fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

” ကိုယ်ဝန်ဆောင်တွေ စားကိုစားရမဲ့ အစားအစာတွေ”

672
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/10/2018
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်တုန်းကာလမှာ စားသမျှအစာတိုင်းက မိခင်ရောကလေးကိုပါ အနည်းနဲ့အများ သက်ရောက်မှုရှိနေပါတယ် ။ မိခင်က သန္ဓေသားလေးအတွက် အစာအဟာရ အဓိကရတဲ့ နေရာဖြစ်တဲ့အတွက်ကြောင့်မို့ မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အဟာရပြည့်ဝတဲ့ အစားအသောက်ဖြစ်ဖို့ အလွန်အရေးကြီးလှပါတယ် ။ မှန်ကန်တဲ့ စားသောက်မှုပုံစံကသာ ကလေးငယ်ကြီးထွားဖွံဖြိုးဖို့အတွက် အထောက်အကူုဖြစ်မှာ ဖြစ်ပါတယ်။

– အာဟာရများ ပိုမိုလိုအပ်မှု

တချို့ကတော့ ပြောကြတယ် ။ ၂ယောက်စာစားရင် အဆင်ပြေတယ်တဲ့ ။ ဒါကလည်းအလုံးစုံတော့ မမှန်ပေမဲ့ နဂိုထက်ပိုပြီး အဟာရဓာတ်တွေ လိုအပ်တာကတော့ မှန်နေပါတယ် ။ သတ္တုဓာတ် ( Minerals ) နဲ့ သက်စောင့်ဓာတ် ( Vitamins ) တွေက ပမာဏနည်းနည်းသာလိုပေမဲ့ စွမ်းအင်ကိုထုတ်ပေးမဲ့ Calories ဖြစ်စေတဲ့ အသားဓာတ် ( protein ) , ကစီဓာတ် ( carbohydrate ) နဲ့ အဆီဓာတ် ( fat ) တွေကတော့ အဓိကလိုအပ်တဲ့ အဟာရတွေပါပဲ ။ အလွယ်နည်းပြောရရင်တော့ အောက်မှာပြထားတဲ့ အစာအုပ်စုတွေကို တစ်မျိုးကို နည်းနည်းစီ နေ့တိုင်းစားရပါမယ် ။

 

* ဂျုံ / ဆန် မှပြုလုပ်သော အစားအစာများ – စွမ်းအင်အဓိကထုတ်ပေးပါတယ် ။

* အသီး နဲ့ အရွက်တွေ – ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ၊ အမျှင်ဓာတ် ၊ ရေ နဲ့ အဆီတွင်းပျော်ဝင်ဓာတ် သက်စောင့်ဓာတ်တွေ အများအပြားပါဝင်ပါတယ် ။

* အသား / ပဲအမျိုးမျိုး – အသားဓာတ် ၊ သံဓာတ် ၊ folate ဓာတ်တို့ကို အဓိကပေးပါတယ် ။

* နို့ နဲ့ နို့ထွက်ပစ္စည်း – အရိုးကိုခိုင်မာစေတဲ့ ကယ်လ်ဆီယမ်ဓာတ် ( Calcium ) နဲ့ Vitamin D တွေပါဝင်ပါတယ် ။

 

– ဘယ်လောက် နဲ့ ဘာတွေစားရမလဲ ?

 

အဟာရတစ်ခုခု လိုအပ်တာနဲ့ ကိုယ်ဝန်ကို အနှောင့်အယှက်ဖြစ်မှာပါပဲ ။ ဒါကြောင့်မေမေတွေက တတ်နိုင်သလောက် အစာအမျိုးအစား အများအပြားကို စားရပါမယ် ။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ဆီကြော်အစားအစားတွေ ၊ ဆိုဒါပါဝင်တဲ့ အစားအစာတွေကို ရှောင်ပြီး အဆီနည်းတဲ့ ၊ သာဘာဝစားသောက်ကုန်တွေကိုသာ ရွေးချယ်ရပါမယ် ။

 

# Protein ( အသားဓာတ် )

 

သန္ဓေလေးရဲ့ တစ်ရှူးအစိတ်အပိုင်းတွေနဲ့ ဦးနှောက်ဖွံ့ဖြိူးမှုအတွက် အဓိကအကျဆုံးကတော့ Protein ပါပဲ ။ မေမေရဲ့ ရင်သားနဲ့ သားအိမ်ဖွံ့ဖြိုးမှုတွေ ၊ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ် ။

 

တစ်နေ့ကို ၃ကြိမ်တော့ အသားဓာတ်ကို မှီဝဲရပါမယ် ။ အသားဓာတ်များတဲ့ အစားအစာတွေကတော့

* အမဲသား

* ဝက်သား

* ပဲအမျိုးမျိုး

* ဆော်လမွန်ငါး

* မြေပဲ တွေပဲ ဖြစ်ပါတယ် ။

 

# Calcium ( အရိုးဓာတ် )

 

Calcium  ကတော့ ကလေးငယ်ရဲ့ အရိုးကြီးထွားမှုကို ကူညီတာပါ ။

 

တစ်နေ့ကို အနည်းဆုံး ၃ ကြိမ်တော့ စားသုံးသင့်ပါတယ် ။ ကိုယ်ဝန်ဆောင် မိခင်ကပါ အသက်ငယ်ရင်တော့ ၅ ကြိမ်အထိ မှီဝဲလို့ရပါတယ် ။ Calcium ဓာတ် များတဲ့ အစားအစာတွေကတော့

* နွားနို့

* ဒိန်ချဉ်

* ချိစ်

* ဂေါ်ဖီထုပ်

* တို့ဖူး

* ဥအမျိုးမျိုး

* ပူတင်း တို့ဖြစ်ပါတယ် ။

 

# Folate (  ဖောလိတ်ဓာတ် )

 

Folate ကို Folic acid လို့လည်း ခေါ်ပါတယ် ။ အာရုံကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် ဥိးနှောက်ကို ပုံမှန်ဖွံ့ဖြိုးအောင်လို့လည်း ကူညီပါတယ် ။

တစ်နေ့ကို ၆၀၀ ကနေ ၈၀၀ microgram အထိ Folate ကိုစားသုံးသင့်ပါတယ် ။ Folate များတဲ့ အစားအစာတွေကတော့

* အသည်းတွေ

* မြေပဲ

* ပဲအမျိုးမျိုး

* ကြက်ဥ

* အစိမ်းရင့်ရောင်ရှိတဲ့ အရွက်များ တို့ဖြစ်ပါတယ် ။

 

# Iron ( သံဓာတ် )

 

Iron ကတော့ အခြားဓာတ်တွေနဲ့ပေါင်းပြီး မိခင်ရော ကလေးပါ အောက်ဆီဂျင်ကောင်းကောင်းရအောင် ကူညီပေးပါတယ် ။

 

တစ်နေ့ကို ၂၇ milligram အနည်းဆုံးစားသုံးသင့်ပါတယ် ။ Iron များတဲ့ အစားအစာတွေကတော့

* အစိမ်းရင့်ရောင် အရွက်များ

* ချဉ်တဲ့ အသီးတွေ

* ပေါင်မုန့်တွေ

* ကြက်ဥ

* အခြောက်ခံထားတဲ့ အသီးတွေပဲ ဖြစ်ပါတယ် ။

 

– ချဉ်ခြင်းတက်ခြင်း ( Craving ) နဲ့ စားချင်စိတ်မရှိခြင်း ( Food aversion )

 

နှစ်မျိုးက လုံးဝဆန့်ကျင်ဘက်ပါ ။

 

ကိုယ်ဝန်ဆောင်မိခင်တွေက အနည်းဆုံးအစာတစ်မျိုးတော့ ချဉ်ခြင်းတက်လေ့ရှိကြပါတယ် ။ အများအားဖြင့်တော့

* ချောကလက်

* အစပ်တွေ

* အသီးတွေ

* အလွယ်တကူရတဲ့ အစားအစာတွေတွေ… ဥပမာ ပီဇာ ၊ အာလူးကြော်

 

တချို့ကတော့ အစားအစာတချို့ကို အနံ့တောင် မခံနိုင်လောက်အောင် ဖြစ်လေ့ရှိပါတယ် ။ ပုံမှန်အားဖြင့်တော့ ဘာမှမဖြစ်ပေမဲ့ ကလေးငယ်အဟာရဖြစ်စေမဲ့ အစားအစာတွေကိုပါ မစားချင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ ။

 

– Pica ( ပုံမှန်မဟုတ်သောအရာကို စားလိုခြင်း )

 

ဥပမာအားဖြင့် ဆေးလိပ်ပြာတွေ ၊ ရွှံ့တွေ ၊ မြေကြီးတွေကို စားချင်လာကြပါတယ် ။ ဒါကတော့ ဓာတ်တစ်ခုခု လိုအပ်နေတာကိုဖော်ပြတာဖြစ်ပြီး ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ် ။

 

နိဂုံးချုပ်ရမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေက စားလို့ရသမျှ အကုန်စားသင့်ပါတယ် ။ သေချာကိုယ့်အစားအစာကို ဂရုစိုက်ပြီး ကိုယ်လက်လှုပ်ရှားမှူလေးပါ တွဲလုပ်လိုက်မယ်ဆိုရင်တော့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို မလွဲမသွေ ပိုင်ဆိုင်မှာဖြစ်ကြောင်းတင်ပြလိုက်ရပါတယ် ။ ။

Dr.Z

Previous Post

အမျိုးသမီးတွေအဖြစ်ဆုံး ကင်ဆာ

Next Post

အရွယ်မတိုင်မီ မအိုမင်းဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
731

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
706
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အရွယ်မတိုင်မီ မအိုမင်းဖို့

လေထိုးလေအောင့် သက်သာစေတဲ့  ဖန်ခါးသီး

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ မဖြစ်မနေလုပ်သင့်တဲ့ အချက် ၆ ချက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.