(Zawgyi)
အမ်ိဳးသမီး အမ်ားစုဟာ တစ္လတစ္ခါ ရာသီလာျခင္း ဒုကၡေတြ ခံစားတတ္ပါတယ္။ လာျပန္ေတာ့လည္း ဒုကၡ ဒါေပမယ့္ မလာျပန္လည္း ဒုကၡတစ္ခုပါပဲ။ မလာျခင္းဟာ ဒုကၡမဟုတ္ဘဲ သုချဖစ္တဲ့ အေျခအေနေလးေတြလည္း ရွိပါတယ္။ ေမေမ ေဖေဖတို႔ရဲ႕ ကိုယ္ပြားေလးေတြ ရွိလာတဲ့အခါမွာလည္း ရာသီလာေလ့ မရွိပါဘူး။ အဲဒီအျပင္ ဒီလို လကၡဏာေလးေတြလည္း ခံစားရတတ္ပါေသးတယ္။
တစ္ခါတေလမွာ ေသြးနည္းနည္း ဆင္းတတ္ပါတယ္။ မ်ိဳးေအာင္သြားတဲ့ သားဥေလးဟာ သားအိမ္ကို တြယ္တဲ့အခါမွာ ရာသီလာသလို ေသြးနည္းနည္း ဆင္းေလ့ရွိပါတယ္။ ဒါေပမယ့္ မတူတာတစ္ခုက ဆင္းတဲ့ေသြးက အေရာင္ေဖ်ာ့တတ္ပါတယ္။ ရက္ကလည္း အလြန္ဆုံး ၃ ရက္ထက္ မပိုတတ္ပါဘူး။ ဆင္းတဲ့ေသြး ပမာဏကလည္း အလြန႔္ကိုနည္းတတ္ပါတယ္။ တစ္ခါတစ္ရံ ရာသီလာသလိုပဲ ဆီးစပ္နာတာ ခါးနာတာ နည္းနည္း ရွိတတ္ပါတယ္။
ေနာက္တစ္ခုကေတာ့ ပုံမွန္လူထက္စာရင္ ကိုယ္အပူခ်ိန္လည္း အနည္းငယ္ ျမႇင့္တက္ေနတတ္ပါတယ္။ ဖ်ားလားဆိုေတာ့လည္း မဖ်ားပါဘဲ ကိုယ္ႀကီးက ပူပူႀကီး ျဖစ္ေနတာမ်ိဳးပါ။ ပင္ပန္းႏြမ္းလ်ေနၿပီး ႏူးခ်ိေနတတ္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ေဟာ္မုန္းဓာတ္ေတြ ေျပာင္းေနလို႔ ျဖစ္တာပါ။ အခ်ိန္တိုင္း အိပ္ခ်င္ေနတာမ်ိဳး ဘာမွ မလုပ္ဘဲ ပင္ပန္းေနတာ ေညာင္းညာေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။
ေနာက္ထပ္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ား ဆိုးဆိုးဝါးဝါး ခံစားရတဲ့ လကၡဏာ တစ္ခုကေတာ့ ပ်ိဳ႕တာ အန္တာေတြပဲ ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ မနက္ခင္း ေတြမွာ ပိုအျဖစ္မ်ားေပမယ့္ တစ္ေနကုန္ ျဖစ္ေနတာမ်ိဳးလည္း ရွိပါတယ္။ ၁၆ ပတ္ ဒါမွမဟုတ္ရင္ ကိုယ္ဝန္ေဆာင္ကာလ အပတ္ ၂၀ ေလာက္ ေရာက္ရင္ေတာ့ သူ႔အလိုလို သက္သာသြားေလ့ ရွိပါတယ္။ အမ်ိဳးသမီး ၁၀၀ မွာ ၈၀ ေလာက္က ဒီလို ပ်ိဳ႕တာ အန္တာေတြကို ခံစားရေလ့ ရွိပါတယ္။
ေလပြသလို ခံစားရတာ ၊ ဗိုက္ထဲမွာ ေနလို႔မေကာင္းတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ ပုံမွန္ ဝမ္းမွန္ေနတဲ့ သူေတာင္ ကိုယ္ဝန္ေဆာင္တဲ့အခါမွာ ဝမ္းခ်ဳပ္တာမ်ိဳးေတြ ခံစားရႏိုင္ပါတယ္။ ရင္ေခါင္းေတာင့္ေနတာမ်ိဳး ရင္ပူေနတာမ်ိဳးေတြလည္း ခံစားရႏိုင္ပါတယ္။
ေနာက္ထပ္ ေျပာင္းလဲခံစားရတာ တစ္ခုကေတာ့ ရင္သားပဲျဖစ္ပါတယ္။ အ႐ြယ္အစားလည္း ပိုႀကီးလာသလို ႏို႔သီးေခါင္းဟာလည္း အေရာင္ ပိုရင့္လာတတ္ပါတယ္။ ဒါ့အျပင္ ကိုက္သလို ဆစ္ဆစ္ ဆစ္ဆစ္နဲ႔ ျဖစ္တာေတြ ထုံသလိုလို က်ဥ္သလိုလိုႀကီး ခံစားရတာေတြ ျဖစ္တတ္ပါတယ္။ မ်က္ႏွာမွာ ေျပာင္ေျပာင္တင္းတင္းေလး ျဖစ္ေနတာမ်ိဳးေတြ ျဖစ္ႏိုင္သလို အဆီျပန္တာ ၊ ဝက္ၿခံေတြ အမ်ားႀကီး ထြက္လာတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။
ကိုယ္ဝန္ေဆာင္စဥ္ ကာလဦးပိုင္းေတြမွာ အနံ႔ခံႏိုင္စြမ္းေတြ ပိုမိုအားေကာင္းေနတတ္ပါေသးတယ္။ အဲဒီ့အတြက္လည္း ပ်ိဳ႕တာ အန္တာမ်ိဳးေတြကို ပိုျဖစ္ေစႏိုင္သလို အႀကိဳက္ေတြေျပာင္းသြားတာမ်ိဳးေတြလည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ထဲမွာ ေပ်ာ္လည္း ခ်က္ခ်င္း ၊ ဝမ္းနည္းလည္း ခ်က္ခ်င္း စိတ္အေျပာင္းအလဲေတြ ျမန္ေနသလို အေၾကာင္းမဲ့ စိတ္ဓာတ္ေတြက်တာ ၊ စိတ္ေတြရႈပ္ေထြးေနတာမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္။
အေနရခက္တဲ့ အရာတစ္ခုကေတာ့ မၾကာခဏ ဆီးသြားခ်င္ေနျခင္းပဲ ျဖစ္ပါတယ္။ သြားခ်င္ရင္လည္း တစ္ခါတစ္ေလ ေအာင့္ထားလို႔ မရေတာ့တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ပုံမွန္ထက္စာရင္ ေသြးလည္ပတ္မႈ ပိုအားေကာင္းၿပီး ေက်ာက္ကပ္ကို အရည္မ်ားမ်ားေရာက္လို႔ ျဖစ္ရတာပါ။ ဒီ့အတြက္ ေရကို ေလ်ာ့ေသာက္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ ပုံမွန္ထက္စာရင္ ေရပိုေသာက္တာ ၊ ဆီးသြားခ်င္ရင္ ေအာင့္မထားဘဲ သြားေပးတာမ်ိဳးေတြ လုပ္သင့္ပါတယ္။
ေခါင္းက အၿမဲၾကည္မေနဘဲ မူးေနာက္ေနာက္လည္း ျဖစ္ေနတတ္ပါေသးတယ္။ ေသြးတိုးရွိတဲ့သူေတြမွာ ကိုယ္ဝန္ရွိစအခ်ိန္ေတြမွာ ေသြးပိုတိုးေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေပမယ့္လည္း မစားႏိုင္ မေသာက္ႏိုင္ဘဲ အန္ပဲအန္ေနတဲ့အတြက္ ေသြးေပါင္က်ေနတာမ်ိဳးလည္း ျဖစ္တတ္ပါေသးတယ္။
ကဲ ဒီလိုဆို ကိုယ္ဝန္ရွိစ လကၡဏာေတာ္ေတာ္မ်ားမ်ားကို သိေလာက္ၿပီလို႔ ထင္ပါတယ္။ ခ်စ္စရာ ေကာင္းတဲ့ သားသား မီးမီးေလးေတြကို က်န္းက်န္းမာမာ ေမြးဖြားႏိုင္ၾကေစရန္ ဆႏၵျပဳရင္း ……………
Author : Dr. ေမ
(Unicode)
အမျိုးသမီး အများစုဟာ တစ်လတစ်ခါ ရာသီလာခြင်း ဒုက္ခတွေ ခံစားတတ်ပါတယ်။ လာပြန်တော့လည်း ဒုက္ခ ဒါပေမယ့် မလာပြန်လည်း ဒုက္ခတစ်ခုပါပဲ။ မလာခြင်းဟာ ဒုက္ခမဟုတ်ဘဲ သုခဖြစ်တဲ့ အခြေအနေလေးတွေလည်း ရှိပါတယ်။ မေမေ ဖေဖေတို့ရဲ့ ကိုယ်ပွားလေးတွေ ရှိလာတဲ့အခါမှာလည်း ရာသီလာလေ့ မရှိပါဘူး။ အဲဒီအပြင် ဒီလို လက္ခဏာလေးတွေလည်း ခံစားရတတ်ပါသေးတယ်။
တစ်ခါတလေမှာ သွေးနည်းနည်း ဆင်းတတ်ပါတယ်။ မျိုးအောင်သွားတဲ့ သားဥလေးဟာ သားအိမ်ကို တွယ်တဲ့အခါမှာ ရာသီလာသလို သွေးနည်းနည်း ဆင်းလေ့ရှိပါတယ်။ ဒါပေမယ့် မတူတာတစ်ခုက ဆင်းတဲ့သွေးက အရောင်ဖျော့တတ်ပါတယ်။ ရက်ကလည်း အလွန်ဆုံး ၃ ရက်ထက် မပိုတတ်ပါဘူး။ ဆင်းတဲ့သွေး ပမာဏကလည်း အလွန့်ကိုနည်းတတ်ပါတယ်။ တစ်ခါတစ်ရံ ရာသီလာသလိုပဲ ဆီးစပ်နာတာ ခါးနာတာ နည်းနည်း ရှိတတ်ပါတယ်။
နောက်တစ်ခုကတော့ ပုံမှန်လူထက်စာရင် ကိုယ်အပူချိန်လည်း အနည်းငယ် မြှင့်တက်နေတတ်ပါတယ်။ ဖျားလားဆိုတော့လည်း မဖျားပါဘဲ ကိုယ်ကြီးက ပူပူကြီး ဖြစ်နေတာမျိုးပါ။ ပင်ပန်းနွမ်းလျနေပြီး နူးချိနေတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းဓာတ်တွေ ပြောင်းနေလို့ ဖြစ်တာပါ။ အချိန်တိုင်း အိပ်ချင်နေတာမျိုး ဘာမှ မလုပ်ဘဲ ပင်ပန်းနေတာ ညောင်းညာနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်ထပ် ကိုယ်ဝန်ဆောင် အမျိုးသမီးတော်တော်များများ ဆိုးဆိုးဝါးဝါး ခံစားရတဲ့ လက္ခဏာ တစ်ခုကတော့ ပျို့တာ အန်တာတွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် မနက်ခင်း တွေမှာ ပိုအဖြစ်များပေမယ့် တစ်နေကုန် ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ၁၆ ပတ် ဒါမှမဟုတ်ရင် ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀ လောက် ရောက်ရင်တော့ သူ့အလိုလို သက်သာသွားလေ့ ရှိပါတယ်။ အမျိုးသမီး ၁၀၀ မှာ ၈၀ လောက်က ဒီလို ပျို့တာ အန်တာတွေကို ခံစားရလေ့ ရှိပါတယ်။
လေပွသလို ခံစားရတာ ၊ ဗိုက်ထဲမှာ နေလို့မကောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန် ဝမ်းမှန်နေတဲ့ သူတောင် ကိုယ်ဝန်ဆောင်တဲ့အခါမှာ ဝမ်းချုပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ရင်ခေါင်းတောင့်နေတာမျိုး ရင်ပူနေတာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။
နောက်ထပ် ပြောင်းလဲခံစားရတာ တစ်ခုကတော့ ရင်သားပဲဖြစ်ပါတယ်။ အရွယ်အစားလည်း ပိုကြီးလာသလို နို့သီးခေါင်းဟာလည်း အရောင် ပိုရင့်လာတတ်ပါတယ်။ ဒါ့အပြင် ကိုက်သလို ဆစ်ဆစ် ဆစ်ဆစ်နဲ့ ဖြစ်တာတွေ ထုံသလိုလို ကျဉ်သလိုလိုကြီး ခံစားရတာတွေ ဖြစ်တတ်ပါတယ်။ မျက်နှာမှာ ပြောင်ပြောင်တင်းတင်းလေး ဖြစ်နေတာမျိုးတွေ ဖြစ်နိုင်သလို အဆီပြန်တာ ၊ ဝက်ခြံတွေ အများကြီး ထွက်လာတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ကာလဦးပိုင်းတွေမှာ အနံ့ခံနိုင်စွမ်းတွေ ပိုမိုအားကောင်းနေတတ်ပါသေးတယ်။ အဲဒီ့အတွက်လည်း ပျို့တာ အန်တာမျိုးတွေကို ပိုဖြစ်စေနိုင်သလို အကြိုက်တွေပြောင်းသွားတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။ စိတ်ထဲမှာ ပျော်လည်း ချက်ချင်း ၊ ဝမ်းနည်းလည်း ချက်ချင်း စိတ်အပြောင်းအလဲတွေ မြန်နေသလို အကြောင်းမဲ့ စိတ်ဓာတ်တွေကျတာ ၊ စိတ်တွေရှုပ်ထွေးနေတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
အနေရခက်တဲ့ အရာတစ်ခုကတော့ မကြာခဏ ဆီးသွားချင်နေခြင်းပဲ ဖြစ်ပါတယ်။ သွားချင်ရင်လည်း တစ်ခါတစ်လေ အောင့်ထားလို့ မရတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ပုံမှန်ထက်စာရင် သွေးလည်ပတ်မှု ပိုအားကောင်းပြီး ကျောက်ကပ်ကို အရည်များများရောက်လို့ ဖြစ်ရတာပါ။ ဒီ့အတွက် ရေကို လျော့သောက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ပုံမှန်ထက်စာရင် ရေပိုသောက်တာ ၊ ဆီးသွားချင်ရင် အောင့်မထားဘဲ သွားပေးတာမျိုးတွေ လုပ်သင့်ပါတယ်။
ခေါင်းက အမြဲကြည်မနေဘဲ မူးနောက်နောက်လည်း ဖြစ်နေတတ်ပါသေးတယ်။ သွေးတိုးရှိတဲ့သူတွေမှာ ကိုယ်ဝန်ရှိစအချိန်တွေမှာ သွေးပိုတိုးနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်လည်း မစားနိုင် မသောက်နိုင်ဘဲ အန်ပဲအန်နေတဲ့အတွက် သွေးပေါင်ကျနေတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။
ကဲ ဒီလိုဆို ကိုယ်ဝန်ရှိစ လက္ခဏာတော်တော်များများကို သိလောက်ပြီလို့ ထင်ပါတယ်။ ချစ်စရာ ကောင်းတဲ့ သားသား မီးမီးလေးတွေကို ကျန်းကျန်းမာမာ မွေးဖွားနိုင်ကြစေရန် ဆန္ဒပြုရင်း ……………
Author : Dr. မေ