fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း

9.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/09/2019
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း

အချိန်အခါမဟုတ်ဖြစ်တဲ့ ကိစ္စတွေ အတော်များများက စိတ်ညစ်စရာ ကောင်းလှပါတယ်။

အချိန်အခါမဟုတ် မိုးရွာတာ၊ အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်တာမျိုးတွေနဲ့ ကြုံရရင် အတော့်ကို ဒုက္ခရောက်ရပါတယ်။

ဒီလိုပါပဲ။

အမျိုးသမီးတွေမှာလည်း အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်းမျိုးနဲ့ ကြုံတွေ့ရတဲ့အခါကျ အမျိုးသမီးတွေအနေနဲ့ ဒုက္ခရောက်စိတ်ညစ်ရကာ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာပါလိမ့် ရောဂါကြီးကြီးမားမားများဖြစ်နေပြီလားဆိုပြီး စိုးရိမ်ပူပန်ရပါတယ်။

အချိန်အခါမဟုတ် ရာသီသွေးဆင်းတယ်ဆိုတာဟာ ရာသီပေါ်ရမယ့် ရက်မရောက်သေးဘဲ သွေးဆင်းတာဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောရရင်တော့ ရာသီစက်ဝန်းနှစ်ခုကြားမှာ သွေးဆင်းခြင်းဖြစ်တာပါ။

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်းကို ဖြစ်စေတဲ့အကြောင်းတွေက အများကြီးရှိပါတယ်။

တချို့အကြောင်းတွေက စိုးရိမ်ရပြီး ဆေးခန်းပြစမ်းသပ်ကြည့်ဖို့လိုပေမယ့် တချို့အကြောင်းတွေက မစိုးရိမ်ရပါ။

အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ၅ ချက်ရှိပါတယ်။

၁။ ဟော်မုန်းတွေ မညီမျှခြင်း

အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းကို အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်းနှစ်မျိုးနဲ့ ထိန်းထားပါတယ်။

ဒီဟော်မုန်းနှစ်ခုကြား မျှခြေပျက်သွားရင် အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဟော်မုန်းနှစ်ခုကြားမျှခြေကို ပျက်စေတဲ့အကြောင်းတွေကတော့ သားဥအိမ်နဲ့ဆိုင်တဲ့ ပြဿနာတခုခုရှိတာ (ဥပမာ – သားဥအိမ် ရေအိတ်တည်တာ)

ဟော်မုန်းပါ တားနည်းတွေကို စသုံးတာ သို့မဟုတ် ရပ်လိုက်တာ

( ဥပမာ – တားဆေးသောက်ဆေး စသောက်တာ၊ ထိုးဆေးစထိုးတဲ့ အချိန်တွေမှာ အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း ဖြစ်တတ်ပါတယ်။)

သိုင်းရွိုက်ဟော်မုန်းနဲ့ ဆိုင်တဲ့ပြဿနာရှိတာ တွေပါ။

၂။ ကိုယ်ဝန် သို့မဟုတ် ကိုယ်ဝန်နဲ့ဆိုင်တဲ့ ပြဿနာတွေရှိခြင်း

မမျိုးဥနဲ့သုတ်ကောင် ပေါင်းစပ်မျိုးအောင်ပြီးဖြစ်တဲ့ သန္ဓေအောင်ဥလေးက သန္ဓေသားအဖြစ်ဆက်ကြီးထွားဖို့ရန် သားအိမ်နံရံကို သွားတွယ်ကပ်တဲ့အတွက် ကိုယ်ဝန်စရှိတဲ့အခါမှာလည်း အချိန်အခါမဟုတ်သွေးဆင်းခြင်း ဖြစ်ပွားတတ်ပါတယ်။

ဆေးပညာအရတော့ Implantation bleeding လို့ခေါ်ပါတယ်။

Implantation bleeding က အနည်းငယ်လောက်သာ ဆင်းပြီး ပြီးသွားကာ မစိုးရိမ်ရပါ။

ဒါပေမယ့် ကိုယ်ဝန်က နေရာလွဲမှားသန္ဓေတည်တဲ့အခါ၊ ကိုယ်ဝန်ပျက်ကျတဲ့အခါမျိုးတွေမှာလည်း သွေးဆင်းနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ရှိစဉ်မှာ သွေးဆင်းတယ်ဆိုရင်တော့ မပေါ့ဆပဲ ဆေးခန်းပြဖို့လိုပါတယ်။

၃။ သားအိမ်ထဲ အသားလုံးတည်နေခြင်း

သားအိမ်ထဲမှာအသားလုံးတည်တာဟာ အသက် ၃၅ နဲ့ ၄၅ ကြားရှိအမျိူးသမီးတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

ဘာဖြစ်လို့ သားအိမ်ထဲမှာ အသားလုံးလာတည်ရလဲဆိုတဲ့ အကြောင်းရင်းအတိအကျတော့ မသိသေးပါဘူး။

သို့သော် သုတေသနပြုချက်တွေအရ

– အိမ်ထောင်မပြုတဲ့ အမျိူးသမီးများ

– အိမ်ထောင်ပြုသော်လည်း ကလေးလုံးဝမမွေးတဲ့ အမျိူးသမီးများ

– တအားဝတဲ့ အမျိူးသမီးများ

– အဘွားတို့ အမေတို့မှာ သားအိမ်ထဲ အသားလုံးတည်ဖူးသော မိသားစုရာဇဝင် (Family History) ရှိတဲ့ အမျိူးသမီးများမှာ အဖြစ်များလေ့ရှိပါတယ်။

အကြမ်းအားဖြင့်ပြောရရင် သားအိမ်အသားလုံးဆိုတာ သားအိမ်ရဲ့ အလွှာ သုံးခုထဲက တလွှာလွှာကနေုဖြစ်လာတာပါ။ ဖြစ်တဲ့အလွှာအလိုက် လက္ခဏာတွေ မတူပါ။

အတွင်းဆုံးလွှာမှာဖြစ်ရင် (submucous fibroid) လို့ခေါ်တယ်။ ဒီအမျိူးအစားက ရာသီအဆင်းများ (Menorrhagia) တာဖြစ်နိုင်တယ်။ ဆိုလိုတာက ရာသီဆင်းတဲ့ရက်ကြာမယ် ရာသီလာရင်ဆင်းတဲ့သွေးပမာဏများမယ်။

ရာသီလာမယ့်ရက်မဟုတ်ဘဲ ကြားရက်မှာဖောက်ပြီး သွေးဆင်းနေတာမျိူးလည်း ရှိတတ်တယ်။

အဲလိုအမျိုးအစားက ကလေးမရနိုင်ခြေများပါတယ်။

အပြင်ဆုံးအလွှာကဖြစ်ရင် (Subserosal fibroid) လို့ခေါ်တယ်။ ကလေးရနိုင်ခြင်း မရနိုင်ခြင်းအပေါ် သိပ်သက်ရောက်မှုမရှိဘူး။

ဒါပေမယ့် အညှာပါတတ်တယ်။ သားအိမ်အနီးအနားက အင်္ဂါတွေကို ဖိအားသက်ရောက်မယ်။ ဥပမာ ရှေ့ဆို ဆီးအိမ်ဖိလို့ ဆီးခဏခဏသွားချင်တယ်။ နောက်ဖက်ဆို အစာဟောင်းအိမ်ကိုဖိလို့ ဝမ်းချုပ်မယ်။

အလယ်လွှာကဖြစ်ရင် (Intramural fibroid) လို့ခေါ်တယ်။ ဒီအမျိူးအစားဖြစ်ရင် ရာသီဆင်းတဲ့အခါမှာ ပုံမှန်ထက်ပိုနာကျင်ကိုက်ခဲတာကို ခံစားရတတ်တယ်။

စစချင်းမှာ စမ်းသပ်ကြည့်ပါက ချက်အောက်ဆီးစပ်နေရာမှာ အလုံး တွေ့ရနိုင်တယ်။ တဖြည်းဖြည်းနဲ့ အလုံးကကြီးလာရင် ကိုယ်ဝန်ရှိသလိုပဲ ဗိုက်ဖောင်းလာနိုင်တယ်။ ဖျားတာလည်းရှိနိုင်တယ်။

ကြီးလာတဲ့အလုံးကြောင့် တင်ပဆုံထဲမှာ လေးလေးကြီးဖြစ်နေတာ၊ သွေးကြောထုံးတာ၊ ခြေထောက်တွေရောင်တာ၊ အစာမကြေတာ စသဖြင့်လည်း ခံစားရတတ်တယ်။

၄။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း

တကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း၊ အပျော်ပါးလိုက်စားခြင်းတွေကြောင့် ဆီးလမ်းကြောင်းနဲ့ မျိုးပွားလမ်းကြောင်းပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ဆီးပူ၊ ဆီးကျင်တာ၊ ဖျားတာ၊ မိန်းမကိုယ်ယားယံတာ၊ မူမမှန်အဖြူဆင်းတာ၊ အချိန်အခါမဟုတ်သွေးဆင်းတာ၊ လိင်အင်္ဂါမှာ ကြွက်နို့၊ ရေယုန်ပေါက်တာ စသဖြင့် ခံစားရနိုင်ပါတယ်။

၅။ ကင်ဆာရောဂါဖြစ်တာ

သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာတွေဖြစ်ရင်လည်း အချိန်အခါမဟုတ် သွေးဆင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

ဒါတွေကတော့ အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်းကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်း ၅ ချက်ဖြစ်ပါတယ်။

ဒီ ၅ ချက်အပြင် စိတ်ဖိစီးစရာများတာ၊ ဆီးချိုရောဂါရှိတာ၊ မိန်းမကိုယ်ထဲကို ပစ္စည်းတခုခုထည့်တာ၊ ရုတ်တရက် တအားပိန်သွားတာ၊ ရုတ်တရက် တအားဝလာတာတွေကြောင့်လည်း အချိန်အခါမဟုတ် ရာသီသွေးဆင်းခြင်း ဖြစ်နိုင်ပါတယ်။

သို့ပေမယ့် အဲ့ဒါတွေကြောင့်ဖြစ်တာက ရှားပါတယ်။

အချိန်အခါမဟုတ် ရာသီသွေးဆင်းတဲ့အခါမှာ ဖျားတာ၊ နာကျင်တာ၊ နုံးတာ၊ အားမရှိသလိုဖြစ်တာ တွေပါ တွဲဖြစ်ပါက ချက်ချင်းဆေးခန်းပြသဖို့လိုပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ရှိတဲ့အချိန်မှာ သွေးဆင်းတာမျိုးကလည်း ချက်ချင်းဆေးခန်းပြသဖို့လိုပါတယ်။

Dr 528

Previous Post

၀မ်းပျက် ဝမ်းလျှောပြီဆိုတာနဲ့ ဝမ်းပိတ်ဆေး တန်းသောက်သင့်လား။

Next Post

အကုန်ကျသက်သာတဲ့ ကိုယ်ပိုင် mask လေးလုပ်ကြမယ်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
591
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အကုန်ကျသက်သာတဲ့ ကိုယ်ပိုင် mask လေးလုပ်ကြမယ်

နို့သီးခေါင်းမှ နို့ရည်ထွက်ခြင်းအကြောင်း

ဘာကြောင့် အသီးအရွက်စိမ်းကြိတ်ရည်တွေ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ရတာလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.