fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

မတ်မတ်ဗိုက်တို့ သတိထားရမယ့် ကိုယ်အလေးချိန်..

310
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/06/2019
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

အစားအသောက်မီးလိုတောက်နေတတ်တဲ့ အမရင်းလို အရမ်းခင်နေရတဲ့ သားဦးကိုယ်ဝန်ဆောင် မမဗိုက်တစ်ယောက် ကိုယ်ဝန်ရက်ချိန်းပြပြီးသကာလ ကျွန်မဆီ အလည်လာခဲ့လေသည်။

– “ပြောမပြောချင်တော့ပါဘူး ငါ့ညီမရေ.. မမလေ ခုပဲဆေးခန်းကပြန်လာတာ ဝိတ်လည်းချိန်ရော ပေါင် ၃၅ ပေါင်ဆောင့်တက်နေတယ်.. မမကလေးပဲ အရမ်းထွားတာလား မပြောတတ်ဘူး.. စိတ်တွေလည်း ညစ်ပါတယ်။..”

ဟုတ်ပါတယ်.. ဒီအမက ခုမှ ၆ လဗိုက်ပါ။ တစ်ရစ်ရစ်နဲ့ လရင့်လာတာနဲ့အမျှ အလေးချိန်တွေ တိုးလာတာ အပျိုတုန်းကပေါင် ၁၂၀ ခန္ဓာကိုယ်လေးက ခုတော့ ၁၅၅ ပေါင်ဖြစ်နေပေါ့..

– “မမရေ.. အားမနာဘဲပြောတော့မယ်.. မမက တအားစားတာကို.. အပျိုတုန်းက စားသလောက် လေ့ကျင့်ခန်း ပြန်လုပ်နိုင်တော့ body လေးထိန်းထားနိုင်သေးတယ်..”

– “ဟဲ့ ကိုယ်ဝန်သည်ပဲ ကလေးရော အမေရော ကျန်းမာအောင် စားရမှာပဲ မဟုတ်ဘူးလား??? နောက်သားဦးဆိုတော့ ထိခိုက်မိမှာ အရမ်းကြောက်တာ ဘာမှကို အယိုယွင်းမခံနိုင်ဘူး.. ညည်းတို့လို အပျိုလေးတွေ ဒါတွေ ဘယ်နားလည်ပါ့မလဲ..”

– “ဟောကြည့် အကောင်းပြောမို့ ဟာကို..

ဟုတ်တယ် မမပြောသလိုပဲ။ ဒီမှာက ဘိုးဘွားဘီဘင်အစဉ်ဆက်ထဲက ကိုယ်ဝန်သည်ဆို များများစားရမယ်၊ တစ်ရက်သင်္ချိူင်း မျက်စောင်း ၃ ခေါက်လောက်ထိုးနေတာ.. အနေထိုင်အရမ်းဆင်ခြင်ရတယ်.. ဒါတွေက အရပ်ထဲမှာ အမြဲပြောနေကြစကား.. ဟုတ်တယ်နော်”

– “ဟုတ်တယ်လေ မမမေမေတို့ အဖွားတို့လည်း ဒီလိုပဲပြောနေတာ.. မမအမျိုးသားကလည်း သားဦးဆိုတော့ မမကို ပေးတောင်မလှုပ်ဘူး”

– “အဲ့ဒါပြောတာပေါ့ ဒီမှာက အဲဒါတွေ တော်တော်များများက လွဲနေကြတာ။ ညီမလေးတွက်ပြမယ်နော်။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကလေးလေးက အလေးချိန်တိုးလာရမယ် လရင့်လာတာနဲ့အမျှ.. အဲဒါကတော့အမှန်ပဲ။ ဒါပေမဲ့ ကလေးလေးမွေးထုတ်လိုက်တဲ့အခါ ကလေးလေး body weight ကပျှမ်းမျှ 2.5 – 3.5 kg , ၅ ပေါင်ကနေ ၈ ပေါင်လောက်ထိပဲ ရှိသင့်တယ်။
အဲ့တော့ အမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ရှိလို့ အလေးချိန်တွေ တိုးလာတယ်ဆိုရင်တောင် အများဆုံး ၁၅ ပေါင်ကနေ ပေါင် ၂၀ လောက်ထိပဲ တိုးသင့်တယ်လေ။ ဒါတောင် မွေးပြီးတဲ့အချိန်ထိနော်.. ကလေးအလေးချိန်ပါ ထည့်တွက်ထားတာ… မမပြောသလို ကလေးက အရမ်းထွားတဲ့ ကိစ္စတွေတော့ ရှိပါတယ်။ ဒါကို big baby လို့ခေါ်တယ် အမေမှာ ဆီးချိုရှိတာမျိုးနဲ့ တွဲတတ်တယ်။”

– “ဟဲ့ အဲ့ဆို ကလေးထွားတိုင်း မကောင်းဘူးပေါ့..”

– “ဟုတ်တယ်မမရဲ့.. မမဆို ဆီးချိုလည်းမရှိဘူး မမဗိုက်ကိုကြည့်ရတာလည်း ကလေးက ဒီအရွယ်မှာ ရှိရမဲ့အနေအထားပဲ ပိုကြီးနေတာမျိုးလည်းမရှိဘူး.. ၆ လမှာတင် ၃၅ ပေါင်တိုးတယ်ဆိုတာ ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူး..”

– “ဟုတ်တယ်နော် ဒုက္ခပဲ မမတော့ မွေးပြီးရင် ပူစီဖောင်းကြီးဖြစ်နေတော့မှာ စိတ်ညစ်ပါတယ်”

– “အဲ့ဒါပြောတာပေါ့.. ဒီမှာ ကလေးအမေ အမျိုးသမီးတော်တော်များများက ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စားချင်တာစားဖို့ ပါမစ်ရပြီလို့မှတ်တတ်ကြတယ်။ ကလေးထွားဖို့ ဘာညာဆိုတဲ့အကြောင်း ပြချက်နဲ့ စားချင်တာတွေ ဇွတ်စားပစ်တတ်ကြတာ.. အမေတွေ အဖွားတွေဆိုတာလဲ ဇွတ်ကျွေး၊ နောက်အမျိုးသားကအစ ကိုယ့်အမျိုးသမီး ကိုယ်ဝန်သည်ဆိုရင် အလိုလိုက်ပြီး ဖူးဖူးမှုတ်ထားတတ်ကြတာလေ။ ချင်ချင်းတက်ပြီးစားချင်တာတွေကလဲ များသောအားဖြင့် အာဟာရတန်ဖိုး မြင့်တာတွေထက် junk food တွေများတာ။”

-“ညီမလေးပြောမှပဲ မမဆို ခုထိချင်ခြင်းတက်လွန်းလို့ ဒိုမီနို၊ ဖာလူဒါ၊ ကြက်ကြော်၊ ဒန်ပေါက် နေ့တိုင်းနီးပါးစားဖြစ်နေတာ။ ကလေးထွားအောင် နို့ဆိုလည်း တစ်ရက်နှစ်ခွက်နှုန်း။ မလိုင်နံပြားလည်း နေ့တိုင်းစားဖြစ်တယ်။”

– “အဲဒါကိုပြောချင်တာလေ.. ကိုယ်ဝန်ရှိတယ်ဆိုပြီး အစားသောက်ဆင်ခြင်ဖို့၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ မမေ့ဖို့ လိုတယ်မမရေ.. ဝိတ်တက်ပြီးသွားရင် ဒီတိုင်းအပျိုတောင် ဝိတ်ချရခက်တာ။ ကလေးမွေးပြီးမှဆိုရင်တော့ ကလေးနို့တိုက်ဖို့ တာဝန်တွေ၊ သွေးနုသားနုဆိုတော့ လေ့ကျင့်ခန်းလုပ်ဖို့က တဖြည်းဖြည်းနောက်ရွှေ့သွားရော..”

-“ဟုတ်တယ်နော်.. ငါ့ညီမလေး သတိပေးမှပဲ.. ပြောပါဦးမမကို.. မမဘယ်လိုတွေ လုပ်ရမလဲဆိုတာ..”

ကဲခုတော့ဆောင်းပါးလေးရှည်သွားမှာစိုးလို့ ဒီမှာပဲရပ်လိုက်မယ်နော်။ နောက်ဆောင်းပါးမှာမှ ဘာတွေဆောင်ရန်ရှောင်ရန်တွေ ပြောပြပေးမယ်နော်..

Author: Scarlette (ဆေး၁)

Previous Post

လျှာအရောင်က ပြောတဲ့ သင့်ကျန်းမာရေးအခြေအနေ

Next Post

ကျန်းမာရေးအတွက် ဆန်လုံးညိုစားကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
615

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
577
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကျန်းမာရေးအတွက် ဆန်လုံးညိုစားကြမယ်

မနက်မိုးလင်းတာနဲ့ ခါးနာနေတဲ့ပြဿနာ

ခု cele တွေကြားမှာ နာမည်ကြီးတဲ့ ဓာတ်စာ (Ketogenic Diet)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.