fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

Important health and beauty for a woman
616
VIEWS
Share on FacebookShare on TwitterShare on Linkedin
23/02/2024
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

လှပခြင်းနဲ့ အမျိုးသမီးဆိုတာ ဒွန်တွဲနေတဲ့ အရာပါ။ မလှချင်တဲ့ အမျိုးသမီးရယ်လို့ မရှိဘူး မဟုတ်လား?

လှပဖို့အတွက် ဆိုရင် ကျန်းမာနေဖို့ကလည်း အရေးကြီးပြန်ပါတယ်။ မကြာခဏ ဖျားနာနေတဲ့သူ၊ နာတာရှည် ရောဂါဝေဒနာတွေ ခံစားနေရတဲ့သူတွေက ဘယ်လိုများ လှပနိုင်တော့ပါ့မလဲ။

မွေးရာပါရုပ်ရည်က လှမနေရင်တောင် စိတ်ကလေးကို ကြည်လင်နေအောင် ထားတဲ့အခါက မျက်နှာကို အကြည်ဓာတ်က လာရိုက်ခတ်ပြီး လှပနေနိုင်ပါတယ်။

စိတ်ကြည်လင်နေဖို့ကလည်း ကျန်းမာမှ ဖြစ်နိုင်မှာပါ။ ခန္ဓာကိုယ်က နာနေရင် စိတ်ကလည်း နာနေတတ်ပြီး မကြည်မလင် မရွှင်မပျ ဖြစ်နေကြတဲ့သူက များတယ်လေ။

အမျိုးသမီးတွေမှာ ကိုယ်၊ စိတ်နှစ်ပါးလုံး ကျန်းမာပြီး လှပဖို့အတွက် ဆိုရင် ဘာတွေ လိုအပ်သလဲ?

1. အာဟာရ

ခန္ဓာကိုယ်ထဲက အချိန်တိုင်း သေဆုံးနေတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်အသစ်တွေ ထပ်မံမွေးဖွားနိုင်ဖို့ အာဟာရဓာတ်တွေ လိုပါတယ်။ နှလုံးက ကောင်းကောင်းညှစ်နိုင်ဖို့၊ အောက်ဆီဂျင်တွေ သယ်ဆောင်ပြီး ခန္ဓာကိုယ်တခုလုံးကို ပို့ပေးဖို့၊ အစာခြေဖို့၊ အဆိပ်အတောက်နဲ့ မလိုအပ်တာတွေကို စွန့်ထုတ်ဖို့၊ ကိုယ်ခံအားကောင်းဖို့၊ ဟော်မုန်းတွေ ထုတ်လုပ်ဖို့၊ အရိုး၊ ကြွက်သားနဲ့ အရေပြားမှာ ဆဲလ်သစ်တွေ ဖြစ်လာဖို့၊ အာရုံကြော အားကောင်းပြီး မှတ်ဥာဏ်ကောင်းဖို့ စသဖြင့် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေ အဆင်ပြေနိုင်အောင် ဗိုက်တာမင်၊ သတ္တုဓာတ်၊ အဆီ၊ အသားဓာတ်၊ ကာဗိုဟိုက်ဒရိတ် ကစီဓာတ်၊ အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants တွေ စုံလင်အောင် နေ့စဥ် စားပေးဖို့ လိုအပ်ပါတယ်။

2. ရေဓာတ်

ခန္ဓာကိုယ်ရဲ့ ၆၀% ခန့်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားပါတယ်။ ရေအသက် တစ်မနက် ဆိုတဲ့ စကားမှာ ရေမသောက်ရရင် တစ်မနက်တောင် အသက်ရှင်ဖို့ မလွယ်ဘူးလို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ် ခန်းခြောက်နေတဲ့အခါ သွေးတွေ ပျစ်လာပြီး သွေးစီးဆင်းမှု မကောင်းတော့ဘဲ ဆဲလ်တွေဆီကို အောက်ဆီဂျင်နဲ့ အာဟာရတွေ လုံလောက်စွာ မပို့နိုင်တော့တာ၊ အသားအရေ ခြောက်သွေ့ပြီး အရေးအကြောင်းတွေ ပေါ်လာတာ၊ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေ ကျိုးကြေလွယ်လာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာခန့် သောက်သင့်ပါတယ်။

3. ကိုယ်လက်လှုပ်ရှားမှု

လေ့ကျင့်ခန်း ပုံမှန်လုပ်ရင် သွေးလှည့်ပတ်မှု ကောင်းစေသလို အရိုးနဲ့ ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေကို ချောမွေ့စေပြီး ပျော်ရွှင်ခြင်းဟော်မုန်းတွေ ထွက်စေကာ ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။

4. ပတ်ဝန်းကျင်ကောင်း

သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့အတူ ရယ်မောပျော်ရွှင်ပြီး နားလည်မှုရှိတဲ့ ဘဝကို ပိုင်ဆိုင်ရတာကလည်း ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ထွက်စေပြီး ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

5. အကောင်းမြင်စိတ်

အကောင်းမြင်စိတ်ဆိုတာ ဘာမဆို အကောင်းမြင်ပြီး ကောင်းတဲ့ဘက်က ဆွဲတွေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်မှာ ရှိတာတွေကို လက်ခံနိုင်မှုကို ဆိုလိုတာပါ။ သိန်းတစ်ထောင်ရှိတဲ့သူက သိန်းတစ်သောင်း ရှိချင်လို့ ပူလောင်စိတ်ဆင်းရဲနေချိန်မှာ သိန်းတစ်ရာပဲ ရှိတဲ့သူက ရောင့်ရဲပျော်ရွှင်နိုင်ရင် ပိုကျန်းမာမှာပဲ။ စိတ်ဖိစီး၊ စိတ်ဆင်းရဲနေတဲ့အခါ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ cortisol ဟော်မုန်းတွေ ပိုမိုထွက်လာပြီး အိုမင်းရင့်ရော် လွယ်စေသလို နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ လှပချင်ရင် ကျန်းမာနေဖို့က အရေးအကြီးဆုံးပါ။ လှပမှုဟာ ဘဝမှာ အောင်မြင်မှုရဖို့ လက်နက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာခြင်းရော လှပခြင်းရော ပြည့်စုံတဲ့ မိန်းကလေးတွေ ဖြစ်အောင် ကြိုးစားလိုက်ကြရအောင်။

Author: Dr.Yee Mon

Previous Post

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

Next Post

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
582
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k
Why do women urinate frequently?

အမျိုးသမီးတွေ ဘာကြောင့်ဆီးခဏခဏကျင်ရတာလဲ?

2 years ago
1.8k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Arthritis should not be neglected

မပေါ့ဆသင့်တဲ့ အဆစ်ရောင်ရောဂါ

Vape Consumption and Lung Health

Vape သောက်သုံးခြင်းနှင့် အဆုတ်ကျန်းမာရေး

သတိထားသင့်တဲ့ လေးဘက်နာရောဂါအမျိုးမျိုး

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.