fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဉာဏ်ရည်ထက်မြက်ပြီး လိမ္မာယဥ်ကျေးတဲ့ သားသမီးဖြစ်ဖို့ မေမေတို့ ဘယ်လိုပြုစုပျိုးထောင်သင့်လဲ?

100
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/08/2020
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

သားသားမီးမီးလေးတွေကို ဉာဏ်ရည် ထက်မြက်ပြီး လိမ္မာယဥ်ကျေးတဲ့ အနာဂတ်သားကောင်းရတနာ သမီးကောင်းရတနာ လေးတွေ ဖြစ်စေချင်ကြတာ မေမေတို့အားလုံးရဲ့တူညီတဲ့ဆန္ဒဖြစ်ပါတယ်။ အဲ့တော့ သူတို့လေးတွေကို ဘယ်လိုပြုစုပျိုးထောင်သင့်လဲ အတွက် နည်းလမ်းကောင်း တစ်ချို့ကို ဝေမျှပေးလိုက်ပါတယ်နော်

 

ဉာဏ်ရည်ထက်မြက်စေဖို့အတွက် 👇

၁. အသက်အရွယ်အလိုက် စားလို့ရတဲ့အပေါ်မူတည်ပြီး အာဟာရကြွယ်ဝတဲ့ အစားအစာတွေကျွေးပေးခြင်းက သားသား မီးမီး တို့ရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးဖို့များစွာ အထောက်အကူပြုပါတယ်။ ဥအမျိုးမျိုး၊ အစိမ်းရောင်ရှိသော အရွက်များ၊ အသီးအနှံများ၊ အစေ့အစံများ၊ ပဲအမျိုးမျိုး အစရှိတဲ့ ဗီတာမင် သတ္ထုဓာတ်ကြွယ်ဝတဲ့ အစားအစာများက ကျန်းမာဖို့ ကော ဉာဏ်ရည်ထက်မြက်ဖို့အတွက်ကော အတွက် အရေးပါလို့ မျှတစွာ ကျွေးပေးဖို့လိုပါတယ်

 

၂. အသက်အရွယ်အလိုက် သင့်တော်တဲ့ ကစားစရာများ နဲ့ ဆော့စေခြင်း

အသက်အပိုင်းခြားလိုက်ကစားစရာများစွာရှိတဲ့ အထဲမှ သားသားမီးမီးတို့ရဲ့ လုပ်နိင်စွမ်းကို အကဲခတ်သုံးသပ်ပြီး သင့်လျော်ရာကို ပေးဆော့ စေတဲ့ နည်းလမ်းသုံးနိင်ပါတယ်။ အမှန်တကယ်သင့်လျော်တဲ့ ကစားစရာက သားသားမီးမီးတို့ကို ပိုစိတ်ဝင်စားစေပြီး ဉာဏ်ရည်ပိုကောင်းစေတာမို့ အကောင်းဆုံး သင်ကြားရေးလက်နက်တစ်ခုလည်းဖြစ်တယ်နော်။

 

၃. စာအတူတူဖတ်ခြင်း

သားသားမီးမီးတို့ရဲ့ စိတ်ကူးဉာဏ်အတွေးအခေါ်ရင့်သန်စေဖို့ စာအုပ်စာပေတွေက အကောင်းဆုံးပါပဲ။ နေ့စဥ်စာဖတ်ပြတဲ့ အလေ့အကျင့်လေးလုပ်ပေးပါ။ အရောင်အသွေးစုံလင်တဲ့ စာအုပ်များ၊ ရုပ်ပုံများပါသော စာအုပ်များ ကို ပိုစိတ်ဝင်စားတတ်ကြပါတယ်။ အက္ခရာ စာလုံး ရုပ်ပုံတွေနဲ့ ရင်းနီးအောင် လုပ်ပေးထါးခြင်းဖြင့် ကျောင်းနေအရွယ်ရောက်လျှင်လည်း များစွာအထောက်အကူပြုပါတယ်
၄. သားသားမီးမီးတို့ရဲ့ ပတ်ဝန်းကျင်ရှိအရာများနဲ့ ဇာတ်လမ်းဖွဲ့ပါ

ပုံပြင်စာအုပ်တွေဖတ်ပြတဲ့အခါ သူတို့လေးတွေကို ဇာတ်ကောင်အနေနဲ့ဖန်တီး ချိတ်ဆက်ပြပါ။ သူကြိုက်နှစ်သက်ရာ ဇာတ်လမ်းရဲ့ဇာတ်ကောင်အနေနဲ့ လုပ်ယူနိင်အောင်ဖန်တီးပေးခြင်းဖြင့် သူထိတွေ့ရာပတ်ဝန်းကျင်ကို ကောင်းစွာဆက်စပ်နိင်လာမှာဖြစ်ပြီး သူကိုယ်တိုင် ကိုယ်ပိုင်စိတ်ကူးဖြင့် ပုံပြင်များပြောနိင်လာမှာဖြစ်လို့ တီထွင်ကြံဆတဲ့စွမ်းရည်တက်စေပြီး ဉာဏ်ရည်ကောင်းလာမှာအမှန်ပါပဲနော်။

 

၅. ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို အားပေးပါ

အသစ်အဆန်းတွေရှာဖွေဖော်ထုတ်ဖို့ အခွင့်အရေးပေးပါ။ နေရာသစ်နေရာကောင်းများကိုခေါ်သွားပါ။ သူတို့လေးတွေ မေးမြန်းတဲ့ မေးခွန်းတွေအပေါ် စိတ်ရှည်ပါ။ သူတို့စူးစမ်းလေ့လာရင်း သိလာသမျှတွေအပေါ် ချီးကျူးပါ အသိအမှတ်ပြုပေးပါ။ ဒါမှ သူတို့ရဲ့ စူးစမ်းလိုစိတ်တွေ ရင့်သန်လာပြီး အတွေးအခေါ်တွေထက်မြက် ဉာဏ်ရည်တက်စေပါလိမ့်မယ်။

 

၆. တတ်နိင်သမျှ ဖုန်း၊ တီဗွီ၊ ကွန်ပျူတာ၊ အသုံးပြုချိန် လျှော့ချပေးပြီး လက်တွေ့လှုပ်ရှားမှု၊ ဆော့ကစားနည်းများကို ပိုလုပ်စေပါ။ ဂိမ်းကစားခြင်း ရုပ်မြင်သံကြားကြည့်ခြင်းအလေ့က ကလေးတွေကို ပျင်းရိတဲ့အလေ့အထဖြစ်လာစေနိင်ပြီး အတွေးအခေါ်စဥ်းစားနိင်စွမ်းလျော့ကျ စေတဲ့အပြင် မျက်လုံးကျန်းမာရေးကိုလည်းထိခိုက်လို့ မေမေတို့သေချာ ထိန်းပေးဖို့လိုပါတယ်။

 

လိမ္မာယဥ်ကျေးစေဖို့အတွက် 👇👇👇

လက်ဦးဆရာ မိနဲ့ဖ ဆိုတဲ့ စကားအတိုင်း မိဘတို့ရဲ့ အပြုအမူ က သားသမီးတွေအတွက် စံနမူနာပဲဖြစ်ပါတယ်။ သားသား မီးမီးတို့ကို လိမ္မာယဥ်ကျေးစေချင်ရင် ကိုယ့်အပြုအမူတွေကို သတိထားရမယ်။

၁. ခွင့်တောင်းတာ၊ ကျေးဇူးတင်တာ၊ တောင်းပန်တာ စတဲ့ အခြေခံ စကားတွေ သုံးတတ်ဖို့လေ့ကျင့်ပေးရမယ်

👉 ကိုယ်ကအရင် မေမေ့ကို ဒါလေးယူပေးမလား? သားသား/မီးမီး ကူညီလို့ မြန်မြန်ပြီးသွားတယ်၊ ကျေးဇူးတင်ပါတယ် ။ စသဖြင့် ကိုယ်ကစပြောပြီး သူများကိုတခုခုလုပ်ပေးစေလိုရင် လုပ်ပေးလို့ရလား၊ တခုခုလက်ခံရရှိတိုင်း ကျေးဇူးပါ ၊ အမှားလုပ်မိတဲ့အခါ တောင်းပန်ပါတယ် ပြောတတ်ဖို့ သင်ပေးရမယ်

 

၂. ထမင်းစားချိန် လူကြီးသူမကို ဦးချတတ်ဖို့၊ ပေပွနေအောင်မစားဖို့၊ ထမင်းစားချိန် တခြားအလုပ်မလုပ်ဖို့၊ အသံမထွက်အောင်စားတတ်ဖို့ စသဖြင့် ထမင်းစားဝိုင်းမှာ စည်းစနစ်တကျ ကျပ်မတ်ပြီး အလေ့အကျင့်အပြုအမူကောင်းဖြစ်အောင် မွေးမြူပေးရမယ်။ ငယ်စဥ်ထဲက စနစ်ကျမှ ကြီးလာတဲ့အခါ လူမှုပတ်ဝန်းကျင်နဲ့ အဆင်ပြေမှာမို့ ဒီနေရာ မှာ မေမေတို့ဂရုတစိုက် ကျပ်မတ်ဖို့လိုပါတယ်။

 

၃. အခြားသူများနဲ့ ပေါင်းသင်းဆက်ဆံရေး အခြေခံ အချက်တွေလည်း သင်ထားဖို့လိုတယ်

မင်္ဂလာပါ နှုတ်ဆက်တတ်ဖို့၊ လူကြီးသူမရှေ့ ဂါရဝပြုတတ်ဖို့၊ ရှင့် ခင်ဗျာ့ ဟုတ်ကဲ့ စသဖြင့်ထူးတတ်ဖို့၊ သူတို့လေးတွေကို လေ့ကျင့်ပေးဖို့လိုပါတယ်။ ဒါမှသာ မိတ်ဆွေဖွဲ့တတ်လာပြီး အဖွဲ့လိုက်လုပ်ဆောင်မှုတွေ လူမှုရေးဝင်ဆန့်လာမှာဖြစ်တယ်။

 

၄. ကိုယ်ပိုင်ဆိုင်တဲ့အရာတိုင်းကို တန်ဖိုးထားတတ်ဖို့၊ သက်ရှိသတ္တဝါ လေးတွေအပေါ် ကြင်နာတတ်ဖို့ ဂရုစိုက် တတ်ဖို့ သင်ပေးခြင်းကလည်း ကိုယ်ချင်းစာတရားကို ပိုမိုနားလည်စေပါတယ်။ သူတို့အမှားလုပ်မိရင် အမှားကိုဝန်ခံရဲအောင် တတ်နိင်သမျှမဆူပဲ ရိုးသားမှုကိုအသိအမှတ်ပြုချီးကျူးပေးပါ။

 

ငယ်စဥ်အရွယ်ထဲက ဒီအခြေခံအချက်လေးတွေကို လေ့ကျင့်သင်ကြားပေးနိင်လျှင် လိမ္မာယဥ်ကျေးတဲ့ သားသားမီးမီးလေးတွေ ဖြစ်လာမှာ မလွဲဧကန် ပါပဲမို့ မေမေတို့သိပြီးသားအချက်တွေကို ပြန်အမှတ်ရစေရန််ဖော်ပြပေးလိုက်ရပါတယ်နော်။

 

Author : Dr.မွန်မြတ်ထွန်း

Previous Post

အိပ်ရာထက်ခေါင်းချတိုင်း ချက်ချင်းအိပ်ပျော်နိုင်ရဲ့လား?

Next Post

ကလေးငယ်များနှင့် လေထိုးလေအောင့်ပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
638

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
613
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များနှင့် လေထိုးလေအောင့်ပြဿနာ

ဗီတာမင်ဘီ ကြွယ်ဝသော သဘာဝအစားအစာများ

ကျန်းမာရေးအန္တရာယ်အချိုရည်စုံကိုကလေးတို့မစွဲလန်းစေချင်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.