ကိုယ်ဝန်ဆောင်စဉ် အမျိုးသမီးတို့၏ ကိုယ်ခန္ဓာအတွင်း ဇီဝကမ္မဖြစ်စဉ်
ပြောင်းလဲမှုများအကြောင်း ဒီဆောင်းပါးလေးမှာ ဖော်ပြလိုက်ပါတယ် ။
၁)ဟော်မုန်းလ်ဓာတ်များပြောင်းလဲခြင်း
အချင်းခွက်ကထွက်တဲ့ ဟိုမုန်းလ်ဓာတ်သည် သားအိမ်နံရံကြွက်သားများ ကြီးထွားမှု ၊
မမျိုးပွားအင်္ဂါများကို သွေးရောက်ရှိမှုများခြင်း ၊ရင်သားရှိ နို့ပြွန်ချောင်းများ ဖွံ့ထွားခြင်းနဲ့
အတူ ကလေးနို့တိုက်ဖို့ အသင့်ပြင်ဆင်ပေးခြင်း ၊ခန္ဓာကိုယ်အတွင်း ရေဓာတ်များခြင်း ၊
ဆီးလမ်းကြောင်းရှိ ကြွက်သားများ နဲ့ မွေးလမ်းကြောင်းရှိ အရွတ်များ ပြေလျောစေခြင်း
တို့ကို ဖြစ်စေတယ် ။လည်ပင်းအကြိတ် သိုင်းရွိုက်အကြိတ်တွေလည်း ကြီးလာတတ်ပါ
တယ် ။
၂) သားအိမ်ကြီးထွားခြင်း
သားအိမ်ကြီးထွားလာတာနဲ့ အမျှ သားအိမ်သို့ သွေးလည်ပတ်မှုလည်း များလာပါ
တယ် ။ထို့အတူ သာမန်အချိန်တွင် သားအိမ်သည် ၆၅ဂရမ်ရှိရာကနေ မွေးခါနီးတွင်
၁ကီလိုဂရမ်ထိ ရှိပါတယ် ။ကိုယ်ဝန်ဆောင်နေစဉ် တောက်လျှောက်မှာ သားအိမ်သည်
မပြင်းမထန် ညှစ်နေတတ်ပါတယ် ။
၃)သားအိမ်ခေါင်း
ကိုယ်ဝန်ဆောင်စဉ်မှာ သားအိမ်ခေါင်းသည် ပိုကြီးလာကာ အပြာနုရောင်လည်း သန်း
လာပါတယ် ။
၄)မွေးလမ်းကြောင်းပြောင်းလဲခြင်း
မွေးလမ်းကြောင်းသည် ပိုမိုပျော့ပျောင်းလာကာ ခရမ်းရောင်လည်း သန်းလာတတ်
တယ် ။အဖြူလည်း တစ်ခါတစ်ရံ ဆင်းလာတတ်တယ် ။
၅)ရင်သားပြောင်းလဲခြင်း
ရင်သားသည် ပိုမိုတင်းရင်းလာပါတယ် ။ကိုယ်ဝန်ဆောင်ပြီး ပထမ၃လ အတွင်းမှာ
ရင်သားကို ညှစ်ကြည့်လျှင် အရည်ကြည် ထွက်လာမယ် ။တဖြည်းဖြည်းနဲ့ လရင့်လာ
တာနဲ့ အမျှ အရောင်ပိုရင့်လာမယ် ။အဝါရောင်မလိုင်ရောင်ဖြစ်လာကာ ပိုပျစ်လာမယ်။
နို့သီးခေါင်းပိုကြီးလာမယ် ။အရောင်ပိုရင့်လာမယ် ။ဘေးပတ်လည်မှာ အဖုကလေးတွေ
၁၀ခုကနေ အခု၂၀အထိ ရှိလာနိုင်တယ် ။ရင်သားရှိအရေပြားများ ပိုတင်းရင်းကာ သွေး
ကြောစိမ်းကလေးတွေ တွေ့ရတတ်တယ် ။
၆)ဝမ်းဗိုက်ပြောင်းလဲခြင်း
ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ ဝမ်းဗိုက်ကြွက်သားတွေသည်လည်း ပိုပြီးတင်းလာကာ
ဗိုက်အရေပြားမှာ အဖြူရောင်အဆင်းတွေ ဖြစ်လာပါတယ် ။ဒါကို သားကြောပြတ်တယ်
လို့ အရပ်ခေါ် ခေါ်နိုင်ပါတယ် ။
၇)ဇီဝဖြစ်စဉ် ပြောင်းလဲခြင်း
ကိုယ်ဝန်ဆောင်နေစဉ် ကလေးရော မိခင်အတွက်ပါ အာဟာရဓာတ် ၊အောက်ဆီဂျင်
ဓာတ်လိုအပ်မှုတွေကြောင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွေဟာ ၁၀ရာခိုင်နှုန်းကနေ ၂၀ရာခိုင်
နှုန်းထိ တက်လာပါတယ် ။ဆီးထဲမှာလည်း သကြားဓာတ်အနည်းငယ်ပါလာတတ်တယ်။
ဒါပေမယ့် သွေးထဲမှာတော့ သကြားဓာတ်ဟာ ပုံမှန်ပါပဲ ။
၈)အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြောင်းလဲခြင်း
ကိုယ်ဝန်ဆောင်စဉ် အောက်ဆီဂျင်ဓာတ်လိုအပ်မှုဟာ ၂၀ရာခိုင်နှုန်းထိ တိုးလာပါ
တယ် ။ထို့အတူ အသက်ရှူနှုန်းဟာလည်း ၄၀ရာခိုင်နှုန်းအထိ တက်လာပါတယ် ။
အသက်ရှူနှုန်းမြန်လာတာနဲ့ အမျှ သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်နည်းလာ
ကာ ပင်ပန်းနွယ်နမ်းမှုတွေ ဖြစ်လာပါတယ် ။ဒါအပြင် ကိုယ်ဝန်ကြောင့်လည်း အသက်
ရှုရာမှာ ပါဝင်လုပ်ဆောင်ပေးတဲ့ ဝမ်းဗိုက်ကြွက်သားကို ပင့်ထားသလိုဖြစ်တာကြောင့်
အသက်ရှူမဝသလို ခံစားရတတ်ပါတယ် ။မွေးခါနီး ကလေးခေါင်းသည် ညှပ်ရိုးကွင်းထဲ
ဝင်သွားတော့မှပဲ အသက်ရှူမဝတာ သက်သာသွားပါတယ် ။
၉)နှလုံးနဲ့သွေးကြောများ ပြောင်းလဲခြင်း
နှလုံးခုန်နှုန်းပိုမြန်လာကာ တစ်ခါတစ်လေ ရင်တုန်တာ ခံစားရတတ်တယ် ။
ခန္ဓာကိုယ် အနှံ့ အပြားသို့ သွေးတွေ ပို့ဆောင်ရတဲ့အတွက် နှလုံးသည် သာမန်ထက်
ပိုခုန်လာရတာပါ ။
၁၀)အစာအိမ်နဲ့ အူလမ်းကြောင်းပြောင်းလဲခြင်း
ပျို့ခြင်း ၊အန်ခြင်းဟာ ကိုယ်ဝန်စဆောင်စဉ် ပထမ ၃လပတ်မှာ အဖြစ်များတယ် ။
ကိုယ်ဝန် ၁၄ပတ်လောက်ကစပြီး သူ့အလိုလို သက်သာသွားကြပါတယ် ။ဒါအပြင် ကိုယ်ဝန်
ကြောင့် အစာအိမ်ကို ဖိအားသက်ရောက်ကာ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်တတ်
ပါတယ် ။
၁၁)ဆီးလမ်းကြောင်းဆိုင်ရာ ပြောင်းလဲခြင်း
ဆီးလမ်းကြောင်း ပိုကျယ်လာတဲ့အတွက်ကြောင့် ဆီးခဏခဏ သွားမယ် ။အထူး
သဖြင့် ပထမ ၃လနဲ့ မွေးခါနီး ၁လအလိုမှာပဲ ဖြစ်ပါတယ် ။ကိုယ်ဝန်ကြောင့် ဆီးလမ်း
ကြောင်း ဖိမိသလိုဖြစ်ကာ ဆီးကျန်တတ်တယ် ။ဆီးလမ်းကြောင်း ပိုးဝင်တတ်တယ် ။
၁၂)ဆီးခုံရိုးများ
ဆီးခုံးရိုးတို့လည်း ပျော့ပျောင်းလာတတ်တယ် ။
၁၃)ခုခံအားစနစ် ပြောင်းလဲခြင်း
ဖခင်၏ ပဋိပစ္စည်းကြောင့် မိခင်မှာ ကိုယ်ခံအား ပင်ကိုယ်ထက်နည်းနေတတ်ပါတယ်
။ထို့ကြောင့်သာ ကလေးကို ကိုယ်ခံအားက မတိုက်ထုတ်ခြင်းဖြစ်တယ် ။အကယ်လို့ ဒီ
စနစ်သာ ပျက်သွားရင် သားပျက်သားလျှောဖြစ်တာတွေ ဖြစ်တတ်တယ် ။
၁၄)အရေပြား ပြောင်းလဲခြင်း
Melanocytes လို့ခေါ်တဲ့ အရေပြားဆဲလ်တစ်မျိုးကို လှုံ့ဆော်တဲ့ ဟော်မုန်းလ်ဓာတ်
တွေကြောင့် တင်းတိပ်တွေ ထွက်တတ်တယ် ။ကလေးမွေးပြီးတာနဲ့ ပြန်ပျောက်သွား
တတ်ပါတယ် ။
၁၅) ကိုယ်အလေးချိန်
ကိုယ်ဝန် ၁၂ပတ်မှ စပြီး ပုံမှန် ၁ပတ်လျှင် ၁ပေါင်နှုန်း ကိုယ်အလေးချိန် တက်ပါ
တယ် ။
Author: ခေတ်သစ်ဇီဝက