fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

တစ်နေ့တာလုံးလန်းဆန်းတက်ကြွဖို့ မနက်ခင်းမှာ ဒါလေးတွေလုပ်ပါ

514
VIEWS
Share on FacebookShare on TwitterShare on Linkedin
07/03/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

မနက်မိုးလင်းလို့ အလင်းရောက်တာနဲ့ ကိုယ်စီကိုယ်စီ ထမ်းဆောင်ရမယ့်တာ၀န်၀တ္တရားတွေအတွက် အိပ်ရာကထကြရပါပြီ။ တစ်ကယ်လို့ မနက်အိပ်ရာစထကတည်းက တက်တက်ကြွကြွမရှိဘဲ ငူငူငိုင်ငိုင်နဲ့ဆို တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။တစ်နေ့တာလုံး အဆင်ပြေချောမွေ့ပြီး လန်းဆန်းတက်ကြွနေစေဖို့ အရေးအကြီးဆုံးအချိန်ကတော့ မနက်ခင်းအိပ်ရာထချိန်လေးပါပဲ။ ဒါကြောင့် မနက်ခင်းအိပ်ရာစထကတည်းကနေ တစ်နေ့တာလုံး လန်းဆန်းနေအောင် ဘာတွေဆောင်ပီး ဘာတွေရှောင်ရမယ်ဆိုတာ ဆက်လက်ဖော်ပြပေးပါ့မယ်။

(၁) မနက်စောစောအိပ်ရာထပါ
ယနေ့ခေတ်မှာလူနေမှုစတိုင်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့အိပ်ချိန်ကလည်း တဖြည်းဖြည်း နောက်ဆုတ်လာပါတယ်။ မနက်ခင်းအိပ်ရာထချိန်ကနေ တစ်နေကုန်လန်းဆန်းနေချင်တယ်ဆိုရင်တော့ “စောစောအိပ်ပီး စောစောထတဲ့အကျင့်”ကို ပြန်လည်ကျင့်သုံးပေးဖို့အကြံပြုပါရစေ။ ဘာကြောင့်လဲဆိုတော့ အိပ်ရာ၀င်နောက်ကျတတ်တဲ့လူတွေအနေနဲ့ မနက်ခင်းကျောင်းသွားဖို့၊ အလုပ်သွားဖို့အိပ်ရာထကြတဲ့အခါမှာ လန်းလန်းဆန်းဆန်းမရှိဘဲ မူးတူးတူးမှိုင်တိုင်တိုင်နဲ့အိပ်ရေးမဝဘဲဖြစ်နေတတ်ပါတယ်။

မနက်ခင်းလေးမှာအိပ်ရေးဝဝနဲ့ လန်းလန်းဆန်းဆန်းဖြစ်နေချင်တယ်ဆိုရင်တော့ အိပ်စက်တဲ့အချိန်ကို နောက်အကျဆုံး ည၁၀နာရီ(သို့)၁၁နာရီလောက် အိပ်ပေးသင့်ပါတယ်။ ဒါမှသာ တစ်ညတာအိပ်စက်ချိန် ၇ နာရီကနေ ၈ နာရီလောက်ထိရှိနေမှာဖြစ်ပြီးတော့ မနက်အိပ်ရာထတဲ့အချိန်မှာလည်း ကိုယ်ရော၊စိတ်ပါလန်းလန်းဆန်းဆန်းနဲ့ တစ်နေ့တာတာဝန်ဝတ္တရားတွေကို အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်မှာဖြစ်ပါတယ်။

(၂) မနက်ခင်းပိုင်းလေ့ကျင့်ခန်းပြုလုပ်ပါ
ပုံမှန်ဆိုမနက်လင်းပြီဆိုတာနဲ့ အိပ်ရာက ကမန်းကတန်းထ၊ မနက်စာကပျာကယာစားပီး ကျောင်း/အလုပ်ဆီသို့အချိန်မီအောင်သွားကြရပါတယ်။ ဒါဟာလည်း မှားယွင်းနေတဲ့အလေ့အထတစ်ခုလို့ပြောပါရစေ။ တကယ်ကတော့ မနက်ခင်းပိုင်းမှာ သွေးပူလေ့ကျင့်ခန်းလေး ၁၅မိနစ်(သို့)၂၀မိနစ်လောက်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပီးတော့ စိတ်အာရုံစူးစိုက်မှုကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါကြောင့်မနက်ခင်းပိုင်းလေးမှာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ဒိုက်ဒိုးခြင်းနဲ့ အိပ်ထမတင်စတဲ့ ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းမျိုးနေ့စဉ်ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် သင့်ရဲ့တစ်နေ့တာလုံးလန်းဆန်းနေဖို့အာမခံပါတယ်။

၃။ မနက်ခင်းရေနွေးလေးနဲ့ ရေချိုးပေးပါ
မနက်နိုးလာတာနဲ့ သွေးပူလေ့ကျင့်ခန်းလေးပြုလုပ်ပီး ရေ‌နွေးလေးနဲ့ ရေချိုးလိုက်မယ်ဆိုရင် သင့်ရဲ့လေးလံထိုင်းမှိုင်းတဲ့စိတ်တွေနဲ့ ကိုယ်လက်မအီမသာဖြစ်တာတွေပါ ယူပစ်သလို ပျောက်သွားမှာပါ။ ဒါပေမဲ့ နေရာဒေသနဲ့ရာသီဥတုပေါ်ကို မူတည်ပြီးတော့ ရာသီဥတုအရမ်းအေးလို့ မနက်ခင်းရေမချိုးနိုင်ဘူးဆိုရင်လည်း ရေနွေးလေးနဲ့ ခြေလက်သန့်စင်ပေးနိုင်ပါတယ်။

၄။ အာဟာရပြည့်၀တဲ့ မနက်စာစားသုံးပါ
ကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ အာဟာရပြည့်၀တဲ့ မနက်စာကို ဂရုတစိုက် စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ကိုယ်ခန္ဓာက တစ်နေ့တာ တာ၀န်၀တ္တရားတွေအတွက် ထမ်းဆောင်ဖို့ အဆင်သင့်ဖြစ်နေမှာပါ။ များသောအားဖြင့် ကျွန်တော်တို့မြန်မာတွေက မနက်စာကို ဖြစ်သလို သဘောထားပီး ဗိုက်၀ရင်ပြီးရော စားတတ်ပါတယ်။ ဒါဟာ အင်မတန်လွဲမှားတဲ့ အယူအဆတစ်ခုပါ။ တစ်နေကုန်လန်းဆန်းတက်ကြွနေစေဖို့ နေ့တစ်နေ့ရဲ့ မနက်စာက အရေးအကြီးဆုံးပါ။ မနက်စာစားသုံးတဲ့ အခါမျိုးမှာလည်း ဆီများလွန်းတဲ့အစားအစာတွေ၊ အချိုမှုန့်တွေ၊ ဆားတွေများပြားလွန်းတဲ့ အစားအစာတွေကို ရှောင်ရှားပီးတော့ အာဟာရပြည့်ဝပီးကျန်းမာရေးနဲ့ညီညွတ်တဲ့မနက်စာကိုစားသုံးဖို့အကြံပြုပါရ‌စေ။

၅။ ကော်ဖီတစ်ခွက်လောက် သောက်သုံးပေးပါ
ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်က သင့်ရဲ့လေးလံထိုင်းမှိုင်းတဲ့စိတ်တွေကို ဖယ်ရှားပေးဖို့ တာ၀န်ယူပါလိမ့်မယ်။ အကယ်၍ ကော်ဖီမကြိုက်ဘူးဆိုရင်လည်း Green Tea တစ်ခွက်ကို မနက်ခင်းပိုင်းမှာ  သောက်သုံးပေးနိုင်ပါတယ်။

၆။ ဆီး၊ ဝမ်းမှန်ပါစေ
ဆီချုပ်၊ ဝမ်းချုပ်မဖြစ်အောင် မနက်ခင်းပိုင်းမှာ ရေများများသောက်‌သောက်ဖို့ တိုက်တွန်းချင်ပါတယ်။ မနက်ခင်းအိပ်ရာနိုးတာနဲ့ ရေအဝသောက်ထားပြီးတော့ ဆီး၊ဝမ်းသွားဖို့အတွက် မိမိရဲ့ဝမ်းကိုအလေ့အကျင့်ပြုလုပ်ထားပေးပါ။ မနက်ခင်းကတည်းက ဆီးချုပ်၊ဝမ်းချုပ်ဖြစ်နေမယ်ဆိုရင် တစ်နေ့တာလုံးကိုယ်ခန္ဓာက လေးလံထိုင်းမှိုင်းနေမှာဖြစ်ပါတယ်။

၇။ ဖုန်းနဲ့ Tablet သုံးချိန် လျှော့ပါ

မနက်အိပ်ရာနိုးလို့မျက်လုံးပွင့်ပြီဆိုတာနဲ့ Social Media ပေါ်တက်လိုက်ရမှ၊ အင်တာနက်လေးသုံးလိုက်ရမှ နေသာထိုင်သာရှိတတ်ကြပါတယ်။ သင့်ရဲ့စိတ်ရောကိုယ်ပါ တစ်နေ့တာလုံးလန်းဆန်းနေချင်တယ်ဆိုရင်တော့ ဖုန်းနဲ့Tablet ကိုလျှော့သုံးဖို့ အကြံပြုပါရစေ။ အကယ်၍ လျှော့မသုံးဘူးဆိုရင် လေ့ကျင့်ခန်းလုပ်ဖို့နဲ့ မနက်စာကောင်းကောင်းစားဖို့ အချိန်တွေလျော့နည်းသွားမှာပါ။

Author: Dr. KTZ

Previous Post

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

Next Post

နွေရာသီနှင့် အဲကွန်း၊ ပန်ကာအလွန်အကျွံသုံးခြင်းပြဿနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
557
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နွေရာသီနှင့် အဲကွန်း၊ ပန်ကာအလွန်အကျွံသုံးခြင်းပြဿနာ

နေရောင်ကာ Sunscreen သုံးရင် သတိပြုသင့်တာတွေ

သဘာဝပစ္စည်းလေးတွေနဲ့ အသားအရေထိန်းသိမ်းမယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.