fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကလေးမွေးခါနီးအသင့်ပြင်ဆင်ရမယ့်ကိစ္စများ

390
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/02/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi)










(Unicode)

မွေးဖွားခါနီးလာပြီဆိုရင် လက်ဆသတ်ရမယ့်အလုပ်တွေ ပြီးစီးအောင်လုပ်ဖို့အချိန်သင့်ပါပြီ။ မီးဖွားဖို့အ သင့်ပြင်ဆင်ရမယ့် အလုပ်တွေကိုဖော်ပြလိုက်ပါတယ်။

မီးဖွားခန်းထဲဝင်တော့မယ်ဆိုရင် သက်တောင့်သက်သာရှိအောင်နေဖို့ လိုပါတယ်။ မိခင်တစ်ယောက် ဖြစ်တော့မှာကို စိတ်ထက်သန်တက်ကြွနေရမယ်။ ကိုယ်ဝန်ဆောင်တဲ့နောက်ဆုံးသီတင်းပတ်တွေမှာ အပင်ပန်း ဆုံးဖြစ်တယ်။ လွယ်လွယ်မောပန်းတတ်တယ်။ လှုပ်ရှားမှုတွေနှေးကွေးလာတယ်။ ကိုယ်ဝန်ရဲ့အလေးချိန် ကြောင့် ပုံမှန်ထက်ပိုလေးလံလာတယ်။ ဒါကြောင့်နားနားနေနေ နေဖို့လိုအပ်လာတယ်။ နေ့ခင်းမှာအချိန်ရသ လောက်တစ်မှေးအိပ်ပါ။

သင့်တင့်လျောက်ပတ်တဲ့အချိန်မှာ အရာရာအဆင်သင့်ဖြစ်အောင် လုပ်ထားပါတယ်။ ကလေးကစော စောမွေးနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ ကိုယ်ဝန်၃၈ပတ်ရှိပြီဆိုတာနဲ့ကလေးမီးဖွားဖို့အချိန်   စေ့နေပြီလို့ ပြောနိုင်ပါတယ်။ မီးဖွားခါနီးမှာ မိခင်လောင်းဟာအလုပ်မလုပ်သင့်တော့ပါဘူး။ စောစောမွေးဖွားလာရင် တကယ့် ကိုအံ့အားသင့်စရာ ဖြစ်လာပေလိမ့်မယ်။
ပထမ ကမ္မဇလေမလှုပ်မီ စုံစမ်းစစ်ဆေးပေးရမယ့် အဓိကပြဿနာတွေကို ဖော်ပြလိုက်ပါတယ်။

တင်ပါးဆုံလေ့ကျင့်ခန်းလုပ်ပါ
တင်ပါးဆုံအောက်ခြေရှိကြွက်သားများကို လှုပ်ရှားတဲ့လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အရေးကြီးပါတယ်။ ကြွက်သားတွေဟာ တင်ပါးဆုံအောက်မှာရှိတဲ့ သားအိမ်လမ်းကြောင်း၊ ဆီးလမ်းကြောင်းနဲ့စ အိုဝတွေကို ထောက်ပင့်ထားတယ်။ ၎င်းတို့ကိုပုံစံကျပြီး ကျန်းမာကြံ့ခိုင်အောင်ထားရင် မီးဖွားပြီးနောက်ဆီးအိမ် ပြဿနာကိုကာကွယ်ပေးနိုင်တယ်။ ကြံ့ခိုင်တဲ့တင်ပါးဆုံအထိုင် ကြွက်သားကကိုယ်ဝန်ဆောင်စဉ် နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ ဆီးမထိန်းနိုင်မှုကိုကာကွယ်ပေးပြီး ပထမအဆင့်သားဖွားဖြစ်စဉ်နဲ့ ကလေးထွက်လာ အောင်ဖြစ်ညှစ်ရတဲ့အချိန်တို့ကို တိုတောင်းစေတယ်။တင်ပါးဆုံအထိုင်ကို လေ့ကျင့်ခန်းလုပ်ရန်မှာ ဆီးသွားခြင်းကိုရပ်သွားအောင်ကြိုးစားသလို ကြွက်သား များကိုညှစ်လိုက်ပါ။အဲဒီလိုညှစ်တာကို၁၀စက္ကန့်ထားပြီးနောက်ပြန်လျှော့လိုက်ပါ။ ဒါကိုရှစ်ကြိမ်ပြုလုပ်ပါ။ ကိုယ်ဝန်ဆောင်သည့်နောက်ဆုံးသီတင်းပတ်တွင် စအိုနဲ့ယောနိအပေါက်ကြားရှိတစ်ရှူးကို နေ့စဉ်နှိပ်ပေးခြင်း ဟာကူညီပေးရတဲ့ သားဖွားခြင်း၊ ကလေးလွယ်လွယ်ထွက်လာအောင် ယောနိနဲ့အစို့ဆက်သောနေရာကို အ နည်းငယ်ခွဲရခြင်းရဲ့ အန္တရာယ်တွေကိုလျော့စေတယ်။
သံလွင်ဆီကိုအသုံးပြုပြီး သားအိမ်လမ်းကြောင်းတွင် ၃ မှ ၄ စင်တီမီတာထိ လက်မကိုသွင်းပြီးနံဘေး တွေကိုဖိပေးပါ။ နှိပ်လိုက်၊ ဆန့်လိုက်လုပ်ပေးခြင်းဖြင့် ပူလာတဲ့ခံစားမှုရတဲ့အထိ ပြုလုပ်ပါ။

ကိုယ့်ကိုယ်ကိုစိတ်တွင် ပြင်ဆင်ထားပါ
ကလေးရတော့မယ်ဆိုတဲ့အသိက စိတ်အားထက်သန်တက်ကြွပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကိုယ့်စိတ်ကူးလေးနဲ့ စိတ်တည်ငြိမ်အောင်ထားပါ။ အသက်ရှုလေ့ကျင့်ခန်းကိုလုပ်ပါ။ လေးစက္ကန့်ရှုသွင်းပြီး ရှစ် စက္ကန့်ရှုထုတ်ပါ။ အသက်ရှုလေ့ကျင့်ခန်းက မီးဖွားဖို့ဗိုက်နာတဲ့အခါမှာ ကြွက်သားတွေကိုဖြေလျော့ပေးတယ်။ သက်တောင့်သက်သာရှိနေတဲ့အခါမှာ သားအိမ်မှ၎င်းရဲ့အလုပ်ကိုလုပ်စေပြီး၊ သားအိမ်ခေါင်းကိုကျယ်စေတယ်။ ကမ္မဇလေလှုပ်တဲ့အခါမှာ သားဖွားမှုကိုမြန်စေပြီး နာကျင်မှုကိုတိုတောင်းစေတယ်။ အသက်ညှင်းညှင်းရှုခြင်းနဲ့ မြန်မြန်နဲ့ပြင်းပြင်းရှုခြင်းကို ရှောင်ပါ။

ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စ
ဆေးရုံတွင်မီးဖွားဖို့အတွက် အစစအရာရာအဆင်ပြေအောင် ကြိုတင်စီမံထားသင့်တယ်။အိမ်မှဆေးရုံ အထိအကွာအဝေး၊ ယဉ်ကြောပိတ်ဆို့မှုတို့ကို ကြိုတင်တွက်ဆထားရမယ်။ အိမ်ကားအဆင်သင့်  ဖြစ်အောင်၊ ကိုယ်ပိုင်ကားမရှိပါက အငှားကားကိုဆက်သွယ်ရန် နည်းလမ်းတို့ကိုကြိုတင်ပြင်ဆင်ထားသင့်တယ်။

ကလေးအတွက်အခန်းကို မွမ်းမံပြင်ဆင်ထားရန်
မွေးမွေးချင်းကလေးအတွက်သီးသန့်အခန်းထားစရာ မလိုသေးပါ။ မွေးကင်းစအရွယ်ကို မိဘနဲ့အတူ တစ်ခန်းထဲမှာ သီးသန့်ကုတင်လေးနဲ့ ထားသင့်ပါတယ်။ ကလေးနှစ်နှစ်အရွယ်ရောက်တဲ့အခါမှသာ သီးခြားအ ခန်းပြင်ဆင်ပေးသင့်တယ်။ မွေးကင်းစကလေးကို မိဘနဲ့အတူစားဖို့အခန်းကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြု ပြင်မွမ်းမံရပါမယ်။

ကလေးပစ္စည်းတွေကို အသင့်ပြင်ဆင်ထားရန်
နောက်ပိုင်းလိုအပ်မယ့် ကလေးကုလားထိုင်၊ ကစားစရာစသည်တို့ကို မစဉ်းစားဘဲအခုလတ်တလော မွေးကင်းစအတွက်လိုအပ်မယ့် ကလေးအင်္ကျ ီတွေ၊ အနှီးတွေ၊ ကလေးခါးတောင်းကျိုက်ပိတ်စ  တွေ၊ ခြုံစောင်၊ ခြင်ထောင်နဲ့ နူးညံ့တဲ့မျက်နှာသုတ်ပုဝါစသည်တို့ကို အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားရမယ်။ ကလေးကိုယ် တိုက်ဆပ်ပြာ ဒါမှမဟုတ်ဆပ်ပြာရည်ကိုလည်း ပြင်ဆင်ထားပါ။

Author – နှင်းအေးဝေ (Vol-7 / No-50) Healthcare Journal

 

Previous Post

လိင်အင်္ဂါကောင်းစွာမတောင့်တင်းနိုင်ခြင်းအတွက် ကုထုံးများ ဆေးဝါးကုထုံး (သောက်ဆေးများ)

Next Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
640

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့် ဆက်ဆံရမည်ကိုကြောက်ရွံ့ခြင်း (Sexual Pain and Sexual Fears)

အန္တရာယ်ကင်းသော (လုံခြုံစိတ်ချရသော) လိင်ဆက်ဆံမှု

ခံတွင်း အနံ့ ဆိုးခြင်း Bad Breath

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.