fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး
မီးယပ်သွေးဆုံးခြင်း
375
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/03/2017
in အမျိုးသမီး ကျန်းမာရေး
1 min read
A A
(zawgyi)
Author : Dr. CST
(Unicode)
မီးယပ်သွေးဆုံးတယ်ဆိုတာ အမျိုးသမီးများလစဉ်ပေါ်နေတဲ့ ရာသီသွေးမဆင်းတော့ခြင်းကိုခေါ်တာပါ။ ရာသီ သွေးမဆင်းတာကို တစ်နှစ်လောက်အထိစောင့်ကြည့်ပါတယ်။    တစ်နှစ်လောက်လုံးဝမဆင်းတော့မှ မီးယပ်သွေး ဆုံးတယ်လို့ပြောတာပါ။ တားဆေးတွေသုံးထားခြင်းမရှိရပါဘူး။ သွေးဆုံးပြီးသွားတဲ့အခါမှာ အမျိုးသမီးတွေမှာ မျိုးပွားနိုင်တဲ့စွမ်းရည်၊ သန္ဓေအောင်နိုင်တဲ့စွမ်းရည်တွေလည်းကျသွားပါတယ်။
အများအားဖြင့်တော့ မီးယပ်သွေးဆုံးတာက အသက် ၄၇ နဲ့ ၅၀ ကြားမှာဖြစ်ပါတယ်။ အသက် ၄၀ ထက်စောပြီး သွေးဆုံးတယ်ဆိုတာတွေလည်း တွေ့ရတတ်ပါတယ်။ အဲဒါမျိုးတွေက အချိန်မတိုင်ခင်   သွေးဆုံးတယ်လို့ ပြောလို့ ရပါတယ်။ တချို့လည်းမျိုးရိုးလိုက်ဖြစ်တတ်တယ်။ တချို့ကျတော့ ဟော်မုန်းဆိုင်ရာပြဿနာတွေကြောင့်ဖြစ် တယ်။ တချို့ကျတော့ အကြောင်းအမျိုးမျိုးကြောင့် သားအိမ်ကိုအပြီးခွဲစိပ်ထုတ်ထားတာကြောင့် ဖြစ်နိုင်တယ်။
မီးယပ်သွေးဆုံးသွားတဲ့အခါမှာ ကိုယ်ခန္ဓာမှာဟော်မုန်းဖြစ်စဉ်တွေပြောင်းလဲသွားပါတယ်။ ဟော်မုန်းတင်မကဘဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေပြောင်းလဲလာကြတယ်။ အရေပြားတွေပါးလာတယ်။ ကျစ်လစ်မှုမရှိတော့ဘူး။ ရင်သားတွေသေးလာတယ်။ သားအိမ်နဲ့မိန်းမကိုယ်လမ်းကြောင်းတွေလည်း ကျုံ့လာမယ်၊ ကျဉ်းမြောင်းလာမယ်။ ခြောက်သွေ့လာမယ်။ ဒါတွေတင်မကဘဲ အရိုးပွတာလည်းဖြစ်လာမယ်။ သွေးထဲမှာ Cholesterol တွေများလာ တတ်တယ်။
မီးယပ်သွေးဆုံးတဲ့အခါဘာတွေခံစားရမလဲ။တချို့ကျတော့ ဓမ္မတာမမှန်တာတွေဖြစ်တယ်။ တောက်လျောက်အကြာကြီးဆင်းနေတတ်တယ်။ရှိန်းတိန်းတိန်းခံစားနေရမယ်။ ချွေးထွက်များနေတတ်တယ်။ မလှုပ်ချင်မကိုင် ချင်ဘဲနုန်းနေတတ်တယ်။ စိတ်ခံစားမှုလည်းအတက်အကျ အရမ်းမြန်တယ်။ ဒေါသကြီးလာတယ်။ စိတ်ကျတာ တွေဖြစ်နေတတ်တယ်။ အလိုလိုငိုချင်နေတတ်တယ်။ ဘာကိုမှန်းမသိဘဲ တွေးပူနေတတ်တယ်။ လိင်ဆက်ဆံ ချင်တဲ့စိတ်တွေလဲလျော့နည်းလာတယ်။ အတူနေတဲ့အခါမှာလည်း နာကျင်တာတွေဖြစ်နိုင်တယ်။ဆီးလဲမထိန်းနိုင်တာတွေ၊ ခဏခဏသွားချင်တာတွေဖြစ်နိုင်တယ်။ အဆစ်တွေလည်းကိုက်နိုင်တယ်။
မီးယပ်သွေးဆုံးပြီဆိုတိုင်း ဒါတွေအကုန်ခံစားရမယ်လို့တော့ မဟုတ်ပါဘူး။ တချို့တွေလည်းဘာမှမဖြစ်တတ်ကြ ဘူး။ တချို့တွေကျတော့ အကုန်မဟုတ်တောင်တစ်မျိုးစီ ခံစားကြရတယ်။ ဒါတွေကိုကြိုတင်ကာကွယ်ဖို့ဆိုရင် သွေးမဆုံးခင်ကတည်းက အိပ်တာ၊ စားတာ၊ နေထိုင်တာတွေအားလုံးကို စနစ်တကျပြင်ဆင်ပါ။ အိပ်ရေးဝဖို့လို တယ်။ အစားအသောက်မှာလည်း အီလွန်းတဲ့အစားအသောက်   တွေကိုရှောင်၊ အဆီအဆိမ့်အငံတွေရှောင်ပြီး အာဟာရဖြစ်အောင်စားသုံးရမယ်။ အသီးအနှံတွေကိုပိုစားရမယ်။နွားနို့ကိုလည်း ရံဖန်ရံခါသောက်သင့်တယ်။မနက်နဲ့ညနေတွေမှာ ပေါ့ပါးတဲ့လေ့ကျင့်ခန်း တွေလုပ်ပေးရမယ်။ စိတ်ဖိစီးတာတွေကိုလျော့ချရမယ်။ မိသားစုမှာ လည်းအေးချမ်းပျော်ရွှင်စွာနေထိုင်ဖို့လိုတယ်။ စိတ်ငြိမ်ဖို့ တရားထိုင်တာတွေလည်းလိုပါတယ်။ အရေးကြီးဆုံးက တော့ရောဂါတစ်ခုခုရှိနေတဲ့အခါ အဲဒီရောဂါကိုသေချာထိန်းနိုင်ဖို့လည်းလိုပါတယ်။ ဥပမာအားဖြင့်-သွေးတိုး၊ နှလုံး၊ ဆီးချို၊ အချိုဓာတ်များတာတွေ၊ အဝလွန်တာတွေပါ။
တချို့တွေကျတော့လည်း မီးယပ်သွေးဆုံးကိုင်တယ်ဆိုပြီး သွေးဆုံးတဲ့အခါဖြစ်တတ်တဲ့ လက္ခဏာတွေတော် တော့်ကိုခံစားကြရတယ်။ အဲဒါတွေဆိုရင်တော့ ဆေးတွေကူရတတ်တယ်။ ရောဂါလက္ခဏာတစ်ခုချင်းစီကို သက်သာအောင်လုပ်ပေးဖို့လိုသလို တချို့လည်းဟော်မုန်းတွေပြန်ဖြည့်တာပါလိုတတ်ကြတယ်။ အဲလိုအခါ တွေ မှာတော့သားဖွားမီးယပ်ဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုပါတယ်။ ဟော်မုန်းဆေးတွေမှာလဲဖြစ်တဲ့ ရောဂါလက္ခဏာ အလိုက်ခဏပဲသောက်ဖို့လိုတာလား၊ ရေရှည်သောက်ဖို့လိုတာလားဆိုပြီး တော့ရှိပါတယ်။ အရေးကြီးတာက တော့သွေးဆုံးပြီးတဲ့အခါမှာ အရိုးပွတာက     တောက်လျှောက်ဆိုသလို ဆက်ဖြစ်သွားတာကြောင့် ချော်မလဲအောင် လည်းဂရုစိုက်ရပါတယ်။ အရိုးတွေလည်းလွယ်လွယ်ကျိုးနိုင်လို့ပါ။ ကျိုးပြီးတဲ့အခါပြန်ဆက်ဖို့လဲမလွယ်တော့ဘဲ အိပ်ယာပေါ်မှာပဲအမြဲနေနေရတာလည်း ဖြစ်တတ်လို့ပါ။ သတိပြုဆင်ခြင်နိုင်ကြပါစေ။
Author : Dr. CST
Previous Post
အပျော်မှအပျက်သို့မဖြစ်စေလိုပါ
Next Post
အမျိုးသမီးတို့၏ အချစ်ကို အလိုရှိသော်
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
591
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
549
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.7k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.4k
Women and folic acid
အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်
1 year ago
1.5k
Health secrets that women over 50 should know
၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ
1 year ago
1.1k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
အမျိုးသမီးတို့၏ အချစ်ကို အလိုရှိသော်
မှန်းထိုး ရမ်းထိုး....မှန်းကု ရမ်းကုတို့ကြောင့်......
ကလေးငယ်များနဲ့ကာကွယ်ဆေး
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.