fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

သန္ဓေတားဆေးအမျိုးမျိုးနှင့် ကလေးယူခြင်း

1.3k
VIEWS
Share on FacebookShare on TwitterShare on Linkedin
09/12/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

 

အိမ်ထောင်ပြုခြင်း သဘောဆိုသည်မှာ မိမိတို့ရဲ့ ဘဝကြင်ဖော်နဲ့အတူ မိမိတို့ရဲ့ မျိုးဆက်သစ်လေးတွေ မွေးဖွားပြီး သာယာတဲ့ အသိုက်အမြုံလေး ထူထောင်ကြဖို့ပါ။

တချို့လည်း ချစ်စခင်စကောင်းတုန်း အိမ်ထောင်ကျစအချိန်တွင် ချက်ချင်း ကလေး မယူချင်ကြသေးဘဲ ၁ နှစ် တန်သည် ၂ နှစ်တန်သည် တားဆေးသုံးကြပြီး နောက်ပိုင်းမှ ကလေးယူကြဖို့ စီစဉ်ကြသလို တချို့ဇနီးမောင်နှံများ ကြတော့လည်း အသက်အရွယ်ကြောင့် လည်းကောင်း၊ အားလုံးသောအခြေအနေ အကြောင်းအရာများ အဆင့်သင့်ဖြစ်နေ၍ အိမ်ထောင်ကျ စကတည်းက ကလေးတန်း ယူကြသူများ လည်း ရှိပါတယ်။

ပထမအမျိုးအစား ဇနီးမောင်နှံများ အနေဖြင့် တားဆေး သုံးတော့မယ်ဆိုရင် မိမိနဲ့ သင့်လျော်သော၊ မိမိရဲ့မိသားစုစီမံကိန်း နဲ့ သင့်လျော်သောတားဆေး အမျိုးအစားများကို ရွေးချယ်ကြရပြန်ပါတယ်။တားဆေးအမျိုးအစား များစွာရှိသလို အသုံးပြုပုံ နည်းလမ်းများလည်း ကွဲပြားပါတယ်။

သန္ဓေတားဆေးအမျိုးမျိုးနှင့် ၎င်းတို့၏ ကလေးယူခြင်းအပေါ် သက်ရောက်မှုများ အကြောင်းကို ရှင်းလင်း ပြောပြပေးချင်ပါတယ်။နေ့စဉ်မှန်မှန်သောက်ရသော တားဆေးသည် ဆေးရပ်ပြီးပြီးချင်း အချိန်မှ စ၍ ကိုယ်ဝန်ပြန်လည်ရ နိုင်သလို တချို့မှာလည်း ၉လ အထိ ကိုယ်ဝန်ရဖို့ စောင့်ဆိုင်းရတာမျိုး ရှိတတ်ပါတယ်။ သောက်ဆေး၏ ကလေးမရအောင် တားနိုင်စွမ်းမှာ  ၉၁% ဖြစ်ပါတယ်။

ထိုးဆေးသည် ကလေးရဖို့ ဆေးဖြတ်ပြီးချိန်မှ အနည်းဆုံး ၄လ  စောင့်ရသလို တချို့မှာလည်း ၁နှစ် လောက်စောင့်ရတာမျိုးရှိပါတယ်။ ပျှမ်းမျှအားဖြင့် ၁၀ လ စောင့်ရတယ်လို့ ဆိုပါတယ်။ ကလေးမရအောင် တားနိုင်စွမ်းမှာ  ၉၄% ဖြစ်ပါတယ်။ သောက်ဆေးနဲ့ ထိုးဆေးတွင် ထိုးဆေးသည် ကလေးရဖို့ အချိန် ကြာကြာပို၍ စောင့်ဆိုင်း ရတတ်ပါတယ်။

သားအိမ်အတွင်း ပစ္စည်းထည့်ခြင်း တွင် ၅ နှစ်ခံ ၁၀ နှစ်ခံ စသဖြင့် ရှိပြီး ၎င်းပစ္စည်းကို သားအိမ်အတွင်းမှ ပြန်လည်ထုတ်လိုက်သည်နှင့် ကလေးပြန်လည်ရရှိနိုင်ပါသည်။ နေ့စဉ်သောက်ဆေး၊ ထိုးဆေးတွေထက် ကလေးရတာ ပိုမိုမြန်ဆန်ပါသည်။ ကလေးမရအောင် တားနိုင်စွမ်းမှာ  ၉၉% ဖြစ်ပါတယ်။

လက်မောင်းအရေပြားအောက်တွင် ပစ္စည်းထည့်ခြင်း တွင် ၃ နှစ်ခံ ၅ နှစ်ခံ စသဖြင့်ရှိပါတယ်။ ၎င်းပစ္စည်းသည်    သွေးထဲသို့ ဟိုမုန်းများ ဖြည်းဖြည်းချင်း ထုတ်ပေးခြင်း ဖြင့် ကလေးမရအောင် တားပေးပါတယ်။ ကလေးမရအောင် တားနိုင်စွမ်းမှာ  ၉၉% ဖြစ်ပါတယ်။ ၎င်းပစ္စည်းကို အရေပြားအောက်မှ ပြန်လည်ထုတ်လိုက်သည်နှင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာ မလိုဘဲ ကလေး ရနိုင်ပါတယ်။

Calendar method လို့ ခေါ်တဲ့ မမျိုးဥကြွေသောရက်များတွင် အမျိုးသားနဲ့အတူနေခြင်း ကို ရှောင်ခြင်းနည်း  မှာ တော့ အမျိုးသမီးများ အနေဖြင့် မိမိ၏ရာသီစက်ဝန်းကို တိကျစွာသိရန် လိုအပ်ပါသည်။ ဤနည်းလမ်းသည် ရာသီမမှန်သောအမျိုးသမီးများ နှင့် မိမိ၏ရာသီစက်ဝန်းကို သေချာစွာ မသိသူများတွင် သုံးစွဲရန် မသင့်တော်ပါ။ ဤနည်းလမ်း၏ ကလေးမရအောင် တားနိုင်စွမ်းမှာ ၇၆% ဖြစ်ပါတယ်။

အမျိုးသားသုံး ကွန်ဒုံး၏  ကလေးမရအောင် တားနိုင်စွမ်းမှာ ၈၂% ဖြစ်၍ လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။

သန္ဓေတားဆေးအမျိုးမျိုး ကို သုံးစွဲကြပြီးနောက် အမျိုးသမီး တစ်ဦးနဲ့ တစ်ဦး ကလေးရဖို့ စောင့်ဆိုင်းရသော အချိန်ချင်းလည်း မတူညီနိုင်ကြပါဘူး။ မိမိတို့သုံးစွဲခဲ့သော တားဆေးအမျိုးအစား၊ သုံးစွဲခဲ့သောကြာမြင့်ချိန် ပေါ် မူတည်၍ ကွဲပြားနိုင်ပါတယ်။

မိခင်လောင်းများအနေဖြင့် မိမိတို့နဲ့ သင့်လျော်မဲ့ တားဆေးအမျိုးအစားများကို မှန်ကန်စွာ ရွေးချယ်ခြင်းဖြင့် ပျော်ရွှင်သောမိသားစု စီမံကိန်းကို ကောင်းမွန်စွာ ချမှတ်နိုင်ကြပါစေ။

Author : Dr. မိုးဆွေ

Previous Post

ကြာညိုရနံ့ သင်းစေသော်

Next Post

နှလုံးကျန်းမာရေးအတွက် သတိထားရှောင်ရှားရမယ့် အချက်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
753

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

နှလုံးကျန်းမာရေးအတွက် သတိထားရှောင်ရှားရမယ့် အချက်များ

ဆီးကျိတ်ကင်ဆာ

ASO တက်တိုင်း လေးဖက်နာလား

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.