fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

3.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2022
in အမျိုးသမီး ကျန်းမာရေး, အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
1 min read
A A

အဆုတ်သည် ကိုယ်ခန္ဓာအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အသက်ရှင်ဖို့ အရေးကြီးသော အောက်ဆီဂျင်ရှူသွင်းရာနေရာလည်း ဖြစ်သည်။ ကိုယ်ခန္ဓာမှ အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိပါက ကိုယ်ခန္ဓာအတွက် ဆိုးကျိုးများ ဖြစ်ပေါ် နိုင်သည်။

သို့ဖြစ်ရာ အဆုတ်ကျန်းမာရေး‌ကို ဂရုစိုက်ဖို့ အရေးကြီးသည်။ ယခုအခါ နာတာရှည် အဆုတ်ရောင်ရောဂါ  (COPD) သည် အမျိုးသားများတွင် စတုတ္ထအသက်သေဆုံးနိုင်သောရောဂါတစ်ခု ဖြစ်သည်။ အမျိုးသမီးများတွင်မူ နာတာရှည်အဆုတ်ရောင်ရောဂါသည်  အသက်သေဆုံးသော ရောဂါများ၏ တတိယနေရာတွင် ရှိသည်။

အောက်ပါ အချက်အလက်များကား အဆုတ်အားကောင်းစေသော သဘာ၀နည်းလမ်းများ ဖြစ်သည်။

 

၁။ ဆေးလိပ်ရှောင်ကြဥ်ခြင်း

ဆေးလိပ်‌သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်ပါသည်ဆိုသော စကားကိုလူတိုင်းကြားဖူးကြပေသည်။ သို့သော် လူတိုင်းလိုက်နာရန် ခက်ခဲလှသည်။ ယခုအချိန်တွင် ဆယ်ကျော်သက် တို့ကြားတွင် ဆေးလိပ်သောက်သုံးခြင်း အလေ့အကျင့်သည် ခေတ်စားလာသည်။

ဆေးလိပ်သောက်ခြင်းကို Fashion တစ်ခုအနေဖြင်င့ ထင်မြင်လာကြသည်။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာနှင့် နာတာရှည်အဆုတ်ရောင်ရောဂါများ ဖြစ်ပွားတတ်သည်။ ဆေးလိပ်သောက်သူမဟုတ်သော်လည်း ဆေးလိပ်ငွေ့ရှူရှိုက်ခြင်းသည်လည်း ဆေးလိပ်သောက်သူကဲ့သို့ပင် ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းသည် အဆုတ်အားကောင်းစေသော အချက်တစ်ချက်ဖြစ်သည်။

၂။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း

အပြင်းအထန်လုပ်ရသော Aerobic လေ့ကျင့်ခန်းများအပြင် ‌ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ တောင်တက်ခြင်း၊ ပြေးခြင်းများသည်လည်း အဆုတ်အားကောင်းစေသော လေ့ကျင့်ခန်းများ ဖြစ်သည်။  အသက်ရှူလေ့ကျင့်ခန်းများကိုလည်း မိမိအိမ်တွင်လေ့ကျင့်လို့ရပါသည်။ ‌လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အဆုတ်ရောဂါများအတွက်ပါမက နှလုံးရောဂါနှင့် လေဖြတ်ခြင်းကို ကာကွယ်ပေးပါသည်။

၃။ အသက်ရူလေ့ကျင့်ခန်းလုပ်ခြင်း

Mindfulness Exercises  နှင့် Yoga ကျင့်ခြင်းများကား အသက်ရူလေ့ကျင့်ခန်း တစ်မျိုးပင်ဖြစ်သည်။

ကိုယ်ခန္ဓာကို မတ်မတ်ထားကာ စိတ်ကိုလျော့၍ အသက်ရှူနေရခြင်းဖြစ်သည်။ ၀င်လေထွက်လေကို  ရူသွင်းရှူထုတ် လုပ်နေသောကြောင့် အဆုတ်ထဲသို့ Oxygen အလုံအလောက်ရရှိကာ စိတ်တည်ငြိမ်ခြင်းနှင့် အဆုတ်အားကောင်းစေပါသည်။

၄။ လေထုညစ်ညမ်းခြင်း ရှောင်ကြဉ်ခြင်း

စက်ရုံအလုပ်ရုံများမှထွက်သော မီးခိုး‌ငွေ့များ၊ ကားအင်ဂျင်များမှ ထွက်သောမီးခိုးငွေ့များ၊ အမှိုက်မီးရှို့ရာမှထွက်သော ‌အ‌ငွေ့အသက်များနှင့် ဓာတ်မြေသြဇာများ၏ အနံ့များကား အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါများကို အများဆုံး ဖြစ်စေပါသည်။ ထိုအငွေ့အသက်များကို တတ်နိုင်သမျှရှောင်ကြဥ်ခြင်းသည် အဆုတ်အားကောင်း‌‌စေသော အလေ့အထတစ်ခုဖြစ်သည်။

၅။ အိမ်တွင်း လေထုကို သန့်ရှင်းစွာထားခြင်း

အိမ်တွင်းအသုံးပြုသော မီးသွေးမီးဖိုများများမှ ထွက်သောအငွေ့များ၊ ခြင်ဆေးနံ့များ၊ အင်းဆက်ပိုးမွှားများ၏အနံ့အသက်များ၊ အိမ်နံရံများး၏ ဆေးနံ့များ၊ မှိုနံ့များသည် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အိမ်တွင် ၀င်လေထွ‌က်လေထွက်ကောင်းအောင်  ပြတင်းပေါက်များဖွင့်ထားခြင်း၊ နေအလင်းရောင်ရအောင်တံခါးများ ဖွင့်ထားခြင်းမျိုး လုပ်ဆောင်ပေးခြင်းဖြင့် မိသားစုကျန်းမာရေးကို စောင့်ရှောက်ပြီးသား ဖြစ်ပေမည်။

၆။ အဆုတ်အားကောင်းစေသော အစားအစာများစားသုံးခြင်း

လက်ဖက်စိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ နနွမ်း၊ ငရုတ်သီး၊ ငရုတ်ကောင်း၊ ပဲအမျိုးမျိုး၊ ဗိုက်တာမင်စီပါသော အသီးအနှံများနှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ စားသုံးပေးခြင်းဖြင့် Antioxident ဓာတ်များပါ၀င်ကာ အဆုတ်ကင်ဆာကို ကာကွယ်ပေးရုံမက အဆုတ်အားကောင်းရန်အတွက်လည်း အထောက်အကူပြုပါသည်။

၇။ ‌ရေဓာတ်အလုံအလောက်ရှိခြင်း

ကိုယ်ခန္ဓာတွင် ရေဓာတ်အလုံအလောက်ရှိနေခြင်းသည် အဆုတ်တွင်းသို့ အောက်ဆီဂျင်၀င်ရောက်မှုကို အထောက်အကူပြုကာ အဆုတ်၏ လုပ်ဆောင်ချက်များကို ပိုအားကောင်းစေပါသည်။

အထက်ပါသဘာ၀နည်းအတိုင်း အဆုတ်ကျန်းမာရေးအတွက် လုပ်ဆောင်ပါက အသက်ရှည် ကျန်းမာစွာ သက်တမ်းစေ့ နေထိုင်သွားနိုင်မည် ဖြစ်သည်။

Author: Dr. Aye Chan Moe

Previous Post

အသည်းအဆီဖုံးရောဂါရှိသူတွေ ဆောင်ရန်ရှောင်ရန် အစားအသောက်များ

Next Post

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

1 year ago
398
Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
663

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
627
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.9k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.