ရင်သားခွဲစိတ်တယ်လို့ ပြောတဲ့နေရာမှာ အကြောင်းအရင်း အမျိုးမျိုးရှိပါတယ်။ ကျန်းမာရေး ပြဿနာကြောင့် ( ဥပမာ – ရင်သားကင်ဆာ၊ ကင်ဆာ မဟုတ်သော အလုံး၊ အကြိတ်များ ဖယ်ထုတ်ခြင်း) ခွဲစိတ်ကုသခြင်းနှင့် အလှအပဆိုင်ရာ ရင်သားခွဲစိတ် ပြုပြင်ခြင်းများ စသဖြင့်(၂)မျိုးရှိပါတယ်။ ခုနောက်ပိုင်းမှာ အရွယ်ရောက်ပြီး အမျိုးသမီးတွေဟာ အလှအပအတွက် ရင်သားခွဲစိတ် ပြုပြင်တာကို ခပ်စိပ်စိပ်တွေ့လာရပါပြီ။ ဒါကြောင့် Cosmetic breast surgery အကြောင်းလေး နည်းနည်းပြောချင်ပါတယ်။ အလှအပအတွက် ပြုလုပ်ကြတဲ့ နည်းတွေက –
Breast reconstruction (ရင်သား ပြန်လည်ပင့်တင်ခြင်း)
ဒီနည်းလမ်းကတော့ အကြောင်းတစ်ခုခုကြောင့် ရင်သားအစိတ်အပိုင်းတစ်ခု ဖြတ်ထုတ်လိုက်ရတဲ့အခါ သေးသွားတဲ့ တစ်ဖက်ကို ကျန်တစ်ဖက်နဲ့ ညီစေဖို့ ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပေါင်၊ နောက်ကျော စတဲ့နေရာတွေက တစ်သျှူးကိုယူပြီး သေးသွားတဲ့ဘက်မှာ အစားထိုးလိုက်တာမျိုးပါ။
Breast augmentation (ရင်သားကြီးလာစေရန် implants ထည့်ခြင်း)
ဒါကတော့ နိုင်ငံတကာက နာမည်ကျော်ကြားတဲ့ celebrity တွေအပါအဝင် အမျိုးသမီးအများစု အကြောင်းကြောင်းကြောင့် ရင်သားပုံစံ ပြောင်းလဲချင်သောအခါ၊ အရွယ်အစား ကြီးလာစေချင်သောအခါ ပြုလုပ်ကြတဲ့ surgery ဖြစ်ပါတယ်။ ထည့်တဲ့ Implant တွေကလည်း Saline implants, Silicone implants စသည်ဖြင့် အမျိုးအစားကွဲကြပါသေးတယ်။ ဒီ surgery ပြုလုပ်တဲ့ အခါမှာ ပြုလုပ်ပေးတဲ့သူဟာ ကျွမ်းကျင်တဲ့ဆရာဝန် ဖြစ်ရန်လိုတဲ့အပြင် အသုံးပြုမယ့် implant ဟာလဲ Quality ပြည့်မှီနေဖို့ အရေးကြီးပါတယ်။
Breast reduction (ရင်သားသေးစေရန် တစ်သျှူးများ ဖယ်ခြင်း)
ဒီတစ်ခုက အလုံး၊ အကြိတ်တွေဖယ်ဖို့ ပိုသုံးကြပါတယ်။ ရင်သားမှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ထုတ်ပစ်ဖို့ လုပ်ကြတဲ့ surgery ပါ။ရင်သားပြုပြင်တဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကိုလည်း အနည်းငယ် ပြောပြလိုပါတယ်။
- Implant ထည့်ပြီးနောက် နာကျင်ခြင်း
- ခွဲစိတ်စဉ်မေ့ဆေးကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ အန္တရယ်များ
- သွေးထွက်ခြင်း
- ခွဲထားသော နေရာမှတစ်ဆင့် ပိုးဝင်ခြင်း
- အမာရွတ်ကျန်ခြင်း၊
- အမာရွတ် တစ်သျှူးများကြောင့် ရင်သားနေရာ မာလာခြင်း
- ခွဲစိတ်စဉ် အာရုံကြောများ ထိခိုက်မှုကြောင့် နို့သီးခေါင်းထိပ် အာရုံခံစားနိုင်မှု nipple sensation ပြောင်းလဲမှုရှိခြင်း
- ထည့်ထားသော implant ပေါက်ထွက်ခြင်း
- နေရာရွေ့ခြင်းကဲ့သို့ နောက်ဆက်တွဲ ပြဿနာများ ကြုံတွေ့နိုင်ပါသည်။
အရေးကြီးဆုံးက ရင်သားခွဲစိတ် ပြုပြင်ပြီးတာနဲ့ ထည့်ထားတဲ့ Implant ကို expire ကျော်ရင် ထုတ်ဖို့ နောက်ထပ် surgery လိုပါတယ်၊ ဒီ Implant ထည့်ထားခြင်းကြောင့် ကင်ဆာဖြစ်နိုင်ချေလည်း များလာသလို၊ သွေးစစ်ခြင်း၊ ရင်သားကို ပုံမှန်စမ်းသပ်ခြင်း၊ mammogram ရိုက်ခြင်းတို့ကို ဆရာဝန် ညွှန်ကြားချက် အတိုင်း သေချာလိုက်နာဖို့ အရေးကြီးပါတယ်။
ရင်သားကိုခွဲစိတ်ရာမှာလည်း ခွဲစိတ်ဆရာဝန်၊ အလှအပရေးရာ ကျွမ်းကျင်ခွဲစိတ်ပြုပြင် ဆရာဝန်တို့ရဲ့ ညွှန်ကြားကုသခွဲစိတ်မှုကိုသာ ခံယူရန် လိုအပ်ပါတယ်။ အနာကိုသေချာ ဆေးကြော၊ ဆေးထည့်ခြင်း၊ support bra ဝတ်ခြင်း စတာတွေကိုလည်း ခွဲစိတ်ပြီးနောက်မှာ သေချာဂရုစိုက်သင့်ပါတယ်။ မိမိရင်သား ပြောင်းလဲပြီး လှသွားတာကို လိုချင်ပေမယ့်လည်း ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ၊ ကုန်ကျစရိတ် စတဲ့အချက်တွေကို တွက်ချက်ပြီးမှ သေချာဆုံးဖြတ်သင့်ကြောင်း ဤဆောင်းပါးဖြင့် အသိပေးမျှဝေအပ်ပါတယ်။
Author: Dr. Yee Mon