fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတွေမှာဖြစ်တတ်သော လိင်စိတ်ကျခြင်းအကြောင်းသိကောင်းစရာ

3.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
28/01/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတွေမှာဖြစ်တတ်သော လိင်စိတ်ကျခြင်းအကြောင်းသိကောင်းစရာ

အမျိုးသမီးတွေမှာဖြစ်တတ်တဲ့လိင်စိတ်ကျခြင်းရောဂါဟာ အကြောင်းအရာအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ခဏတဖြုတ် ကာလအတိုင်းအတာတစ်ခုအထိ လိင်စိတ်လျော့နည်းတာမျိုးလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဥပမာအားဖြင့်- ကိုယ်ဝန်ဆောင်ချိန်၊ ဖျားနာခြင်း။ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီးနောက် ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်မပါတော့တာမျိုး၊ တချို့စိတ်ရောဂါကုဆေးဝါးတွေကြောင့် လိင်စိတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အသက်ကြီးလာတာနဲ့အမျှ လိင်စိတ်ကျခြင်းပြဿနာဟာတွေ့ရများလာတတ်ပါတယ်။ ဒါ့အပြင် မြန်မာအမျိုးသမီးအများစုဟာ ခုလိုလိင်ကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်းမရှိဘဲ ရှက်တတ်ကြပါတယ်။ လိင်စိတ်လျော့နည်းတာဟာလည်း သာမန်ကိစ္စတစ်ခုလိုပဲ သဘောထားပြီး ကိစ္စမရှိဘူးလို့တွေးထားကြတဲ့ အတွက် အိမ်ထောင်ရေးမှာ အဖုအထစ်လေးတွေ ဖြစ်လာနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ လိင်ကိစ္စကို အပြစ်တစ်ခုလို မြင်လာပြီး အိမ်ထောင်ဖက်အမျိုးသားအပေါ်ကိုလည်း အမြင်မကြည်တာမျိုး၊ အိမ်ထောင်ရေးသုခမပြည့်ဝတာမျိုး တွေ ဖြစ်လာနိုင်ပြီး အိမ်ထောင်တစ်ခုပြိုကွဲတဲ့အထိဖြစ်လာနိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေနဲ့လာတတ်သလဲဆိုရင်တော့- လိင်စိတ်ဆန္ဒ သိသိသာသာလျော့နည်းလာခြင်း၊ လိင်ကိစ္စကို အပြစ်တစ်ခုသဖွယ်မြင်လာခြင်း၊ တစ်ကိုယ်ရည်အာသာဖြေမှု ဒါမှမဟုတ် အိမ်ထောင်ရေးသုခမပြည့်ဝတော့ဘူးလို့ခံစားလာရခြင်းစတဲ့လက္ခဏာများကို တွေ့ရတတ်ပါတယ်။
အမျိုးသမီးများမှာ လိင်စိတ်ကျခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့- ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ နှင့် နာတာရှည်ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်တွေကတော့- လိင်ဆက်ဆံတိုင်းနာကျဉ်ရခြင်း၊ လိင်ဆန္ဒမပြီးမြောက်နိုင်ခြင်း၊ ရင်သားခွဲစိတ်မှုခံယူထားရခြင်း၊ မမျိုးပွားအင်္ဂါတစ်လျှောက် ခွဲစိတ်မှုခံယူထားရခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ အရက်စွဲခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရောဂါအတွက် ဆေးဝါးများသောက်သုံးနေရခြင်း စတဲ့အကြောင်းအချက်များဟာ အမျိုးသမီးတွေမှာ လိင်စိတ်ကျခြင်းကိုဖြစ်စေနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာပြဿနာများအနေနဲ့ကတော့ လူမှုရေးပြဿနာ စီးပွားရေးပြဿနာတွေ ကြောင့် စိတ်ပူပန်မှုများလွန်းခြင်း၊ စိတ်ဖိစီးမှုများလွန်းခြင်း၊ ကိုယ့်ခန္ဓာကိုယ်အပေါ်ယုံကြည်မှုမရှိခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံထားရ၍ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့နေခြင်း၊ လိင်ဆက်ဆံမှုတိုင်းမှာ အဆင်မပြေမှုများရှိခြင်း၊ အိမ်ထောင်ဘက်နဲ့ပွင့်ပွင့်လင်းလင်းမရှိခြင်း၊ မဖြေရှင်းရသေးသောပြဿနာများရှိခြင်း၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုမရှိခြင်း၊ အပေးအယူမတည့်ခြင်းစတဲ့ အကြောင်းအချက်များကြောင့် လည်း အမျိုးသမီးတွေမှာ လိင်စိတ်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
နာတာရှည် ရောဂါများအနေနဲ့ကတော့ ဆီးချိုသွေးချိုရောဂါရှိခြင်း၊ နှလုံးရောဂါရှိခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ အဆစ်အမြစ်ရောင်ရောဂါရှိခြင်း၊ ကင်ဆာရောဂါကြောင့် ကုသမှုခံယူထားရခြင်း၊ သွေးဆုံးခြင်း စတဲ့အကြောင်းအချက်တွေမှာ လိင်စိတ်ကျခြင်းဖြစ်စေတာကို တွဲပြီးတွေ့ရလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တဲ့အခါ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်ပြီး တချို့က လိင်စိတ်ဆန္ဒလျော့နည်းတာ တစ်ချို့က လိင်စိတ်ဆန္ဒများလာတာမျိုးတွေတော့ဖြစ်တတ်ပါတယ်။ အများစုကတော့ ကိုယ်ဝန်ဆောင်ထားတဲ့အချိန်မှာ အထဲက သန္ဓေသားကို ထိခိုက်မှာစိုးရိမ်ကြတဲ့အတွက် အမျိုးသားနဲ့တူတူနေတာကို ငြင်းပယ်လေ့ရှိကြပါတယ်။
အမျိုးသမီး တွေမှာ လိင်စိတ်ဆန္ဒကျဆင်းလာပြီဆိုလျှင် ကုသနိုင်တဲ့ကုထုံးတွေကတော့- လိင်ပိုင်းဆိုင်ရာ နှင့် ပေါင်းသင်းဆက်ဆံမှုဆိုင်ရာ ဆွေးနွေးကုသမှုခံယူခြင်း၊ ဟော်မုန်းဆေးကုထုံးများနဲ့ကုသခြင်း၊ နာတာရှည်ရောဂါအခံကိုကုသခြင်း၊ လူနေမှုပုံစံကိုပြောင်းလဲခြင်း တို့နဲ့ကုသလို့ရပါတယ်။
လိင်ပိုင်းဆိုင်ရာ နှင့် ပေါင်းသင်းဆက်ဆံမှုဆိုင်ရာ ဆွေးနွေးကုသမှုဆိုတာကတော့ သက်ဆိုင်ရာဆရာဝန်ထံမှာ ဇနီးမောင်နှံနှစ်ယောက်လုံးကြားထဲမှာ ရှိတဲ့လိင်ပိုင်းဆိုင်ရာ စိတ်ပူပန်မှု အပေးအယူမမျှမှု တွေကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ပြီးဖြေရှင်းရပါမယ်။ စိတ်ပိုင်းဆိုင်ရာအဖုအထစ်တွေကိုလည်းသေချာရှာပြီး ဖြေရှင်းရပါမယ်။ဟော်မုန်းဆေးကုထုံးမှာ ဟော်မုန်းသောက်ဆေးသောက်ခြင်း၊ မိန်းမကိုယ်ခရင်မ်လိမ်းခြင်း၊ ဟော်မုန်းဆေးတောင့်ထည့်ခြင်း၊ အတူတူနေရင် ချောဆီသုံးခြင်း စတဲ့နည်းလမ်းလေးတွေ သုံးပြီးကုသကြပါတယ်။
ဒါ့အပြင် စိတ်ရော ကိုယ်ပါ ကျန်းမာရေး ပျော်ရွှင်ဖို့ရာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတစ်ခုခုလုပ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် စိတ်ပျော်ရွှင်စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုတိုးစေတဲ့အတွက် အိမ်ထောင်ရေးမှာ သာယာပျော်ရွှင်မှုရစေပါတယ်။ စိတ်ဖိစီးမှုကိုလည်းတတ်နိုင် သမျှလျှော့ပေးပါ။ အိမ်ထောင်ဖက်အပေါ် အချိန်ပေးပါ။ ပွင့်ပွင့်လင်းလင်းရှိပါစေ။ အရက်၊ ဆေးလိပ်သောက်သုံးတာမျိုး ကိုလည်း လျှော့ချပေးသင့်ပါတယ်။
ခုနောက်ပိုင်းမှာ အမျိုးသမီးတွေမှာလိင်စိတ်ကျခြင်း ပြဿနာဟာ တွေ့ရများလာတဲ့ပြဿနာတစ်ခုပါ။ ရေရှည်သာ လိင်စိတ်ကျခြင်းဝေဒနာ ခံစားရမယ်ဆိုလျှင် မိမိအတွက်ရော အိမ်ထောင်ဖက်အတွက်ပါ ထိခိုက်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် စောစောစီးစီးသတိပြုမိပြီး သင့်လျော်ရာ ကုသမှုမျိုး နဲ့သက်ဆိုင်ရာ ဆရာဝန်ထံမှာ ဆေးကုသမှုခံယူသင့်ပါတယ်လို့တိုက်တွန်းလိုက်ရပါတယ်။

Dr.Khaing
Ref; WebMD

Previous Post

မွေးကင်းစကလေးတွေအသက်ရှုမြန်နေရင်

Next Post

မွေးကင်းစယောက်ျားလေးတွေကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
725

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
703
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မွေးကင်းစယောက်ျားလေးတွေကို ရွှေပန်းထိပ်အရေပြားဖြတ်ပေးသင့်မသင့်

ခြေသည်း / လက်သည်း မှိုစွဲခြင်း

ထိပ်ခပ်နာ (Chronic Sinusitis)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.