fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး
ကလေးဘယ်တော့မွေးမယ် ရက်တွက်မယ်
1.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/10/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A
(Zawgyi)
Author : ခေတ်သစ် ဇီဝက
(Unicode)
ဇီဝကတို့ ဆေးပညာမှာ ခန့်မှန်းမွေးရက် ကို EDD လို့ခေါ်တယ်။ Expected Date of Delivery ပေါ့ ။ အရပ်အခေါ်တော့ ဂျူးဒိတ် Due Date ပေါ့။ ခန့်မှန်းမွေးရက် EDD ကို သိချင်ရင် နောက်ဆုံးရာသီလာတဲ့လရဲ့ ပထမဆုံးရာသီ သွေးပေါ်တဲ့ရက် Last Menstrual Period (LMP)ကို ၇ရက်နဲ့ ၉လပေါင်းပါ။
ခန့်မှန်းပြီးတွက်ချက်ရတဲ့အတွက် ၂ပတ်စော ၊ ၂ပတ်နောက်ကျတာမျိုး ဖြစ်တတ်။ အထူးသဖြင့် ရာသီလာရက် မသိသူတွေ ၊ ရာသီရက်ကို သေချာ မမှတ်မိသူတွေ ဆိုအနည်းငယ် အတိမ်းအစောင်းဖြစ်တတ် ။ American Congress of Obstetricians and Gynecologists ရဲ့ အဆိုအရ ၉၀ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်တွေသည် ခန့်မှန်းရက်ထက် စောပြီးသော်လည်းကောင်း ၊ နောက်ကျပြီ သော်လည်းကောင်း ၂ပတ်အတွင်း မွေးနိုင်တယ်။
ခန့်မှန်းရက်အတိုင်းအတိအကျ မွေးသူက၄ရာခိုင်နှုန်းလောက်သာရှိတယ်လို့ ဆိုတယ် ။ ၂၁ရာခိုင်နှုန်းကတော့ ခန့်မှန်းရက်ထက် ၃ရက်စော ၃ရက်နောက်ကျ မွေးနိုင်တယ်။ ၂ပတ်ထက်ကျော်ပြီး နောက်ကျ ၊ စောမွေးတတ်တာကတော့ ၂ ရာခိုင်နှုန်းလောက်သာ ရှိပါတယ် ။
နောက်တစ်နည်းကတော့ အာထရာဆောင်း Ultrasound ရိုက်ပြီး ခန့်မှန်းခြင်းပါ။ အာထရာဆောင်းမှာ
-Crown-rump Length (ဦးခေါင်းထိပ်ကနေ မြီးညှောင့်ရိုးထိ အရှည်)
-Biparietal diameter (ခေါင်းဘေးနှစ်ဖက် အကျယ်)
-Femur Length (ပေါင်တံအရိုး အရှည်)
-Abdominal Circumference (ဗိုက်အဝန်း)
စတာတွေကို တွက်ချက်ပြီး မွေးမယ့်ရက်ကို အဖြေထုတ်ပေးကြပါတယ် ။
ဘယ်နည်းက အတိကျဆုံးလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ အကောင်းဆုံးကတော့ ဗိုက်ကို စမ်းသပ် ၊နောက်ဆုံးရာသီလာတဲ့ရက်ကို တွက်ချက်၊ အာထာရာဆောင်းရိုက် စတဲ့ နည်းလမ်း ၃ခုစလုံး သုံးပြီး အဖြေထုတ်တာကတော့ အတိကျဆုံးလို့ ဆိုကြပါတယ် ။
မိမိတို့ ဘယ်တော့ မွေးမယ်ဆိုတာကို ခန့်မှန်းနိုင်ခြင်းအားဖြင့် ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ခရီးသွားသင့် ၊ မသွားသင့် စတာတွေ ဆင်ခြင်နိုင်မှာပါ။ ကိုယ်ဝန် ၂၈ ပတ်ကျော်တာနဲ့ မိမိတို့ မိသားစုဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ ခရီးသွားပါ။ သားများမိခင်လောင်းဆိုရင် ၃၂ ပတ်ကျော်ရင် ခရီးမသွားသင့် ၊သားဦးမိခင်လောင်းဆိုရင် ၃၈ပတ်ကျော်ရင် ခရီးမသွားသင့်။
ဒါ့အပြင် ကိုယ်ဝန် ၂၆ ပတ်အောက် စောမွေးရင် ကလေး အသက်ရှင်နိုင်ခြေ ၇၀ ရာခိုင်နှုန်းအောက် ၊ကိုယ်ဝန် ၂၈ပတ်နဲ့ ၂၆ပတ်ကြား စောမွေးရင် ကလေး အသက်ရှင်နိုင်ခြေ ၉၀ ရာခိုင်နှုန်းအောက် ၊ကိုယ်ဝန် ၃၅ပတ်နဲ့ ၂၈ပတ်ကြား စောမွေးရင် ကလေး အသက်ရှင်နိုင်ခြေ ၉၅ ရာခိုင်နှုန်း အောက်သာ ရှိပါတယ်။ မွေးရက်ကို ကြိုသိခြင်းအားဖြင့် မိမိတို့ ပြင်ဆင်သင့်တာကြိုတင် ပြင်ဆင်နိုင်မှာပါ။
Author : ခေတ်သစ် ဇီဝက
Previous Post
ရင်သားကင်ဆာ
Next Post
အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ အပိုင်း ၂
Share on FacebookShare on TwitterShare on Linkedin
ဆက်စပ် ဆောင်းပါးများ
Important health and beauty for a woman
အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း
1 year ago
622
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
590
Ovarian coagulation and pregnancy
သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း
1 year ago
1.8k
Caution Urinary tract infection
သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ
1 year ago
1.5k
Women and folic acid
အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်
1 year ago
1.6k
Health secrets that women over 50 should know
၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ
2 years ago
1.2k
ကျန်းမာရေး ဆောင်းပါးများ
  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
လူဖတ်အများဆုံး ဆောင်းပါးများ
  • တစ်ကိုယ်ရည်အာသာဖြေခြင်း
    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ
    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method
    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်
    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ
    0 shares
    Share 0 Tweet 0
Health Tips
Next Post
အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ အပိုင်း ၂
ခေါင်းကိုက်ခြင်း
ခြေထောက်ကြွက်သားတောင့်တင်းနာကျင်ခြင်း
OnDoctor App OnDoctor App OnDoctor App
Get Our App for Your Healthcare Partner
  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in
OnDoctor Company Limited © 2017 – 2025. All Rights Reserved.
No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
© 2020 OnDoctor Company Limited - All Rights Reserved.
This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.