fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်လို စစ်ကြမယ်

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/07/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

(Zawgyi)

“ဆရာ ၊သမီးခ်စ္သူနဲ႔ အကာအကြယ္မဲ့ အတူေနမိတာ ကိုယ္ဝန္ရွိ ၊မရွိ ဘယ္လိုစစ္ရမလဲ”

“ဆရာ ၊ကြၽန္မ ရာသီေသြးမေပၚေတာ့ဘူး ။တားေဆးလည္း မသုံးထားဘူး ။ကိုယ္ဝန္မ်ား ရွိေနမလား မသိဘူး ။ဘယ္လို စစ္ေဆးရမလဲ ။အႀကံေပးပါဦး ။”

“ကိုယ္ဝန္ ရွိ ၊မရွိ ဆီးဘယ္လိုစစ္ရမလဲ ။”

ထိုထိုေသာ အေမးမ်ားကို ဒီေဆာင္းပါးေလးမွာ ရွင္းျပပါ့မယ္ ။

ကိုယ္ဝန္ ရွိ ၊မရွိဆိုတာ ဘာကိုစစ္တာလဲ ။

ကိုယ္ဝန္ရွိၿပီ ၊သေႏၶေအာင္ၿပီဆိုတာနဲ႔ အခ်င္းကထြက္တဲ့ ဟိုမုန္းလ္ျဖစ္တဲ့ hCG (Human Chorionic Gonadotropin) ကို စစ္ေဆးတာပါ ။မ မ်ိဳးဥနဲ႔ က်ားရဲ႕ သုက္ပိုးတို႔ ေပါင္းစပ္ၿပီး ျဖစ္တည္လာတဲ့ သေႏၶသားသည္ ၅ရက္ေက်ာ္ ၆ရက္ေလာက္မွာ သားအိမ္နံရံမွာ ရွင္သန္ႀကီးထြားဖို႔အတြက္ လာကပ္ပါတယ္ ။(သားအိမ္ျပင္ပ သေႏၶတည္ရင္လည္း တည္ႏိုင္တယ္ ။)ထို႔ေနာက္ အခ်င္းက hCG ဆိုတဲ့ ဟိုမုန္းလ္ ထုတ္ပါတယ္ ။သေႏၶ ကပ္ၿပီးေနာက္၁၀ရက္ေက်ာ္ ၁၂ ရက္ေလာက္ကတည္းက hCG ကို စစ္ေဆးလို႔ ရပါတယ္ ။

ကိုယ္ဝန္ ရွိ ၊မရွိ ဘာေတြစစ္လို႔ ရလဲ ။

ကိုယ္ဝန္ ရွိ ၊မရွိကို ေသြးထဲ ၊ဆီးထဲမွာ ပါတဲ့ hCG ကို စစ္ႏိုင္တယ္ ။Qualitative (ရွိ – မရွိ) စစ္ေဆးတဲ့နည္းနဲ႔ Quantitative (အနည္း – အမ်ား)ပမာဏ   စစ္ေဆးတဲ့နည္းေတြလည္း ရွိပါတယ္ ။ ကိုယ္ဝန္ေတာ့ ရွိေပမယ့္ ဟိုမုန္းလ္ အထြက္နည္းေသးခ်ိန္မွာဆီးစစ္ရင္ မေပၚႏိုင္ေသးပါ ။ဆီးထဲမွာသည္ hCG ပမာဏ 10 mIU/ml အထက္မွစစ္ေဆးလို႔ ရတာပါ ။ေသြးထဲမွာ စစ္ေဆးတဲ့ Quantitative နည္းနဲ႔ စစ္ရင္ေတာ့ hCG ပမာဏ 1 mIU/ml ကတည္းက စတင္ သိႏိုင္တယ္ ။

ကိုယ္ဝန္ ရွိ ၊မရွိ ဘယ္အခ်ိန္ စစ္ၾကမလဲ ။

အေကာင္းဆုံးက ရာသီထိန္ၿပီး တစ္ပတ္ၾကာက ဆီးစစ္ ၊ေသြးစစ္ပါ ။

ကိုယ္ဝန္ ရွိ ၊မရွိ ဘယ္လို စစ္ၾကမလဲ ။

ဆီးစစ္တံေတြကို အလြယ္တကူ ေဆးဆိုင္ေတြမွာ ဝယ္ႏိုင္တယ္ ။ မ်ဥ္းေၾကာင္း ၂ေၾကာင္းေပၚတာ ၊အေပါင္း အႏုတ္ျပတာ စသျဖင့္ အမ်ိဳးအစား အမ်ိဳး

မ်ိဳး ရွိပါတယ္ ။ဆီးစစ္တဲ့နည္းသည္ ၉၇ ရာခိုင္ႏႈန္းေက်ာ္ တိက်မႈ ရွိပါတယ္ ။ဆီးစစ္ရင္ မနက္ေစာေစာ သြားတဲ့ဆီးကို စစ္ပါ ။၂ မိနစ္ ၃မိနစ္ေလာက္ေစာင့္တာနဲ႔ အေျဖဖတ္လို႔ ရပါၿပီ ။မ်ဥ္းေၾကာင္း တစ္ေၾကာင္းက ခပ္မွိန္မွိန္ျဖစ္ေနက ရွိတယ္လို႔ပဲ မွတ္ပါ ။ဆီးစစ္တဲ့ ရက္ကေစာေနလို႔ ၊ဆီးကက်ဲေနလို႔ ျဖစ္ႏိုင္ တယ္ ။ေသခ်ာေအာင္ တစ္ပတ္ၾကာရင္ ျပန္စစ္ပါ ။

ကိုယ္ဝန္ မရွိဘဲနဲ႔ေရာ ရွိတယ္ ျပႏိုင္လား ။

-ကိုယ္ဝန္လိုခ်င္ေဇာ စိတ္စြဲေနသူေတြ

-တခ်ိဳ႕ေသာေဆးဝါးမ်ား(အတက္က်ေဆး ၊စိတ္ၿငိမ္ေဆး ၊ဆီးေဆး စတဲ့)

-ကေလးရေစေအာင္ ထိုးတဲ့ေဆးဝါးမ်ား

-hCG ဟိုမုန္းလ္ ထုတ္တဲ့ အက်ိတ္ေရာဂါမ်ား Trophoblastic tumours

-ဆီးစစ္တံကို ဆပ္ျပာထိထားရင္

ဒါေပမယ့္ ဒါေတြဟာ အျဖစ္နည္းပါတယ္ ။

Author: ေခတ္သစ္ ဇီဝက

(Unicode)

“ဆရာ ၊သမီးချစ်သူနဲ့ အကာအကွယ်မဲ့ အတူနေမိတာ ကိုယ်ဝန်ရှိ ၊မရှိ ဘယ်လိုစစ်ရမလဲ”

“ဆရာ ၊ကျွန်မ ရာသီသွေးမပေါ်တော့ဘူး ။တားဆေးလည်း မသုံးထားဘူး ။ကိုယ်ဝန်များ ရှိနေမလား မသိဘူး ။ဘယ်လို စစ်ဆေးရမလဲ ။အကြံပေးပါဦး ။”

“ကိုယ်ဝန် ရှိ ၊မရှိ ဆီးဘယ်လိုစစ်ရမလဲ ။”

ထိုထိုသော အမေးများကို ဒီဆောင်းပါးလေးမှာ ရှင်းပြပါ့မယ် ။

ကိုယ်ဝန် ရှိ ၊မရှိဆိုတာ ဘာကိုစစ်တာလဲ ။

ကိုယ်ဝန်ရှိပြီ ၊သန္ဓေအောင်ပြီဆိုတာနဲ့ အချင်းကထွက်တဲ့ ဟိုမုန်းလ်ဖြစ်တဲ့ hCG (Human Chorionic Gonadotropin) ကို စစ်ဆေးတာပါ ။မ မျိုးဥနဲ့ ကျားရဲ့ သုက်ပိုးတို့ ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားသည် ၅ရက်ကျော် ၆ရက်လောက်မှာ သားအိမ်နံရံမှာ ရှင်သန်ကြီးထွားဖို့အတွက် လာကပ်ပါတယ် ။(သားအိမ်ပြင်ပ သန္ဓေတည်ရင်လည်း တည်နိုင်တယ် ။)ထို့နောက် အချင်းက hCG ဆိုတဲ့ ဟိုမုန်းလ် ထုတ်ပါတယ် ။သန္ဓေ ကပ်ပြီးနောက်၁၀ရက်ကျော် ၁၂ ရက်လောက်ကတည်းက hCG ကို စစ်ဆေးလို့ ရပါတယ် ။

ကိုယ်ဝန် ရှိ ၊မရှိ ဘာတွေစစ်လို့ ရလဲ ။

ကိုယ်ဝန် ရှိ ၊မရှိကို သွေးထဲ ၊ဆီးထဲမှာ ပါတဲ့ hCG ကို စစ်နိုင်တယ် ။Qualitative (ရှိ – မရှိ) စစ်ဆေးတဲ့နည်းနဲ့ Quantitative (အနည်း – အများ)ပမာဏ   စစ်ဆေးတဲ့နည်းတွေလည်း ရှိပါတယ် ။ ကိုယ်ဝန်တော့ ရှိပေမယ့် ဟိုမုန်းလ် အထွက်နည်းသေးချိန်မှာဆီးစစ်ရင် မပေါ်နိုင်သေးပါ ။ဆီးထဲမှာသည် hCG ပမာဏ 10 mIU/ml အထက်မှစစ်ဆေးလို့ ရတာပါ ။သွေးထဲမှာ စစ်ဆေးတဲ့ Quantitative နည်းနဲ့ စစ်ရင်တော့ hCG ပမာဏ 1 mIU/ml ကတည်းက စတင် သိနိုင်တယ် ။

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်အချိန် စစ်ကြမလဲ ။

အကောင်းဆုံးက ရာသီထိန်ပြီး တစ်ပတ်ကြာက ဆီးစစ် ၊သွေးစစ်ပါ ။

ကိုယ်ဝန် ရှိ ၊မရှိ ဘယ်လို စစ်ကြမလဲ ။

ဆီးစစ်တံတွေကို အလွယ်တကူ ဆေးဆိုင်တွေမှာ ဝယ်နိုင်တယ် ။ မျဉ်းကြောင်း ၂ကြောင်းပေါ်တာ ၊အပေါင်း အနုတ်ပြတာ စသဖြင့် အမျိုးအစား အမျိုး

မျိုး ရှိပါတယ် ။ဆီးစစ်တဲ့နည်းသည် ၉၇ ရာခိုင်နှုန်းကျော် တိကျမှု ရှိပါတယ် ။ဆီးစစ်ရင် မနက်စောစော သွားတဲ့ဆီးကို စစ်ပါ ။၂ မိနစ် ၃မိနစ်လောက်စောင့်တာနဲ့ အဖြေဖတ်လို့ ရပါပြီ ။မျဉ်းကြောင်း တစ်ကြောင်းက ခပ်မှိန်မှိန်ဖြစ်နေက ရှိတယ်လို့ပဲ မှတ်ပါ ။ဆီးစစ်တဲ့ ရက်ကစောနေလို့ ၊ဆီးကကျဲနေလို့ ဖြစ်နိုင် တယ် ။သေချာအောင် တစ်ပတ်ကြာရင် ပြန်စစ်ပါ ။

ကိုယ်ဝန် မရှိဘဲနဲ့ရော ရှိတယ် ပြနိုင်လား ။

-ကိုယ်ဝန်လိုချင်ဇော စိတ်စွဲနေသူတွေ

-တချို့သောဆေးဝါးများ(အတက်ကျဆေး ၊စိတ်ငြိမ်ဆေး ၊ဆီးဆေး စတဲ့)

-ကလေးရစေအောင် ထိုးတဲ့ဆေးဝါးများ

-hCG ဟိုမုန်းလ် ထုတ်တဲ့ အကျိတ်ရောဂါများ Trophoblastic tumours

-ဆီးစစ်တံကို ဆပ်ပြာထိထားရင်

ဒါပေမယ့် ဒါတွေဟာ အဖြစ်နည်းပါတယ် ။

Author: ခေတ်သစ် ဇီဝက

Previous Post

စံလွဲသော စိတ်ဆန္ဒနှင့် အပြုအမူများ

Next Post

အဆုတ်ကင်ဆာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
627

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
597
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
779

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အဆုတ်ကင်ဆာ

အရေးအကြောင်းကင်းတဲ့ အလှမျက်နှာ

ရေကျောက်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.