fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နားကြပ်ကြာကြာတပ်ခြင်းကြောင့်ဖြစ်တဲ့ နားပြဿနာများ

525
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/10/2021
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ဟိုးယခင်ကမူ မိသားစုဝင်အားလုံး ဝိုင်းဖွဲ့ကာ မြန်မာအသံမှ လွှင့်သော ဓာတ်ပြား သီချင်းကို နားထောင်ခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် ရေဒီယို တစ်လုံးကို တစ်မိသားစုလုံး စုပေါင်း နားထောင်စရာမလိုတော့။ မိမိကြိုက်နှစ်သက်သော သီချင်းကို မိမိဘာသာ စိတ်ကြိုက်နားထောင်နိုင်ပြီ။ မိမိတစ်ဦးတည်းသာ သီးသန့် နားကြပ်လေး တပ်ဆင်ကာ နားထောင်နိုင်ပြီ။ လူကြီးမိဘတို့ မကြိုက်နှစ်သက်သော Hip Hop Music ကိုလည်း စိတ်တိုင်းကျ နားထောင်နိုင်ပြီ။ နားကြပ်လေးတပ်ဆင်ထားလိုက်သည်။ ဘေးလူကိုလည်း အနှေင့်အယှက်မဖြစ်။ ယနေ့ခေတ်တွင် ဇိမ်ခံပစ္စည်းများထဲမှ တစ်ခုကား နားကြပ်တပ်ဆင်ကာ သီချင်းနားထောင်ခြင်းဖြစ်သည်။

သို့သော် နားကြပ်ကို ကြာရှည် သုံးစွဲပါက ဆိုးကျိုးများ ရှိသည်။ နားကြပ်ရောင်းချသော ကုမ္ပဏီများကား နားကြပ်တွင် ဘေးတွက်ဆိုကျိုးများမရှိဟု ကြော်ငြာသည်။ သို့သော် အသုံးပြုသူအပါ်မူတည်၍ ကျန်းမာရေးထိခိုက်မှု အနည်းအများရှိလေသည်။ နားထဲကို နားကြပ်ထိုးထည့် လိုက်လျှင်ပင် နားထဲသို့ဝင်သော လေလမ်းကောင်း ပိတ်ဆို့သွားသည်။ လေအဝင်အထွက် မရှိလျှင် နားပိုးဝင်ခြင်းများ ဖြစ်တတ်သည်။ နားပိုးဝင်ခြင်းကား လေလမ်းကြောင်းပိတ်ဆို့မှုအပြင် နားကြပ်များမသန့်ရှင်းသောကြောင့်လည်း ဖြစ်နိုင်သည်။

နားကြပ်အသုံးပြုသူများတွင် နားပိုးဝင်ခြင်း  ပိုမိုဖြစ်ပွားသည်။ လူတစ်ဦးနှင့် တစ်ဦး မည်မျှ ရင်းနှီးပါစေ နားကြပ်ကိုငှားရမ်းသုံးစွဲခြင်း လုံးဝ မပြုလုပ်ရ။ နားပိုးဝင်ခြင်းကား လူတစ်ဦးမှ တစ်ဦးဆီသို့ နားကြပ်မှ တစ်ဆင့် ကူးစက်တတ်သည်။ နားဖာချေးများလည်း ပိုမိုထွက်တတ်သည်။ နားထဲတွင် တဝီဝီ အသံတွေကို ကြားကာ နားအူနေတတ်ခြင်းများ နားကြပ်အမြဲတပ်ဆင်ထားသူများတွင် ဖြစ်တတ်သည်။သည်။ တစ်ခါတစ်ရံ စူးခနဲနားကျင်ကိုက်ခဲတာမျိုး နားကြပ်နားထောင်သူများတွင် ခံစားရတတ်သည်။

နားကြပ်ကို အချိန်ကြာကြာ နားထောင်ပြီးတိုင်း ဆိုးဆိုးဝါးဝါးနာကျင်ခြင်း ဖြစ်တတ်ပါသည်။ နားကိုက်တတ်ခြင်းဖြစ်သည်။ နားကြပ်ကိုကြာရှည်စွာ သုံးစွဲပါက အရွယ်မတိုင်ခင် နားလေးခြင်း ဖြစ်တတ်သည်။  တစ်နေကုန် နားကြပ်တပ်ဆင်ကာ သီချင်းအကျယ်ကြီးနားထောင်နေပါက Numb Ears ဟုခေါ်သော အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းများ ဖြစ်တတ်သည်။ အချိန်တစ်ခုကြာလျှင် အကြားအရုံပြန်ခံစားရသည်။ သို့သော် အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်းကနေ တစ်ချိန်တွင် လုံးဝနားမကြားတော့သည့် အဖြစ်သို့ ရောက်ရှိနိုင်သည်။

ယခုအခါ နားကြပ်က ထုတ်လွှတ်လိုက်သည့် လျှပ်စစ်သံလိုက်လှိုင်းများက ဦးနှောက်ကို ထိခိုက်ပျက်စီးနိုင်သည်ဟု သုတေသန စာစောင်များတွင် ဖော်ပြလာသည်။ သို့သော် ပို၍ တိကျသေချာသော သုတေသနများ ပြုလုပ်ရဦးမည်ဖြစ်သည်။ ခေါင်းကိုက်ခြင်းနှင့် ညဖက်အိပ်မပျော်ခြင်းများသည် နားကြပ်အသုံးပြုသူများတွင် တွေ့ရှိလာရသည်။ ထို့အပြင် ကျယ်လောင်သော အသံများကြောင့် နှလုံးခုန်နှုန်း မြန်လာခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းများသည်လည်းတွေ့ရှိလာသည်။

ထို့ပြင် နားကြပ်တပ်ဆင်ကာ လမ်းသွားကြသောကြောင့် ယဥ်တိုက်မှုများကိုလည်း အထူးဂရုစိုက်ရမည်။ ကားဟွန်းတီးသံ၊ ဆိုင်ကယ်သံများ မကြားသော‌ကြောင့် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် နားကြပ်တပ်ဆင်ထားပေမဲ့လည်း အသံကို လျော့ထားကာ ဘေးပတ်ဝန်းကျင်မှ အသံများကိုလည်း နားစွင့်ရမည်ဖြစ်မည်။ နားနှင့်ပတ်သက်သောပြဿနာများ ဖြစ်ပွားမှုလျှော့ချရန်အတွက် နားကို မကြာခဏ အနားပေးရမည်ဖြစ်မည်။ တစ်နေကုန်တောက်လျောက် တပ်ဆင်ခြင်းမျိုး မပြုလုပ်ရ။ သီချင်းသံကိုလည်း အကျယ်ကြီးမဖွင့်ပဲ ကြားလောက်ယုံပဲ ဖွင့်သင့်ပေသည်။ နားကြပ်ကို တစ်နေ့ တစ်နာရီထပ် ပိုအသုံးပြုပါက နားနှင့်ပတ်သက်သော ပြသနာများဖြစ်ပွားနိုင်သည်။ ထို့ကြောင့် နားကြပ်တပ်၍ သီချင်းနားထောင်ခြင်းကို လျှော့ချ၍ နားကျန်းမာရေးကို ဂရုစိုက်သင့်ပေသည်။

Author: ဒေါက်တာအေးချမ်းမိုး

Previous Post

ဆံပင်ကျွတ်ခြင်းသက်သာအောင်

Next Post

Food Allergy အတွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
601

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
558
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Food Allergy အတွက်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းများ

အပူအစပ်တွေအစားများလွန်းရင် ဘာပြဿနာတွေဖြစ်နိုင်သလဲ

အစာအဆိပ်သင့်လက္ခဏာရပ်များနှင့် အရေးပေါ်ကုသရေးနည်းလမ်းများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.