fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကြာကြာထောင်မတ်တိုင်း ကောင်းသလား

5
VIEWS
Share on FacebookShare on Twitter
31/05/2019
in အမျိုးသမီး ကျန်းမာရေး
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ကြာကြာထောင်မတ်တိုင်း ကောင်းသလား

သိုင်းလောကသား အများစုအနေနဲ့ကတော့ အချိန်ကြာကြာ ထောင်မတ်ခြင်းကို သဘောကျနှစ်ခြိုက်ပြီး ကြာနိုင်သလောက် ကြာကြာထောင်မတ်တာမျိုး ဖြစ်ချင်ကြပါတယ်။

အချစ်တိုက်ပွဲဝင်တဲ့အခါဖြစ်ဖြစ် အစမ်းလေ့ကျင့်ချိန် (တကိုယ်ရည်အာသာဖြေချိန်) မှာဖြစ်ဖြစ် မိမိရဲ့ ငယ်ပါလက်နက်ဟာ အချိန်ကြာကြာထောင်မတ်တာမျိုးကို အမျိုးသားအားမာန်ကောင်းတယ်ဆိုပြီး ဂုဏ်ယူချင်ကြပါတယ်။

ဒီလိုမျိုးဖြစ်ချင်ကြတာဟာ သိုင်းလောကသားအများစုအနေနဲ့ အပြာဇာတ်ကား၊ အပြာစာအုပ်တွေလောက်ပဲ လိုက်စားတာများပြီး ကျန်းမာရေးဗဟုသုတွေကို လိုက်စားတာအားနည်းခြင်းကြောင့်ဖြစ်ပါတယ်။

တကယ်တော့ ငယ်ပါ အချိန်အကြာကြီးထောင်မတ်နေခြင်းဟာ မကောင်းပါ။

ပုံမှန်အားဖြင့် ငယ်ပါထောင်မတ်ချိန်ဟာ မိနစ်ပိုင်းလောက်ပဲရှိသင့်ပါတယ်။ တကယ်လို့ ၁ နာရီ ၂ နာရီ စသဖြင့် နာရီနဲ့ချီပြီးကြာအောင် ထောင်မတ်နေပြီဆိုရင်တော့ သင်ဟာ ထောင်မတ်ခြင်းနဲ့အတူ မချိမဆန့်နာကျင်မှုဝေဒနာကိုပါ ခံစားရပြီး ထောင်မတ်နေချိန်မှာ စိတ်သွားသလောက်ကိုယ်ပါအောင် လိင်မှုကိစ္စလည်း ပြုနိုင်မှာမဟုတ်ပါ။

ငယ်ပါ နာရီနဲ့ချီပြီး အကြာကြီးထောင်မတ်နေခြင်းကို ဆေးပညာအရ Priapism လို့ခေါ်ပါတယ်။

ငယ်ပါနာရီနဲ့ချီပြီး အကြာကြီးထောင်မတ်နေတာဟာ သဘောကျစရာ ဂုဏ်ယူစရာ ဖြစ်ချင်စရာကောင်းတဲ့ကိစ္စမျိုးမဟုတ်တဲ့အပြင် ချက်ချင်းဆေးကုသမှု ခံယူဖို့လိုတဲ့ကိစ္စလည်းဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ နာရီနဲ့ချီပြီး ထောင်မတ်နေပါက ငယ်ပါရဲ့တစ်သျှူးအမြှေးလွှာတွေ စုတ်ပြဲပျက်စီးတာ၊ ငယ်ပါ ထိခိုက်ဒဏ်ရာရတာတွေဖြစ်ပြီး ငယ်ပါကျိုးနိုင်လို့ပါ။

အဲ့အခါကျ ငယ်ပါပုံသဏ္ဍာန်ပျက်တာ၊ ဆီးလမ်းကြောင်းထိခိုက်ပြီး ဆီးသွားရခက်တာ၊ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လျော့နည်းကျဆင်းတာ၊ ပန်းသေပန်းညှိုးဖြစ်တာတွေအထိ ဖြစ်နိုင်ပါတယ်။

ဘာလို့ ငယ်ပါ နာရီနဲ့ချီပြီး အကြာကြီးထောင်မတ်နေရတာလဲ။

ပုံမှန်ဆိုရင် လိင်စိတ်လှုံ့ဆော်မှုရှိတဲ့အခါ ငယ်ပါထဲက Corpora cavernosa ဆိုတဲ့ နေရာမှာရှိတဲ့ ကြွက်သားတွေဟာ Relax (ပြေလျော့တာ) ဖြစ်လာပါတယ်။

အဲ့အခါမှာ ငယ်ပါထဲက Corpora Cavernosa နေရာထဲကို သွေးစီးဝင်မှုများလာပြီး ငယ်ပါထောင်မတ်ခြင်း စတင်ဖြစ်လာပါတယ်။

ထောင်မတ်ခြင်းကို ထိန်းထားဖို့အတွက် Corpora Cavernosa စီးဝင်လာပြီးတဲ့ သွေးတွေကို ပြန်မထွက်ဘဲ ပိတ်မိနေစေရန် Tunica albuginea တစ်သျှူးအမြှေးလွှာက ဆောင်ရွက်ပေးပါတယ်။

လိင်စိတ်လှုံ့ဆော်တာပြီးမြှောက်လို့ စိတ်ကျေနပ်တဲ့အချိန်ကျ ငယ်ပါထဲက Copora Cavernosa မှာရှိတဲ့ ကြွက်သားတွေကျုံ့ညှစ်ခြင်းဖြစ်ပြီး ပိတ်မိနေတဲ့သွေးတွေဟာ ပြန်ထွက်ကာ ထောင်မတ်နေတဲ့ငယ်ပါဟာလည်း ပျော့သွားပါတယ်။

အကြောင်းကြောင်းကြောင့် ပိတ်မိနေတဲ့ သွေးတွေပြန်မထွက်နိုင်ရင်ဖြစ်ဖြစ် သို့မဟုတ် သွေးစီးဆင်းမှုက လိုအပ်တာထက် တအားဆက်တိုက်များနေရင်ဖြစ်ဖြစ် ငယ်ပါ ထောင်မတ်ချိန်ဟာ နာရီနဲ့ချီပြီးကြာတာ ဖြစ်လာပါတယ်။

ပိတ်မိနေတဲ့သွေးတွေပြန်မထွက်နိုင်လို့ ဖြစ်တာကို Ischemic priapism လို့ခေါ်ပြီး သွေးစီးဆင်းမှုက လိုအပ်တာထက်တအားဆက်တိုက်များလို့ဖြစ်တာကိုတော့ High flow priapism လို့ခေါ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းတွေအနေနဲ့ကတော့

Sickle cell anaemia ဆိုတဲ့သွေးရောဂါရှိတာ၊Leukaemia လို့ခေါ်တဲ့သွေးကင်ဆာဖြစ်တာ၊Trazodine,Chlorpromazine စတဲ့စိတ်ငြိမ်ဆေးတွေသောက်နေရတာ၊ ဟော်မုန်းဆေးတွေသောက်တာ၊ လိင်အင်္ဂါတောင့်တင်းအောင် ကြီးကြာရှည်ထိုးဆေးတွေထိုးတာ သောက်တာ၊ လိင်အင်္ဂါတဝိုက် အင်းဆက်အကောင်တမျိုးမျိုး အကိုက်ခံရတာ၊ ဂွကြားနဲ့ တင်ပဆုံတဝိုက် ထိခိုက်ဒဏ်ရာရတာ၊ ခါးရိုးထိခိုက်ဒဏ်ရာရတာ၊ အရက်မူးယစ်ဆေးတွေကို ရေရှည်အလွန်အကျွံ့သုံးတာ၊ လိင်တံကင်ဆာဖြစ်တာ စသဖြင့်အများကြီးရှိပါတယ်။

ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ လင်စိတ်လှုံ့ဆော်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငယ်ပါဟာ ၄နာရီထက်ကြာအောင် ထောင်မတ်နေခြင်းနှင့် နာကျင်မှုကိုခံစားရခြင်းဖြစ်ပါတယ်။

ဒါပေမယ့် သွေးစီးဆင်းမှုက လိုအပ်တာထက် တအားဆက်တိုက်များလို့ဖြစ်တဲ့ High flow priapism အမျိုးအစားမှာတော့ နာကျင်မှုကမရှိတာများပါတယ်။

နာကျင်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ငယ်ပါတောင်မတ်တာဟာ နာရီနဲ့ချီပြီးကြာနေတယ်ဆိုရင်ကို ဆေးခန်းချက်ချင်းပြသပြီးကုသမှုခံယူဖို့လိုပါတယ်။

ဘာလို့လဲဆိုတော့ အပေါ်မှာတခါပြောခဲ့တဲ့အတိုင်း ဒီလိုဖြစ်တာဟာ ဂုဏ်ယူကျေနပ်သဘောကျနေရမယ့် ကိစ္စမဟုတ်တဲ့အပြင် ကုသဖို့ကြာနေပါက လိင်တံကျိုးတာဖြစ်နိုင်ပြီး နောက်ဆက်တွဲအနေနဲ့ လိင်တံပုံပျက်တာ၊ ဆီးလမ်းကြောင်းထိခိုက်ပြီး ဆီးသွားရခက်တာ၊လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်လျော့နည်းကျဆင်းတာ၊ ပန်းသေပန်းညှိုးဖြစ်တာတွေအထိဖြစ်နိုင်လို့ပါ။

ဒါကြောင့် အဆုံးသတ်အနေနဲ့ အလေးထားမှာချင်တာကတော့ လိင်စိတ်လှုံ့ဆော်မှုရှိတဲ့အချိန်မှာဖြစ်ဖြစ် ဒီအတိုင်းနေရင်းနဲ့ဖြစ်ဖြစ် သင့်ငယ်ပါ ထောင်မတ်ချိန်ဟာ နာရီနဲ့ကြာအောင်ကြာနေပြီဆိုရင် အချိန်မဆွဲဘဲ ရှက်မနေဘဲ အမြန်ဆုံးနီးစပ်ရာဆေးရုံဆေးခန်းပြသပါလို့ မှာချင်ပါတယ်။

Dr 528

Previous Post

ကိုယ်ဝန်ဆောင်စဉ် ခြေလက်တွေဖောရောင်တာ စိုးရိမ်စရာလား။

Next Post

အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးလိမ်းမိရင်

5
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

9 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

10 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

11 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

အပူလောင်ဒဏ်ရာကို သွားတိုက်ဆေးလိမ်းမိရင်

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!