fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ရိုးရိုးမွေးနဲ့ ဗိုက်ခွဲမွေး ဘယ်လိုမွေးရင် ပိုကောင်းမလဲ

716
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/05/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ရိုးရိုးမွေးနဲ့ ဗိုက်ခွဲမွေး ဘယ်လိုမွေးရင် ပိုကောင်းမလဲ

လက်ရှိ ကိုယ်ဝန်ဆောင်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်လောင်းများသာမက အရွယ်ရောက်ပြီးသူအမျိုးသား၊ အမျိုးသမီးတိုင်း သိထားသင့်သည့် အကြောင်းအရာ တရပ်မှာ မိမိတွင် (သို့) မိမိအိမ်ထောင်ဖက်တွင် ကိုယ်ဝန်ရှိလာချိန်တွင် ဘယ်လိုမွေးရင် သင့်တော်မလဲဆိုသည့် အကြောင်းအရာပင်ဖြစ်သည်။

ဆေးခန်းများသားဖွားခန်းများတွင် မွေးဖွားကြသူများအနေနှင့် မွေးလမ်းကြောင်းမှ ရိုးရိုးမွေးခြင်းဖြင့် မွေးဖွားတတ်ကြပြီး အချို့သောဆေးရုံများကြီးများတွင် သားဖွားမီးယပ် ဆရာဝန်များဖြင့် မွေးဖွားကြသူများတွင်မူ ခွဲမွေးခြင်းကို အများဆုံးပြုလုပ်တတ်ကြသည်။ မည်သည့်နည်းဖြင့် မွေးဖွာခြင်းပင် ဖြစ်စေကာမူ အဓိကအချက်မှာ မွေးဖွားစဉ်နှင့် မွေးပြီး နောက်ပိုင်း အဆင်ပြေချောမွေ့စွာဖြင့် မိခင်ကောကလေးပါ ကျန်းကျန်းမာမာနှင့် နောက်ဆက်တွဲပြဿနာအနည်းဆုံးဖြင့် မွေးဖွားရန်သာလျှင်ဖြစ်သည်။

ရိုးရိုးမွေးခြင်းနှင့် ဗိုက်ခွဲ၍မွေးခြင်းဟူ၍ နှစ်မျိုးရှိရာတွင် မွေးဖွားမှုပုံစံ အမျိုးအစား တခုချင်းအလိုက် မတူညီသော အကောင်းအဆိုး၊ အကျိုးအပြစ်များရှိပြီး မိခင်လောင်း၊ ဖခင်လောင်းများအနေနှင့် ၎င်းတို့အား ကြိုတင်သိရှိထားကြခြင်းဖြင့် မိမိတို့၏ အသက် အရွယ်နှင့် လတ်တလောကျန်းမာရေးအခြေအနေအရ သင့်တော်မည်ထင်သည့် မွေးဖွားမှုပုံစံအား ကြိုတင်စဉ်းစားထားနိုင်ကြမည်ဖြစ်သလို ဖြစ်လာနိုင်သော ကျန်းမာရေး အခြေအနေများအတွက်လည်း ကြိုတင်ပြင်ဆင်ထားနိုင်ကြမည်ဖြစ်သည်။

အချို့သော မဖြစ်မနေ ခွဲ၍မွေးရန် လိုသည့် အခြေအနေများမှလွဲ၍ အခြားသော ကျန်းမာသောအမျိုးသမီးများအနေနှင့် မိမိမွေးဖွားလိုသောပုံစံကို ပုံမှန်ဗိုက်အပ်စဉ်ကပင် ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်တော်သော နည်းလမ်းအား ရွေးချယ်ပြင်ဆင်ထားနိုင်သည်။

သို့ဖြစ်၍ အရွယ်ရောက်ပြီး သူ အမျိုးသား၊ အမျိုးသမီးတိုင်းသိထားသင့်သော ကလေးမွေးရာတွင် ရိုးရိုးမွေးခြင်းနှင့် ဗိုက်ခွဲ၍မွေးခြင်းတို့နှင့် ပတ်သတ်သည့် အချက်အလက်များကို ဖော်ပြပေးလိုက်သည်။

ရိုးရိုးမွေးခြင်းနှင့် ပတ်သတ်သော အချက်အလက်များ

မွေးလမ်းကြောင်းမှနေ၍ သားအိမ်၏ ညှစ်အားနှင့်အတူ ကလေး၏ ခေါင်းမှစ၍ တဖြည်းဖြည်းဆင်းလာခြင်းဖြစ်သဖြင့် မွေးဖွားချိန်ကြာတတ်သလို နာကျင်မှုကိုလည်း ခံစားရနိုင်သည့် မွေးဖွားမှုပုံစံဖြစ်သည်။ သဘာဝအတိုင်း မွေးဖွားခြင်းဖြစ်၍ မွေးဖွားပြီးစ မိခင်များအနေနှင့် ကလေးအပေါ် ပို၍ သံယောဇဉ်ရှိကြသည်ဟု ဆိုတတ်ကြပြီး ယနေ့ ခေတ်အချိန်တွင် ဖွံ့ဖြိုးပြီးနိုင်ငံများရှိ မိခင်လောင်းများပင် အနာခံ၍ ရိုးရိုးမွေးခြင်းကို ယခင်အချိန်များကထက် ပို၍ အသုံးပြုလာကြကြောင်း သိရှိရသည်။

ရိုးရိုးမွေးခြင်း၏ မိခင်အတွက် ကောင်းကျိုးများ

– မွေးဖွားပြီးလျှင် ဆေးရုံဆေးခန်းများတွင် အချိန်ကြာကြာနေရန်မလိုပဲ တရက်နှစ်ရက် အတွင်းပင် ကျန်းမာစွာဖြင့် အိမ်ပြန်နိုင်ခြင်း
– မွေးပြီးပြီးခြင်း နို့ဦးရည် တိုက်ကျွေးရန် အဆင်ပြေခြင်း
– သဘာဝအတိုင်း မွေးခြင်းဖြစ်သည့်အလျောက် နောက်ကိုယ်ဝန် ထပ်ယူလိုသူများ အနေနှင့် အချိန်ကြာမြင့်စွာစောင့်ရန် မလိုခြင်း
– ခွဲစိတ်ခြင်း၏ အန္တရာယ်ရှိသော နောက်ဆက်တွဲ ပြဿနာများကို မခံစားရခြင်း

ရိုးရိုးမွေးခြင်းကြောင့် မိခင်တွင် ဖြစ်လာနိုင်သော ပြဿနာများ

– မွေးလမ်းကြောင်းအတွင်း ကလေးတကိုယ်လုံးဖြတ်လာသဖြင့် နာကျင်မှုကို ခံစားရခြင်းနှင့် မွေးလမ်းကြောင်း ကြွက်သားများနှင့် အရေပြားများ ဆုတ်ပြဲနိုင်ခြင်း
– ရိုးရိုးမွေးပြီး နောက်ပိုင်း အသက်ကြီးလာသူများတွင် သားအိမ်ကျွံတတ်ခြင်းနှင့် ဆီး၊ ဝမ်းများ မထိမ်းနိုင်ခြင်းကဲ့သို့သော ပြဿနာများ ခံစားရတတ်ခြင်း
– မွေးလမ်းကြောင်းဆုတ်ပြဲနိုင်မှုကြောင့် မွေးလမ်းကြောင့် ချဲ့၍ မွေးရန် လိုအပ်နိုင်ခြင်း
– အချင်းကျန်ခဲ့ခြင်းနှင့် မွေးဖွားချိန်ကြာတတ်ခြင်းများတွင် တခါတရံသွေးသွန်တတ်ခြင်း
– မွေးဖွားပြီးနောက်ဖြစ်တတ်သော စိတ်ကျရောဂါများ စသည်တို့ကို ခံစားရနိုင်သည်။

ရိုးရိုးမွေးခြင်းကြောင့် ကလေးတွင် ဖြစ်နိုင်သည့် အကောင်းအဆိုးများ

– ကောင်းကျိုးများ အနေနှင့် မွေးကင်းစကလေးအတွက် အရေးအကြီးဆုံးဖြစ်သည့် နို့ဦးရည်ကို စောလျင်စွာစို့ရသဖြင့် အစာခြေလမ်းကြောင်းစနစ် ကောင်းစွာဖွံ့ဖြိုးခြင်း၊
– မွေးလမ်းကြောင်းတလျောက် ဖြည်းညှင်းစွာဖြတ်လာရသဖြင့် ကလေးအဆုတ် ကောင်းစွာအလုပ်လုပ်ခြင်းနှင့် နောက်ပိုင်းတွင်လည်း အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ခံစားရနိုင်ချေ နည်းခြင်း၊
– ခွဲမွေးသော ကလေးများထက် ကိုယ်ခံအားစနစ် ပို၍ကောင်းခြင်းများ ရှိပြီး
– ဆိုးကျိုးများအနေနှင့် မွေးလမ်းကြောင်းကို ခက်ခဲစွာဖြတ်လာရတတ်ပြီး အချို့သော ညှပ်ဆွဲမွေးရခြင်းနှင့် လေစုပ်မွေးရသောကလေးများတွင် ညှပ်ရိုးကျိုးနိုင်ခြင်းနှင့် ဦးခေါင်း အရေပြားတွင် ထိခိုက်ဒဏ်ရာများ ရနိုင်ခြင်း
– မိခင်၏မွေးလမ်းကြောင်းတွင် ကူးစက်ရောဂါများခံစားနေရခြင်းရှိပါက ကလေးကိုပါ ကူးစက်နိုင်ခြင်း စသည်တို့ ခံစားရနိုင်သည်။

ခွဲမွေးခြင်း

ခွဲမွေးခြင်းတွင်မူ ကြိုတင်ပြင်ဆင်၍ ခွဲမွေးခြင်းနှင့် အရေးပေါ် အခြေအနေကြောင့် ခွဲမွေးရခြင်းဟူ၍ နှစ်မျိုးရှိပြီး အကျိုးအပြစ်များအနေနှင့်လည်း ကွဲပြားလှသည်။ ကြိုတင် ပြင်ဆင်၍ ခွဲမွေးသင့်သူများမှာ ရိုးရိုးမွေးရန်အတွက်သင့်တော်ခြင်းမရှိသည့် အခြေအနေ များဖြစ်သည့်

– အရပ်ပုလွန်းသည့် မိခင်များ၊
– ကလေးထွားလွန်းသည့်မိခင်များ၊
– အမွှာပူး ကိုယ်ဝန်ဆောင်ထားရသူများ၊
– ဆေးဝါးများဖြင့် မထိန်းနိုင်သော သွေးတိုးခြင်းနှင့် ဆီးချိုရောဂါခံစားနေရသူများ
– ခုခံအား ကျဆင်းမှု ရောဂါခံစားနေရသူများ၊
– မွေးဖွားခါနီးတွင် လိင်အင်္ဂါရေယုန်ရောဂါနှင့် ဆစ်ဖလစ် ကာလသားရောဂါ ခံစားနေရ သူများ၊
– မွေးလမ်းကြောင်းအတွင်းကလေးခေါင်းမဆိုက်ပဲ ဆုံပိုင်းဖြစ်နေသူများ၊
– အချင်းအနေအထားမမှန်သူများ၊
– ပထမကလေး မွေးဖွားစဉ်က မွေးလမ်းကြောင်း ပြဿနာတခုခု ခံစားခဲ့ရသူများနှင့်
– မိမိသဘောဖြင့်မိမိ (သို့မဟုတ်) အကြောင်းအရာတခုခုကြောင့်ခွဲမွေးချင်သူများတွင် သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ပြီး စနစ်တကျ ကြိုတင်ပြင်ဆင်ကာ ခွဲမွေးနိုင်သည်။

အရေးပေါ်ခွဲမွေးရန် လိုသည့်အခြေအနေများမှာ မွေးဖွားချိန်မတိုင်သေးသော်လည်း သွေးသွန်ခြင်း၊ ရိုးရိုးမွေးနေစဉ် သတ်မှတ်အချိန်ထက်ပို၍ ကြာလာခြင်း၊ ကလေး ခေါင်းမဆင်းခြင်း၊ အချင်းပတ်နေခြင်းနှင့် ကလေးတွင် အောက်ဆီဂျင်ဓာတ် ကောင်းစွာ မရသည့်လက္ခဏာများ စမ်းသပ်တွေ့ရှိရခြင်း စသည့် အခြေအနေများ ဖြစ်ကာ ကြိုတင် ပြင်ဆင်ပြီး ခွဲ၍ မွေးရသူများထက် ပို၍ နောက်ဆက်တွဲပြဿနာများ ခံစားရနိုင်သည်။

ခွဲမွေးခြင်း၏ မိခင်အပေါ် ကောင်းကျိုးများ

– မွေးဖွားချိန်ကြာမြင့်မှု မရှိခြင်း
– မွေးဖွားချိန်တွင် နာကျင်မှု မခံစားရပဲ သက်တောင့်သက်သာမွေးဖွားနိုင်ခြင်း
– မွေးလမ်းကြောင်းထိခိုက်မှု မရှိခြင်းနှင့် မွေးလမ်းကြောင်းချဲ့ရခြင်းကြောင့် ဖြစ်သည့် ပြဿနာများမခံစားရနိုင်ခြင်း စသည့် ကောင်းကျိုးများ ခံစားရနိုင်သည်။

ခွဲမွေးသော မိခင်များတွင် ခံစားရနိုင်သည့် ပြဿနာများ

အထက်ဖော်ပြပါ ရိုးရိုးမွေးရန်မဖြစ်နိုင်သော အခြေအနေများနှင့် အန္တရာယ်ရှိ၍ မဖြစ်မနေခွဲမွေးလိုက်ရသောမိခင်များတွင် မိခင်ကောကလေးပါ အသက်အန္တရာယ်မှ ကာကွယ်နိုင်မည် ဆိုနိုင်သော်လည်း မည်သည့်အကြောင်းကြောင့်ခွဲ၍မွေးရသည်ဖြစ်စေ ဗိုက်ခွဲမွေးခြင်းသည် အကြီးစားခွဲစိတ်မှုတမျိုး ဖြစ်သည့်အလျောက် နောက်ပိုင်းတွင် ရိုးရိုးမွေးခြင်းထက် ပိုသော နောက်ဆက်တွဲများ ခံစားရလာတတ်သည်။ အထူးသဖြင့်

– ခွဲစိတ်မွေးဖွားရန်အတွက် လိုအပ်သော ထုံဆေး၊ မေ့ဆေးများ၏ နောက်ဆက်တွဲ ပြဿနာများ ခံစားရနိုင်ခြင်း
– ဆေးရုံတွင် အနည်းဆုံး ၃ရက်မှ ၎င်းထက်ပို၍ ကြာကြာနေရနိုင်ခြင်း
– မွေးပြီးပြီးချင်း နို့ဦးရည်မထွက်နိုင်ခြင်းများ ရှိသလို ဝမ်းဗိုက်မှ အနာကြောင့် ကလေး ကိုလည်း နို့ကောင်းကောင်း မတိုက်နိုင်ခြင်း
– ခွဲနေစဉ်တွင် နာကျင်မှု မခံစားရသော်လည်း ခွဲပြီးနောက်ပိုင်း ထုံဆေးပြယ်ချိန်မှစ၍ ခွဲထားသောနေရာမှ နာကျင်မှုကို အချိန်အတော်ကြာ ခံစားရနိုင်ခြင်း၊ နာကျင်မှုကို ပြင်းထန်စွာ ခံစားရခြင်းကြောင့် အကိုက်အခဲ ပျောက်ဆေးများ သောက်ရန် လိုအပ်ခြင်း
– အကြီးစားခွဲစိတ်မှုဖြစ်၍ သွေးထွက်များနိုင်သလို သွေးသွင်းကုသမှု ခံယူရနိုင်ခြင်း
– ဝမ်းဗိုက်နှင့် သားအိမ်ကို ဖွင့်၍ မွေးဖွားခြင်းဖြစ်၍ ရောဂါပိုးများ ဝင်ရောက်နိုင်ခြင်းနှင့်

၎င်း၏နောက်ဆက်တွဲ ပြဿနာများခံစားရတတ်ခြင်း
– မွေးဖွားစဉ်တွင် ဆီးလမ်းကြောင်းနှင့် အူသိမ်၊ အူမကြီးများ ထိခိုက်မှုဖြစ်စေနိုင်ခြင်းနှင့် ၎င်းတို့ကြောင့် ဖြစ်ရသည့် နောက်ဆက်တွဲများ ခံစားရလာနိုင်ခြင်း
– ခွဲစိတ်နေစဉ် သွေးပြန်ကြောများအတွင်း သွေးခဲများနှင့် ရေမွှာရေများ ဝင်ရောက်ခြင်း ဖြစ်နိုင်ကာ အသက်အန္တရာယ် ရှိစေနိုင်ခြင်း
– ဆေးရုံတက်ချိန်ကြာသလို ပုံမှန်အလုပ်လုပ်ကိုင်နိုင်ရန်အတွက်လည်း အချိန်ကြာမြင့် နိုင်သဖြင့် အလုပ်အကိုင်ပျက်ရခြင်း
– ခွဲမွေးထားသော မိခင်များတွင် ဒုတိယကလေး ထပ်ယူလိုလျှင် အနည်းဆုံး နှစ်နှစ်ခန့် အထိစောင့်ရန်လိုခြင်းနှင့်
– နောက်ကလေးများတွင်လည်း ရိုးရိုးမွေးရန်အဆင်မပြေပဲ ခွဲ၍မွေးမှအဆင်ပြေနိုင်ခြင်း
– ခွဲစိတ်ခန်းကုန်ကျစရိတ်၊ ဆေးရုံတက်ကုန်ကျစရိတ်နှင့် မီးဖွားပြီးအသုံးပြုသော ပိုးသတ်ဆေးများ၊ အကိုက်အခဲပျောက်ဆေးများကြောင့် ကုန်ကျစရိတ်ပို၍များခြင်း

ခွဲမွေခြင်းကြောင့် ကလေးတွင်ဖြစ်ပေါ်နိုင်သည့် အကောင်းအဆိုးများ

ကောင်းကျိုးများအနေနှင့်

– ညှပ်စွဲခြင်း၊ လေစုပ်မွေးခြင်းများကြောင့်ဖြစ်ရသည့် ထိခိုက်ဒဏ်ရာများ မခံစားရခြင်း
– ရောဂါသည်မိခင်ထံမှ ခုခံအားကျဆင်းမှုရောဂါနှင့် အခြားသောကူးစက်ရောဂါများ ကူးစက်ခြင်းမှ ရိုးရိုးမွေးခြင်းထက်ပို၍ ကာကွယ်နိုင်ခြင်း

ဆိုးကျိုးများအနေနှင့်

– ခွဲမွေးထားသော ကလေးများတွင် ပန်းနာရင်ကျပ်ရောဂါနှင့် အခြားသော အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားရန် အခွင့်အလမ်းအလွန်များခြင်း
– ရိုးရိုးမွေးထားသော ကလေးများလောက် ကိုယ်ခံအားမကောင်းတတ်ခြင်းများ ဖြစ်နိုင်သည်။

ဘယ်လိုမွေးရင် သင့်တော်မလဲ

မိခင်လောင်း၏ အသက်အရွယ်၊ လက်တလော ကျန်းမာရေးအခြေအနေ၊ နာတာရှည် ရောဂါများ ခံစားနေရခြင်း ရှိ/မရှိနှင့် အထက်ဖော်ပြပါ မဖြစ်မနေ ခွဲ၍မွေးရန် လိုအပ်သည့် အခြေအနေများ၊ ရိုးရိုးမွေးရန် လိုအပ်သည့် အခြေအနေများနှင့် မိမိတို့၏ လိုအပ်ချက်များအပေါ် မူတည်ပြီး နားလည်တတ်ကျွမ်းသည့် သားဖွားမီးယပ်ဆရာဝန်၊ သားဖွားဆရာမများနှင့် တိုင်ပင်ကာ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ပြီး အသင့်တော်ဆုံး နည်းကို အကြံဉာဏ်ရယူရမည်။

မွေးဖွားခြင်းနှင့်ပတ်သတ်၍ အရေးအကြီးဆုံး အချက်အနေနှင့် လနုစဉ်က ဗိုက်အပ်ခြင်းနှင့် လိုအပ်သောစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ထားခြင်း မရှိခဲ့ပဲ မွေးခါနီး၊ ဖွားခါနီးမှ နီးစပ်ရာ ဆေးရုံများတွင် သွားရောက်မွေးဖွားကြခြင်းမျိုးကို အထူးဂရုပြု ရှောင်ကျဉ်ကြရန်လိုသည်။

မိခင်လောင်းနှင့် ကလေး၏ ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေးအခြေအနေကို စမ်းသပ်ထားမှု မရှိခဲ့သဖြင့် မီးဖွားရာတွင် ကလေးအသေ မွေးနိုင်ခြင်း၊ မီးတွင်းကာလကလေးသေဆုံးခြင်း၊ အချို့သောအခြေအနေများတွင် မိခင် အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်းနှင့် အရေးပေါ်ခွဲစိတ်၍ မွေးဖွားရခြင်းများကြောင့် ခွဲစိတ်မှု၏ နောက်ဆက်တွဲပြဿနာများ ခံစားရစေနိုင်သဖြင့် အထူးဂရုပြုကြသင့်သည်။

မိခင်လောင်းများအနေနှင့် မိမိနှင့်သင့်တော်သော မွေးဖွားမှုပုံစံကို အကောင်းဆုံး ရွေးချယ်နိုင်ပြီး နောက်ဆက်တွဲပြဿနာ ကင်းစွာဖြင့် စိတ်အေးချမ်းသာစွာ မွေးဖွားနိုင် ကြပါစေ။

Dr. Tint Tal

Previous Post

မွေးကင်းစကလေး လေအောင့်ခြင်း

Next Post

သံဓာတ်အားနည်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
625

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
595
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သံဓာတ်အားနည်းခြင်း

Haemangioma လို့ခေါ်တဲ့ သွေးလုံးလေးတွေက အန္တရာယ်ရှိလား

ကိုယ်ဝန်ဆောင်စဉ်ချော်လဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.