိုလျှင် ၅၀ – ၈၀ ရာခိုင်နှုန်း ၊ အဆင့် ၂ ဆို ၂၅ – ၅၀ ရာခိုင်နှုန်းထိ ၊ အဆင့် ၃ ဆို ၁၅ – ၂၀ ရာခိုင်နှုန်းထိနဲ့ အဆင့် ၄ ကင်ဆာဆိုလျှင် နောက် ၅ နှစ်ထိ အသက်ရှင်နှုန်းဟာ ၅ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ အားလုံးခြုံပြောရရင် ၃၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ မျိုးဥအိမ်ဟာ ကင်ဆာမရောက်ခင် အဆင့်လား ၊ ကင်ဆာလားဆိုတာ ဘယ်လိုခွဲမလဲဆိုရင် အသက်ကြီးမှဖြစ်လျှင် ကင်ဆာဖြစ်ဖို့များပါတယ်။ ကင်ဆာရဲ့ ဖြစ်နိုင်ခြေအချက်တွေရှိထားမယ်။ ကင်ဆာမရောက်ခင်အဆင့်ဆို နာကျင်မှုမရှိပါဘူး။ ကင်ဆာဆို နာကျင်ပါတယ်။ ကင်ဆာဆိုသည့်အတိုင်း ကြီးထွားမှုက မြန်ပါတယ်။ မျိုးဥအိမ်ကင်ဆာတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ နှစ်ဖက်ဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်နေသူဟာ တစ်ဖြည်းဖြည်း ပိန်ချုန်းကျလာပါတယ်။
အရင်ဆုံးက အာလ်ထရာဆောင်း ရိုက်ကြည့်သင့်ပါတယ်။ မသေချာသေးရင် ကွန်ပျူတာဓာတ်မှန် ၊ သံလိုက်ဓာတ်မှန် ရိုက်ရပါမယ်။ အဆင့်အခြေအနေကို သိနိုင်ဖို့အတွက် ရင်ဘက်ဓာတ်မှန် ၊ အသည်းလုပ်ငန်းစစ်ခြေင်း ၊ အူလမ်းကြောင်းကိုစစ်ဆေးခြင်း ၊ ဆီးလမ်းကြောင်းစစ်ဆေးခြင်းတွေ လုပ်ရပါတယ်။ ကင်ဆာအမှတ်အသားတွေဖြစ်တဲ့ CA 125 ၊ Alpha FP ၊ beta hcG အီစတိုဂျင်တွေ စစ်ဆေးလို့ရပါတယ်။ ကုသမှု စပေးရပါတော့မယ်။ စောစောကုသမှုခံယူဖို့လိုပါမယ်။ မျိုးဥအိမ်ကင်ဆာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်မှုပါပဲ။ ကုသမှုအပိုင်းမှာ ခွဲစိတ်ကုသခြင်း ကင်ဆာဆေးများဖြင့်ကုသခြင်း ၊ ပူးပေါင်းကုသခြင်း ဆိုပြီး (၃) မျိုးရှိပါသည်။ ခွဲစိတ်မှုအပိုင်းမှာ စောင့်ကြည့်ခြင်း ၊ ထိရောက်သောခွဲစိတ်မှု ၊ နေရာကြီးကြီးယူ၍ ခွဲစိတ်ခြင်းဆိုပြီး ရှိပါတယ်။ စောင့်ကြည့်ခွဲစိတ်ခြင်းဆိုတာ တစ်ဖက်တည်းကို မျိုးဥအိမ်နှင့် မျိုးဥပြွန်ကို ဖြတ်ထုတ်လိုက်တာပါ။ ထိရောက်သောခွဲစိတ်မှုကတော့ သားအိမ်ရော ၊ မျိုးဥပြွန်ရော ၊ မျိုးဥအိမ် နှစ်ဖက်စလုံးပါ ထုတ်လိုက်တာပါ။ နေရာကြီးကြီးယူ၍ ခွဲစိတ်ခြင်းဆိုတာကတော့ ကင်ဆာဖြစ်ရာနေရာအပြင် ကောင်းတဲ့နေရာထိပါ ခွဲထုတ်လိုက်ခြင်းပါ။
ကင်ဆာဆေးကုထုံးကိုတော့ ခွဲစိတ်ခြင်းနဲ့တွဲပြီး ကုသတတ်ပါတယ်။ ကင်ဆာအဆင့် မြင့်နေပြီ ဆိုလျှင်တော့ သက်သာအောင်အနေနဲ့ပဲ ကုသပါတယ်။ ၃ ပတ် ၊ ၄ပတ် တစ်ခါ ကင်ဆာဆေးသွင်းတာ ၆ ခါ ကနေ ၉ ခါထိ သွင်းရပါတယ်။ တုံ့ပြန်မှု ရှိမရှိကို CA 125 ဓာတ် စစ်ဆေးနေရပါတယ်။ ကင်ဆာဆေးကြောင့် ကျောက်ကပ်အဆိပ်သင့်တတ်ခြင်း ၊ အာရုံကြောထိခိုက်ခြင်း ၊ အကြားအာရုံဆုံးရှုံခြင်း ၊ ပျို့ခြင်း ၊ အန်ခြင်းတွေ ဖြစ်တတ်ပါတယ်။ ကျန်တာကတော့ ကျန်းမာရေးအသိပညာပေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း ၊ အစားအသောက် ၊ အာဟာရဓာတ် တစ်ခြားခံစားတတ်တဲ့ လက္ခဏာတွေကို သက်သာအောင်ပြုလုပ်ပေးရပါတယ်။
Previous Post
တစ်ခါတည်း မှားယုံနှင့်
Next Post
ညဂျူတီဆင်းရတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ           
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
607
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
568
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.4k
Women and folic acid
အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်
1 year ago
1.6k
Health secrets that women over 50 should know
၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ
2 years ago
1.2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
ညဂျူတီဆင်းရတဲ့ အမျိုးသမီးတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုများ           
ဘောလုံးကန်ရင်းနဲ့ ဘာကြောင့် သေနိုင်လဲ
သေရာပါနိုင်တဲ့ အမာရွတ်များ (Keloids)
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.