fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ရောဂါကြီးများ

ရင်သားကင်ဆာ

124
VIEWS
Share on FacebookShare on TwitterShare on Linkedin
20/08/2018
in ရောဂါကြီးများ
1 min read
A A

ရင်သားကင်ဆာ

ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတတ်တဲ့ ရောဂါတွေထဲကတစ်ခုပါ ရင်သားကင်ဆာက စောစောသိရင်ကုလို့ရတဲ့ ကင်ဆာတွေထဲမှာလည်း တစ်ခုအပါအဝင်ပါ
ရင်သားကင်ဆာဖြစ်ပေါ်မှုက တစ်ချို့သောလူနေထိုင်မှုပုံစံနဲ့လည်းဆိုင်တတ်ပါတယ် အဆီအဆိမ့်အစားများတဲ့သူတွေ ကိုယ်အလေးချိန်များတဲ့သူတွေမှာ ဖြစ်နိုင်ချေပိုများပါတယ် မျိုးရိုးထဲမှာ ရင်သားကင်ဆာဖြစ်ဖူးတယ်ဆိုရင်လည်း ဖြစ်နိုင်ချေပိုများပါတယ် အပျိုဖော်ဝင်တာစောတဲ့သူတွေ သွေးဆုံးနောက်ကျတဲ့သူတွေ အပျိုကြီးတွေ အိမ်ထောင်ကျပြီးကလေးမရသေးတဲ့သူတွေ ကလေးနို့မတိုက်တဲ့ မိခင်တွေမှာလည်း ဖြစ်နိုင်ချေပိုများပါတယ်
ရင်သားကင်ဆာက အသက် ၃၀ကျော်ကနေ အသက်ကြီးပိုင်းတွေမှာပိုဖြစ်တတ်ပါတယ် အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်တာမျိုး ရှားပေမယ့်ရှိတတ်ပါတယ်
ရင်သားကင်ဆာမှာအကြမ်းအားဖြင့် နို့ရည်ထုတ်ဂလင်းတွေကနေဖြစ်တဲ့ကင်ဆာ lobular cancer နဲ့ နို့ရည်ပြွန်တွေကနေဖြစ်တဲ့ကင်ဆာ ductal cancer ဆိုပြီး နှစ်မျိုးရှိပါတယ်
ရင်သားကင်ဆာတွေကတော့ အကျိတ်နဲ့စတတ်ကြပါတယ် ကင်ဆာအကျိတ်က အချိန်တိုအတွင်း ကြီးလွယ်ပါတယ် အကျိတ်ကိုစမ်းကြည့်ရင် လုံးလုံးချောချောလေးဖြစ်မနေတတ်ဘူး မညီမညာပုံစံမျိုးပဲတွေ့ရတတ်တယ် ကင်ဆာအကျိတ်တွေက မနာတတ်ပါဘူး အနာတွေဖြစ်လာမှသာ နာလာတတ်တယ် ကင်ဆာအကျိတ်တွေက မာခဲပြီး လှုပ်ရှားလို့ မရတတ်ပါဘူး အပေါ်အရေပြားကိုလည်းသီးသန့်ဆွဲကြည့်လို့မရတတ်ဘူး အပေါ်အောက်ဘေးတွေနဲ့ ကပ်နေတတ်တယ်
ကင်ဆာအကျိတ်ရဲ့ အပေါ်အရေပြားမှာလည်း လိမ္မော်သီးခွံလိုအသားအရည်ကြမ်းတမ်းနေတတ်ပါတယ် ရင်သားနှစ်ဖက် ယှဉ်ကြည့်ရင် အကျိတ်ရှိတဲ့ဖက်က အောက်ကိုတွဲကျမနေပဲဖြစ်တတ်တယ် တစ်ချို့တွေမှာတော့ နို့သီးခေါင်းတွေပါ ချိုင့်ဝင်တာတွေဖြစ်နေတတ်ပါတယ်
ရင်သားကင်ဆာက တစ်ခြားသောကင်ဆာတွေလို အစားအသောက်ပျက်တာ ပိန်လာတာမျိုးမရှိတတ်တာကြောင့်တစ်ချို့တွေကအကျိတ်ကိုလည်းအမှုမဲ့အမှတ်မဲ့ဖြစ်နေတတ်ပါတယ် အကျိတ်ကြီးလာမှ သတိထားမိတတ်ကြပါတယ်
အကျိတ်ပေါ်ပြီး အချိန်ခဏလေးအတွင်းမှာ ကင်ဆာအကျိတ်ရှိတဲ့ဘက်မှာ ချိုင်းအကျိတ်တွေဖြစ်လာတတ်တယ် တစ်လုံးမကဖြစ်လာတတ်ပါတယ်
ဒီ့ထက်ပိုဆိုးလာရင်တော့ နောက်ချိုင်းတစ်ဖက်မှာလည်းအကျိတ်တွေပါဖြစ်လာတတ်ပါတယ် အျကိတ်တွေဖြစ်တာကနေတစ်ဆင့်ထပ်တက်လာရင်တော့ တစ်ခြားနေရာတွေအထိပါကင်ဆာဆဲလ်တွေပျံ့လာတတ်ပါတယ် အသည်း အဆုတ် အရိုးနဲ့ ဦးနှောက်တွေ ကို ပျံ့တတ်ပါတယ် ပျံ့တာကိုကြည့်ပြီး ကင်ဆာအဆင့်ကိုသတ်မှတ်ကြပါတယ် အဆင့်သေးရင်ကုလို့လွယ်ပါတယ် အဆင့်များတယ်ဆိုကုဖို့ခက်ပါတယ်
ရင်သားကင်ဆာကုတဲ့အခါ အကျိတ်ကိုပဲစောစောစီးစီးဖယ်ရှားလိုက်တာလည်းရှိသလို အကျိတ်ရောဘေးဝန်းကျင်က အသားစတစ်သျှူးတွေရော ရင်သားတစ်ခုလုံးရော ထုတ်ဖယ်ရတာလည်းရှိပါတယ် ကင်ဆာအကျိတ်အပြင် ချိုင်းကအကျိတ်တွေပါ ဖယ်လို့ရသလောက်ဖယ်ပါတယ် အကျိတ်တွေခွဲလိုက်တဲ့အတွက်တော့ ရင်သားကင်ဆာခွဲပြီးလူနာတွေမှာ ခွဲလိုက်တဲ့ဖက်ကလက်တစ်ဖက်လုံးပြန်ရေတွေနဲ့ ယောင်နေတာမျိုးတော့ဖြစ်နိုင်ချေရှိပါတယ်
ရင်သားကင်ဆာကခွဲလိုက်ရုံနဲ့မပြီးပါဘူး အဆင့်သေးတယ်ဆိုရင်တောင်မှခွဲစိတ်ပြီးရင် ဆေးသွင်းကုသတာတို့ ဓာတ်ရောင်ခြည်နဲ့ကုသတာတို့ လိုအပ်ပါတယ် တစ်ချို့တွေမှာတော့ ကင်ဆာအကျိတ်ကြီးလွန်းလို့ မခွဲခင်မှာအရင်ဓာတ်ကင်တာဆေးသွင်းတာလုပ်ပါတယ် အကျိတ်အရွယ် ပြန်သေးသွားမှ ခွဲစိတ်တာလည်းရှိတတ်ပါတယ်
ရင်သားကင်ဆာက အီစထရိုဂျင်ဟော်မုန်း များတာနဲ့လည်း ပက်သက်နိုင်တာကြောင့် နောက်ပိုင်းတွေမှာ ဟော်မုန်းဆိုင်ရာကုသမှုတွေပါ ထည့်သွင်းလုပ်ဆောင်လာကြပါတယ် ရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီးတွေမှာ ER PR ဆိုတဲ့ ဟော်မုန်းနဲ့ဆိုင်တဲ့ သွေးတစ်မျိုးစစ်ပါတယ် Positive ပြရင် ဟော်မုန်းဆေးပေးဖို့လိုပါတယ် ဆေးပေးတဲ့အခါ သွေးဆုံးပြီးလူနာတွေမှာတော့ tamoxifen လို့ခေါ်တဲ့ ဟော်အုန်းဆေးတွေ ပေးတတ်ကြတယ် ငါးနှစ်လောက်အထိစွဲသေညက်ဖို့လိုတတ်တယ် ဒီဆေးတွေက တစ်ခါတစ်လေမှာတော့ သားအိမ်သွေးဆင်းခြင်းကိုပြန်ဖြစ်စေတတ်တယ် သွေးမဆုံးသေးတဲ့ အမျိုးသမီးလူနာတွေမှာတော့ ERPR positive ဆိုရင် သားဥအိမ်တွေ ဖယ်တဲ့ခွဲစိတ်မှုတွေလည်းလုပ်တတ်ကြတယ် တစ်ချို့ကျတော့ goserelin လို့ ခေါ်တဲ့ ဟော်မုန်းဆေးတွေပေးတတ်ကြပါတယ်
ရင်သားကင်ဆာက ကင်ဆာမှန်းစသိတာနဲ့သေချာကုရင် သက်တမ်းစေ့နေလို့ရနိုင်ပါတယ် ဒါပေမယ့် ကင်ဆာကုသပြီးနောက်ပိုင်းလည်း ပုံမှန်ရက်ချိန်းပြဖို့လိုတယ် ကိုယ်ခန္ဓာမှာတစ်ခုခုခံစားရတိုင်းကင်ဆာနဲ့ဆိုင်တယ်မဆိုင်ဘူးကို ပြန်စစ်ဆေးဖို့လိုပါတယ်

Dr.CST

Previous Post

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၁)

Next Post

ကလေးငယ်များတွင်အဖြစ်များသော လေပြွန်လေးများရောင်ရမ်းပြီးပိတ်ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အမျိုးသားတွေပဲ အသည်းခြောက်ရောဂါဖြစ်နိုင်တာလား?

2 years ago
483

အသည်းကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာများ

2 years ago
1.5k
To prevent colon cancer, Things to avoid

အူမကြီးကင်ဆာမဖြစ်စေဖို့ ဆောင်ရန်၊ ရှောင်ရန်များ

3 years ago
901
Blood cancer

သွေးကင်ဆာဆိုတာ

3 years ago
479
Caution Lung cancer

သတိပြုစရာ အဆုတ်ကင်ဆာ

3 years ago
758
Can men get breast cancer?

ယောက်ျားတွေရော ရင်သားကင်ဆာဖြစ်နိုင်လား?

3 years ago
444

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကလေးငယ်များတွင်အဖြစ်များသော လေပြွန်လေးများရောင်ရမ်းပြီးပိတ်ခြင်း

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ဘဝကို ပိုင်ဆိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ

နမိုးနီးယားအဆုတ်ရောင်ရောဂါအကြောင်း အပိုင်း(၂)

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.