မခင်ထွေးတစ်ယောက် ကိုလှမျိုးနှင့် အိမ်ထောင်ကျတာတစ်နှစ်ကျော်ပြီ။ သမီးရည်းစားဘ၀ တုန်းကတော့ အဆင်ပြေကြသည်။ အိမ်ထောင်ကျပြီးတော့ ကိုလှမျိုးနှင့် စိတ်သဘောထားချင်း မတိုက်ဆိုင်တာတွေ များလာသည်။ မခင်ထွေးတို့မိသားစုက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူ။ အဖေတို့ အဘိုးတို့ဆိုတာမျိုးက အရက်၊ ဆေးလိပ်ကင်းတဲ့လူစားမျိုး။ ကိုလှမျိုးက အပေါင်းအသင်း ပေါသည်။ အလုပ်သဘောအရဆိုပြီး ရက်ခြားတစ်ခါလောက် အရက်ကလေး၊ ဘီယာကလေး သောက်တတ်သည်။ ကိုလှမျိုးတို့သူငယ်ချင်းတစ်သိုက် ဆုံကြပြီဆိုရင် အရက်၊ ဘီယာကတော့ မပါမဖြစ်။
သူငယ်ချင်းတွေ တွေ့ဆုံပွဲတွေဆိုရင် ကိုလှမျိုးသူငယ်ချင်းတွေရဲ့ အမျိုးသမီးတွေလည်း အမြဲပါတတ်တယ်။ ယောကျာ်းတွေ တွေ့ဆုံပွဲမှာမိန်းမတွေပါတာကအဆန်းမဟုတ်ပါ။ မခင်ထွေး အထွက် ဆန်းနေတာကမိန်းမတွေ အရက်သောက်တာပါ။ ဘီယာဆိုလျှင် မကြိုက်ဘူးတဲ့။ ပျော့လို့ ဆိုပဲ။ ဗိုက်ပူမှာလည်းစိုးလို့ မသောက်ဖူးတဲ့။ အမြဲလိုလို တွေ့ဆုံကြတိုင်း သောက်ပွဲလေးကတော့ အမြဲ ပါတယ်။
မခင်ထွေးကတော့ အချိုရည်လေးသောက်ပြီးပြောရတာပေါ့။တစ်နေ့တော့ ကိုလှမျိုးသူငယ်ချင်းကိုကျော်ရဲ့အမျိုးသမီးဖြစ်သူမနန္ဒာတစ်ယောက် ကိုယ်ဝန် ပျက်ကျသည်ဟု ပြော၍ ကိုလှမျိုးနှင့်အတူဆေးရုံသို့ လူနာသတင်းမေးသွားခဲ့ကြသည်။ မနန္ဒာက ကိုယ်ဝန်ရှိနေမှန်း သူ့ကိုယ်သူ မသိဘူးတဲ့။ ရာသီသွေးမဆင်းတာ တစ်လကျော်နေတာကိုတော့ သတိထားမိတယ်ပြောသည်။ တားဆေးလည်း သောက်ထားတော့ ကိုယ်ဝန်ရမယ်လို့လည်း မထင်မိဘူးတဲ့။ တစ်လကျော်တဲ့အချိန်မှာ ရာသီသွေးပြန်ဆင်းတယ်။ နာတာကိုက်တာတွေ မရှိပါဘူး။ သွားသွားလာလာပဲ။ ဒါပေမဲ့ ဆင်းတဲ့သွေးထဲမှာ သွေးခဲတွေ အရမ်းများနေခြင်းပဲ။ ညနေဖက် ရောက်တော့ သွေးခဲတွေ ပိုပိုများများလာလို့ ဆေးခန်းသွားပြကြည့်တော့ ဆရာဝန်မက ဆီးစစ်ခိုင်း သည်။ “သမီး ဆေးကပ်သောက်ထားပါတယ်” လို့တောင် ပြန်ပြောလိုက်သေးသည်။
ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေတယ်လို့ ပြနေသည်။ မနန္ဒာတစ်ယောက် မယုံကြည်နိုင် လောက်အောင် ဖြစ်ရသည်။ တားဆေးသုံးနေ၍ ကိုယ်ဝန်ရှိနေသည်ဟု မထင်မိလိုက်ခြင်းပင်။ ညတွင်းချင်းပဲ သားအိမ်ခြစ်လိုက်ရသည်။ “တားဆေးတွေ သောက်ရဲ့သားနဲ့ ဘာလို့ ကိုယ်ဝန်ရတာလဲ” ဟုဆရာဝန် ဆရာမကြီးကို မေးမိသည်။ ဆရာမက “ဆေးသောက်တာရော နေ့တိုင်း မှန်မှန်သောက်မိရဲ့လား” “သောက်မိပါတယ်။ တစ်ရက်မှ မပျက်ပါဘူး” “နန္ဒာ နေ့တိုင်း မှန်မှန်သောက်မိလို့လား။” ကိုကျော်က ဝင်ပြောသည်။ “နန္ဒာ ညဖက် မသောက်မိရင် မနက် အိပ်ယာနိုးရင် ချက်ချင်းသောက်လိုက်တာပဲလေ” ဆရာမသဘောပေါက်ပါပြီ။ ညဖက်မေ့သွားတဲ့အခါ မနက်သောက်ရင် ရတယ်လို့ လူနာက အမှတ်မှားနေခြင်းပင်။ ထိုကဲ့သို့ ဆေးသောက်ချိန်တွင် ဆေးသောက်ဖို့မေ့သွားပါက ကိုယ်ဝန်ရနိုင် သောကြောင့် အမျိုးသားနှင့်အတူနေချိန်မှာ အကာအကွယ်သုံးရမည်ကို လူနာလင်မယားမှ မသိပေ။ သတိရရချင်း ဆေးသောက်လိုက်လျှင် စိတ်ချရသည်ဟုထင်နေပုံရသည်။
“ဘာလို့ ကလေးပျက်ကျတာလဲ ဆရာမ” နန္ဒာတစ်ယောက် ဆက်မေးသည်။ “ကိုယ်ဝန်ရှိနေမှန်းမသိတော့ ဒီကြားထဲ လှုပ်လှုပ်ရှားရှား ပင်ပင်ပန်းပန်း လုပ်မိတာတွေများ ရှိလား” “နန္ဒာက ပင်ပင်ပန်းပန်း ဘာမှမလုပ်ရပါဘူး။ အပြင်မှာစီးပွားလည်း ထွက်မရှာရပါဘူး။ အိမ်အလုပ်တွေလည်း မလုပ်ရပါဘူး” ကိုကျော် ဝင်ပြောပြန်သည်။ “ခရီးတွေ ဘာတွေများ ထွက်မိသေးလား” “မထွက်ဖြစ်ပါဘူး” “အရက်တွေ အများကြီးသောက်မိရင်ရော ကိုယ်ဝန်ပျက်ကျနိုင်လား ဒေါက်တာ” “ဘယ်တုန်းက သောက်တာလဲ” “ သွေးမဆင်းခင် နှစ်ရက်လောက်က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ သောက်တာပါ” “များလို့လား” “များတယ်လို့ပဲ ပြောရမှာပဲဒေါက်တာ။
အဲဒီပွဲမှာ ကျွန်တော့်မိန်းမအိပ်ပျော်သွားလို့ ကျွန်တော် ထမ်းခေါ်လာခဲ့ရတယ်။ ” ကိုကျော် ရှင်းပြသည်။ “အရက်သောက်တာနဲ့ ကိုယ်ဝန်ပျက်ကျတာ ဆိုင်လား ဒေါက်တာ” “ဆိုင်တာပေါ့။ ကိုယ်ဝန်ဆောင်နေစဉ် အရက်သေစာကို အလွန်အကျွံ သောက်စားရင် ကလေး ပျက်ကျနိုင်ပါတယ်” “ဒါဆို နန္ဒာ အရက်သောက်မိလို့ပေါ့နော်” “ဖြစ်နိုင်ပါတယ်…အရက်တွေ ခဏခဏ သောက်တတ်သလား” “Social Drinking လို့ပဲပြောရမှာပဲဆရာမ။ သူငယ်ချင်းတွေနဲ့ ဆုံတိုင်းတော့ ဘီယာဖြစ်ဖြစ် သောက်မိတာပါပဲ။ ကိုယ်ဝန်ရှိနေမှန်းမသိလို့ သောက်မိတာပါ။ ကိုယ်ဝန်ရှိမှန်းသိရင် မသောက်ပါဘူး”
သူငယ်ချင်းတွေ တွေ့ဆုံပွဲတွေဆိုရင် ကိုလှမျိုးသူငယ်ချင်းတွေရဲ့ အမျိုးသမီးတွေလည်း အမြဲပါတတ်တယ်။ ယောကျာ်းတွေ တွေ့ဆုံပွဲမှာမိန်းမတွေပါတာကအဆန်းမဟုတ်ပါ။ မခင်ထွေး အထွက် ဆန်းနေတာကမိန်းမတွေ အရက်သောက်တာပါ။ ဘီယာဆိုလျှင် မကြိုက်ဘူးတဲ့။ ပျော့လို့ ဆိုပဲ။ ဗိုက်ပူမှာလည်းစိုးလို့ မသောက်ဖူးတဲ့။ အမြဲလိုလို တွေ့ဆုံကြတိုင်း သောက်ပွဲလေးကတော့ အမြဲ ပါတယ်။ မခင်ထွေးကတော့ အချိုရည်လေးသောက်ပြီးပြောရတာပေါ့။
တစ်နေ့တော့ ကိုလှမျိုးသူငယ်ချင်းကိုကျော်ရဲ့အမျိုးသမီးဖြစ်သူမနန္ဒာတစ်ယောက် ကိုယ်ဝန် ပျက်ကျသည်ဟု ပြော၍ ကိုလှမျိုးနှင့်အတူဆေးရုံသို့ လူနာသတင်းမေးသွားခဲ့ကြသည်။ မနန္ဒာက ကိုယ်ဝန်ရှိနေမှန်း သူ့ကိုယ်သူ မသိဘူးတဲ့။ ရာသီသွေးမဆင်းတာ တစ်လကျော်နေတာကိုတော့ သတိထားမိတယ်ပြောသည်။ တားဆေးလည်း သောက်ထားတော့ ကိုယ်ဝန်ရမယ်လို့လည်း မထင်မိဘူးတဲ့။
တစ်လကျော်တဲ့အချိန်မှာ ရာသီသွေးပြန်ဆင်းတယ်။ နာတာကိုက်တာတွေ မရှိပါဘူး။ သွားသွားလာလာပဲ။ ဒါပေမဲ့ ဆင်းတဲ့သွေးထဲမှာ သွေးခဲတွေ အရမ်းများနေခြင်းပဲ။ ညနေဖက် ရောက်တော့ သွေးခဲတွေ ပိုပိုများများလာလို့ ဆေးခန်းသွားပြကြည့်တော့ ဆရာဝန်မက ဆီးစစ်ခိုင်း သည်။ “သမီး ဆေးကပ်သောက်ထားပါတယ်” လို့တောင် ပြန်ပြောလိုက်သေးသည်။
ဆီးစစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေတယ်လို့ ပြနေသည်။ မနန္ဒာတစ်ယောက် မယုံကြည်နိုင် လောက်အောင် ဖြစ်ရသည်။ တားဆေးသုံးနေ၍ ကိုယ်ဝန်ရှိနေသည်ဟု မထင်မိလိုက်ခြင်းပင်။ ညတွင်းချင်းပဲ သားအိမ်ခြစ်လိုက်ရသည်။ “တားဆေးတွေ သောက်ရဲ့သားနဲ့ ဘာလို့ ကိုယ်ဝန်ရတာလဲ” ဟုဆရာဝန် ဆရာမကြီးကို မေးမိသည်။ ဆရာမက “ဆေးသောက်တာရော နေ့တိုင်း မှန်မှန်သောက်မိရဲ့လား” “သောက်မိပါတယ်။ တစ်ရက်မှ မပျက်ပါဘူး” “နန္ဒာ နေ့တိုင်း မှန်မှန်သောက်မိလို့လား။” ကိုကျော်က ဝင်ပြောသည်။ “နန္ဒာ ညဖက် မသောက်မိရင် မနက် အိပ်ယာနိုးရင် ချက်ချင်းသောက်လိုက်တာပဲလေ” ဆရာမသဘောပေါက်ပါပြီ။ ညဖက်မေ့သွားတဲ့အခါ မနက်သောက်ရင် ရတယ်လို့ လူနာက အမှတ်မှားနေခြင်းပင်။ ထိုကဲ့သို့ ဆေးသောက်ချိန်တွင် ဆေးသောက်ဖို့မေ့သွားပါက ကိုယ်ဝန်ရနိုင် သောကြောင့် အမျိုးသားနှင့်အတူနေချိန်မှာ အကာအကွယ်သုံးရမည်ကို လူနာလင်မယားမှ မသိပေ။ သတိရရချင်း ဆေးသောက်လိုက်လျှင် စိတ်ချရသည်ဟုထင်နေပုံရသည်။
“ဘာလို့ ကလေးပျက်ကျတာလဲ ဆရာမ” နန္ဒာတစ်ယောက် ဆက်မေးသည်။ “ကိုယ်ဝန်ရှိနေမှန်းမသိတော့ ဒီကြားထဲ လှုပ်လှုပ်ရှားရှား ပင်ပင်ပန်းပန်း လုပ်မိတာတွေများ ရှိလား” “နန္ဒာက ပင်ပင်ပန်းပန်း ဘာမှမလုပ်ရပါဘူး။ အပြင်မှာစီးပွားလည်း ထွက်မရှာရပါဘူး။ အိမ်အလုပ်တွေလည်း မလုပ်ရပါဘူး” ကိုကျော် ဝင်ပြောပြန်သည်။ “ခရီးတွေ ဘာတွေများ ထွက်မိသေးလား” “မထွက်ဖြစ်ပါဘူး” “အရက်တွေ အများကြီးသောက်မိရင်ရော ကိုယ်ဝန်ပျက်ကျနိုင်လား ဒေါက်တာ” “ဘယ်တုန်းက သောက်တာလဲ” “ သွေးမဆင်းခင် နှစ်ရက်လောက်က သူငယ်ချင်းတစ်ယောက် မင်္ဂလာဆောင်မှာ သောက်တာပါ” “များလို့လား” “များတယ်လို့ပဲ ပြောရမှာပဲဒေါက်တာ။
အဲဒီပွဲမှာ ကျွန်တော့်မိန်းမအိပ်ပျော်သွားလို့ ကျွန်တော် ထမ်းခေါ်လာခဲ့ရတယ်။ ” ကိုကျော် ရှင်းပြသည်။ “အရက်သောက်တာနဲ့ ကိုယ်ဝန်ပျက်ကျတာ ဆိုင်လား ဒေါက်တာ” “ဆိုင်တာပေါ့။ ကိုယ်ဝန်ဆောင်နေစဉ် အရက်သေစာကို အလွန်အကျွံ သောက်စားရင် ကလေး ပျက်ကျနိုင်ပါတယ်” “ဒါဆို နန္ဒာ အရက်သောက်မိလို့ပေါ့နော်” “ဖြစ်နိုင်ပါတယ်…အရက်တွေ ခဏခဏ သောက်တတ်သလား” “Social Drinking လို့ပဲပြောရမှာပဲဆရာမ။ သူငယ်ချင်းတွေနဲ့ ဆုံတိုင်းတော့ ဘီယာဖြစ်ဖြစ် သောက်မိတာပါပဲ။ ကိုယ်ဝန်ရှိနေမှန်းမသိလို့ သောက်မိတာပါ။ ကိုယ်ဝန်ရှိမှန်းသိရင် မသောက်ပါဘူး”
ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ အရက်သေစာ မသောက်သုံးသင့်ပါဘူး။ သောက်သုံးရင် အရက်သေစာတွေဟာ အချင်းကနေတဆင့် သန္ဓေသားလောင်းဆီကိုရောက်ရှိသွားလိမ့်မယ်။ ဒါ့အပြင် ကလေးမွေးလာခဲ့ရင် ကိုယ်တွင်းအင်္ဂါတွေ မပြည့်မစုံဖြစ်မယ်။ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်ပျက်စီးပြီး ကျပ်မပြည့်တဲ့ကလေး၊ ဉာဏ်ရည်မမှီတဲ့ကလေးတွေ မွေးဖွားတတ်ပါတယ်။ သိပ်ကြောက်ဖို့ကောင်းပါတယ်။ မိခင်လုပ်မဲ့ မိန်းမသားတွေဟာ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်သင့်တယ်။” မခင်ထွေးတစ်ယောက် မနန္ဒာ ပြောပြနေသော အကြောင်းအရာများကို နားထောင်နေရင်း ရင်မောမိသည်။ မနန္ဒာမျက်နှာတွင်လည်း ဝမ်းနည်းသော အရိပ်အယောင်၊ စိတ်မကောင်းဖြစ်သော အရိပ်အယောင်များ သိသိသာသာပေါ်လွင်နေသည်။ ကိုယ်ဝန်ဆောင်တွေ အရက်သောက်သုံးတာ ရှောင်ကြဉ်သင့်တယ် ဆိုတာသင်ခန်းစာပင်။
Author – ဒေါက်တာအေးချမ်းမိုး