ကိုယ်ဝန်ဆောင်တွေ ဇီဝက့ကို ပြောပြတတ်တာက
“ဗိုက်ထဲမှာ လှုပ်တုတ်တုတ် နဲ့ ကလေးတိုးတာလား ဆရာ”
“ကလေးက အခုချိန်ထိ မတိုးသေးဘူး ၊ဆရာ ။ဘာလုပ်ရမလဲ ။”
“ကလေးက တစ်ချိန်လုံးလှုပ်နေတာပဲ ၊အဲ့တာကောင်းလား ၊ဆရာ ။”
ထိုထိုသော အမေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေအပြင် စာဖတ်သူတွေပါ ဗဟုသုတရအောင် ဒီဆောင်းပါးမှာ ကိုယ်ဝန်ဆောင်နေစဉ် ကလေးတိုးခြင်းအကြောင်း ဖော်ပြလိုက်ပါတယ်။
ကလေးတိုးတယ် ဆိုတာ ဘာလဲ
-မိခင်အနေနဲ့ မိမိ ဗိုက်ထဲက ကလေးလှုပ်နေတာ ကန်ကျောက်တာကို ကလေးတိုးတယ်လို့ ခေါ်ပါတယ်။
ကလေး ဘာကြောင့် တိုးရတာလဲ
-ကလေးတိုးတယ်ဆိုတာ ကလေးအနေနဲ့ အကြောအချဉ် ဆန့်လှုပ်ရှားတာပါ ။
-ဒါ့အပြင် ပတ်ဝန်းကျင်က အသံ ၊မိခင်စားလိုက်တဲ့ အစားအသောက်တွေကြောင့်လည်း ကလေးက တုန့်ပြန်တဲ့အနေနဲ့ ကန်ကျောက် လှုပ်ရှားတတ်ပါသေးတယ်။
ကလေး တိုးမှန်း ဘယ်လိုသိသလဲ
-ကလေးက မိမိ ဗိုက်ကို လာကန်တာ ၊ ကလေး ခြေလက် လှုပ်ရှားတာကို မိခင်တွေအနေနဲ့ သတိထားမိကောင်း ထားမိနိုင်ပါတယ်။
ကိုယ်ဝန် ဘယ်နှပတ်ကစပြီး ကလေးတိုးသလဲ
-အများအားဖြင့် ကိုယ်ဝန် ၁၈ပတ်ကနေ ၂၅ပတ်အတွင်း ကလေး စတိုးတာ သိနိုင်တယ်။
-ကိုယ်ဝန်တစ်ခါဆောင်ဖူးသူဆိုရင်တော့ ၁၆ပတ်လောက်ကနေ စသတိထားမိနိုင်တယ်။
-အခုမှ သားဦး ကိုယ်ဝန်ဆောင်တွေ ဆိုရင်တော့ ၂၅ပတ် လောက်မှ စသတိထားမိကောင်း ထားမိမယ်။
ကလေးတိုးတာ မှတ်ဖို့ လိုသလား ၊ ဘယ်လိုမှတ်မလဲ
-တချို့သော အခြေအနေတွေ(ဥပမာ- မွေးဖွားရင် စိုးရိမ်ဖို့လိုတဲ့ ကိုယ်ဝန်ဆောင်သည်များ) မှာ ကလေးတိုးတာ မှတ်ဖို့ လိုပါတယ်။
-မှတ်စု စာအုပ်ကလေးနဲ့ သီးသန့် မှတ်ပါ။
-မိခင်တွေ အနေနဲ့ မိမိကလေးတိုးတတ်တဲ့အချိန် (ဥပမာ-အစာစားပြီးချိန် ၊ ညအိပ်ချိန်) တစ်ခုကို သတိထားပြီး မှတ်ပါ။
-ကလေးအများစုသည် ညဘက် ၉နာရီနဲ့ မနက် ၁နာရီအကြား အလှုပ်များပါတယ်။
-မှတ်တဲ့အချိန် မိခင်အနေနဲ့ သက်သောင့်သက်သာ အနေအထားနဲ့ နေပါ။
-အမေရိကန် သားဖွားမီးယပ် အသင်းကြီးက မိမိကလေးတိုးတတ်တဲ့အချိန်မှာ ၂နာရီအတွင်းမှာ အနည်းဆုံး ၁၀ကြိမ် ကလေးတိုးရမယ် လို့ဆိုပါတယ်။
ကလေး အရမ်းတိုးနေသလား
-ကလေး တစ်ယောက်သည် တစ်နေ့ကို ခန့်မှန်းခြေ အကြိမ် ၃၀လောက် လှုပ်ရှားပါတယ်။
-ကိုယ်ဝန် လရင့်လေ ပိုသိသာလေပါ။ ပိုပြီး အကြိမ်စိပ်လာလေပါ။
-ကလေး လှုပ်ရှားခြင်းသည် ကောင်းမွန်တဲ့ လက္ခဏာ တစ်ခုပါ။ လှုပ်ရှားနိုင်ရင် လှုပ်ရှားနိုင်သလောက် ကောင်းတဲ့အတွက် အရမ်းစိုးရိမ်စရာမလိုပါ။
ကလေး သိပ်မတိုးဘူးလို့ ဘယ်အချိန်မှာ ပြောမလဲ
-၂နာရီအတွင်း ၁၀ကြိမ်အောက်ဆိုရင်တော့ ကလေး သိပ်မတိုးဘူးလို့ ပြောနိုင်ပါတယ်။
-ဒါပေမယ့် နောက်နေ့တစ်ခါ ထပ်မှတ်ပါဦး။
-နောက်ရက်လည်း ၁၀ကြိမ်အောက်ပဲ ဆိုရင် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနဲ့ ပြသပါ။
ကလေး သိပ်မတိုးရင် ဘာလုပ်ပေးနိုင်သလဲ
-မိခင်အနေနဲ့ ကိုယ်ဟန်အနေအထားပြောင်းပြီးနေကြည့်ပါ။ ဘယ်ညာ ဘေးစောင်း စသဖြင့်
-ဗိုက်ရဲ့ ဘေးဘယ်ညာ တစ်ဖက်တစ်ချက်ကို ဖိကြည့်ပေးပါ။
-သီးချင်းနားထောင်တာ ၊ဖွင့်ပေးတာမျိုး လုပ်ပေးပါ။
-အအေးလေး သောက်ကြည့်ပြီး စောင့်ကြည့်ပါ။
-အချိုတစ်ခုခု စားပြီး စောင့်ကြည့်ပါ။
Author: ခေတ်သစ် ဇီဝက