ကိုယ္ဝန္ေဆာင္ မိခင္ေလာင္းမ်ား အေမးမ်ားတာက ကိုယ္ဝန္ေဆာင္ေနစဥ္ ခရီးသြားလို႔ရသလား ၊ကိုယ္ဝန္ဘယ္ႏွပတ္အထိ ခရီးသြားလို႔ရလဲ ၊ဘာေတြ ေဆာင္ရ ၊ေရွာင္ရမလဲ ဆိုတာ ေတြပါပဲ။
ေယဘူယ်အားျဖင့္ ကိုယ္ဝန္နဲ႔ပတ္သက္လို႔ ဘာျပႆနာမွ မရွိတဲ့မိခင္ေလာင္းေတြဆိုရင္ေတာ့ ကန႔္သက္ခ်က္ တစ္စုံတစ္ရာ မရွိပါ။ မိမိတို႔ ခရီးသြားလို႔က သြားႏိုင္ပါတယ္။ ဒါေပမယ့္ ေမြးရက္နားနီးတဲ့အခ်ိန္ေတာ့ ေရွာင္သင့္ပါတယ္။
ခရီးမသြားခင္ မိမိတို႔ ဗိုက္အပ္ထားေသာ ဆရာမ်ားနဲ႔လည္း အရင္ ျပသ တိုင္ပင္သင့္တယ္။ သတိျပဳရန္မွာ မိမိတို႔ ခရီး နီးနီးေဝးေဝး သြားသြား ကိုယ္ဝန္ေဆာင္ေစာင့္ေရွာက္မႈ စာအုပ္ စာတမ္း မွတ္တမ္းမ်ား ယူသြားေစခ်င္ပါတယ္။ အေရးေပၚ အေျခအေနျဖစ္ရင္ အေရးေပၚက်န္းမာေရး ေစာင့္ေရွာက္မႈေပးမယ့္သူမ်ား မိမိကိုယ္ဝန္အေျခအေန သိထားရေအာင္ပါ။
ဘာေတြ ေဆာင္ရ၊ ေရွာင္ရမလဲကားျဖင့္ ခရီးသြားရင္
-Safety belt ခါးပတ္ပတ္ပါ။ ပတ္တဲ့အခါ အေပၚႀကိဳးကို ရင္သားႏွစ္ခုၾကားကေန ဗိုက္ရဲ႕ အေပၚဘက္ ၊ေအာက္ႀကိဳးကို ဗိုက္ရဲ႕ေအာက္ကေန လွ်ိဳၿပီး ပတ္ပါ။ ကိုယ္ဝန္ေဆာင္ ဗိုက္အေပၚ ဖိအား မသက္ေရာက္ေစခ်င္ပါ။
-ကားေရွ႕ခန္းက စီးရင္ ေလအိတ္ထြက္လာမယ့္ေနရာနဲ႔ အနည္းဆုံး ၁၀လက္မခြာၿပီး စီးပါ။ ဒါမွ အက္ဆီးဒင့္ျဖစ္ရင္ ေလအိတ္က ကာကြယ္ေပးမွာပါ။
-ခရီးရွည္ သြားမယ္ဆိုရင္ ၂နာရီျခား တစ္ခါ ခရီးတစ္ေထာက္နား ၊အေပါ့အပါးသြားတာ ၊လမ္းေလွ်ာက္တာမ်ိဳး လုပ္ပါ။ ဒါမွ ေျခေထာက္မွာ ေသြးဖိအားေလ်ာ့ကာ ေျခေထာက္ေသြးခဲျခင္း ျဖစ္တာနည္းမွာပါ။
ေလေၾကာင္းခရီးသြားရင္
-ေလေၾကာင္းခရီးကို ကိုယ္ဝန္ ၁၈ပတ္နဲ႔ ၂၄ပတ္အတြင္းသာ သြားသင့္ပါတယ္။ ၂၄ပတ္ေက်ာ္ရင္ မသြားေတာ့တာ အေကာင္းဆုံးပါ။ မျဖစ္မေန သြားရမယ္ဆိုရင္မိမိတို႔ ဗိုက္အပ္ထားတဲ့ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
-ေလေၾကာင္းခရီးသြားမည္ဆိုက ေလေၾကာင္းလိုင္းထံ ကိုယ္ဝန္ေဆာင္မ်ား စီးနင္းလို႔ အဆင္ေျပ ၊မေျပ စုံစမ္းပါ။ ႏိုင္ငံျခား ေလေၾကာင္းလိုင္းမ်ားတြင္ သူ႔ေလေၾကာင္းလိုင္း အလိုက္ သတ္မွတ္ထားခ်က္မ်ားရွိပါတယ္။
-ျဖစ္ႏိုင္ရင္ ေလွ်ာက္လမ္းနဲ႔ အနီးဆုံးေနရာကို ေ႐ြးပါ။
– Safety belt ခါးပတ္ပတ္ပါ။ ပတ္တဲ့အခါ အေပၚႀကိဳးကို ရင္သားႏွစ္ခုၾကားကေန ဗိုက္ရဲ႕ အေပၚဘက္ ၊ေအာက္ႀကိဳးကို ဗိုက္ရဲ႕ေအာက္ကေန လွ်ိဳၿပီး ပတ္ပါ။ ကိုယ္ဝန္ေဆာင္ ဗိုက္အေပၚ ဖိအား မသက္ေရာက္ေစခ်င္ပါ။
-ခရီးရွည္ သြားမယ္ဆိုရင္ ၂နာရီျခားတစ္ခါ အေပါ့အပါးသြားတာ ၊လမ္းေလွ်ာက္တာမ်ိဳး ၊ေျခေထာက္ကို ႏွိပ္နယ္ေပးတာ ၊လႈပ္ရွားေပးတာမ်ိဳး လုပ္ေပးပါ။ ဒါမွ ေျခေထာက္မွာ ေသြးဖိအားေလ်ာ့ကာ ေျခေထာက္ေသြးခဲျခင္း ျဖစ္တာနည္းမွာပါ။
-ကဖင္းဓာတ္ပါေသာ အခ်ိဳရည္မ်ား ၊ေကာ္ဖီ လက္ဖက္ရည္မ်ား ေသာက္တာေလ်ာ့ပါ။
Author : ေခတ္သစ္ ဇီဝက
ကိုယ်ဝန်ဆောင် မိခင်လောင်းများ အမေးများတာက ကိုယ်ဝန်ဆောင်နေစဉ် ခရီးသွားလို့ရသလား ၊ကိုယ်ဝန်ဘယ်နှပတ်အထိ ခရီးသွားလို့ရလဲ ၊ဘာတွေ ဆောင်ရ ၊ရှောင်ရမလဲ ဆိုတာ တွေပါပဲ။
ယေဘူယျအားဖြင့် ကိုယ်ဝန်နဲ့ပတ်သက်လို့ ဘာပြဿနာမှ မရှိတဲ့မိခင်လောင်းတွေဆိုရင်တော့ ကန့်သက်ချက် တစ်စုံတစ်ရာ မရှိပါ။ မိမိတို့ ခရီးသွားလို့က သွားနိုင်ပါတယ်။ ဒါပေမယ့် မွေးရက်နားနီးတဲ့အချိန်တော့ ရှောင်သင့်ပါတယ်။
ခရီးမသွားခင် မိမိတို့ ဗိုက်အပ်ထားသော ဆရာများနဲ့လည်း အရင် ပြသ တိုင်ပင်သင့်တယ်။ သတိပြုရန်မှာ မိမိတို့ ခရီး နီးနီးဝေးဝေး သွားသွား ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု စာအုပ် စာတမ်း မှတ်တမ်းများ ယူသွားစေချင်ပါတယ်။ အရေးပေါ် အခြေအနေဖြစ်ရင် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပေးမယ့်သူများ မိမိကိုယ်ဝန်အခြေအနေ သိထားရအောင်ပါ။
ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲကားဖြင့် ခရီးသွားရင်
-Safety belt ခါးပတ်ပတ်ပါ။ ပတ်တဲ့အခါ အပေါ်ကြိုးကို ရင်သားနှစ်ခုကြားကနေ ဗိုက်ရဲ့ အပေါ်ဘက် ၊အောက်ကြိုးကို ဗိုက်ရဲ့အောက်ကနေ လျှိုပြီး ပတ်ပါ။ ကိုယ်ဝန်ဆောင် ဗိုက်အပေါ် ဖိအား မသက်ရောက်စေချင်ပါ။
-ကားရှေ့ခန်းက စီးရင် လေအိတ်ထွက်လာမယ့်နေရာနဲ့ အနည်းဆုံး ၁၀လက်မခွာပြီး စီးပါ။ ဒါမှ အက်ဆီးဒင့်ဖြစ်ရင် လေအိတ်က ကာကွယ်ပေးမှာပါ။
-ခရီးရှည် သွားမယ်ဆိုရင် ၂နာရီခြား တစ်ခါ ခရီးတစ်ထောက်နား ၊အပေါ့အပါးသွားတာ ၊လမ်းလျှောက်တာမျိုး လုပ်ပါ။ ဒါမှ ခြေထောက်မှာ သွေးဖိအားလျော့ကာ ခြေထောက်သွေးခဲခြင်း ဖြစ်တာနည်းမှာပါ။
လေကြောင်းခရီးသွားရင်
-လေကြောင်းခရီးကို ကိုယ်ဝန် ၁၈ပတ်နဲ့ ၂၄ပတ်အတွင်းသာ သွားသင့်ပါတယ်။ ၂၄ပတ်ကျော်ရင် မသွားတော့တာ အကောင်းဆုံးပါ။ မဖြစ်မနေ သွားရမယ်ဆိုရင်မိမိတို့ ဗိုက်အပ်ထားတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
-လေကြောင်းခရီးသွားမည်ဆိုက လေကြောင်းလိုင်းထံ ကိုယ်ဝန်ဆောင်များ စီးနင်းလို့ အဆင်ပြေ ၊မပြေ စုံစမ်းပါ။ နိုင်ငံခြား လေကြောင်းလိုင်းများတွင် သူ့လေကြောင်းလိုင်း အလိုက် သတ်မှတ်ထားချက်များရှိပါတယ်။
-ဖြစ်နိုင်ရင် လျှောက်လမ်းနဲ့ အနီးဆုံးနေရာကို ရွေးပါ။
– Safety belt ခါးပတ်ပတ်ပါ။ ပတ်တဲ့အခါ အပေါ်ကြိုးကို ရင်သားနှစ်ခုကြားကနေ ဗိုက်ရဲ့ အပေါ်ဘက် ၊အောက်ကြိုးကို ဗိုက်ရဲ့အောက်ကနေ လျှိုပြီး ပတ်ပါ။ ကိုယ်ဝန်ဆောင် ဗိုက်အပေါ် ဖိအား မသက်ရောက်စေချင်ပါ။
-ခရီးရှည် သွားမယ်ဆိုရင် ၂နာရီခြားတစ်ခါ အပေါ့အပါးသွားတာ ၊လမ်းလျှောက်တာမျိုး ၊ခြေထောက်ကို နှိပ်နယ်ပေးတာ ၊လှုပ်ရှားပေးတာမျိုး လုပ်ပေးပါ။ ဒါမှ ခြေထောက်မှာ သွေးဖိအားလျော့ကာ ခြေထောက်သွေးခဲခြင်း ဖြစ်တာနည်းမှာပါ။
-ကဖင်းဓာတ်ပါသော အချိုရည်များ ၊ကော်ဖီ လက်ဖက်ရည်များ သောက်တာလျော့ပါ။
Author : ခေတ်သစ် ဇီဝက