fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သတိထားသင့်တဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်

285
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/03/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

ခရမ်းလွန်ရောင်ခြည် Ultraviolet Radiation ကို ရောင်ခြည်လှိုင်းအရွယ်အစား နာနိုမီတာ Wavelength Nanometers ပေါ်မူတည်ပြီး အမျိုးအစားသုံးမျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ UVA ,UVB ,UVC တို့ဖြစ်သည်။ နေရောင်ခြည်တွင် သာမန်မျက်စိနဲ့ မမြင်နိုင်သော ခရမ်းလွန်ရောင်ခြည် သုံးမျိုးလုံးပါဝင်ပါသည်။ ကမ္ဘာ့အိုဇုန်းလွှာသည် UVC နှင့် UVB ရောင်ခြည်အများစုကို ကာကွယ်ပေးသောကြောင့် ကမ္ဘာ့မြေပေါ်သို့ အဓိကရောက်ရှိသည့် ရောင်ခြည်လှိုင်းသည် UVA ဖြစ်ပါသည်။

နေရောင်ခြည်နှင့် အခြားပစ္စည်းများမှ ထုတ်လွှတ်သောခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့မှုကြောင့် အသားအရောင် မညီမညာဖြစ်ခြင်း၊ နေလောင်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အသားအရေခြောက်သွေ့ပျက်စီးခြင်း၊ မျက်လုံးထိခိုက်ခြင်းနှင့် အမြင်အာရုံဆုံးရှုံးခြင်း၊ အရေပြားကင်ဆာ ဖြစ်စေနိုင်သည်ထိ ဆိုးကျိုးများစွာရှိပါသည်။

UVA နှင့် UVB နှစ်မျိုးလုံးသည် အရေပြားကို ထိခိုက်နိုင်သော်လည်း UVA သည်အရေပြားအတွင်းပိုင်းထိ ထိုးဖောက်ဝင်ရောက်နိုင်ရှိပြီး အရေပြားဆဲလ်များ၏ မျိုးရိုးဗီဇ DNA ကိုပြောင်လဲစေသည်။ အရေပြားအတွင်းရှိ ရောင်ခြယ်ဆဲလ် Melanocytes ကိုလှုံ့ဆော်ပေးပြီး အမည်းအစက်အပျောက်များ ဖြစ်ပေါ်စေပါသည်။ UVA သည် အရေပြား အိုမင်းရင့်ရော်ခြင်းကို အဓိကဖြစ်စေပြီး UVB သည် အရေပြားနေလောင်ခြင်းကို ဖြစ်စေပါသည်။

UVA Rays များသည် နေမထွက်ဘဲတိမ်ထူသည့်နေ့များတွင်ပင် အရေပြားကိုပျက်စီးစေနိုင်ပြီး မှန်ကိုဖောက်နိုင်သည့်အစွမ်းရှိသည့်အတွက် အိမ်ထဲ၌နေလျှင်လည်း သက်ရောက်မှုရှိနိုင်သည်။ ထို့ပြင် အရေပြားအတွင်းရှိ  ကျုံ့ဆန့်နိုင်သည့် Elastin ပရိုတင်းကို ထိခိုက်ပျက်စီးစေပြီး အသားအရေ တင်း ရင်းမှုမရှိဘဲ အရေးအကြောင်းများ ဖြစ်ပေါ်စေခြင်း၊ အရေပြားဒဏ်ရာအနာများရှိလျှင် အနာကျက်နှေးခြင်းတို့ ဖြစ်စေနိုင်သည်။

ခရမ်းလွန်ရောင်ခြည်ဒဏ် ကာကွယ်သည့် Sun Protection Factor- SPF အနည်းဆုံး ၃၀ ပါဝင်သော နေရောင်ကာလိမ်းဆေးကို အပြင်မထွက်ခင် ပုံမှန်လိမ်းပေးခြင်းဖြင ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှု သက်သာစေနိုင်ပါသည်။ အိမ်ထဲတွင်နေလျှင် SPF အနည်းဆုံး ၁၅ ပါဝင်သော နေရောင်ကာလိမ်းဆေးကို လိမ်းပေးသင့်ပါသည်။ ထို့ပြင် ဦးထုပ်၊ UV ကာကွယ်မှုပါထီး၊ နေကာမျက်မှန်စသည့် အကာအကွယ်ပစ္စည်းများသုံး၍ ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုအန္တရာယ်ကို လျှော့ချသင့်သည်။ နေပူထဲမထွက်ခင် နာရီဝက်ကြို၍ နေရောင်ကာလိမ်းဆေးကို လိမ်းပေးရန်လိုအပ်ပြီး နေပူအောက်တွင်အချိန်ကြာသည်နှင့် ၂ နာရီခြားတစ်ကြိမ် ထပ်မံလိမ်းပေးရန်လိုအပ်ပါသည်။

ခရမ်းလွန်ရောင်ခြည်ကြောင့် ဖြစ်ပွားတတ်သည့် အရေပြားကင်ဆာ Melanoma သည် အသက်အန္တရာယ်အပေးနိုင်ဆုံး ကင်ဆာတစ်မျိုးဖြစ်ပါသည်။ အရေပြားကင်ဆာဖြစ်နိုင်ခြေမြင့်မားသောအခြေအနေများမှာ အသက်၅၀နှင့်အထက်များ၊ အရေပြားကင်ဆာ မျိုးရိုးရှိသူများ၊ ဆံပင်၊ မျက်လုံး၊ အသားအရောင် ဖျော့သော၊ ဖြူသောသူများ၊ နေပူထဲတွင်အချိန်ကြာမြင့်စွာ နေရသူများ၊ အချိန်ကြာ နေပူဆာလှုံတတ်သူများ ဖြစ်ပါသည်။ အရေပြားကင်ဆာသည် အမေရိကန်နိုင်ငံတွင် အဖြစ်များဆုံးသော ကင်ဆာအမျိုးအစားဖြစ်သည်။

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုကြောင့် ဖြစ်နိုင်သည့် နောက်ဆက်တွဲပြဿနာများသည် နေရောင်ခြည်ပြင်းအား၊ နေရောင်နှင့် ထိတွေ့မှုအချိန်ကြာခြင်း၊ အရေပြားကိုကာကွယ်ထားမှု စသည့်အချက်များပေါ်မူတည်ပါသည်။ ထို့ပြင် အသက်အန္တရာယ်ရှိသည့် ပြင်းထန်သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေများသည့်အတွက် နေအိမ်ထဲ၌ပင်ဖြစ်စေ၊ နေပူထဲအချိန်ကြာထွက်လျှင်ဖြစ်စေ အကာအကွယ် သေချာပြင်ဆင်သင့်ပါသည်။

Author: Dr. Yee Mon

Previous Post

ရေကြီးရေလျှံဖြစ်လျှင် ဒါတွေသတိပြုပါ

Next Post

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
715

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
699
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

အပူဒဏ်ကို ဘယ်လိုရင်ဆိုင်မလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.