fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး

ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ

119
VIEWS
Share on FacebookShare on TwitterShare on Linkedin
16/11/2017
in ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး, မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို ကိုယ်ဝန်ရှိစအိပ်ရာထရောဂါလို့ ခေါ်တယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမည်ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါပဲ။

ကိုယ်ဝန်ဆောင် ၇၀-၈၅ ရာခိုင်နှုန်း ဖြစ်တတ်တယ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာစတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။ ပျို့အန်မယ်၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏဆီးသွားမယ်၊ မောပန်းမယ်၊ အားအင်ပြည့်ပြီး အလေးချိန်တိုးလာမယ်၊ အနေအထိုင်ခက်ခဲလာမယ်။ အရေပြားပြောင်းလဲမှုတွေရှိမယ်။ သွင်ပြင်လက္ခဏာများနဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြားအန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။

ကလေးကိုလည်း မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓာတ်၊ ဆားဓာတ်ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန်ကျမယ်။ Alkalosis အယ်လ်ကာလီဓာတ်များတာနဲ့ Hypokalemia ပိုတက်ဆီယမ် နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။ဘာလို့ဖြစ်သလဲအနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ အီစထိုဂျင်ဟော်မုန်းများလာလို့ ထင်ကြတယ်။ အရင်ကထက် အဆ ၁၀၀ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအချာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓာတ်နည်းလို့လည်း ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့နည်းတာ။ ပရိုဂျက်စတီရုန်းများလာလို့ သားအိမ်ကြွက်သားတွေ လျော့လာစေသလို အစာအိမ်ကြွက်သားကိုလည်း အဲလိုလျော့စေမလား ထင်ရတယ်။

HCG ဟော်မုန်းများတာလည်း စဉ်းစားတယ်။ အသည်းအင်ဇိုင်းမ်များ လာတာကြောင့်လားလည်း စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လည်း စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ၊ အန်တာမဖြစ်တဲ့ ကိုယ်ဝန်ကပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလည်း တနည်းတလမ်းနဲ့ ကာကွယ်တာလည်း ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ထုတ်တဲ့သဘော ဖြစ်မလား ယူဆတယ်။ဘယ်လိုကုသမလဲဖြစ်စေတာ မသေချာလို့ ကုသနည်းဟာလည်း မရေရာလှပါ။

ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။

  • အစာခြေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေးသောက်အိပ်ပါ။
  • အစားအသောက်မှာ ဖိုင်ဘာများတာ စားပေးပါ။ အဆီလည်းစားဘို့လိုတယ်။ ပေါင်မုန့်ဖြူက အညိုထက်ဒီနေရာမှာသင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလည်း အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
  • စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
  • သကြားဓာတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
  • သံပုရာ၊ ရှောက်သီး၊ လိမ္မော်သီးတွေကိ အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်။ ချင်းလက်ဖက်ရည်ကောင်းတယ်။- အန်ရင် ရေခဲငုံပါ။
  • တခါစားရင် နဲနဲချင်းစားပါ။ ထမင်းစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားနိုင်တယ်။ မနက်မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့အရသာ မကြိုက်တာမစားပါနဲ့။ အစာစားချိန်မှာ မစားဘဲမနေပါနဲ့။
  • ကောင်းကောင်း အနားယူပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။- အာလူးချစ်ပ် စားနိုင်တယ်။ Lollipops ငုံထားပါ။
  •  သံဓာတ်အားဆေးကြောင့်ထင်ရင် သံဓာတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။- ဗီတာမင် ဘီ 650 mg သောက်ပါ။
  • ဆားဓာတ်ခန်းခြောက်တာဖြစ်ရင် ORS  ဓာတ်ဆားထုပ်သောက်ပါ။ သောက်တာလည်း အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက်

  • ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွာမြင့်ဖိနပ် မစီးရ။ အလေးအပင် မမရ။ ခါးကုန်းပြီးမှ မတင်ရ။ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတစ်ဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကိုအပူ၊ အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
  • အသက်ရှူခက်ခဲရင် ခါးမတ်မတ်ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ်အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
  • ဝမ်းချုပ်ရင် ရေ၊ အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
  • ကြွက်သားနာရင် ကယ်လ်စီယမ်ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
  • အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနာနေနေ ထိုင်ပါ။
  • အစာမကြေဖြစ်ရင် တနေ့ ၅၊ ၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ၊ အင်တီအက်စစ်ဆေး မစားရ။ အစာစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစာစားပြီး ၂ နာရီအတွင်း လေ့ကျင့်ခန်းမလုပ်ရ။
  • သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်၊ မသွားရ။ ခြေအိပ်၊ ဖိနပ်အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိတ်သုံးပါ။ အမြဲထိုင်မနေရ။
  • ဖောရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
  • ရင်သား ကြီးထွားလာမယ်။ နာမယ်၊ တင်းမယ်၊ ထိပ်ဖျားအရောင်ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။
  • ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညို အဝိုင်းတွင် ဘဲ၊ ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။
  • ရင်သားတွင် အလုံးအကျိတ် ရှိမရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်းကိုယ်ဝန်ဆောင်သူ ၇၀-၈၅ ရာခိုင်နှုန်းမှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။- ဗီတာမင် ဘီ6 ပေးလေ့ရှိတယ်။

Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops eJY B-Natal Lozenges တွေဟာ ဗီတာမင် ဘီ6 ပါတဲ့ဆေးတွေ ဖြစ်တယ်။- ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။- Methylperdnisolone 16 mg စားဆေး၊ ထိုးဆေးကို နောက်ဆုံးအဖြစ်ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။

မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။- Psi Bands Acupressure ကို လက်ကောင်ဝတ်မှာ ပတ်ထားနိုင်တယ်။- Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။- ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။

Author: ဒေါက်တာတင့်ဆွေ, Healthcare Journal, vol 8,no 40 (20.10.17)

Previous Post

လိင်ဆန္ဒဖြေဖျောက်ခြင်း ( Masturbation ) နှင့် ဆိုးကျိုးဆိုတာ

Next Post

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်လဲ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
633

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
607
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပြီးရင် ဘာတွေဖြစ်နိုင်လဲ

ကန်စွန်းရွက်

မုတ်ချိုအိတ်ကင်ဆာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.