fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဝက်ခြံထွက်ပြီး ဘာကြောင့်အမာရွတ်ကျန်ခဲ့သလဲ

1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/06/2021
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အရေပြားကို အဓိကအားဖြင့် အစိတ်အပိုင်းသုံးခုအနေဖြင့် တွေ့ရှိရသည်။
( ၁ ) အရေပြား အပေါ်ဆုံးအလွှာ( Epidermis )
( ၂ ) အရေပြားအလွှာ ( Dermis )
( ၃ ) အရေပြား အောက်အလွှာ ( Hypodermis ) စသည်တို့ဖြစ်ကြပါသည်။

အထက်ပါ အရေပြားအလွှာများသည် ခရမ်းလွန်ရောင်ခြည်၏ ဘေးထွက်ဆိုးကျိုးများ၊ ဗက်တီးရီးယားပိုးများဝင်ရောက်ခြင်းတို့မှ ကာကွယ်ပေးခြင်း နှင့် နေရောင်ခြည်ထိတွေ့ခြင်းမှတစ်ဆင့် ဗီတာမင် ဒီ ဓာတ်များကို ထုတ်လုပ်ပေးခြင်း စသည့်လုပ်ငန်းများကို လုပ်ဆောင်ပေးပါသည်။

အဆီဓာတ်ထုတ်လုပ်သည့် ဂလင်းများစွာရှိသည့် မျက်နှာ၊ ကျောဘက်နှင့် ရင်ဘတ်နေရာတို့သည် ဝက်ခြံထွက်ခြင်းပို၍ ဖြစ်စေနိုင်သော ခန္ဓာကိုယ်အစိတ်အပိုင်းနေရာများဖြစ်ကြောင်း တွေ့ရှိရပါသည်။
အရေပြား၏ ကော်လာဂျင် အမျှင်အသစ်များဖြစ်ပေါ်ခြင်းကြောင့် ဝက်ခြံအမာရွတ်များ ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

ဝက်ခြံအမာရွတ်အမျိုးအစားများ
ဝက်ခြံအမာရွတ်များကို အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးတွေ့ရှိရပါသည်။
၎င်းတို့မှာ –
( ၁ ) သေးသိမ်၍ ချိုင့်ခွက်နေသည့် ဝက်ခြံအမာရွတ်များ။ ( Atrophic or Depressed Scars )
( ၂ ) အထက်သို့ မို့မောက်၍ ကြွတက်နေသည့် အမာရွတ်များ။ ( Hypertrophic or Keloid scars ) စသည်ဖြင့် တွေ့ရှိရပါသည်။

Keloid Scars ဖြစ်ရခြင်း၏အကြောင်းရင်းမှာ အရေပြားရှိ အမျှင်ဓာတ်တစ်ရှူးများနှင့် ကော်လာဂျင်တစ်ရှူးများ လိုအပ်သည်ထက်ပို၍ကြီးထွားခြင်းကြောင့် ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများမှနေ၍ ဝက်ခြံများကို ပြန်လည်ပျောက်ကင်းစေရန် ပြုပြင်ခြင်း အကြောင်းရင်းကြောင့် ဝက်ခြံအမာရွတ်များ ဖြစ်လာရခြင်း ဖြစ်ပါသည်။ ထိုသို့ပြုပြင်ခြင်းဖြစ်စဉ်တွင် ကော်လာဂျင်တစ်ရှူးများ ပြုလုပ်ဖန်တီးခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ အကယ်၍ ကော်လာဂျင်တစ်ရှူးများ ဖြစ်ပေါ်ခြင်းလွန်ကဲလျှင် keloid scars များအဖြစ်တွေ့ရပါသည်။

နောက်ထပ်တွေ့ရှိရသော ဝက်ခြံအမာရွတ်အမျိုးအစားတစ်မျိုးမှာ တစ်ရှူးများ ပျက်စီးခြင်းကြောင့် အရေပြားတွင် အချိုင့်များအနေနှင့် တွေ့ရှိရသော အမျိုးအစားဖြစ်ပါသည်။ အောက်ဖော်ပြပါ နည်းလမ်းများသည် ဝက်ခြံအမာရွတ်များကို သက်သာပျောက်ကင်းစေသည့် နည်းလမ်းများဖြစ်ကြပါသည်။

( ၁ ) Salicylic Acid
Salicylic Acid သည် ဝက်ခြံနှင့်ပတ်သက်သော အရေပြားထိန်းသိမ်းသည့် အလှကုန်ပစ္စည်းများတွင် ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ ၎င်းသည် ဝက်ခြံထွက်ခြင်းကို အားပေးနိုင်သည့် ဖုန်မှုန့်အညစ်အကြေးများ၊ အရေပြားဆဲလ်များကို ဖယ်ရှားပေးနိုင်သည့် အာနိသင်ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။ ထို့ပြင် အရေပြားရောင်ရမ်းခြင်း ၊ နီရဲခြင်းတို့ကိုလည်း လျော့နည်းစေပြီး အမာရွတ်များဖြစ်ပေါ်ခြင်းကို လျော့နည်းသက်သာစေနိုင်သော ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါသည်။

( ၂ ) Retinoids
Retinoids သည် အရေပြားရောင်ရမ်းခြင်းများကို တားဆီးပေးခြင်း ၊ ဝက်ခြံထွက်ခြင်းကို လျှော့ချပေးခြင်း နှင့် ဆဲလ်အသစ်များပြန်လည်ဖြစ်ပေါ်ခြင်းတို့ကို အားပေးသော ဒြပ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ ထို့ပြင် ပုံမှန်ထက်ပို၍ ရောင်ခြယ်များပြားနေသော ဝက်ခြံအမာရွတ်များကို အရောင်မှေးမှိန်စေနိုင်သည့် အစွမ်းအာနိသင်ရှိကြောင်းလည်း တွေ့ရှိရပါသည်။

( ၃ ) Alpha Hydroxy Acids
Alpha Hydroxy Acids သည် အရေပြားဆဲလ်သေများကိုဖယ်ရှားခြင်း၊ အရေပြားချွေးပေါက်များကို ပိတ်ဆို့ခြင်းတို့ကို ကာကွယ်ပေးနိုင်ခြင်းစသည့် အာနိသင်များရှိကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် ၎င်းဒြပ်ပေါင်းကို ဆရာဝန်များသည် ဝက်ခြံများကို ကုသရန်နှင့် ဝက်ခြံအမာရွတ်များကို ပျောက်ကင်းစေရန်အတွက် အသုံးပြုကြောင်း တွေ့ရှိရပါသည်။

( ၄ ) Lactic Acid
Lactic acid သည် ရေနှင့်ရောစပ်ထားသော ပန်းသီးရှာလကာရည်တို့တွင်ပါဝင်သည့် အက်ဆစ်တစ်မျိုးဖြစ်ပါသည်။
၎င်းအက်ဆစ်တွင် အရေပြားရှိဆဲလ်အသေများကို ဖယ်ရှားပေးနိုင်သည့်အာနိသင်ရှိသောကြောင့် အမာရွတ်များကို သက်သာပျောက်ကင်းစေခြင်း၊ အရေပြားကို ချောမွေ့စေခြင်းစသည့်ကောင်းကျိုးများရရှိရန်အတွက် အသုံးပြုနိုင်ကြောင်း တွေ့ရှိရပါသည်။

အောက်ပါတို့သည်လည်း ဝက်ခြံအမာရွတ်များကို သက်သာပျောက်ကင်းစေနိုင်သည့် ဆေးဘက်ဝင်ပစ္စည်းများဖြစ်ပါသည်။
– အုန်းဆီ
– ရှားစောင်းလက်ပပ်
– ထောပတ်
– ပျားရည်
– သံပရာရည်
– Baking Soda အမှုန့် စသည်တို့ဖြစ်ကြပါသည်။

အထက်ပါနည်းလမ်းများကို အသုံးပြုခြင်းဖြင့် သက်သာခြင်းမရှိလျှင် အရေပြားအထူးကုဆရာဝန်ကြီးများနှင့် ပြသခြင်းဖြင့်လည်း အမာရွတ်များပျောက်ကင်းအောင် ကုသနိုင်ပါသည်။
( ၁ ) Injections ( ဆေးထိုး၍ ကုသခြင်း )
( ၂ ) Dermal fillers ( အရေပြားပြန်လည် ဖြည့်ဆည်း၍ ကုသခြင်း )
( ၃ ) Laser treatments ( လေဆာကုထုံးဖြင့်ကုသခြင်း ) စသည့် ကုသသည့်နည်းလမ်းများဖြင့် ဝက်ခြံအမာရွတ်များကို ကုသနိုင်မည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

Author: Dr. မိုး ဆေး ( ၁ )

Previous Post

ဝက်ခြံအနာရွတ်တွေ သက်သာစေဖို့

Next Post

ငှက်ဖျားအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

2 years ago
740

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
711
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

2 years ago
2.2k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငှက်ဖျားအကြောင်း သိကောင်းစရာ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေစဉ်ကာလအတွင်း  စိုးရိမ်စိတ်နှင့်  စိတ်ဖိစီးမှုကို  ဘယ်လိုလျှော့ချမလဲ (၂)

Stay At Home ‌ကာလမှာ Vitamin D လုံလောက်စွာရဖို့ ဘာကြောင့်အရေးကြီးလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.