ကလေးတစ်ယောက်ရဲ့ အနာဂတ်၊ ကလေးတစ်ယောက်ရဲ့ ဘဝဆိုတာကို ဘယ်အရာတွေက သတ်မှတ်ပေးတာလဲ?
ကလေးတစ်ယောက်ရဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးမှုကရော ဘယ်အရာတွေပေါ်မူတည်လဲ?
nature လို့ပြောကြတဲ့ သဘာဝတရားလား၊ nurture လို့ခေါ်တဲ့ ပြုစုပျိုးထောင်ခြင်းလား။
ကလေးတစ်ယောက်အတွက် “ငါကပိုအရေးကြီးတယ်” “မဟုတ်ဘူး၊ မင်းက အဲ့လောက်အရေးမကြီးဘူး၊ ငါကမှအဓိက”ရယ်လို့ nature(ဗီဇ) နဲ့ nurture(ပျိုးထောင်မှု) ငြင်းခုန်နေတဲ့အချိန်မှာ ဘာမှဝင်မပြောဘဲ ဘေးက ပြုံးပြုံးလေးထိုင်ကြည့်နေတဲ့သူတစ်ယောက်ရှိမယ်ဆိုရင် သူကတော့ သေချာပေါက် “DHA” ပဲဖြစ်မှာပါ။
DHA ကို ကလေးတစ်ယောက်ရဲ့ ကိုယ်ရောစိတ်ပါ ပြီးပြည့်စုံတဲ့ ဖွံ့ဖြိုးမှုအတွက် သဘာဝတရားရဲ့ လှို့ဝှက်လက်ဆောင် တစ်ခုလို့ပြောလို့ရပါတယ်။
ဒါပေမဲ့ ဒီလက်ဆောင်က လူ့ခန္ဓာကိုယ်ထဲမှာ ထည့်ပေးလိုက်တာတော့မဟုတ်ပါဘူး။
ဒါဆို ဘယ်ထဲမှာလဲ လို့ မေးစရာရှိပါလိမ့်မယ်။ ဒါကို မပြောချင် DHA ဆိုတာဘာလဲ နည်းနည်း လေ့လာကြည့်ရအောင်။
DHA ဆိုတာဘာလဲ ?
Docosahexaenoic Acid လို့ ခေါ်တဲ့ DHA ဟာ Omega-3 Fatty Acidလို့ခေါ်တဲ့ ကျန်းမာခြင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီဓာတ်တစ်မျိုးဖြစ်ပါတယ်။
ဦးနှောက်ရဲ့ cerebral cortex အပိုင်း၊ မျက်လုံးရဲ့ မြင်လွှာအပိုင်းနဲ့ ခန္ဓာကိုယ်ရဲ့ အရေပြား…ဒါတွေအားလုံးဖြစ်လာဖို့ DHA လိုအပ်ပါတယ်။
DHA က ဘယ်လောက် အရေးကြီးလဲ ?
ပြောရရင် အသက်တမျှအရေးကြီးတယ်လို့ ပြောလို့ရပါတယ်။
လူတစ်ယောက်အသက်ရှင်ဖို့ဆိုတာ အသက်ရှူနေရုံ လမ်းလျှောက်နေရုံနဲ့ ရှင်သန်တယ်လို့ ပြောလို့မရပါဘူး။
လူပီသတဲ့ ကမ္ဘာမြေကို အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ်ကြီးပြင်းလာဖို့ဆိုရင် ဦးနှောက်နဲ့ စိတ်ခံစားမှုကို အကောင်းဆုံးအသုံးချနိုင်ဖို့လိုပါတယ်။
ကဗျာဆန်ဆန် သီချင်းဆန်ဆန်ပြောရရင်တော့ “ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား”လိုပါတယ်။
အာရုံခံနိုင်စွမ်းကောင်းမွန်ဖို့လိုပါတယ်။ ချင့်ချိန်နိုင်စွမ်းလိုပါတယ်။
DHA ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ကလေးတစ်ယောက်ဟာ ဦးနှောက်စွမ်းရည်၊ အသိဉာဏ်နဲ့ အမြင်အာရုံပိုင်းမှာ တခြားကလေးတွေထက် ပိုသာလွန်နေတာ တွေ့ရပါတယ်။
နောက်ထပ်အပိုဆုကတော့ DHA ဟာ နှလုံးကိုလည်း ကျန်းမာစေသလို မကောင်းတဲ့ ကိုလက်စထရောလ်တွေကိုလည်း လျှော့ချပေးနိုင်တာပဲဖြစ်ပါတယ်။
ဒါကြောင့်လည်း DHA ကို မှတ်ဉာဏ်လျော့ပါးခြင်း၊ ကိုလက်စထရောများခြင်း၊ နှလုံးရောဂါ၊ မျက်လုံးအမြင်အာရုံပြဿနာ စတဲ့ ကျန်းမာရေးပြဿနာတွေမှာပါ ဆေးဝါးတစ်ခုအဖြစ်၊ ဓာတ်စာအဖြစ် အသုံးပြုကြတာလည်း တွေ့ရပါတယ်။
အစစအရာရာ ပြည့်စုံတဲ့ လူသားဟာ ဒီတစ်ခုမှာတော့ ချို့တဲ့ပါတယ်။
DHA ကို ခန္ဓာကိုယ်ကလုံလောက်အောင်မထုတ်လုပ်နိုင်ပါဘူး။
DHA ကို ALA လို့ခေါ်တဲ့ Alpha Linolenic Acid ကနေတဆင့် ထုတ်လုပ်နိုင်သလို တချို့အစားအသောက်တွေက တိုက်ရိုက်ရနိုင်ပါတယ်။
ထူးခြားတာကတော့ DHA ကို မိခင်နို့ကရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်လောင်းတွေအနေနဲ့ DHA ကြွယ်ဝတဲ့ အစားအသောက်တွေစားပေးဖို့လိုပါတယ်။ လိုအပ်ရင် DHA ပါဝင်တဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေသောက်ရပါမယ်။
ဒါပေမဲ့ DHA ဟာ နို့စို့အရွယ်မဟုတ်တဲ့ ကလေးတွမှာလည်း လိုအပ်တာဖြစ်တဲ့အတွက် DHA ကြွယ်ဝတဲ့ အစားအသောက်တွေ ကျွေးမွေးဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
ဘာတွေစားသောက်ဖို့လိုလဲ ?
ဒီအစားအသောက်တွေမှာ DHA ကြွယ်ဝစွာပါဝင်ပါတယ်။
– ဆလ်မွန်ငါး
– တူနာငါး
– Trout ငါး
– ဂုံး
– ကမာ
– Atlantic Cod ငါး
– ငါးဥ
– ခရု
– ဂဏန်း စတာတွေပဲဖြစ်ပါတယ်။ တချို့ ရေညှိကထုတ်တဲ့ အဆီ(Algae oil) တွေကနေလည်း DHA ရနိုင်ပါတယ်။
ဒီတော့ အစားအသောက်အနေနဲ့ ပြောရရင် ကလေးတစ်ယောက်အတွက် DHA ရနို်ငတဲ့ အရာတွေဟာ ကလေးတွေသိပ်မကြိုက်တတ်လှတဲ့ ငါးတွေ၊ ရေနေသတ္တဝါတွေပဲဖြစ်နေတာကတော့ မိဘတွေအတွက် စိန်ခေါ်မှုတစ်ခုလို့ ဆိုရပါမယ်။
ကလေးတစ်ယောက်အနေနဲ့ DHA ကို အလွယ်ကူဆုံးနဲ့ အပြည့်ဝဆုံး ဘယ်ကရနိုင်မလဲ ?
ဒါဆိုရင်တော့ Dugro ကရနိုင်ပါတယ်လို့ပဲ ဖြေပါရစေ။
Dugro မှာ ကလေးတစ်ယောက်ရဲ့ အသက်အရွယ်အလိုက်လိုအပ်တဲ့ DHA ပမာဏပြည့်ဝစွာပါဝင်ပါတယ်။
လွယ်လွယ်ကူကူဖျော်တိုက်လိုက်တဲ့ DHA ပြည့်ပြည့်ဝဝပါဝင်တဲ့ Dugro ရဲ့ နို့တစ်ခွက်က ကလေးတစ်ယောက်ရဲ့ “ယနေ့”တိုင်းကို အပျော်ရွှင်ဆုံးဖြစ်စေရုံတင်မကဘဲ ကလေးတစ်ယောက်ရဲ့ မနက်ဖြန်တွေနဲ့ တည်ဆောက်ထားတဲ့ “အနာဂတ်”တွေကိုလည်း အလှပဆုံးဖြစ်စေမှာပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
Nature(ဗီဇ) နဲ့ Nurture(ပျိုးထောင်မှု) ရဲ့ အပြိုင်အဆိုင် အနာဂတ်ထုဆစ်ပွဲမှာ Dugro ရဲ့ DHA ကိုပါ တူတူနေရာပေးလိုက်ကြရအောင် ..
ကလေးတိုင်း DHA ပြည့်ဝကြပါစေ..