fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ္ဝန္ေဆာင္မ်ား မေသာက္သုံးသင့္သည့္ ေဆးဝါးမ်ားႏွင့္ဆိုးက်ိဳးမ်ား

504
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/08/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
2 min read
A A

(Zawgyi)

ကိုယ္ဝန္ပထမသုံးလ (First trimester of pregnancy)

အက္စ္ပရင္ အကိုက္အခဲ ေပ်ာက္ေဆးျပား (Aspirin(Acetylsalicylic acid,ASA))
ေသြးက်ဲေဆး အျဖစ္လည္း သုံးၾကသည္။ အခ်ိဳ႕တိုင္းရင္းေဆးအတုအေယာင္ အဖ်ားက်ေဆးမႈန႔္မ်ားတြင္ ဤေဆးျပားကို ႀကိတ္၍ ထည့္ထားျခင္းမ်ား ရွိတတ္သည္။ ဤေဆးကို ကိုယ္ဝန္ေဆာင္စဥ္ ေသာက္မိလွ်င္ ကေလးတြင္ ေမြးရာပါ ဝမ္းဗိုက္ေရွ႕ပိုင္း ခ်ိဳ႕ယြင္းမႈေၾကာင့္ အူႏွင့္ဝမ္းတြင္းကလီစာမ်ား အျပင္ထြက္ျခင္း (Gastrochiasis)၊ သားအိမ္က်ဳံ႔ျခင္းကို ေလ်ာ့က်ေစျခင္းေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္ ပိုၾကာတတ္ျခင္း၊ ေသြးက်ဲသည့္ အာနိသင္ရွိျခင္းေၾကာင့္ ေမြးဖြားခ်ိန္တြင္ ေသြးမ်ား အလြန္အမင္း ထြက္ႏိုင္ျခင္ စသည္တို႔ကို ျဖစ္ေစႏိုင္ပါသည္။

ဝက္႐ူးျပန္၊ အတက္က်ေဆးမ်ား (Phenytoin)
ကိုယ္အဂၤါအျပင္ စိတ္ပါခ်ိဳ႕ယြင္းတတ္သည့္ ေရာဂါစု (Fetal hydantoin syndrome)
ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ (Cleftlip and palate)၊ ႏွာေခါင္းျပား (Broadnasal bridge)၊ occular hypertelorism၊ မူမမွန္နား႐ြက္ (abnormal ears)၊ ေမြးရာပါ ႏွလုံးေရာဂါ (Congenital heart diseases)၊ ေျခလက္ ပုံပ်က္ျခင္း (limbmalformation)၊ စိတ္ႏွင့္ႀကီးထြားမႈ ေႏွာင့္ေႏွးျခင္း (mental and growth retardation) တို႔ကို ျဖစ္ေစတတ္သည္။

ေသြးမခဲေစေသာ ေဆးမ်ား (Warfarin, Coumadin)
ဝါဖရင္လကၡဏာစု (Fetal warfarin syndrome)
မူမမွန္ႏွာေခါင္း (nasal hypoplasia)၊ အျမင္အာ႐ုံေၾကာ သိမ္ျခင္း (Bilateral optic atrophy)၊ စိတ္ေနာက္ျခင္း (mental retardation)၊ အဆုတ္ေရာဂါ လကၡဏာစု (Respiratory distress syndrome)၊ သေႏၶသားႏွင့္မိခင္ေသြးယိုစီးမႈ (Fetal and maternal hae morrhage) တို႔ကို ျဖစ္ေစႏိုင္သည္။

စိတ္က်ေရာဂါကုသေဆး (Imipramine)
အာေခါင္ကြဲ (Cleft palate)၊ ဝမ္းဗိုက္တြင္ခ်ိဳ႕ယြင္းမႈ (Defect in abdomen)၊ အက္ရီနယ္ဂလင္း မူမမွန္မႈ (Adrenal hypoplasia)၊ ႏွလုံးႏွင့္ေသြးေၾကာမ်ား ခ်ိဳ႕ယြင္းမႈ (Cardiovascular defect) တို႔ကို ျဖစ္ေစတတ္သည္။

လည္ပင္းက်ိတ္ေဟာ္မုန္းကုသေဆး (Antithyroid) (Propylthiouracil, Methimazole)
သေႏၶသားလည္ပင္းႀကီးေရာဂါ (Fetal Goiter) ကို ျဖစ္ေစတတ္သည္။

ဗီတာမင္ေအ (Vitamin A(Retinoic acid))
ေခါင္းခြံႏွင့္ မ်က္ႏွာ႐ုပ္ပ်က္ျခင္း (Craniofacial dysmorphism)၊ အာေခါင္ကြဲ (Cleft palate)၊ သိုင္းမတ္ဂလင္းမူမမွန္ျခင္း ( Thymic aplasia)၊ အာ႐ုံေၾကာခ်ိဳ႕ယြင္းျခင္း (Neural tube defect(Spina bifida cystic)) တို႔ကို ျဖစ္ေစႏိုင္သည္။

လီသီယံသတၱဳဆိပ္သင့္ျခင္း (Metal toxic (Lithium) )
ေပ်ာ့ေခြျခင္း (Hypotonia)၊ ျပာႏွမ္းျခင္း (Cyanosis)၊ မလႈပ္ခ်င္မကိုင္ခ်င္ျဖစ္ျခင္း (lethargy)၊ အသက္ရွဴ ခက္ခဲျခင္း (poor respiratory) တို႔ကို ျဖစ္ေစႏိုင္သည္။

ဒိုင္ယာဇီပန္င္ အိပ္ေဆး (Sedative, Hypnotic (Diazepam) )
ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ (Cleftlip and palate)၊ အူက်ျခင္း (inguinal hernia)၊ ေမြးရာပါႏွလုံးေရာဂါ (Congenital heart diseases)၊ အစာအိမ္ထြက္ေပါက္ က်ဥ္းျခင္း (Pyloric stenosis)၊ အသက္ရွဴခက္ခဲျခင္း (Breathing difficulties) တို႔ကို ျဖစ္ေစႏိုင္သည္။

ပိုးသတ္ေဆးမ်ား (Aminogycosides (Streptomycin, Genta mycin, Canamycin)
ေမြးရာပါနားထိုင္းျခင္း (Congenital Deafness)၊ အၾကား အာ႐ုံ ထိခိုက္ျခင္း (Ototoxicity) တို႔ကို ျဖစ္ေစႏိုင္သည္။

အစာအိမ္ အက္စစ္ ဟန႔္တားေဆး (Omeprazole)
ကေလးေသႏႈန္း ျမင့္တတ္သည္။ အက်ိဳးေက်းဇူးက ဆိုးက်ိဳးထက္ ပိုမ်ားမွ ေသာက္သင့္သည္။

ကိုယ္ဝန္ဒုတိယသုံးလ (Second trimester of pregnancy)
ေသြးေၾကာက်ဥ္းဆန႔္က်င္ ေသြးတိုးက်ေဆး (ACEI,pril ႏွင့္ ဆုံးေသာေဆးမ်ား ၊ ဥပမာ captopril, enalapril etc.)၊ ဆီးေဆး (Diuretics) ဒိုင္ယာဇီပန္င္အိပ္ေဆး

ကေလးေသြးေပါင္က်ျခင္း (Fetal hypotension)၊ ေက်ာက္ကပ္ပ်က္စီးျခင္း (Renal failure)၊ ေရမႊာေရနည္းျခင္း (Oligohydramios)၊ ေသဆုံးျခင္း (Death)၊ အာေခါင္ကြဲ (Risk of cleftpalate)၊ ႏွလုံးႏွင့္ေသြးေၾကာမ်ား ခ်ိဳ႕ယြင္းမႈ (Cardic and circulatory defect) တို႔ကို ျဖစ္ေစႏိုင္သည္။

ကိုယ္ဝန္တတိယသုံးလ (Third trimester)
Tetracycline, ACEI, Chloramphenicol, Aminoglycosides, Sulphamethoxazole + Trimethoprim

တက္ထြာဆိုက္ကလင္း (Tetracycline)
သြားအေရာင္ ဝါက်င္က်င္ျဖစ္ျခင္း (Dental discolouration in children) ကို ျဖစ္ေစႏိုင္သည္။

ေသြးေၾကာက်ဥ္းဆန႔္က်င္ ေသြးတိုးက်ေဆး (ACEI, pril ႏွင့္ ဆုံးေသာေဆးမ်ား၊ ဥပမာ captopril, enalapril etc.)
ေသြးေပါင္က်ျခင္း (Hypotension)၊ ျပာႏွမ္းျခင္း (Cyanosis(Gray baby syndrome)) တို႔ကို ျဖစ္ေစႏိုင္သည္။

ပိုးသတ္ေဆးမ်ား (Aminoglycosides (Streptomycin, Genta mycin, Canamycin))
ေမြးရာပါနားထိုင္းျခင္း (Congenital Deafness)၊ အၾကားအာ႐ုံထိခိုက္ျခင္း (Ototoxicity) တို႔ကို ျဖစ္ေစႏိုင္သည္။

ဆာလ္ဖာပိုးသတ္ေဆး (Septrin, Sulphamethoxazole+ Trimeth oprim)
ေမြးကင္းစ ေသြးနီဥပ်က္စီးျခင္းေၾကာင့္ အသားဝါတတ္ျခင္း (Neonatal hemolysis)၊ မူမမွန္သံဓာတ္ပါေသာ ေသြးနီဥျဖစ္ျခင္း (Methemoglobina emia) တို႔ကို ျဖစ္ေစႏိုင္သည္။

Author: Dr. Nay Lin Aung, Healthcare Journal, vol 8,no 26 ( 14.7.17)

(Unicode)

ကိုယ်ဝန်ပထမသုံးလ (First trimester of pregnancy)

အက်စ်ပရင် အကိုက်အခဲ ပျောက်ဆေးပြား (Aspirin(Acetylsalicylic acid,ASA))
သွေးကျဲဆေး အဖြစ်လည်း သုံးကြသည်။ အချို့တိုင်းရင်းဆေးအတုအယောင် အဖျားကျဆေးမှုန့်များတွင် ဤဆေးပြားကို ကြိတ်၍ ထည့်ထားခြင်းများ ရှိတတ်သည်။ ဤဆေးကို ကိုယ်ဝန်ဆောင်စဉ် သောက်မိလျှင် ကလေးတွင် မွေးရာပါ ဝမ်းဗိုက်ရှေ့ပိုင်း ချို့ယွင်းမှုကြောင့် အူနှင့်ဝမ်းတွင်းကလီစာများ အပြင်ထွက်ခြင်း (Gastrochiasis)၊ သားအိမ်ကျုံ့ခြင်းကို လျော့ကျစေခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန် ပိုကြာတတ်ခြင်း၊ သွေးကျဲသည့် အာနိသင်ရှိခြင်းကြောင့် မွေးဖွားချိန်တွင် သွေးများ အလွန်အမင်း ထွက်နိုင်ခြင် စသည်တို့ကို ဖြစ်စေနိုင်ပါသည်။

ဝက်ရူးပြန်၊ အတက်ကျဆေးများ (Phenytoin)
ကိုယ်အင်္ဂါအပြင် စိတ်ပါချို့ယွင်းတတ်သည့် ရောဂါစု (Fetal hydantoin syndrome)
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (Cleftlip and palate)၊ နှာခေါင်းပြား (Broadnasal bridge)၊ occular hypertelorism၊ မူမမှန်နားရွက် (abnormal ears)၊ မွေးရာပါ နှလုံးရောဂါ (Congenital heart diseases)၊ ခြေလက် ပုံပျက်ခြင်း (limbmalformation)၊ စိတ်နှင့်ကြီးထွားမှု နှောင့်နှေးခြင်း (mental and growth retardation) တို့ကို ဖြစ်စေတတ်သည်။

သွေးမခဲစေသော ဆေးများ (Warfarin, Coumadin)
ဝါဖရင်လက္ခဏာစု (Fetal warfarin syndrome)
မူမမှန်နှာခေါင်း (nasal hypoplasia)၊ အမြင်အာရုံကြော သိမ်ခြင်း (Bilateral optic atrophy)၊ စိတ်နောက်ခြင်း (mental retardation)၊ အဆုတ်ရောဂါ လက္ခဏာစု (Respiratory distress syndrome)၊ သန္ဓေသားနှင့်မိခင်သွေးယိုစီးမှု (Fetal and maternal hae morrhage) တို့ကို ဖြစ်စေနိုင်သည်။

စိတ်ကျရောဂါကုသဆေး (Imipramine)
အာခေါင်ကွဲ (Cleft palate)၊ ဝမ်းဗိုက်တွင်ချို့ယွင်းမှု (Defect in abdomen)၊ အက်ရီနယ်ဂလင်း မူမမှန်မှု (Adrenal hypoplasia)၊ နှလုံးနှင့်သွေးကြောများ ချို့ယွင်းမှု (Cardiovascular defect) တို့ကို ဖြစ်စေတတ်သည်။

လည်ပင်းကျိတ်ဟော်မုန်းကုသဆေး (Antithyroid) (Propylthiouracil, Methimazole)
သန္ဓေသားလည်ပင်းကြီးရောဂါ (Fetal Goiter) ကို ဖြစ်စေတတ်သည်။

ဗီတာမင်အေ (Vitamin A(Retinoic acid))
ခေါင်းခွံနှင့် မျက်နှာရုပ်ပျက်ခြင်း (Craniofacial dysmorphism)၊ အာခေါင်ကွဲ (Cleft palate)၊ သိုင်းမတ်ဂလင်းမူမမှန်ခြင်း ( Thymic aplasia)၊ အာရုံကြောချို့ယွင်းခြင်း (Neural tube defect(Spina bifida cystic)) တို့ကို ဖြစ်စေနိုင်သည်။

လီသီယံသတ္တုဆိပ်သင့်ခြင်း (Metal toxic (Lithium) )
ပျော့ခွေခြင်း (Hypotonia)၊ ပြာနှမ်းခြင်း (Cyanosis)၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်း (lethargy)၊ အသက်ရှူ ခက်ခဲခြင်း (poor respiratory) တို့ကို ဖြစ်စေနိုင်သည်။

ဒိုင်ယာဇီပန်င် အိပ်ဆေး (Sedative, Hypnotic (Diazepam) )
နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ (Cleftlip and palate)၊ အူကျခြင်း (inguinal hernia)၊ မွေးရာပါနှလုံးရောဂါ (Congenital heart diseases)၊ အစာအိမ်ထွက်ပေါက် ကျဉ်းခြင်း (Pyloric stenosis)၊ အသက်ရှူခက်ခဲခြင်း (Breathing difficulties) တို့ကို ဖြစ်စေနိုင်သည်။

ပိုးသတ်ဆေးများ (Aminogycosides (Streptomycin, Genta mycin, Canamycin)
မွေးရာပါနားထိုင်းခြင်း (Congenital Deafness)၊ အကြား အာရုံ ထိခိုက်ခြင်း (Ototoxicity) တို့ကို ဖြစ်စေနိုင်သည်။

အစာအိမ် အက်စစ် ဟန့်တားဆေး (Omeprazole)
ကလေးသေနှုန်း မြင့်တတ်သည်။ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများမှ သောက်သင့်သည်။

ကိုယ်ဝန်ဒုတိယသုံးလ (Second trimester of pregnancy)
သွေးကြောကျဉ်းဆန့်ကျင် သွေးတိုးကျဆေး (ACEI,pril နှင့် ဆုံးသောဆေးများ ၊ ဥပမာ captopril, enalapril etc.)၊ ဆီးဆေး (Diuretics) ဒိုင်ယာဇီပန်င်အိပ်ဆေး
ကလေးသွေးပေါင်ကျခြင်း (Fetal hypotension)၊ ကျောက်ကပ်ပျက်စီးခြင်း (Renal failure)၊ ရေမွှာရေနည်းခြင်း (Oligohydramios)

သေဆုံးခြင်း (Death)
အာခေါင်ကွဲ (Risk of cleftpalate)၊ နှလုံးနှင့်သွေးကြောများ ချို့ယွင်းမှု (Cardic and circulatory defect) တို့ကို ဖြစ်စေနိုင်သည်။

ကိုယ်ဝန်တတိယသုံးလ (Third trimester)
Tetracycline, ACEI, Chloramphenicol, Aminoglycosides, Sulphamethoxazole + Trimethoprim

တက်ထွာဆိုက်ကလင်း (Tetracycline)
သွားအရောင် ဝါကျင်ကျင်ဖြစ်ခြင်း (Dental discolouration in children) ကို ဖြစ်စေနိုင်သည်။

သွေးကြောကျဉ်းဆန့်ကျင် သွေးတိုးကျဆေး (ACEI, pril နှင့် ဆုံးသောဆေးများ၊ ဥပမာ captopril, enalapril etc.)
သွေးပေါင်ကျခြင်း (Hypotension)၊ ပြာနှမ်းခြင်း (Cyanosis(Gray baby syndrome)) တို့ကို ဖြစ်စေနိုင်သည်။

ပိုးသတ်ဆေးများ (Aminoglycosides (Streptomycin, Genta mycin, Canamycin))
မွေးရာပါနားထိုင်းခြင်း (Congenital Deafness)၊ အကြားအာရုံထိခိုက်ခြင်း (Ototoxicity) တို့ကို ဖြစ်စေနိုင်သည်။

ဆာလ်ဖာပိုးသတ်ဆေး (Septrin, Sulphamethoxazole+ Trimeth oprim)
မွေးကင်းစ သွေးနီဥပျက်စီးခြင်းကြောင့် အသားဝါတတ်ခြင်း (Neonatal hemolysis)၊ မူမမှန်သံဓာတ်ပါသော သွေးနီဥဖြစ်ခြင်း (Methemoglobina emia) တို့ကို ဖြစ်စေနိုင်သည်။

Author: Dr. Nay Lin Aung, Healthcare Journal, vol 8,no 26 ( 14.7.17)

Previous Post

ကြည်လင်ဝင်းပတဲ့ မျက်နှာအလှ

Next Post

အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့် အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
643

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
616
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာစားပြီးပြီးချင်း ရှောင်ကြဉ်ရမည့် အချက်များ

နေ့စဉ်လူမှုပုံစံအမှားမှ အသည်းရောဂါများ

ကိုယ့်ခါးကိုယ်ကြည့်၊ ကျန်းမာရေးသတိ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.