fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သွေးဆုံးချိန်မှာ ပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့

To go through menopause normally
1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
29/11/2022
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးတွေအတွက် ရာသီသွေးဆုံးချိန်ဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်အတွက်ပါ ကြီးမားတဲ့ သက်ရောက်မှုရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအနေနဲ့ အလွန်အမင်းပင်ပန်း နုံးချိခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ အရေပြားနှင့် တစ်ကိုယ်လုံး ရှိန်းတိန်းဖိန်းတိန်း ပူနေတတ်တာ hot flushes၊ အသားအရေ စိုပြေမှုမရှိ မွဲခြောက်ပြီး အမည်းစက်၊ ဝက်ခြံများထွက်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရိုးများကြွပ်ဆတ်ပြီး ကျိုးလွယ်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊မိန်းမကိုယ် ယားယံတာ၊ ခြောက်သွေ့တာ၊ လိင်မှုကိစ္စအပေါ် စိတ်မပါတာ၊ အဆင်မပြေတာ၊ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ဆီးမထိန်းနိုင်တာတွေ ခံစားရနိုင်ပါတယ်။

အမျိုးသမီးများ သွေးဆုံးချိန်တွင် ၂၃ ရာခိုင်နှုန်းခန့်ဟာ စိတ်ကျန်းမာရေး ပြောင်းလဲမှုတွေ ခံစားရလေ့ရှိကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အနေနဲ့ စိတ်ခံစားချက် အတက်အကျမြန်ခြင်း၊ စိတ်ကျခြင်း၊ စိုးရိမ်ပူပန်မှုများခြင်း၊ ညအိပ်မပျော်ခြင်း၊ စိတ်တိုစိတ်ဆတ်လွယ်ခြင်း၊ သတိမှတ်ဉာဏ်မေ့လျော့လွယ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု အားနည်းခြင်း စတဲ့ ဝေဒနာများ ခံစားရတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ မူးယစ်ဆေးများ ရှောင်ကျဉ်ခြင်း၊ ကဖင်းဓါတ် သောက်သုံးခြင်းကို လျှော့ခြင်း၊ ကိုယ်အလေးချိန်ကို ညီညွတ်မျှတအောင် ထိန်းပေးခြင်း၊ အာဟာရညီညွတ် မျှတအောင် မှီဝဲပေးခြင်း၊ အရိုးအားဖြည့်သန်မာစေတဲ့ ကယ်လ်စီယမ် calcium၊ Vitamin D ဗီတာမင် ဒီ၊ Magnesium မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝသော အစားအစာများ၊ ဖြည့်စွက်ဆေးများ၊ Vitamin E၊ အိုမီဂါ Omega 3 ဖြည့်စွက်အားဆေးများ မှီဝဲခြင်း၊ ညဖက်ပုံမှန် အိပ်စက်ခြင်း၊ ရေများများသောက်ခြင်း၊ အရေပြား အစိုဓါတ် ဖြည့်ပေးခြင်း စသော အစားအသောက်နှင့် နေထိုင်မှုပုံစံပြောင်းလဲခြင်းဖြင့် လက္ခဏာအချို့ကို သက်သာစေနိုင်ပါတယ်။

မီးယပ်အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ဟော်မုန်းပြန်လည် အစားထိုးကုသသည့် ကုထုံး Hormone Replacement Therapy /HRT များဖြစ်သော estrogen အီစထရိုဂျင်ဟော်မုန်း သို့မဟုတ် အီစထရိုဂျင်နှင့် ပရိုဂျက်စတုန်း progesterone ၂ မျိုးပေါင်း ကုထုံးတို့ဖြင့် ကုသမှုခံယူခြင်း၊ စိတ်ပိုင်းဆိုင်ရာ လက္ခဏာ ပြင်းထန်သူများတွင် စိတ်ကျရောဂါ ကုသဆေးများ antidepressants စသည့် ဆေးဝါးများ အသုံးပြုပြီး ကုသမှု ခံယူနိုင်ပါတယ်။ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့အတွက် မိန်းမကိုယ်အတွင်းလိမ်းသည့် ကရင်မ် cream၊ lubricant ချောဆီ အသုံးပြုပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအတွက် စိတ်ကျန်းမာရေး ဆရာဝန်၊ စိတ်ကုထုံး ပညာရှင် စသော သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နှစ်သိမ့်ဆွေးနွေးမှု ခံယူခြင်း counseling၊ သိမြင်မှုဆိုင်ရာ ပြောင်းလဲခြင်းကုထုံး Cognitive Behavioral Therapy အသုံးပြု၍ ကုသမှု ခံယူခြင်း၊ အိမ်ထောင်ဖက်နှင့် မိသားစုဝင်များကို မိမိကြုံတွေ့ ခံစားနေရသည့် ဝေဒနာ၊ အခက်အခဲ၊ ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်တိုင်ပင်ပြီး အကူအညီယူခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

သွေးဆုံးချိန်ကို ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ဖို့ ခန္ဓာကိုယ် ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်ခုလုံးကို အလေးထား ဂရုစိုက်ရန် လိုအပ်သကဲ့သို့ မိမိစိတ်ကိုသေချာ ပြင်ဆင်ပြီး စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် ယောဂ/ ထိုက်ချိလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း၊ တရားမှတ်ခြင်းတို့ ပြုလုပ်ပေးသင့်ပါတယ်။ မိသားစုဝင်များ ဆွေမျိုး အပေါင်းအသင်း၊ သူငယ်ချင်းများနဲ့ အချိန်ကုန်ဆုံးခြင်း ၊အနားယူပေးခြင်းဖြင့် သွေးဆုံးချိန်ကို ပုံမှန်အနေအထားဖြင့် ရင်ဆိုင်ဖြတ်သန်း နိုင်မည်ဖြစ်ကြောင်း ရေးသားမျှဝေအပ်ပါတယ်။

Author: Dr.Yee Mon

Previous Post

လူကြီးတွေ ဆောင်းရာသီမှာ ကျန်းမာလန်းဆန်းဖို့ဆိုရင်

Next Post

အသားဖြူဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
600

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
557
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.7k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.1k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
to be used with bleaching agents things to avoid

အသားဖြူဆေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ

causes of acne

ဝက်ခြံပေါက်ရခြင်း အကြောင်းအရင်းများ

A type of whitening medicine that can be taken by people with acne

ဝက်ခြံရှိသူတွေပါသောက်လို့ရတဲ့ အသားဖြူဆေးအမျိုးအစား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.